Monday, August 31, 2009

ဘဝကို မြန်မြန်သုံးစွဲ.. ရန်သူအတွက် ချန်မထားနဲ့



ဘဝကို မြန်မြန်သုံးစွဲ.. ရန်သူအတွက် ချန်မထားနဲ့.. ဆရာ စိုင်းဝင်းမြင့်ရဲ့ များများ မြန်မြန်ကဗျာစာအုပ်ထဲက ကဗျာခေါင်းစဉ်လေးတစ်ခုပါ.. အပေါ်က ဗီဒီယိုလေးနဲ့ လိုက်တယ်ထင်လို့ ပို့စ်ခေါင်းစဉ်လေးတပ်ဖြစ်တယ်။
ကျွန်တော်က ထမင်းစားတဲ့အခါ ကိုယ်ကြိုက်တဲ့ဟင်းလေးများပါရင် ချန်ထားခဲ့ပြီး နောက်ဆုံးမှ စားတတ်တယ်.. ကျွန်တော့်အကျင့်ပေါ့။ အခုလည်း ဘဝရဲ့ ကောင်းနိုးရာရာအပိုင်းလေးတွေကို မသုံးဆောင်နိုင်သေးဘဲ နောင်တစ်နေ့အတွက် ချန်ထားနေရပြီ။ အဲဒီအတွက် ကျွန်တော် ဝမ်းမနည်းပါဘူး။ မြန်မြန်သုံးစွဲဆိုတဲ့အခါ ဘဝထဲက ဘာတွေကို ကျွန်တော်တို့ သုံးစွဲမလဲ.. သုံးစွဲမယ်ဆိုတဲ့အတွက် မသုံးစွဲဖြစ်တဲ့ အပိုင်းတွေလည်း ကျန်ခဲ့မှာပါ. အဲ့ဒီအခါကျရင် ဘာတွေကို ခင်များအနေနဲ့ ချန်ထားခဲ့ချင်သလဲ.. ကျွန်တော့်လိုပဲ ကောင်းနိုးရာရာတွေလား.. ဒါမှမဟုတ် တခြားအရာတွေလား.. အဲဒီ ကောင်းနိုးရာရာဆိုတာတွေကရော သုံးစွဲမယ့်အချိန်အထိ အထားခံပါ့မလား.. သူတို့မှာ တာရှည်ခံနိုင်လောက်တဲ့ ဂုဏ်သတ္တိတွေပါမလား.. ဒါမှမဟုတ် နာတာရှည်တွေကော မဖြစ်နိုင်ဘူးလား.. ဘယ်လောက်မြဲမမြဲ ဘာတွေနဲ့ တိုင်းမလဲ..

Saturday, August 29, 2009

30th August when I am 20

မနက်ဖြန် ဘလော့ဂါဒေးအတွက် ဘာအစီအစဉ်တွေများ ရှိကြတုန်းဗျ... ကျွန်တော်ကတော့ ဖိုင်နယ်စာမေးပွဲ နောက်ဆုံးနေ့ဆိုတော့ အပျော်ကြီးပျော်မိမှာ.. ဒါပေမယ့်လည်း ဖြေနိုင်၊ မဖြေနိုင်ပေါ်မှာတော့ နည်းနည်း မူတည်မှာပေါ့.. ကျောင်း(၃)နှစ်ရဲ့ နောက်ဆုံးဖြေရမယ့် စာမေးပွဲပေါ့.. နောက် (၆)လလုံး အလုပ်သင်ရယ် ပရောဂျက်ရယ်နဲ့ပဲ စခန်းသွားရတော့မယ်.. သြော်ဒါနဲ့.. ဒီနေ့က ကျွန်တော့်ရဲ့ မွေးနေ့ဗျ.. ဘာလိုလိုနဲ့ (၂၀)တောင်ရှိခဲ့ပေါ့.. မွေးနေ့ဆိုပေမယ့်လည်း ဘာမှတော့ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး၊ ဟဲ.. ကျွေးရမှာစိုးလို့ မဟုတ်ပါဘူးဗျာ.. စာမေးပွဲကြောင့်ပါ... မနက်(၃)နာရီလောက်မှ အိပ်လိုက်တော့ အခု (၁၀)နာရီလောက်မှ နိုးလာ.. မနက်စာလည်း မဟုတ်၊ နေ့လည်စာလည်း မကျ၊ စားပြီး အခုကွန်ပြူတာရှေ့က ခွာမရဖြစ်။ ကျွန်တော်လည်း ကိုယ့်မွေးနေ့တောင် ကိုယ်မေ့သယောင်ဖြစ်နေတာနဲ့ ညက ၁၂နာရီထိုး သူဖုန်းဆက်မှ သတိရသွားတယ်.. :D (အလဲ.. သူဆိုပဲ) ဒီမွေးနေ့မှာတော့ လက်ဆုပ်လက်ကိုင်ပြစရာ ချစ်သူတစ်ယောက် ရှိခဲ့ပေါ့..
ကျွန်တော့်မွေးနေ့အတွက် Facebookမှာ ကွန်မန့်လာပေးကြတဲ့၊ phoneနဲ့ တစ်call၊ msgနဲ့ တစ်ဖန် ဆုတောင်းပေးကြတဲ့၊ (ဒီပိုစ့်လေးမှာလည်း လာမန့်ကြမယ့်) သူငယ်ချင်းတွေ၊ ဆရာတွေအားလုံးကို ဒီပိုစ့်လေးနဲ့ ကျေးဇူးမှတ်တမ်းတင်လိုက်ပါတယ်..း)

