
၂၅ရက်နေ့ နောက်ဆုံးစာမေးပွဲစဖြေရတော့မယ်.. အခုထိ စာကောင်းကောင်း မကျက်ဖြစ်ပါ. ဟိုတွေး ဒီတွေး၊ ဟိုလေး ဒီလေး. ဒါနဲ့ပဲ ဆရာတာရာမင်းဝေရဲ့ ကဗျာလေးတစ်ပုဒ်ကို သွားသတိရတယ်. ကျန်းမာရေးသိပ်မကောင်းတော့တဲ့ hard disk အဟောင်းလေးထဲက ပြန်ရှာထားတာပါ. ဒီစာမေးပွဲပြီးရင်တော့ ပိုက်ဆံအပိုစုဖို့ အချိန်ပိုင်းအလုပ်တချို့လုပ်ဖို့ စဉ်းစားမိတယ်. ကျောင်းစကတည်းက အိမ်ကိုတစ်ပြားမှမတောင်းပဲ ကိုယ့်ပိုက်ဆံကိုယ်ရှာပြီးတက်တဲ့ သူငယ်ချင်းတွေကို အားကျမိတယ်။ တကယ်တော့ ကျွန်တော်ဟာ ဟိုယောင်ယောင် ဒီယောင်ယောင်ပဲ။ ဘာကိုမှ တစိုက်မတ်မတ်လုပ်ခဲ့တယ်ဆိုတာ မရှိဘူး။ စိတ်ကူးတွေ၊ အတွေးတွေနဲ့ပဲ အချိန်ကုန်ခဲ့တာ။
2 comments:
ဒီကဗျာလေးကို အတော်သဘောကျတယ်။ အထူးသဖြင့် 'ညီမလေးရေ' ဆိုပြီး သုံးထားတာလေးကိုပေါ့။
တာရာမင်းဝေ ကဗျာလေးတွေ ထပ်တင်ပေးပါဦး။
ရှိသလောက် ထပ်တင်ပေးပါ့မယ်ဗျာ.. (း
Post a Comment