Friday, September 28, 2007

Poem part -5

ကျွန်တော့်ရဲ့ အာဇာနည် သံဃာများအတွက် ဂုဏ်ပြုကဗျာ..


/p>

အာဇာနည် သံဃာများ

အေးစက်နေတဲ့ ထမင်းလ်ုတွေကို

အသက်သွင်းဖို့ သူတို့ စတေးတယ်

သွေးထွက်မှာကို မမှု၊

တောက်ခေါက်သံတွေနောက်က ရန်ငြိုးတွေကို

ငြိမ်းသတ်နေဆဲ၊ မနက်ဖြန်တွေအတွက်..

သေနတ်သံတွေကိုလည်း မမှု၊

ဗလာကျင်း ခြေထောက်တွေက

ဒီမိုကရေစီ အာဟာရအတွက် နင်းဖြတ်နေပြီ

ထမင်းငတ်တာကိုလည်း မမှု၊

မမှန်ရင် မခံတတ်တဲ့ စိတ်ဓါတ်တွေနဲ့

တရားမဲ့ အာဏာတွေကို ဖီဆန်နေဆဲ..

ရင်ဝသို့ ကျည်ဆံတွေကိုလည်း မမှု၊

ဒေါသ မောဟ နဲ့ သောကတွေကို အံတုလို့၊

သမိုင်းမှာ စံပြုဖို့ ....

ငါတို့တစ်ခေတ်အတွက် လာပါပြီ၊

ငါတို့ရဲ့ အာဇာနည် သံဃာများ

Tuesday, September 18, 2007

Poem part -4

ဒါကတော့ ကျွန်တော့်ရဲ့ ကမ္ဘာပေါ်က ကမ္ဘာမကျော်တဲ့ ကဗျာလေးတွေပေါ့…



အတိုင်းမသိ

အလွမ်းဖောင်ပေါ်မှာ
သံယောဇဉ် ကြိုးတွေချည်ပြီး
ကျွန်တော် အမျှောခံခဲ့ရပြီ...
မျှော်လင့်ခြင်း ပင်လယ်ကြီးဆီ...


စွန့်ပစ်ခံ

ကြယ်ကြွေညရဲ့ ကောင်းကင်တစ်ခု
ပြန်ရဖို့ ဆုတောင်း
ခဲ့..
ဘယ်သူ ကောင်း
ခဲ့တယ်
မငြင်းပါဘူး..
တကယ်တော့..
ကျွန်တော်ဟာ သူမရဲ့ လူဟောင်းပေါ့..

.

Story

သူငယ်ချင်းတစ်ယောက် မေးလ် နဲ့ ပို့ပေးလိုက်တဲ့ story လေးတစ်ခုပါ… လူတွေဟာ အခြေအနေတွေ ပြောင်းလဲသွားတဲ့နောက် ဘ၀ဟောင်းကို မေ့တတ်လေ့ရှိတယ်ဆိုတာလေးကို သနားစရာပုံပြင်လေးတစ်ပုဒ်နဲ့ ထင်ဟပ်ပြထားတာ ဖြစ်ပါတယ်…



There was a blind girl who hated herself just because she was blind. She hated everyone except her loving boyfriend. He was always there for her. She said that if she could only see the world, she would marry her boyfriend.

One day, someone donated a pair of eyes to her and then she could see everything, including her boyfriend. Then her boyfriend asked her, “ now that you can see the world, will u marry me?” The girl was shocked when she saw that her boyfriend was blind, too and refused to marry him.

Her boyfriend walked away in tears and later, wrote a letter to her saying “ JUST TAKE CARE OF MY EYES PLEASE “.

This is how humans change when their status changes. Only few remember what life was before, and who has always been there in the most painful situations.