Thursday, August 27, 2009

ရာသီပြောင်းချိန် (When a season ...

ကျွန်တော်ငယ်ငယ်တုန်းက ကြိုက်ခဲ့တဲ့၊ အခုလည်း ကြိုက်နေဆဲဖြစ်တဲ့ ဦးဗိုလ်ထီးရဲ့ ရာသီပြောင်းချိန်ဆိုတဲ့ သီချင်းလေးပါ.. youtubeမှာ တော်တော်နဲ့ ရှာလို့ မတွေ့ဘူး.. လွန်ခဲ့တဲ့တစ်ပတ်လောက်ကမှ ပိုက်စိပ်တိုက်ရှာရင်း တွေ့ခဲ့တာ.. ရည်ရွယ်သူကို ပို့ပေးဖြစ်တယ်.. အင်္ဂလိပ်လိုကတော့ ကျွန်တော်ဘာသာပြန်ထားတာပါ.. facebookမှာ တင်လိုက်တော့ တခြားနိုင်ငံသား ကျွန်တော့်သူငယ်ချင်းတွေအတွက် အဆင်ပြေအောင်ရယ်.. ကိုယ်တိုင်လည်း ဘာသာပြန်ရတာ ဝါသနာပါတာရယ်ကြောင့်ပါ။ ဘာသာပြန်ရာမှာ youtubeက ကိုGersingရဲ့ စာသားတွေကို နည်းနည်းယူထားပါတယ်.. သူ့ရဲ့ videoကိုပါ တစ်ခါတည်း တွဲတင်ပေးလိုက်ပါတယ်.. ကျွန်တော့်ရဲ့ ဘိလပ်စာအဆင့်နဲ့ဆို ၈၀%လောက်တော့ ကျေနပ်မိပါတယ်.း)




Gersingရဲ့ ဆိုဟန်နဲ့ စာသား.. (၁၈နှစ်အောက် လူကြီးများ ကြည့်မရ)

ရာသီပြောင်းချိန်
ဆို- စိုင်းထီးဆိုင်။ ရေး- စိုင်းခမ်းလိတ်။

ရာသီပြောင်းချိန်မှာ အဖေါ်ကွာလို့ 
အပြင်ရော အတွင်းရော ဥပါဒ်ဝင်
မောင်တစ်ယောက်တည်း ဘယ်လိုနေရှာမလဲ
ကြင်နာသူလေး စဉ်းစားနေရင် ....
ရယ်သံတိတ်ဆိတ်လို့  အသက်မဲ့တဲ့ရက်တွေမှာ
ကိုယ်တစ်ယောက်စိတ်ဖြေသာပြီ
ရင်ခုန်သံတိုးတိုးလေး ကြားရမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ....

ရွှေလက်တွဲတုန်းက သူ့ ဖ၀ါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘဝလမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် .....
ရွှေပါးပြင်အပ်တုန်းက သူ့ အနမ်းဖွဖွရဲ့
နူးညံ့မှု ပြန်အမှတ်ရမိတဲ့ အခါတိုင်း
ပျော်အောင်အိပ်မရတဲ့ ဒီညချမ်းခရီးကို
ဖြတ်သန်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....

