အဲဒါကတော့ မြန်မာ Blog Academy ပေးပွဲဖြစ်ပါတယ်.. မြန်မာဘလော့ဂ်တွေထဲကနေပြီးတော့ အမျိုးအစားလိုက် အကောင်းဆုံးတွေကို စည်းမျဉ်းတွေနဲ့ အညီ ရွေးချယ်မယ့် အစီအစဉ်လေးပါ.. သတင်းလေးကို ဖတ်ပြီး စီစဉ်နိုင်သူတွေကို လေးစားမိတယ်.. ကျွန်တော်လည်း အဲဒီလို idea လေးတွေ အရင်က (စိတ်ကူးယဉ်သက်သက်) ဖြစ်ခဲ့ဖူးတယ်..
ချီးမြင့်မယ့်ဆုအမျိုးအစားတွေကတော့ ..
- အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )
- အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )
- အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )
- အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )
- အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )
- အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )
- အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )
- အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာစာပေ )
- အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )
- အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )
သတ္တမနည်းပညာ ရပ်ဝန်း (Technical 7) ရဲ့ ကြိုးပမ်းမှုပါ။ အသေးစိတ်အချက်အလက်နဲ့ မဲ(vote) ထည့်သွင်း ပါဝင်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ် ခင်မျာ.. Results တွေကိုတော့ ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၁၂း ၀၀) တိတိမှာ ဖွင့်လှစ်ကြေညာမှာ ဖြစ်ပါတယ်.. ကျွန်တော်တော့ ရုံကြီးကားတွေ သိပ်မရိုက်ဖြစ်တာကြောင့် မပါဖြစ်တော့ဘူး.. :P ဆုရမယ့် သူတွေကိုယ်စားတော့ တင်ကြို ရင်ခုံမိနေတယ်..း)
1 comment:
Genial fill someone in on and this fill someone in on helped me alot in my college assignement. Say thank you you for your information.
Post a Comment