By the way, ၃လ တစ်ကြိမ် ထုတ်လွှင့်နေကျ သံလွင် အင်တာနက်မဂ္ဂဇင်း ၂၀၀၉ ဧပြီလအတွက် ထွက်ပါပြီ... ဒီတစ်ခေါက်တော့ ကျွန်တော့်ကဗျာ မသုံးဖြစ်ဘူးဗျ.. သေချာတော့ မဖတ်ရသေးပေမဲ့ အခွင့်အလမ်းနဲ့ပတ်သတ်တဲ့ အကြောင်းတွေ အသားပေးဖော်ပြထားတဲ့အတွက် မလွတ်သင့်တဲ့ စာမျက်နှာတွေ ပါရှိအုံးမှာဖြစ်ပါတယ်.. အရွေးမခံ့တဲ့ ကျွန်တော့်ရဲ့ ကဗျာလေးကတော့..
မြို့ထဲကမူလတန်းကျောင်းသားဘဝA.B.C.D.ရယ်လို့ လိုက်ရွတ်မိတာက စလို့ဂါထာတစ်ပုဒ်လိုငါ့မြို့ပန်းချီကားလေးထဲကငါ့ရုပ်ပုံ ဆေးစက်တွေဟာ ပဲ့ကျကုန်တော့တယ်မျှော်ကြည့်မိတိုင်း..သောင်တွေရှေ့ ကန့်လန့်ကာနဲ့ ဧရာဝတီဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်မောင်ချောနွယ် အမှတ်တရနဲ့လွတ်လပ်ရေးကျောက်တိုင်တွေကကွက်ကွက်ကွင်းကွင်း.....
ကြံရည်တစ်ခွက် (၁၀၀)နဲ့အပြင်မှာ ပြောသလိုကမ္ဘာကြီးကို ပြန်ဆယ်မယ့်ကိစ္စဟိုမှာ ဂရုမစိုက်အားလို့အနမ်းတွေပဲ recycle လုပ်စရာရှိဒီလိုနဲ့ပေါ့.. ဒါနဲ့ပေါ့..“အပိုင်း (...)မျှော်”စာတန်းကြီးထွက်လာအုံးမှာ သိရက်နဲ့တစ်ခန်းရပ် မီးလောင်ပြဇာတ်တွေထဲကိုယ့်ကိုကိုယ် ကံကောင်းချင်ယောင်ဆောင်နေရတာလက်မှတ် (၂)စောင်အတွက်ကိုကြီးဖြိုးကို မုန့်ဖိုးတွေပြည့်တော့မယ်လို့ပြောချင်နေတာတခြားနေရာမဟုတ်ရင်ခွင်မှ ရင်ခွင်ပါတဲ့ခံရခက်ခြင်းတွေကခေါင်းတစ်ချက်ကုပ်ဖို့ထက်မောင်းတစ်ချက်ကို တစ်စောင်းနင်းပိုဖြုတ်ချင်နေတာကိုယ့်အသက်မှာကိုယ် နေရာမှန်လေးရှင်ဖို့ ကြိုးစားနေတာပဲအပြစ်ဖြစ်ရ ။တစ်ခါတစ်လေလည်း စာသင်ကျောင်း၊တစ်ခါတစ်လေလည်း မြို့ထဲက “လီ” မိန်းကလေးနဲ့နေသာ၊ မိုးအုံ့၊အလိုက်အထိုက် ညှိနှိုင်းနေထိုင်ခွင့်ရယုံလေးဆိုပေမယ့်နန်းကျသလိုသာ နေဖြစ်ခဲ့တာ။ငါ့နေရာလေး ငါ ပြန်ဝင်ဖို့တောင်အခုတော့ငါ တစ်ယောက်ထဲ စက်တပ်ယာဉ်မဟုတ်ခဲ့တာ ။ခန့်နေ