Sunday, September 16, 2007

My first part-time job

၁၆.၉.၂၀၀၇

ဒီနေ့ကျွန်တော် အလုပ်စလုပ် ဖြစ်တယ်.. အချိန်ပိုင်းပေါ့။

စင်္ကာပူရောက်ကတည်းက ၆လ အတွင်း ပထမဆုံး ၀င်ငွေ၊.. အလုပ်ကတော့ Agency တစ်ခုမှာဗျ။ သူက ပုံမှန်တော့ အလုပ်မရှိဘူး။ မင်္ဂလာဆောင်တို့၊ party ပွဲတို့ကို စီစဉ်ပေးတာပေါ့.. အဲဒီမှာ waiter တို့ ဘာတို့နေရာမှာ လူလိုတော့ ကျွန်တော့် အိမ်က သူငယ်ချင်းကို ခေါ်တာ၊ ဒီကောင် မလုပ်အားလို့ ကျွန်တော် ၀င်လိုက်တာပေါ့။ တစ်နာရီကို စင်္ကာပူငွေ ၆ကျပ်ရတယ်ဗျ။ ဒါပေမယ့် စလုပ်စ ဆိုတော့ နည်းနည်းတော့ပင်ပန်းတယ်။ ထိုင်ရတာ နာရီဝက်တောင်မရှိဘူး။ ၇နာရီဆက်တိုက် လိုတာတွေလိုက်လုပ်လိုက်၊ ပိုနေတာတွေပြန်သိမ်းလိုက်နဲ့... ဖူးးး... ဖတ်ဖတ်ကို... မောတော့မမောဘူးဗျ... ညောင်းနေတာ၊ ခြေထောက်တွေလေ။ ပါးစပ်လည်း မထူးပါဘူး.. Any drink, Sir/Madam ? နဲ့ Thank you ကို အခါတစ်ရာ မက ပြောခဲ့ရတယ်.. ဒါတောင် buffet ဖြစ်လို့ သိပ်မပင်ပန်းတာတဲ့. အတူတူ လုပ်တဲ့ မြန်မာသူငယ်ချင်းကပြောတယ်.. ဟီး.. သည်ကြားထဲ ဖန်ခွက်တစ်ခွက် ခွဲခဲ့သေးတယ်.. ဗန်းပေါ်မှာ တင်ရင်းနဲ့ မှောက်ကျတာပါဗျာ.. သေပြီဆရာပဲ ထင်လိုက်တာ.. ဘာမှမပြောလို့တော်သေးတယ်.. သူ့တို့ဆီမှာ အဲဒါလေးတစ်ခုလည်းမဆိုးဘူးဗျ.. အဲဒီလိုမျိုးဖြစ်ခဲ့ရင် မန်နေဂျာကတန်းရောက်လာပြီး သူဝင်ထိန်းလိုက်တယ်.. (ပစ္စည်းက သူတို့ပစ္စည်းပါ) ဘာမှလည်းပြန်လျော်ဖို့ မတောင်းဘူး။ ကိုယ်အမှားလုပ်မိတာအတွက် သူတို့တာဝန်ယူပေးတယ်.. ကျွန်တော်လုပ်တဲ့နေရာမှာပေါ့။ တခြား တခြားသော အလုပ်တွေမှာလည်း ဒီလိုမျိုးသဏ္ဍန်တူလေးတွေ ရှိတတ်ပါတယ်။ အဲ… ကိုယ်ကသာ အလုပ်ချိန်မှာ မခိုမကပ် လုပ်ပေးဖို့တော့ လိုတာပေါ့။ ကျွန်တော်ကတော့ စလုပ်စ ဆိုတော့ ‘အ’ တာပေါ့ဗျာ။ တွေ့တာတွေအကုန် ဖြည့်လုပ်ပေးတာပေါ့။ နောက်ပြီး သူများ ငြိုငြင်တာ မခံချင်တာလည်း ပါတာပေါ့။

ဒါနဲ့ အဲဒီ မင်္ဂလာဆောင်အကြောင်းလည်းဆက်အုံးမယ်ဗျ.. နေရာက Singapore Art Museum မှာ လုပ်တာ။ တော်တော်လေးတော့ ကုန်မှာပဲ။ Glass Hall လို့ခေါ်တဲ့ ဖန်နဲ့ လုပ်ထားတဲ့ Hall ကြီးထဲမှာ ခန်းမတည်ပြီး အပြင်ဘက်မှာက တစ်ဖက် စားဝိုင်း လေးဝိုင်းစီလောက်ပေါ့.. ခန်းမ နံရံက ဖန်ဆိုတော့ အပြင်ကနေ အထဲကိုမြင်ရတဲ့သဘောပေါ့ဗျာ.. အစားအသောက်တွေကလည်း စပယ်ရှယ်ပေါ့.. တက်ရောက်တဲ့လူဦးရေကတော ၂၀၀ လောက်ရှိတယ်ဗျ.. Buffet (ဘူးဖေး) ပုံစံကျွေးတာပါ… ဟင်းတွေက ကုန်တောင်မကုန်ဘူး.. အခမ်းအနားသာပြီးသွားတယ် တစ်ချို့ ဟင်းတွေဆို လျော့တယ်လို့ကို မထင်ရတာ။ သောက်စရာတွေကတော့ coke, 7up, White/Red wine, Fruit Punch, Beer, Champaign, Luis 13 (Martini လိုမျိုးလို့ပြောတယ်ခင်မျ), ကော်ဖီ နဲ့ လဖက်ရည် လည်း ပါသေးသဗျ.. ဟဲဟဲ.. သည်လောက်ဆို တော်လောက်ပြီထင်ရဲ့.. သူများမင်္ဂလာဆောင်အကြောင်းကို ဖောက်သည်ပြန်ချတာ.. နောက်ဆုံးတစ်ခုဗျာ.. ဟီးဟီး.. အဲဒီမင်္ဂလာဆောင်လာတဲ့သူတွေက ကျွန်တော်တို့ကို တန်းတူဆက်ဆံတာပါ။ Waiter ရယ်ဆိုပြီး ခိုင်းတဲ့ပုံစံမျိုးသိပ်မရှိကြဘူး… သူတို့ လိုတာရှိရင် တောင်းပြီး… thank you ဆိုတာအမြဲတမ်းပြောလေ့ရှိတယ်… သုံးပြီး ပန်းကန်တို့ ဖန်ခွက်တို့ကို သိမ်းရင်လည်း.. သူတို့မှီသလောက် ကမ်းပေးလေ့ရှိတယ်… ကျွန်တော်ကတော့ ကိုယ်ချင်းစာတရားလို့ ထင်တယ်ဗျာ… သူတို့လည်း ဒီလို ဖြတ်သန်းခဲ့ဘူးကြမှာပဲလေ..

ဝေါဟာရ အရှင်း

Champaign = ရှန်ပိန်

Buffet = ဘူဖေး… အစားအစာများကို ခင်းကျင်းထားပြီး..မိမိအလိုရှိရာကို ကိုယ်တိုင်ယူ သုံးဆောင်နိုင်သော ပုံစံ။

Punch = သစ်သီးဖျော်ရည်ကို အခြားဖျော်ရည်တစ်မျိုး (သို့မဟုတ်) အရက်၊ ၀ိုင် အစရှိသည်ဖြင့် ရောစပ်ပြီး ရရှိသောအရည်တစ်မျိုး။

Friday, September 14, 2007

Funny letter

တစ်နေ့ က စားသောက်ဆိုင်တစ်ဆိုင်ရဲ့ ကြော်ငြာ အဖုံးမှာ တွေ့လို့ ဗျ.. ဟာသလေးတစ်ခုပါ. ဖတ်ဖူးရဲ့လားမသိဘူး.. အရင်ကတော့ မြင်ဖူးသလိုပဲ..



