Friday, September 28, 2007

Poem part -5

ကျွန်တော့်ရဲ့ အာဇာနည် သံဃာများအတွက် ဂုဏ်ပြုကဗျာ..


/p>

အာဇာနည် သံဃာများ

အေးစက်နေတဲ့ ထမင်းလ်ုတွေကို

အသက်သွင်းဖို့ သူတို့ စတေးတယ်

သွေးထွက်မှာကို မမှု၊

တောက်ခေါက်သံတွေနောက်က ရန်ငြိုးတွေကို

ငြိမ်းသတ်နေဆဲ၊ မနက်ဖြန်တွေအတွက်..

သေနတ်သံတွေကိုလည်း မမှု၊

ဗလာကျင်း ခြေထောက်တွေက

ဒီမိုကရေစီ အာဟာရအတွက် နင်းဖြတ်နေပြီ

ထမင်းငတ်တာကိုလည်း မမှု၊

မမှန်ရင် မခံတတ်တဲ့ စိတ်ဓါတ်တွေနဲ့

တရားမဲ့ အာဏာတွေကို ဖီဆန်နေဆဲ..

ရင်ဝသို့ ကျည်ဆံတွေကိုလည်း မမှု၊

ဒေါသ မောဟ နဲ့ သောကတွေကို အံတုလို့၊

သမိုင်းမှာ စံပြုဖို့ ....

ငါတို့တစ်ခေတ်အတွက် လာပါပြီ၊

ငါတို့ရဲ့ အာဇာနည် သံဃာများ

1 comment:

Kaung Kin Ko said...

"အေးစက်နေတဲ့ ထမင်းလုတ်တွေကို
အသက်သွင်းဖို့ သူတို့ စတေးတယ်
သွေးထွက်မှာကို မမှု၊"

စာသားတွေ အရမ်းထိတယ်ဗျာ။ ကဗျာတွေကြိုက်တယ်။

Free counter and web stats