မှတ်မှတ်ရရ လက်ချာခန်းတစ်ခုမှာ တစ်ပိုဒ်ချင်း အကြမ်းချရေးဖြစ်ခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ပါ..
အချိတ်အဆက်အားဖြင့် အားနည်းနေမလား မသိဘူး..
ဥာဏ်မီသလောက်တော့ ကြိုးစားထားပါတယ်..
ရောင်းရင်းတို့ အားပေးနေလို့ ကျွန်တော့်လက်တွေကို အနားပေးလို့ မရသေးဘူးဗျာ..
နတ်သမီးသို့ အင်္လကာ
မနက်ခင်း...
နေမင်းက ကျွန်တော့်ကိုမကြိုဆိုပါ။
အေးစက်နေတဲ့ ကာရံတွေနဲ့
စားပွဲပေါ်ပစ်တင်ထားတဲ့ ကဗျာတစ်ပုဒ်သာ.
ကျွန်တော့်ကို အဖော်လုပ်နေတယ်..
ချစ်တဲ့အကြောင်းတွေ ပြောပြဖို့
စကားလုံးတွေ ကဗျာဆန်ပြီး
ရင်ခုန်သံတွေမှာ ကာရံရှိဖို့ လိုပါသလား..
Mr. အာဒံသိပြီး
လာပြန်ကြည့်ပေးဖို့ လိုပါသလား..
သြော်..
တစ်ခါတုန်းက
အသည်း ကွဲ သီချင်းတစ်ပုဒ်ကို
အကျင့်လုပ် ဆိုမိလို့များ
အသည်းတစ်ခြမ်းနဲ့
အခု အမြဲလွမ်းနေရတာလား..
ပုံပြောကောင်းတဲ့ သူမဟာ
နတ်သမီးလေးတစ်ပါးဆိုရင်
အဲဒီ့ ပုံပြင်တွေမှာ ခုံမင်နေတဲ့
အပေါစား တောသားလေးတစ်ယောက်ဟာ
ကျွန်တော်ပေါ့..
နတ်သမီးလေးရဲ့ ဒိုင်ယာရီမှာ
ကဗျာတစ်ပုဒ် မဟုတ်ရင်တောင်
ကာရံ အစုတ်လေးတစ်ခု အဖြစ်နဲ့
ကဗျာလေးကို အကူအညီပေးပါရစေ..
တောသားလေးရဲ့
နှလုံးသား spaces တွေတိုင်းမှာလည်း
သူမရဲ့ အငွေ့အသက်တွေနဲ့
ပြည့်နှက်နေတာမို့..
အဲဒီ ၀င်္ကာပါထဲက နတ်သမီးလေးသာ
မကြင်နာတော့ရင်
့အပြင်ကမ္ဘာမှာ
သူ တကယ် ရင်နာရတော့မှာပါ..
3 comments:
ကဗျာကောင်းတယ်ဗျို့ ။ လက်တွေကို အနားမပေးပါနဲ့ ဗျာ။ ကဗျာ site တခုတွေ့ တိုင်းဝမ်းသာမိတယ်ဗျာ။ အဲဒါမှ ကဗျာတွေ နဲ့ အမြဲတမ်းထိတွေ့ နေလို့ ရမှာမို့ ။
အချိတ်အဆက်အားမနည်းပါဘူး။
လက်အနားပေးလို့မရရင် ဆက်သာရေး။(စာမေးပွဲပြီးရင်)
အားပေးတယ်။
ကောင်းတယ်ကွ။ များများရေးနော်။ ရတနာက ကဗျာတွေကို ကြိုက်တယ်။ အချိန်ရရင် ရတနာ့ ကဗျာတွေလည်း လာဖတ်ကြည့်ပါဦး။
Post a Comment