Dear Troubled User,

This is a very common problem that men often complain about.
Many people upgrade from GIRLFRIEND 7.0 to WIFE 1.0.1 thinking that it is just a utilities and entertainment program. WIFE 1.0.1 is an OPERATING SYSTEM and is designed by its Creator to run EVERYTHING. It is also impossible to delete WIFE 1.0.1 and return to GIRLFRIEND 7.0. It is impossible to uninstall, or purge the program files from the system once installed.

You cannot go back to GIRLFRIEND 7.0 because WIFE 1.0.1 is designed not to allow this. Look in your WIFE 1.0.1 manual under WARNINGS: ALIMONY AND COMMUNITY PROPERTY. I recommend that you just keep WIFE 1.0.1 and work on improving the situation. I suggest installing the background application YES DEAR 2.7 to alleviate your program problems.

The best course of action is to enter the command C:\APOLOGIZE because ultimately you will have to give the APOLOGIZE command before the system will return to normal anyway.

WIFE 1.0.1 is a great program but it tends to be very high maintenance. WIFE 1.0.1 does come with several support programs such as CLEAN AND SWEEP 3.0, COOK IT 1.5, and SEX 4.2, however be very careful how you use these programs. Improper use will cause the system to launch the program NAG 9.5. Once this happens, the only way to improve the performance of WIFE 1.0.1 is to purchase additional software. I recommend FLOWERS 2.1 and DIAMONDS 5.0.

WARNINGS !! Do not under any circumstances install SECURITY WITH SHORT SKIRTS 3.3. This application is not supported by WIFE 1.0.1 and will cause irreversible damage to the operating system.

Best of Luck,

Tech Support.

Thursday, September 13, 2007

Poem part-3

ဒါကတော့ ကျွန်တော့်ရဲ့ ဘ၀ တစ်ခုထဲက ညတစ်ခုအကြောင်းပါ။


5. ညတစ်ခုအကြောင်း

ည……. အဲဒီ့ည

အလွမ်းတွင်းထဲကို ငါကျသွားတဲ့ည

ည……. အဲဒီ့ည

အချစ်တွေ အကျဉ်ချခံလိုက်ရတဲ့ည

ည……. အဲဒီ့ည

အသက်မပါဘဲနှလုံးခုန်နေဆဲ ည

ည……. အဲဒီ့ည

မျက်ရည်နဲ့ကဗျာတွေကို

တည်ဆောက်ခဲ့တဲ့ ည

ည……. အဲဒီ့ည

ငါ့အတွေးတွေ နိဂုံးမဲ့နေတဲ့ ည

ည……. အဲဒီ့ည

သူ့ရဲ့ကောက်ကြောင်းလေးတွေ

အာရုံမှာပေါ်လာတဲ့ ည

ည……. အဲဒီ့ည

အနွေးဓါတ်ကလေး

အဝေးထွက်ပြေးနေဆဲ ည

ည……. အဲဒီ့ည

အိပ်မက်တွေမှာ သူ့ပါးပြင်ဆီမှ

အနမ်းတွေယူဖို့ ကြိုးစားမိတဲ့ ည

ကောင်မလေးရယ် သတိရလိုက်တာကွယ်…..


Tags:

Wednesday, September 12, 2007

Book Review 1

ကျွန်တော် ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေထဲက အကြိုက်ဆုံးအချို့ကို ပြန်ရေးချင်ပါတယ်။ စာအုပ်အညွှန်းလေးပေါ့ဗျာ။

ပထမဆုံးအနေနဲ့ ကျွန်တော် ကိုးတန်းလောက်က ဖတ်ခဲ့တဲ့ ၀ထ္ထုလေးတစ်ပုဒ်အကြောင်း ပေါ့။ ဆရာတင့်တယ်ရဲ့ ကမ္မဖလ ဆိုတဲ့ ၀ထ္ထုလေးဖြစ်ပါတယ်.. အဓိပ္ပါယ်ကတော့ ကံ ကံ၏ အကျိုး လို့ဆိုလိုပါတယ်။

