Saturday, February 2, 2008

Poem part- 10

လိုနေသေးတဲ့ ကဗျာတိုလေးတစ်ပုဒ်။



အတွေး ကဗျာလေး

အချစ်၊ အမုန်း၊ အပြုံးအချိုနဲ့
အပေါ့ အငန် အစပ် အခါး
ကဗျာမျိုးစုံ ထုတ်လုပ်မည်။


ပါဝင်ပစ္စည်းတွေရယ်
ဆားကာရံ အတွဲတချို့နဲ့
သကြားမော်ဒန် အလွဲတချို့
အတွေးယောက်မနဲ့ ပြင်
မနင်ရအောင်
အရိုးတွေလည်း နွှင်ထားမယ်။
(မှတ်ချက်။ ။ကျန်းမာရေးနှင့် ညီညွတ်စေရန်
အချိုမှုန့်မပါဝင်။)

ဘာသာနဲ့ လူမျိုးမခွဲ
ဥတုသုံးပါးလည်း
အမြဲ သုံးဆောင်နိုင်တယ်။


အမုန်းနဲ့ အချစ်ကဗျာတွေမှာ
ကိုယ်ပိုင် အပြစ်နဲ့ အနာတွေလည်း
တွေ့နိုင်တယ်။


မမေ့နိုင်တဲ့
အလွမ်းအဆွေးမှာတော့
သူနဲ့ ကမ္ဘာတစ်ခြမ်းဝေးတဲ့
အကြောင်းတွေပေါ့။


အညောင်းပြေ..
အသဲကွဲတဲ့ အခါလည်း
မြည်းနိုင်တယ်၊ သူငယ်ချင်း။


ဘယ်အစင်းက
မင်း နှလုံးသားကို
ချစ်ခြင်းတွေ
ပစ်သွင်းနိုင်မလဲ ?
......................


ခံစားမှုအစုံကို
စကားလုံးတွေ ခြုံတဲ့အခါ

ဥုံ ဟဲ့...
ကဗျာတွေ ဖြစ်ပါစေသတည်း။


3 comments:

Sophie said...

သူငယ်ချင်း.. ဘာရယ်တော့ မဟုတ်ဖူး။ နင့်ကဗျာဖတ်ပြီး ငိုချင်သွားတယ်....

အေးနော် နင်ပြောသလို ခံစားမှုအစုံခြုံတဲ့ အခါ အုံဟဲ့ ကဗျာတွေကို လှလှလေးဖွဲ့နိုင်ဖို့ ကြိုးစားရဦးမယ်။

အစင်းတိုင်း အစင်းတိုင်းက နှလုံးသားကို ပစ်ခွင်းနေတော့ ငါ့ကဗျာလေးတွေ စုတ်ပြတ်သတ်နေမှာ သေချာတယ်ဟ။

နင်ကလည်း... ကျန်းမာရေးနဲ့ မညီညွတ်ချင်ပါနဲ့ဟာ။ ချိုချင်ယောင်ဆောင်နေတဲ့ အချစ်တွေ အတွက် အချို့မုန့်လို ကဗျာလေးတွေလည်း ရှိလိုက်စမ်းပါ။ မာယာတွေလေ....အချိုနဲ့ မြားနေတာလေးတွေပေါ့။

Sophie said...

သူငယ်ချင်းရေ......

စိတ်ရှိတိုင်း ရေးနေမိတဲ့ ငါ့ကော်မန့်တွေ အတွက် စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရင် ဆောတီးနော်။

Kaung Kin Ko said...

မိုက်လှချည်လား ညီလေးရ။ နိဂုံးလေးလဲ အရမ်းကြိုက်တယ်။

Free counter and web stats