စိတ်ဝင်စားစရာ ကြော်ငြာလေးတွေပါ..


















မြင်နေရတဲ့ အနက်ရောင်တွေက အရိပ်တွေပါ..
The Art of Blogging (Underground)
စိတ်ဝင်စားစရာ ကြော်ငြာလေးတွေပါ..
ပြန်ယူမယ့် လွတ်လပ်ရေး
မုန်တိုင်းရဲ့ အလွန် ကမ်းတစ်ဖက်မှာ
လွတ်မြောက်နယ်မြေကြီးကို ငါတို့သိနေတာပဲ
သည်မှာဖက်ကမ်းဆီက ဟိုမှာဖက်ကမ်းဆီသို့
ဘာဖြစ်လို့ မရောက်နိုင်ရမှာလဲ...
ပြိုင်တူ မလှော်တတ်သေးခင်တော့
ငါတို့လှေကြီးလည်း
ရှေ့ရောက်ဖို့ နောက် --- နှစ် လောက် စောင့်ရအုံးမှာပေါ့...
လောကမှာ မာတဲ့သူ နေရာရမယ်တဲ့..
မင်းတို့ကလည်း မင်းတို့လက်တွေ မာတယ်
ငါတို့ကလည်း ငါတို့ စိတ်ဓါတ်တွေ မာတယ်
မင်းတို့လက်တွေက
မင်းတို့ထိုင်ခုံတွေကို မလွတ်စတမ်း ကုပ်တွယ်ထားဖို့
ငါတို့ စိတ်ဓါတ်တွေက
လှော်တက်တွေကို ပြည်ထောင်စုအတွက် ဆုတ်ကိုင်ထားဖို့...
မင်းတို့မှတ်ထား...
အာဇာနည်တွေရဲ့ သတ္တိဟာ အိပ်မက်မှာ မမွေ့လျော်ဘူး..
လက်တွေ့ကို အရှေ့ဆုံးက ဦးဆောင်ပြတယ်..
စဉ်းစားကြည့်ကြ
လွတ်လပ်မှုတွေ ကျဉ်းသတဲ့ ကျဉ်းနေတဲ့ နယ်မြေမှာ
နောင်အခါ ငါတို့ သားသမီးတွေ အတွက်
နာမည်ပေးခွင့်တောင် ငါတို့ ရှိပါအုံးမလား
စောင့်နေအုံးမယ်ဆိုရင်တော့
နောက်ထပ် ရာစုတစ်ခုထပ်ကုန်သွားမယ်
အဖြေက ဒီအသံ၊ ကျည်ဆံနဲ့
အဆီပြန်နေတဲ့ မျက်နှာပဲ..
မိစ္ဆာ ကျွန်းကို ရေ မွှမ်းသတ်ဖို့အတွက်
ဒီရေကို ငါတို့ရဲ့ သွေးနဲ့ ချွေးတွေကပဲ
မြှင့်တင်လို့ရမယ်..
သည်ခေတ် အပိတ်ခံထားရတဲ့ ပါးစပ်တွေဆီက
အံကျလာတဲ့ ခွပ်ဒေါင်း ငြိမ်းချမ်းရေးသီချင်းသံဟာ
နောင်တစ်ခေတ်အတွက် အလင်းအမှန်ဖြစ်ရမယ်
ငါတို့ သိထားကြ..
တစ်ဦး တစ်ယောက် တစ်အုပ်စု လွတ်မြောက်တာဟာ
ငါတို့တစ်မျိုးလုံး လွတ်မြောက်ရာမဟုတ်သေးဘူး
အပြောင်းအလဲတစ်ခု ရှိကိုရှိရမယ်...
ဖြစ်ကိုဖြစ်ရမယ်...
မြိန်ယှက်တဲ့ ထမင်းတစ်လုပ်ကို စားချင်ရင်တော့
ငါတို့အားလုံး အရင်းထုတ်ကြဖို့တော့ လိုတာပေါ့...
လှော်တက်ကိုင်တဲ့ လက်တိုင်းအတွက်
လှိုင်းတွေက ပိုကြမ်းနေတယ်
အဲဒီ့လက်တွေ မလွတ်သေးခင်
လှေကြီးကို တစ်ဖက်ကမ်းစပ်အထိ
မရောက်ရောက်အောင် ပို့ကြဖို့..
ကဲ... အားလုံးနိုးကြားကြစို့ကွာ..
ရန်သူရဲ့ အလွန် တစ်ဖက်မှာ
ငြိမ်းချမ်းရေးအတွက် အလံထူကြမယ်
ငါတို့တွေ ပြန်ယူမယ့်
လွတ်လပ်ရေး
eduking