နာနေ ဖျားနေရင် ဘယ်သူက
လာပြီး စောင့်ရှောက်ပေးမလဲဟင်
ဆင်ခြင်ပြီးနေပါ မောင်ရယ်နော်
လူကြုံနဲ့ စကားလေးပါးလာရင်....
အနေအထိုင်ဆင်းရဲလို့  စိတ်ညစ်တဲ့ ရက်တွေမှာ
ကိုယ်တစ်ယောက် မွေ့ လျော်သာပြီ
သူကိုယ်တိုင် တယုတယနဲ့  ပြုစုမယ့်ရက်တွေကို
ကိုယ်စောင့်ရကျိုးနပ်ပြီ ...

ရွှေလက်တွဲတုန်းက ချစ်ပြုံးလှလှနဲ့ 
မခို့ တရို့  နဲ့  ရင်ခွင်ကို ပြေးဝင်တာတွေ
အိပ်မက်တော့ မဟုတ်ဘူးရယ်ဆိုတဲ့
အသိကလေးနဲ့  နလုံးသားမှာ
ကြည်နူးမှု လေးကြွင်းကျန်နေ ....

ရွှေမျက်ရည်စို့ တုန်းက ပဝါစလေးနဲ့ 
တို့ တို့ ကာ ကြင်နာစွာချောမြှူတာတွေ
နောင်များလည်းရှိဦးမယ်ဆိုတဲ့
အသိကလေးနဲ့  လွမ်းရက်မှာ
မျှော်လင့်ချက်ကလေးအသက်ရှင်နေ ....

ရွှေလက်တွဲတုန်းက သူ့ ဖဝါးနုနုရဲ့
အထိအတွေ့  ကိုပြန်အောက်မေ့မိတဲ့အခါတိုင်း
နေပူကြီးထဲမှာ ဒီဘဝလမ်းခရီးကို
လျှောက်လှမ်းဖို့  ခံနိုင်ရည်စွမ်းအားနဲ့ ပြည့် ....


"When A Season Changes"
Sang by Sai Htee Saing, Lyrics by Sai Khan Lait

Season changes here without you
And sufferers are both internally and externally of me.
But, just knowing of you making thoughts about how i m doing all alone,
I will feel relieved from the lifeless days without ur laughters
And it is really worthy to wait the days when ur heart beats whisper

Whenever i call up the feelings of ur hand holding mine,
I feel engergised to be able to walk my current days alone.
Whenever i call up the feelings of ur kisses landing to my cheek,
It energises me to pass a journey of this lonely night, filling happiness

The times you miss me, and
The messages sent make me ease off the days when i feel bad due to inconveniences here.
And it is really worthy to wait the days when yourself take good care of me.

With the memories of holding your hands with smiles
And those of my cuddly hugs, being a shelter for you,
Keep assuring myself those are not the dreams
And the pleasures you gave still remain in my heart

Remembering your comforts to my sorrows,
And believing that there will be another such chances,
A little hope is still alive during the days i miss you too.

Tuesday, August 25, 2009

ဆရာတာရာ၏ ကဗျာများ

Commentမှာ ကိုIMnotFR တောင်းဆိုလို့ ဆရာတာရာမင်းဝေကဗျာ(၃)ပုဒ် (ရှိသလောက်) ထပ်တင်လိုက်ပါတယ်။ ကျွန်တော့် စိတ်ကြိုက်ကဗျာလေးတွေပေါ့. အားလုံးကို လမ်းအိုလေးကနေ ဒေါင်းထားတာပါ. မူရင်းအတိုင်းပဲ image file နဲ့ တင်လိုက်ပါတယ်. လမ်းအိုလေးမှာတော့ ဆရာ့ကဗျာတွေ ဒီထက်အများကြီးရှိပါအုံးမယ်. Blogရဲ့ ညာဖက်ခြမ်း side bar “စာပေနဲ့ မီဒီယာ” အောက်မှာ လမ်းအိုလေးသို့ လင်ခ့်ထားပါတယ်..