ကိုလိုနီခေတ်နဲ့ ဂျပန်ဝင်ကာစ အချိန်ကို နောက်ခံထားတာဖြစ်ပြီး ရေးသားခဲ့တဲ့ခုနှစ်ကိုတော့ ကျွန်တော်မမှတ်မိတော့ပါ။ တော်တော်တော့ ကြာခဲ့ပါပြီ။ သာမာန်စာအုပ်ဆိုင်ကြီးတွေမှာတော့ တွေ့ရခဲပါတယ်။ အဲဒီ စာအုပ်ရဲ့ ဇာတ်လမ်းဆင်ထားပုံဟာ အခုခေတ်အထိ ပေါ်ခဲ့တဲ့ ၀ထ္ထုတွေထဲမှာ တော်တော်လေး ဆန်းပြားတဲ့ ၀ထ္ထုတစ်ပုဒ်ပဲဖြစ်ပါတယ်။ အဲဒီ့အချိန်က စာပေဗိမာန်ဆုအတွက် လျာထားခံခဲ့ရသော်လည်း ဇာတ်လမ်းမှာ လူသတ်တာတွေများနေတဲ့အတွက် ပယ်ချခံခဲ့ရတယ်လို့ ဆရာတင့်တယ်က ဆိုထားပါတယ်။ တကယ်လည်း ၀ထ္ထုတစ်ပုဒ်လုံးရဲ့ ကျောရိုးဟာ ကလဲ့စားချေ တဲ့အကြောင်းဖြစ်ပါတယ်.. ဒီအချက်ကြောင့်လည်း နောက်ပိုင်း ထုတ်ဝေခွင့် မပြုသလားဟု ထင်ကောင်းထင်ရပါတယ်။ ဇာတ်ကောင်ရဲ့ ရည်မှန်းချက်က ကောင်းသည်ဟု မဆိုနိုင်သော်လည်း ထိုရည်မှန်းချက်ကို အောင်မြင်ဖို့ သူ့ရဲ့ အကွက်ဆင်ပုံ၊ စဉ်းစားဥာဏ် နဲ့ စတေးခဲ့တာတွေဟာ ပီပြင်ပြီး လက်တွေ့ကျလှပါတယ်။ ကျွန်တော်ကို အဓိက ဆွဲဆောင်ခဲ့တဲ့ ဇာတ်လမ်း အဆင်၊ စာရေးဆရာ ရဲ့ တင်ပြပုံနဲ့ ၀ထ္ထုထဲမှာ ဇာတ်ကောင်ရဲ့ psychological(စိတ်ပညာ) အရ စဉ်းစားသွားပုံတွေဟာ တကယ့်ဝထ္ထုကောင်းတစ်ပုဒ်ရဲ့ အင်္ဂါရပ်တွေလို့ ကျွန်တော်မြင်မိပါတယ်။ အထူးသဖြင့် ဆရာတင့်တယ်ရဲ့ ဥပမာပေး ခိုင်းနှိုင်းပုံတွေဟာ မြင်လွယ်သိလွယ်ပြီး ဆိုလိုရင်းကို ခြွင်းချက်မရှိ ထိရောက်စေပါတယ်။ ကျွန်တော် စာမြည်း အနေနဲ့ ပေးချင်သော်လည်း လောလောဆယ် ၀ထ္ထုမှာ ကျွန်တော်နဲ့ အတူ မရှိတဲ့အတွက်ကြောင့် စာညွှန်းကိုပဲပြုစုပေးလိုက်ပါတယ်။ အားလုံးကိုလည်း ကြုံကြိုက်တဲ့အခါ ဖတ်ကြည့်ဖို့ တိုက်တွန်းပါရစေ ခင်မျာ….

Tuesday, September 11, 2007

Once upon a time

အားလုံးလိုလို ချစ်တဲ့ သီချင်းလေး တစ်ပုဒ်နဲ့ Lyrics ကဏ္ဍကို စတင်ချင်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း ဘယ်နှစ်ခေါက်နားထောင် နားထောင်၊ မရိုးတဲ့ သီချင်းလေး တစ်ပုဒ် ပါ။



တစ်ခါတုန်းက

ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်..တိမ်တွေလိုကြွေပြီ မျက်ရည်မိုး

ဒီလိုမျိုး မိုးအေးအေးလေး အိမ်ထဲမှာ ငါ၊ နွေးနွေးထွေးထွေးနဲ့ တွေးဆွေးဆဲ အတိတ်က အဝေးမှာဟေ့၊ ငါ့ဘေးမှာတွေ့၊ သူ့ passport ပုံသေးသေးလေး ဆေးတွေမှိန်၊ ခပ်ရေးရေးဝါး၊ အရောင်တွေတောင်ထွက်ပြေးလို့သွား…မေ့လို့မရ၊ အဲဒီ့နေ့တွေ ငါမြင်၊ ကျူရှင်က အဆင်း၊ မိုးတွေရွာရင်ထီးတစ်ချောင်းအောက် အတူတူ လမ်းတွေလျှောက်ခဲ့၊
လမ်းမှာ
လေကြမ်းတွေကြောင့် ကြွေမနွမ်းတဲ့ ခရေပန်းတွေကောက်၊
ဇာတ်လမ်းတွေ
.. သူ့နှုတ်ခမ်းနဲ့ချွေခဲ့တဲ့ အနမ်းတွေကြောင့် အချမ်းတွေပျောက်၊
တိုးဝှေ့နေကြပါ၊
ဒီလိုမိုးရေတွေကြားမှာ၊ အမျိုးတွေတွေ့သွားမလား၊ တချို့တလေ အဖေကြားမလား၊ စိုးရိမ်တတ်သူ၊ ငါတို့တွေေ၀၀ါးစွာ မက်ခဲ့တဲ့အိပ်မက်ကလည်း၊ ကျိုးကြေချေမွကာ ပျက်ခဲ့တဲ့ မိုးရေတွေကြားမှာပဲ...တို့တွေကမ္ဘာခြားကာ ဝေးသွား၊ ဟိုမှာ မင်းကျန်းမာရေး ဂရုစိုက်ဖို့ မှာချင်တယ်၊ မမေ့ပါနဲ့၊
ရုပ်ရှင်တွေထဲက
အတိုင်းဆို တော်တော်လေး အေးမှာပဲ....
အဖော်လှော်တွေ တွေ့ကာ၊ ပျော် ပျော်နေမှာ.. ဖုန်းဘယ်တော့ခေါ်မလဲလို့ မျှော်နေတာ။

ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်တိမ်တွေလိုကြွေပြီ မျက်ရည်မိုး..

