ငါတို့ဟာ ကိုယ်စီကိုယ်ငှ ကြက်သီးမွှေးညှင်းတွေထ
မကြာခင်မှာ စပ်ဖြီးဖြီးနဲ့ ပါးစပ်တွေ ဟိုနေရာ၊ ဒီနေရာ တစ်ဝိုက်
မြေပုံတွေထဲ မြစ်တွေစီးဆင်းသလို ကဗျာထဲမှာ ဘာတွေစီးဆင်း
အဆင်မပြေရင်တောင် ဟောဟို တစ်ဖက်ကမ်းက အလုပ်လုပ်သူတွေနဲ့ ဓါတ်ပုံတွဲရိုက်မလား၊
ဘုရားစာတွေ တူတူရွတ်ကြမလား
ရင်ဘတ်ထဲက ခိုတွေကို အဝေးကို လွှတ်လို့
သစ္စာစောင့်သိသူတွေနဲ့ အတူတူပျော်ရအောင်
တံခါးကို ပိတ်ထားစရာ လိုတယ်၊ မလိုဘူး..
နေ့စဉ်၊ ညစဉ်၊ လစဉ် အစီအစဉ်များ..
စီရင်ချက်တွေထဲ ကျွန်တော် ပါသေးလား၊ ပါနေသလား၊
သေသေချာချာလုံမလုံ ကြည့်ပြီးမှ တံခါးကို ဖွင့်ပေးပါတို့၊
အထဲမှာ လေကောင်းလေသန့် မရရှိတဲ့အခါ
အသက်ရှင်ယုံသက်သက် ကျွန်တော်ဟာ ချေးငှားခဲ့ရ..
ဘောပင်ကို ကိုင်ရင်း၊ အပေါ်ကို ငုံ့ကြည့်ရင်း၊
သူငယ်ချင်းတွေနဲ့ ငြင်းခုံရင်းကပဲ လက်တွေဟာ ရှည်လာ၊
ဒီတော့ ခင်များမှာ မနေနိုင် မထိုင်နိုင် နေမသာ ထိုင်မသိ
ခြေအိတ်ထဲမှာ ဝှက်ထားတဲ့ ဓါးနဲ့ပဲ ထခုတ်ရမလား၊
လက်ပင်က သီးတဲ့ လက်သီးတွေနဲ့ပဲ ထရိုက်ရမလား၊
အိမ်မှာ ကောင်းကောင်းနေ၊
ဧည့်သည်လာရင် လေတွေတိုက်ရင် သိပ်ကြိုက်သူနဲ့
ခြေတစ်ချောင်းနဲ့ လက်တစ်ဝက်ကျိုး
ဗမာစကားကို ကဗျာဘာသာနဲ့ ပြော၊
ငါ့ဘေးမှာတော့ (၅)ယောက်ရှိနေတယ်
အမှန်ကို ပြောရင် ပိပိရိရိ မိမိရရ ရှိပါစေ ကိုယ့်လူ
ဘိုင့်ဘိုင်လို့ တစ်ယောက်ကို တစ်ယောက်နှုတ်ဆက်ရင်း
မနည်း ဆွဲခွာခဲ့ရပုံတွေနဲ့ ခွဲခွာရင်း
ပုံပြင်တွေဟာဖြင့် သက်မဲ့လူသားစားကြီးများ
နံပါတ်(၁)အင်္ကျီကိုမှ နောက်ဆုံးလူက ဝတ်ဆင်ထားရ လေတယ်။
ခန့်နေ.