်Firefox (ပြသနာရှာမရဘဲ) ဒေါင်းသွားလို့.. Chromeလေးနဲ့ အသက်ဆက်နေရပါတယ်.. Bloggingအတွက်တော့ သိပ်အဆင်မပြေဘူး.. စာမေးပွဲ ဒီနေ့တစ်ဘာသာတော့ ဖြေနိုင်သွားပြီ။ ကိုအောင်ဖြိုးရဲ့ ပန်းကိစ္စတော့ စာမေးပွဲပြီးမှပဲ ရှင်းရတော့မယ်. (း


Wednesday, August 19, 2009

Diary Aug 19


၂၅ရက်နေ့ နောက်ဆုံးစာမေးပွဲစဖြေရတော့မယ်.. အခုထိ စာကောင်းကောင်း မကျက်ဖြစ်ပါ. ဟိုတွေး ဒီတွေး၊ ဟိုလေး ဒီလေး. ဒါနဲ့ပဲ ဆရာတာရာမင်းဝေရဲ့ ကဗျာလေးတစ်ပုဒ်ကို သွားသတိရတယ်. ကျန်းမာရေးသိပ်မကောင်းတော့တဲ့ hard disk အဟောင်းလေးထဲက ပြန်ရှာထားတာပါ. ဒီစာမေးပွဲပြီးရင်တော့ ပိုက်ဆံအပိုစုဖို့ အချိန်ပိုင်းအလုပ်တချို့လုပ်ဖို့ စဉ်းစားမိတယ်. ကျောင်းစကတည်းက အိမ်ကိုတစ်ပြားမှမတောင်းပဲ ကိုယ့်ပိုက်ဆံကိုယ်ရှာပြီးတက်တဲ့ သူငယ်ချင်းတွေကို အားကျမိတယ်။ တကယ်တော့ ကျွန်တော်ဟာ ဟိုယောင်ယောင် ဒီယောင်ယောင်ပဲ။ ဘာကိုမှ တစိုက်မတ်မတ်လုပ်ခဲ့တယ်ဆိုတာ မရှိဘူး။ စိတ်ကူးတွေ၊ အတွေးတွေနဲ့ပဲ အချိန်ကုန်ခဲ့တာ။


Sunday, August 16, 2009

ပြည်မှာ သင်္ကြန် (၂၀၀၉)