စာလည်းမကျက်ချင်ပါ ငါ၊ ညဘက်တိုင်းဆက်တိုက်ထည့်မပျက်မကွက်

အိပ်မက်တွေမက်ရင် ငါ၊ ချက်ချင်းအိပ်မက်ထဲ ပတ်ရင်းရှာ… မိုး မိုး မိုးက၊ ရက်နှစ်လတိုး ပြောင်းလဲခဲ့ နှုတ်ဆက်ရင်းသာငို… တစ်ခါတုန်းက ငါ့ဘ၀ မျှော်လင့်ချက်နဲ့ အသက်သွင်းထား လက်ငင်းကမ္ဘာ ပျက်ယွင်းကာပြို၊ ငါဆိုတဲ့ ဒီသီချင်း၊ မင်း ဟိုကနေ နားထောင်နေမလား.. ရဲမင်းသိန်းဆိုတဲ့ ချာတိတ်၊ သူ့ရဲ့အသံကို ကြားယောင်နေမှာ.. ခဏလောက်ဖြေပါ၊ နီစပ်စပ် အသားရောင်တွေကြား.. ကိစ္စများမြောင်နေကာ၊ ဘာကြောင့် ဟိုက တခြားကောင်တွေ စကား.. နားယောင်နေမှာလဲ…ဒါကသက်သေ၊ ကဗျာစပ်နေ ဒီမှာ... နောက်လှည့်ကြည့်လှည့်၊ အဲဒီ ကဗျာစာရွတ်တွေ ၀ါဖန့်နေပြီကွာ.. ဟောင်းခဲ့ပြီပဲ၊ မကြာမကြာ chat တွေ၊ internet တွေအထိ ငါ၊ ငယ်ငယ်တုန်းက မင်းနာမည်ကို အခါခါ ရှာဖတ်နေမိတာ၊ အနာဂတ်တွေ ရှိမှာပဲ၊ နှုတ်ခမ်းတွေတောင် ပြာ၊ အပြတ်အေးသည့်ည.. မိုးတွေကြား လမ်းတွေ လျှောက်ကာပတ်၊ အတွေ့အထိက ချမ်းနေသလောက်၊ ငါ မရပ်ပြေးပြီးရှာ.. အနမ်းတွေပျောက်၊ ကမ္ဘာတစ်ဖက် အဝေးကြီးက၊ အလွမ်းတွေကြောင့် အနာ မကျက်သေး သည့် အရာ၊ ဆေးမရှိပါ၊ မြန်မာပြည်ကနေ အမှာ ဆက်ခြွေမိတာ.. မိုးတွေရွာလျက် ဟေ့ ဒီမှာ..

ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်..တိမ်တွေလိုကြွေပြီ မျက်ရည်မိုး

မှန်မှန်ဖြေ.. အရင်က ဇာတ်လမ်း၊ လွမ်းသလား မေးချင်၊ ကမ္ဘာတစ်ခြမ်းကွာဝေးဆဲ.. မင်းရဲ့အလှမှန်းကာတွေမြင်တမ်းတ..အဆွေးသီချင်းတွေ..မဆိုချင်ဘဲနဲ့ ဆိုနေရပြီ....
အကယ်၍ လမ်းမှာတွေ့ရင် မင်းမှတ်မိအုံးမလား.. ငါ့အခန်းတခါးစေ့ရင်း....
ရှိခဲ့တဲ့အတိတ်က.ပြီးခဲ့တဲ့ကိစ္စတွေ..မသိခဲ့သလိုမျိုးဘဲ...အချိုးနဲ့နေဖို့လည်း..မလွယ်လို့ဘဲ..
တကယ့်ကိုပဲ မစဲတဲ့မိုးထဲမှာ၊ဘယ်လိုလည်း..မိုးရယ်၊ အငြိုးနဲ့ ရွာခဲ့သလိုပဲ...
တစ်ခါတည်းကို ငါ့အသည်းကိုခွဲ.....သေသွားပြီ....ဘာနဲ့သဂြိုလ်မလဲ, ဟင် ??

Sunday, September 9, 2007

Poems 2



အခု ကျောင်းပိတ်ရက်မှာ ကဗျာလေးတွေတော့ ရေးဖြစ်နေတယ်ဗျာ..

တစ်ခါတစ်လေ ဦးနှောက်က တောက်တိုမယ်ရ အင်္ဂလိပ်လိုလည်း စဉ်းစားမိတယ်ဗျ

3. Wait me, baby.

Fire the seas,
Bury the mountains,
Bringing blue nights,
Miles are passed through,
I’ll be there for you...

ဒါကတော့ ကာရံမှီ အလွမ်းကဗျာလေးတစ်ပုဒ်ပါ..

4. မျှော်လင့်ခြင်းလေး
ကမ္ဘာ့တစ်ဘက်က လမထွက်တဲ့ ညတစ်ရက်လို
ငါ့တစ်သက်ကို အရခက်တဲ့အဖြေတစ်ခုနဲ့
အမှောင်တွေချ ခဲ့သူရေ….
နင့်ရဲ့မပေးချင်တဲ့ မေတ္တာတွေ မြေခနေလည်း
ငါ့ဘက်က သစ္စာတွေ ကြွေကျမသွားပါဘူး
မပြောင်းလဲတဲ့မြတ်နိုးချင်းတွေနဲ့အတူ
စောင့်မျှော်နေသူတစ်ယောက်ပေါ့..