ပြီးခဲ့တဲ့ ၂၀၀၉ သင်္ကြန်ကို ကျွန်တော် ပြည်မှာ ပြန်ကျခဲ့ပါသည်။ တကယ်တော့ ပြည်ပြန်ရောက်တုန်း ဓါတ်ပုံတွေရိုက်ပြီး ဘလော့မှာ တင်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် ကူးထားတဲ့ Cdလေးက (ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့်) ဘယ်ကျန်ခဲ့တယ် မသိဘူး။ အပေါ်က ပုံတွေကတော့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ဒယ်ဒီရဲ့ လက်စွမ်းပြချက်တွေပေါ့.. ဘာရယ်မဟုတ်ဘူး.. သင်္ကြန်တွင်းဆို အားလုံးက ကိုယ့်မွေးရပ်ဌာနေ (ဒါမှမဟုတ်လည်း)ပျော်စရာကောင်းမယ့်၊ အေးအေးဆေးဆေးရှိမယ့် နေရာတစ်ခုခုမှာ ရှိချင်ကြတာများတယ်၊ သင်္ကြန်တွင်းခရီးသွားရတာတော့ ကျွန်တော့်အနေနဲ့ သိပ်မကြိုက်လှဘူး။
ပြည်မှာ သင်္ကြန်မရှိတာဆို ၂နှစ်ဆက်ဖြစ်ခဲ့တယ် ၂၀၀၇ နဲ့ ၂၀၀၈ ပေါ့။ ကျွန်တော့်ရဲ့ High school batch က လူတော်တော်လေးညီတော့ နှစ်တိုင်း တစ်ခုခုလုပ်ဖြစ်တယ်။ ၁၀တန်းမပြီးခင်ကတော့ ကားနဲ့ အားလုံး စုပြီးလည်ကြတယ်.. နောက်ပိုင်း တက္ကသိုလ်တွေရောက်တော့လည်း ဒီလူတွေက မကွဲတဲ့အပြင် ပိုပြီးတော့တောင် လူစုံလာသေး.. ၂၀၀၈ နဲ့ ပြီးခဲ့တဲ့ ၂၀၀၉ ဆက်တိုက် မဏ္ဍပ်ဆောက်ဖြစ်တယ်။ ၂၀၀၈ကတော့ ကျွန်တော် မရှိဘူးပေါ့။ အခု ၂၀၀၉မှာတော့ မဏ္ဍပ်မှာ ညဖက် ပြဇာတ်တို့၊ သီချင်းတို့တောင် ဆိုဖြစ်၊ ကဖြစ်ကြတယ်။ ကျွန်တော်တို့ဆီက မဏ္ဍပ်တွေက ရန်ကုန်တို့ မန္တလေးတို့နဲ့ တည်ဆောက်ပုံချင်းမတူပါဘူး။ ရန်ကုန် အင်းလျားက မဏ္ဍပ်တွေလောက် ကြီးတာဆို သိပ်မရှိဘူး၊ အများစုက အလယ်အလတ်လောက်နဲ့ ပုံစံချင်းတူကြတယ်။ ကုမ္မဏီကြီးတွေကလည်း Sponsor ဆို ကျွန်တော်တို့လို မြို့ကျဉ်းကျဉ်းမှာ ဖြုန်းချင်ကြတာ မဟုတ်ဘူး။ အဲဒီတော့ တော်တော်များများက ကိုယ့်မြို့ထဲမှာ ရှိတဲ့ စက်ရုံ၊ ဒါမှမဟုတ်လည်း ကိုယ့်အသိအချင်းအချင်း နီးစပ်ရာနဲ့ ပေါင်းလုပ်ကြတာ.. အများအားဖြင့် အရှုံးခံရတာများပါတယ်။ မဏ္ဍပ်တွေမှာ ရပ်ကွက် မဏ္ဍပ်တွေ ရှိသလို၊ ကျွန်တော်တို့လိုပဲ စုပေါင်းစပ်ပေါင်း လုပ်ကြတဲ့ မဏ္ဍပ်တွေလည်းရှိတယ်။ တခြားကတော့ ကိုယ့်အိမ်ရှေ့မှာ ကိုယ် အုန်းလက်လေးနည်းနည်းနဲ့ အမိုးလုပ်ပြီး ပက်ကြပေါ့။ ရပ်ကွက်မဏ္ဍပ်တွေက နှစ်စဉ် ယိမ်းတွေ ထွက်ကြပါတယ်။ (ပြည်မှာ (ကျွန်တော်မှတ်မိသလောက်ပေါ့လေ) ကျောင်းကြီးအိုးတန်း၊ ရွှေကူ၊ နဝင်း၊ ရွာဘဲ၊ ဆံတော်၊ တရုတ်စု၊ ဆင်စုဆိုပြီး ရပ်ကွက်ကြီးပေါင်း (၇)ခုရှိတယ်။) သင်္ကြန်တွင်း ညဖက်တွေဆို ဗဟိုမဏ္ဍပ်မှာ တစ်ရက်သွားကရပါတယ်။ ဗဟိုက အကဲဖြတ်ပြီး ဆုချီးမြှင့်ပေးတယ်။ ကျွန်တော်တို့လို စုပေါင်းစပ်ပေါင်းလုပ်တဲ့ မဏ္ဍပ်တွေကတော့ အများစု ညဖက်အစီအစဉ်မရှိကြတာများပါတယ်၊ ဒါပေမယ့် နောက်ပိုင်း