Saturday, September 8, 2007

History

ဘာလိုလိုနဲ့ ကျွန်တော့်ကိုယ်ပိုင် Blog လေးတစ်ခုတော့လုပ်ဖြစ်သွားပြီ.. ရည်ရွယ်ချက်ကတော့ဗျာ အသိဥာဏ်နဲ့ ဗဟုသုတတွေ ဖလှယ်ချင်တာပါ.. ကိုယ်ပိုင်အိမ်ကလေးတစ်လုံးရလိုက်သလိုပေါ့.. ကိုယ့်အိမ်အလည်လာသူကို ကိုယ်သိတာတွေ ပြောပြရင်း ဧည့်ခံမယ်.. အကြံအဥာဏ်တောင်းခံမယ်.. မိတ်ဖွဲ့မယ်ပေါ့.. နောက်..ကိုယ်အားချိန်မှာလည်း သူငယ်ချင်းတွေအိမ်ကို သွားလည်မယ်.. တိုးတက်မှုတွေလေ့လာမယ် အကြောင်းအရာမျိုးစုံဆွေနွေးကြမယ်ပေါ့..

အရင်ကဆို ကျောင်းကအပြန် ကားပေါ်မှာ ကဗျာလေးတွေစိတ်ထဲမှာရေးလေ့ရှိတဲ့ ကျွန်တော်ဟာ အခုဆို blog အကြောင်းကိုလည်းစဉ်းစားလာတတ်ပါပြီ.. တေး မှတ်ထားပြီး တစ်ခါတစ်လေ မေ့မှာစိုးတဲ့အတွက် ကျောင်းစာအုပ်ကျောဖုံးလေးတွေမှာ ရေးချထားရပါတယ်.. အိမ်ပြန်ရောက်ရင် ဘယ်လိုပြင်လိုက်မယ်ပေါ့.. blogger အသစ်စက်စက်လေးတစ်ယောက်ရဲ့ ဘ၀အစပေါ့ဗျာ..
ကျွန်တော် blog အကြောင်း ကြားဖူး၊သိဖူးတာတော့ ကြာပါပြီ.. တကယ်စရေးဖြစ်တာကတော့ Planet forum ကမြန်မာ blog ရေးနည်းကိုဖတ်ပြီးမှပါ.. ပထမဆုံးစဖတ်ဖြစ်တဲ့ ကိုမောင်လှရဲ့ blog ဟာကျွန်တော့်ကို တော်တော်လေး blog ရေးချင်စိတ်ဖြစ်ပေါ်စေပါတယ်.. အဲဒီကနေမှတစ်ဆင့် ကိုညီလင်းဆက်၊ကိုရန်အောင်၊ မမေတို့ pages တွေဆီရောက်ပြီး တော်တော်လေး blog သုတစုံခဲ့ပါတယ်..နောက်ပြီး ရန်ကုန်နဲ့ မန္တလေးမှာ ကျင်းပခဲ့တဲ့seminor ပွဲတွေရဲ့သတင်းတွေကလည်း ကျွန်တော် msg တော်တော်ရလိုက်ပါတယ်……
တကယ်တမ်း blog ရေးမယ်ဆိုတော့အရေးအသားက လိုလာပါပြီ.. ငယ်ငယ်ကတည်းက စာစီစာကုံးတို့ မြန်မာစာတို့မှာအားနည်းခဲ့တဲ့ ကျွန်တော်.. အခုတော့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းသလိုများဖြစ်နေမလား…။ ဒါပေမယ့် စာရေးတာကိုတော့ ကျွန်တော် ၀ါသနာပါပါတယ်.. အထူးသဖြင့် ကိုရန်အောင်ရဲ့ post တစ်ခုမှာ ဖတ်မိတဲ့ Everything is bloggable ဆိုတာလေးက ကျွန်တော့်ကို အကြောင်းအရာရေးဖို့မရှားဘူးလို့ လက်တို့လိုက်သလိုပါပဲ...
Blogတွေဟာ Bloggerတွေရဲ့ကိုယ်ပိုင်စာနယ်ဇင်း၊ ဂျာနယ်၊ စာအုပ် တွေလိုဖြစ်ပါတယ်.. ကိုယ်တင်ချင်သောစာမူကို လွတ်လပ်စွာ ကိုယ့်စိတ်ကြိုက်တင်ခွင့်ရှိပြီး.. editor ကလည်း ကိုယ်ကိုယ်တိုင်သာ ဖြစ်ပါတယ်.. မိမိ ဆောင်းပါး၊ ၀ထ္ထု၊ ကဗျာကို အပယ်မခံရဘဲ တင်နိုင်တာကတော့ အားသာချက်ဖြစ်ပြီး.. အချိန်နှင့်ငွေကိုလိုသလို ပေးနေရတာကတော့ အားနည်းချက်တစ်ခုပေါ့…. ဒါကြောင့် single-user blog တွေမှာ ကိုယ့်blog ကောင်းခြင်း ဆိုးခြင်းဟာ ကိုယ်တစ်ယောက်တည်း နှင့်သာ ဆိုင်ပါတယ်..
ဒါကတော့ ကျွန်တော် blog စရေးဖြစ်တဲ့ အကြောင်းလေးပေါ့။ ဟီး..မဆိုင်တာတွေများပါသွားလားမသိဘူး..

Thursday, September 6, 2007

My Home Town

ကျွန်တော့်ဇာတိချက်ချွေမွေးရပ်မြေကတော့ ပြည်မြို့ပေါ့ဗျာ.. ရှေးတုန်းကတော့ သရေခေတ္တရာ လို့သမုတ်ပါတယ်… ဗြိတိသျှ ကိုလိုနီခေတ်က အင်္ဂလိပ်လို Prown လို့လည်းခေါ်ခဲ့ကြသတဲ့.. ပဲခူးတိုင်းအတွင်းမှာတည်ရှိပြီး ယခုအခါ ပဲခူးတိုင်းအနောက်ပိုင်းရဲ့ တရားဝင်မြို့တော်တစ်ခု ဖြစ်နေပါပြီ.. ရန်ကုန်ကနေ bus ကားဖြင့် ၆နာရီလောက် စီးရပါတယ်.. ကျွန်တော်တို့မြို့ရဲ့ အထင်ကရနေရာတွေကတော့ ရွှေဆံတော်ဘုရား၊ မင်းကြီးတောင်၊ န၀ဒေးတံတား တို့ဖြစ်ပါတယ်။ ရွှေဆံတော်ဘုရားကြီးရဲ့ ထူးခြားမှုကတော့ မြတ်စွာဘုရားရှင်တော်ရဲ့ ဆံတော်ကို ကိန်းဝပ်တည်ထားကိုယ်ကွယ်ထားခြင်းဖြစ်ပါတယ်.. ဘုရားကြီးရဲ့ရင်ပြင်တော်မှာ စွယ်တော်တိုက်တစ်ခုရှိပြီး သုံးနှစ်ကိုတစ်ကြိမ် တန်ဆောင်တိုင်လမှာ စွယ်တော်မြတ်ကို မြို့တွင်းလှည့်လည်အပူဇော်ခံလေ့ရှိပါတယ်.. မင်းကြီးတောင်ကတော့ ရွှေဆံတော်ဘုရား တည်ရှိရာအနီးမှ သမိုင်းဝင်တောင်တစ်ခုဖြစ်ပြီး ယခုအခါ န၀ဒေးတံတားကြီးဖြင့် ဧရာဝတီအနောက်ဖက်ကမ်းသို့ ဆက်သွယ်ထားပါတယ်…
ကျွန်တော့်ဆရာတစ်ယောက်က ပြည်မြို့ဟာ လူနေထိုင်မှုစရိတ်(living cost)သက်သာသောကြောင့် ပင်စင်စားများ ပြောင်းရွှေ့နေထိုင်လေ့ရှိတယ်လို့ ဆိုပါတယ်.. ကျွန်တော့်အနေနဲ့တော့ ပြည်ဟာ တခြားမြို့ကြီးတွေနှင့်ယှဉ်လျှင် ခေတ်မှီဖွင့်ဖြိုးတိုးတက်မှု မမြင့်သော်လည်း အေးချမ်းတဲ့မြို့လေးတစ်မြို့လို့ ဆိုနိုင်ပါတယ်.. ညဘက်ပိုင်းများမှာ ပြည်တက္ကသိုလ်အနီးတ၀ိုက် ကျောင်းသားများဖြင့် စည်ကားလေ့ရှိပါတယ်..
ပြည်ရဲ့နာမည်ကြီးအစားအစာတွေကတော့ ထမင်းသုတ်၊ မုန့်ပစ်သလတ် (မုန့်ပြားသလတ်)၊ ကောက်ညှင်းပေါင်းနဲ့ ပလာတာပေါ့ဗျာ… ရာသီအသီးအနှံအဖြစ် သြဇာသီးကလည်း trade mark တစ်ခုပေါ့.. မြို့ဧရိယာ အကျယ်ကြီးမဟုတ်တဲ့အတွက် တစ်ပတ်လောက်အချိန်ယူ လည်ပတ်လျှင်ကို နေရာတော်တော်စုံနိုင်ပါတယ်.. မြို့ရဲ့ အလည်မှာတော့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်ရဲ့ကြေးရုပ်ကြီးကို ခန့်ညားထယ်ဝါစွာမြင်တွေ့နိုင်မှာ ဖြစ်ပါတယ်.. အဲ..နောက်တစ်ခု.. မြန်မာတစ်နိုင်ငံလုံးမှာ ကျွန်တော်တို့တစ်မြို့တည်းသာကျင်းပတဲ့ ဥာဏ်ရိုးရှို့ ပွဲတော်ကလည်း နှစ်စဉ်နှစ်တိုင်းကျွန်တော်ဆင်နွှဲနေကျ ပွဲတစ်ခုပေါ့… ၀ါးအမျိုးအစားတစ်မျိုးဖြစ်တဲ့ ဥာဏ်ရိုးကို တပို့တွဲလပြည့်နေ့မနက်စောစောအချိန်မှာ ဘုရားတစ်ချို့ရှိ ရင်ပြင်ပေါ်၌ မီးပုံပွဲသဏ္ဌာန်ပြုလုပ်ပြီး မီးရှို့ပူဇော်ကြချင်း ဖြစ်ပါတယ်.. ရာသီဥတုအေးတဲ့ အချိန်အခါမှာ.. ဥာဏ်ရှိုးရှို့ပူဇော်ခြင်းဖြင့် မြတ်စွာဘုရားကို အနွေးဓါတ်ရစေသည်ဟု ယူဆပြီး ပြုလုပ်ခြင်းဖြစ်ပါတယ်… လာရောက်ဆင်နွှဲသူများအတွက် လှူဒါန်းသော ထမင်းနှဲကလည်း ပူပူနွေးနွေးနဲ့ ပွဲတော်ရဲ့သဏ္ဌာန်ကိုပိုမို ပီပြင်စေပါတယ်..
ပြည်မြို့မှာ စုစုပေါင်း ဘုရား ၈ ဆူခန့်လောက်ရှိပါတယ်.. ဘုရားတော်တော်များများဟာ မြို့တွင်းမှာ တည်ရှိကြပြီး သွားရောက်ဖူးမျှော်ဖို့ အလွန်လွယ်ကူပါတယ်.. မြို့တစ်ဖက် အ၀င်ရှိ “ဘုရားကြီး” ဘုရားမှာလည်း ထုထည်ကြီးမှာသောသမိုင်းဝင်ဘုရားတစ်ဆူဖြစ်ပါတယ်… သားငါးဈေးပေါင်း ခန့်မှန်းချေ ၃၊ ၄ ခုလောက်ရှိပါတယ်… ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ ညဈေးတန်းမှာလည်း ညအခါ လည်ပတ်ဖို့ကောင်းတဲ့ အစားအစာဈေးတစ်ခုဖြစ်ပါတယ်… ဆက်သွယ်ရေးနှင့်ပတ်သတ်ပြီး GSM ဖုန်းများအသုံးပြုနိုင်ပြီး.. Internet မှာတော့ ယခုအချိန်ထိ Dial-upအဆင့် ဆိုင်များသာရှိပါသေးတယ်..
တကယ်တော့ပြည်အကြောင်းကို ကျွန်တော်ပြန်ရောက်တဲ့အချိန်ရေးရင် ပိုပြည့်စုံမယ်လို့ထင်ပါတယ်.. အခုတော့အဝေးကပဲ မြင်ယောင်ရင်း ရေးနိုင်ပါတော့တယ်… ကျွန်တော်လွမ်းတဲ့ မိသားစုထမင်းဝိုင်းလေးကိုမြင်ယောင်ရင်း.. ကျွန်တော်လွမ်းတဲ့ ထမင်းသုတ်တစ်ပွဲကိုမြင်ယောင်ရင်း… ကျွန်တော်လွမ်းတဲ့ သူငယ်ချင်းတွေကို မြင်ယောင်ရင်း.. ကျွန်တော်လွမ်းတဲ့ မီးပျက်ညတွေကိုမြင်ယောင်ရင်း… ကျွန်တော်သိပ်လွမ်းတဲ့ #$&#!! ကိုမြင်ယောင်ရင်း… အင်း…တစ်နေ့တော့ အရောက်ပြန်ရမှာပေါ့…..