တီးဝိုင်းတွေ၊ မော်ဒယ်ရှိုးတွေ၊ ယိမ်းတွေ လုပ်ပြီး တစ်ခုနဲ့တစ်ခု ယှဉ်လာကြတာတွေ့ရတယ်။ သင်္ကြန်တွင်း ညဖက် မြို့ထဲပတ်ပြီး လျှောက်ကြည့်ရတာလည်း ပျော်စရာကောင်းပါတယ်.. နေ့ခင်းဖက်ကို အားကုန် မကဲထားရင်ပေါ့။ မဏ္ဍပ်တွေကိုတော့ တိုင်ကီတွေ၊ ဇလီဖားတုံးတွေ ခုပြီး ဘေးလက်ရန်းတွေကိုတော့ သစ်တွေနဲ့ အကာပြုရပါတယ်။ ဇလီဖားတုံးဆိုတာက မီးရထားသံလမ်းကိုခုတဲ့ သစ်တုံးကြီးတွေပေါ့၊ အဲဒါအတွက်တော့ မီးရထားရုံမှာ သင်္ကြန်နီးတဲ့အခါ လျှောက်လွှာတင်၊ တုံး ၃၀၀ကနေ ၅၀၀အထိလောက် သုံးရပါတယ်။ မိန်းလမ်းကို ကန့်လန့်ဖြတ်ထားတဲ့ လမ်းတွေ တစ်လမ်းခြားဆီကို ပိတ်ဆောက်ရတဲ့အတွက် သင်္ကြန်နားနီး တစ်လလောက်ဆို စက်တပ်ယာဉ်တွေအတွက် သွားရလာရတာ အခက်အခဲရှိတတ်တယ်။ မဏ္ဍပ်တစ်ခုကို အကျယ်က ပေ ၄၀ x ပေ ၆၀ပေါ့။ အမြင့်ကတော့ တိုင်ကီကို အလှဲတစ်ထပ်၊ အထောင်တစ်ထပ် (ဒါမှမဟုတ်) အထောင်နှစ်ထပ် စီတဲ့အပေါ်မှာမူတည်ပြီး နှစ်မျိုးလောက်ပဲ တွေ့ရပါတယ်။ အောက်မှာ ရေပက်စင်တစ်ထပ်၊ အပေါ်မှာ Dancing floor ထားတာချင်းတော့ တူမယ်ထင်တယ်။ ကျွန်တော့်တို့ မဏ္ဍပ်ကတော့ အခုနှစ် (၃)ဆင့်ဆောက်ထားတာတွေ့ရတယ်။ နောက်ဆုံးအဆင့်မှာ စက်ပစ္စည်းတစ်ချို့နဲ့ sound boxတွေ တင်ထားတယ်။ Membership ကတော့ (၄)ရက်လုံးကို ၁၅၀၀၀ နေ ၂၅၀၀၀ အတွင်း ရှိတတ်တယ်။
ကျွန်တော့်အမြင်ကတော့ အခုနောက်ပိုင်း အဲဒီလို မဏ္ဍပ်တွေဆောက်ပြီး ပျော်ကြတာပဲ ဖြစ်ဖြစ်၊ လည်ကြတာပဲဖြစ်ဖြစ်၊ သိပ်မကြိုက်တော့ဘူး။ အားလုံးဟာ မူးအောင်သောက်မယ်၊ ပြီးရင် ရေစိုပြီး ကမယ်၊ ခုန်မယ် ဖြစ်လာကြပြီ။ ဒါကိုပဲ typical အလုပ် တစ်ခုလို တစ်နှစ်ထက်တစ်နှစ် ပိုမိုကျင့်သုံးလာကြပြီး ပျော်တာထက်၊ ပျက်တဲ့အဆင့်ကို ရောက်သွားပြီ။ မူးယစ်သောက်စားတာမပါရင်ဘဲ သင်္ကြန်မဟုတ်သလိုဖြစ်လာပြီ။ မူရင်း ကျင်းပရခြင်းရည်ရွယ်ချက်နေ ကျွန်တော်တို့တွေ တစ်နှစ်ပြီး၊ တစ်နှစ်ပြီး ဝေးဝေးလာကြသလိုပဲ.. အဲဒါဟာ စိုးရိမ်တတ်ရင် စိုးရိမ်ဖို့ကောင်းတယ်.. အခုနေ ကလေးအရွယ်တွေဟာ ဒါတွေကို မြင်မယ်၊ လိုက်ပြီး အတုခိုးလာကြမယ်ဆိုရင် နောက်ပိုင်းမှာ သင်္ကြန်ရဲ့ရည်ရွယ်ချက်ဟာ ကြောက်စရာကောင်းလောက်အောင်ကို ပြောင်းလဲ(လွဲ)သွားလိမ့်မယ်။ “နှစ်ဟောင်းအညစ်အကြေးတွေကို နှစ်သစ်မှာ အတာရေနဲ့ ဆေးကြော၊ မင်္ဂလာယူတယ်ဆိုတာ”တွေဟာ စာအုပ်တွေထဲမှာဖတ်ဖို့၊ စာမေးပွဲမှာ အမှတ်ကောင်းအောင် ချရေးပြဖို့လောက်ပဲ ကျန်ခဲ့တော့မှာလား..
ကျွန်တော် ဆိုလိုချင်တာ တိုက်ပုံဝတ်ပြီး၊ ငွေဖလားနဲ့ နံ့သာရေလောင်းဖို့ကို မဟုတ်ပါဘူး၊ ဒါပေမယ့် ခေတ်မှီတယ်လို့ဆိုလိုက်တိုင်းမှာ ဘောင်းဘီတိုဝတ်တာပဲ ပြေးပြေးမြင်နေတဲ့ စိတ်တွေ.. ကျွန်တော်တို့ဘယ်လို ရှေ့ဆက်မလဲ။