Tuesday, September 4, 2007

Poems

ကျွန်တော်စကားပြေအရေးအသားမကောင်းသလို ကဗျာရေးလည်းအဆင်မပြေပါ.. သို့သော်လည်း ကိုယ်ပိုင်ကဗျာလေးများဖြစ်သည့်အတွက် ကျွန်တော့် ကိုယ်ပိုင် blog မှာတင်ထား ချင်ပါသည်.. အများစု ကာရံကိုအခြေခံထားပါသည်.. မျက်လုံးဖြင့်မြင်၍ နှလုံးသားအားဖြင့် ဖတ်ကြပါကုန်…

1. Several အလွမ်းများ (သို့မဟုတ်) သူမချစ်သေးဘူး

ကောင်မလေးရယ်..
နင့်ကိုတွေ့ရင် သိပ်ချစ်တဲ့အကြောင်းတွေပဲ
ပြောချင်နေမိတယ်..
နင့်အကြောင်း စဉ်းစားရင်းနဲ့ မအိပ်ဖြစ်ခဲ့တဲ့ညတွေလည်းများနေပါပြီ..
အဖော်ရယ်ဆိုလို့ အထီးကျန်နေတဲ့ poem လေးတွေရယ်၊
မျက်ရည်တွေနဲ့အတူ ငိုသံလေးတွေရယ်ပဲ ရှိတာပါ.
အခုနေ နင်ဖုန်းဆက်ရင် ပျော်လို့ရအောင်
ငါရင်ခုန်သံတွေတောင်စုထားသေးတယ်.
နင် ငါနဲ့အတူမရှိလည်း ကမ္ဘာကြီးက လုံးနေသေးတာပဲ.
သူငယ်ချင်းတစ်ယောက်ပြောတော့ နင်ငါ့ကို မုန်းနေသေးတာတဲ့
အိပ်မက်တွေမှာတော့ ပြုံးနေပေးပါဟာ..
ငါတို့တွေ ဆယ်ကမ္ဘာခြားနေလည်း
သံယောဇဉ်တွေကို ငါ့ဘက်ကတော့မဖယ်ခွာရက်သေးဘူး..
အတွေးတွေထဲမှာ နင့်ကိုနမ်းရင်းနဲ့ လွမ်းနေတုံးပေါ့
ကောင်မလေးရယ်.....


2.တောင့်တခြင်း

အလွမ်းရက်တွေကို နှင်ချပြီး..
ကံကြမ္မာဆိုးတွေ အပြင်ခဏထွက်ပေးပါ..
အရင်ကလို နင်အနားရှိတဲ့ရက်တွေ ပြန်လိုချင်လို့...

First post

ကျွန်တော် blog ကိုစိတ်ဝင်စားတာကြာပြီဗျ..လေ့လာချင်ပေမယ့် ကျောင်းစာကရှိနေတော့ အချိန်သိပ်မပေးနိုင်ဘူးပေါ့်(ပျင်းနေတာက ၅၀%)….. Senior bloggers ကြီးတွေ ရေးထားတဲ့ Pages တွေဝင် ဖတ်ပြီး အားကျခဲ့တာကြာပါပြီ…. ကိုယ်နဲ့ပတ်သတ်တဲ့အကြောင်းတွေကို သူငယ်ချင်းတွေကို share လို့ရသလို ကိုယ့်အတွက်လည်း မှတ်တမ်းတွေကျန်ခဲ့တာပေါ့.. ဘာပဲဖြစ်ဖြစ်ဗျာ..အခုကျောင်းပိတ်ရက်မှာတော့ blog လေးတစ်ခု စဖြစ်သွားတာပေါ့..
Free counter and web stats