Sunday, August 9, 2009

ညီမလေးထံ ပေးကဗျာ

အတွေးထဲက သူ့ရီသံတွေကို
အစီခံတွေထဲ စစ်ထုတ်လို့
အပျင်းပြေ..
ပုလင်းတွေလည်း ဖွင့်တတ်နေပြီ။
ညီမလေး (သို့မဟုတ်)
ထိချင်တိုင်း မထိရ၊
ထိမရ တဲ့ ကမ်းလွန်ဒေသလေးတစ်ခု။

(အိပ်မက်တွေ အဟောင်ပြင်းလို့
စာမေးပွဲတွေ မအောင်ဖြစ်ရင်လည်း
သူလေးပေးတဲ့ အမှတ်တွေနဲ့ပဲ
ကိုယ့်ကိုယ်ကို ပြန်အောင်နေမိတယ်)

ခန့်နေ

Status 09.08.09

ဘာရယ်တော့ မဟုတ်ဘူး.. ဦးဗိုလ်ထီးရဲ့ သီချင်းလေးကို ကိုယ်ပိုင်စာသားလေးနဲ့ အစားထိုးကြည့်တာ.. ကျွန်တော့်ရဲ့ သောကြာနေ့က စာမေးပွဲ အခြေအနေလေးပေါ့..

“ Common test မေးခွန်းအောက်မှာ.. ကိုယ့် အတွေးထဲ လှည့်ပတ်ရှာကြည့်..
အဖြေရယ်ဆိုလို့ MCQ ၂ ပုဒ်ထဲ.. ရင်ခွင်မှာတော့ Distinction ကြီးတစ်ခု ”

ဟက်ဟက်.. သီချင်းခေါင်းစဉ်ကိုတော့ သိကြမယ်ထင်တယ်..
MCQ ရဲ့ အရှည်ကတော့ Multiple Choice Question (ဓမ္မဓိဋ္ဌာန်မေးခွန်း)

ဒါနဲ့ စကားမစပ်.. ဒီနေ့ စင်္ကာပူနိုင်ငံရဲ့ အမျိုးသားနေ့ဗျ.. တနင်္ဂနွေနေ့မှာ ကျရောက်လို့၊ မနက်ဖြန် တနင်္လာနေ့ကို ကျောင်းပိတ်ပေးပါတယ်။

Thursday, August 6, 2009

ဘာခေါင်းစဉ်နဲ့လိုက်သလဲ ဒီကဗျာ

ပျင်းနေရတာနဲ့ ပျင်းဖို့ပြင်ဖို့တောင် အချိန်မရဘူး..
ထည့်ပါဟ.. ခပ်ပြင်းပြင်းလေး..
ဒီထက်ပြင်းတာဆို ဘာမှချန်မထားနဲ့
“အပျင်းထန်”တာလေးကို ခံစားချင်လို့
ပြောရင်းဆိုရင်း လုပ်ပြီ
လိုနေတာက တစ်ခြား၊ ပေးတာက ဆား
အနာပေါက်တဲ့တစ်ယောက်မဟုတ် ကျောင်းသူလည်းမဟုတ်ဆို..
သူပြောတော့
ကျေးဇူးပြုပြီး ဆန်အိတ်တွေပဲ ဖောက်ပေးပါတဲ့..
မျက်စိတွေလည်း ဒေါင်းကုန်ပြီထင်တယ်
လိုအပ်တာထက် ပိုကြင်နာပါလို့ ပြောတဲ့အချိန်
ရေချိုးနေတဲ့သူနဲ့၊ ကျောင်းရောက်နေတဲ့သူနဲ့၊
ဆုတောင်းတယ်ဆိုတာ လက်အုပ်ချီထားတဲ့ ခိုင်းစေခြင်းတစ်မျိုးပဲ။
မင်းပြောတဲ့စကားတွေထဲ
“ဒါပေမဲ့” ထူထပ်မှုကို လျော့ချသင့်တယ်
အတုဖြစ်ခြင်း အစစ်ဖြစ်ခြင်းဆိုတာကတော့
သတ်မှတ်ခြင်းရဲ့ ဦးရေပါပဲ..
ဒီတစ်ခါ တကယ်ပြောတာ။

Tuesday, August 4, 2009

အခုတလော ရောက်တတ်ရာရာများ

ကျွန်တော်လည်း ပိုစ့်တွေ ကောင်ကောင်းမတင်တာကြာပြီ.. လာလည်နေကျ သူငယ်ချင်းတွေကို အားနာမိပါတယ်.. အခုတလော ဘာတွေလုပ်နေလဲ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တော့လည်း ဘာမှကို မယ်မယ်ရရ လုပ်နေတာလည်း မရှိဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က အိမ်ပြောင်းတာပဲ.. (၃)ရက်လောက်တော့ ကြာသွားတယ် ပစ္စည်းရွှေ့နေတာနဲ့ တင်.. သောကြာနေ့ စာမေးပွဲတစ်ခုရယ်၊ စနေနေ့ နှုတ်ဖြေစာမေးပွဲရယ် ရှိပါအုံးမယ်..
ပြီးခဲ့တဲ့ weekends တုန်းကတော့ ရှေ့က ပိုစ့်မှာ ကြော်ငြာထားတဲ့ Singapore Poly ရဲ့ နှောင်းနွေဆုံမှတ်ကို ရောက်ဖြစ်ပါတယ်။ ကျွန်တော် ဒီကိုစရောက်တဲ့ ပထမနှစ်ကတည်းက SP ပွဲကို ကြည့်ဖြစ်တာပါ. အရင်နှစ်ကတော့ စာမေးပွဲနဲ့ ကပ်နေတာနဲ့ မသွားဖြစ်လိုက်ဘူး.. အခုတစ်ခေါက်တော့ နည်းနည်းလေး ကွာသေးတာနဲ့ (ကွာချင်ယောင်ဆောင်ပြီး) ကြည့်ဖြစ်ပါတယ်။ ပွဲကို အကြောင်းပြုပြီး မတွေ့တာကြာပြီဖြစ်တဲ့ Blogger တွေရော၊ မတွေ့ဖူးသေးတဲ့ Blogger တွေနဲ့ပါ ဆုံခွင့်ရလို့လည်း ဝမ်းသာမိတယ်။ ဝေဖန်ရေး ဘာညာတော့ ကျွန်တော်လည်း သိပ်မလုပ်တတ်လို့.. ယေဘုယျအားဖြင့်ဆိုရင်တော့ ပုံမှန်ထက်ပိုတဲ့ ပွဲတစ်ပွဲပါပဲ။ Foreigner တွေ မြန်မာလို ဆိုတာ၊ ကတာ တွေ့ရတော့ ကိုယ့် Culture ကိုယ်ဂုဏ်ယူစိတ်လို့ပဲ ပြောရမလား..
စိတ်ထဲ ဖြစ်မိတယ်။ နောက်တစ်ခု ကျွန်တော် သတိထားမိထားမိသလောက် SPရဲ့ အငြိမ့်တွေမှာ (အခုနောက်ပိုင်း အငြိမ့်အများစုမှာ အသုံးများတဲ့) ခါးအောက်ပိုင်းပြက်လုံးတွေ ပါလေ့မရှိပါဘူး။ ကျွန်တော် လေးစားနှစ်သက်မိတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
ကဗျာနဲ့ပတ်သက်ပြီးတော့တော့.. ရေးဖြစ်တဲ့ကဗျာတွေကို သိပ်မကြိုက်တာကြောင့် မတင်ဖြစ်တာပါ။ ဒါပေမယ့် စာဖတ်သူအနေနဲ့ ပုံမှန်တော့ လည်ဖြစ်ပါတယ်.. ကဗျာ၊ စာကောင်းတွေ ဖတ်ရတိုင်းလည်း ဖန်တီးသူများကို အားကျကျေးဇူးတင်မိတယ်။
အားလုံး အဆင်ပြေကြပါစေ..

Free counter and web stats