Wednesday, July 23, 2008

တောင်းဆိုခြင်း


ခူးပေးပါရစေ

သစ္စာကြယ်တွေ

မမူပါဘဲ၊ ယူလှည့်ပါ ချစ်သူ…


အရောင်ချွတ်ထား စကားလုံးများက

အရေပြားဆိုရင်

သူ့ထံပါးအောက်

ခံစားချက်များက အသွေးအသား


အပေါ်ယံ အရေးအသားတွေ

ချိတ်မှာတပ်

အချစ်တွေကို အပျော်ကြံ

မျှားယူလိုခြင်းလည်း မဟုတ်။


အနားက ကြားလူတွေ

အမှားကူကြမှာ (အတွေးမျိုး)

ကျိတ်တွေးရင်း မော

စိတ်တွေလောရင်း…

ပြောဖို့ စကားတချို့

မင်းရှေ့မှောက်မှာ အမောဆို့နေတာ ။


ဆွဲခဲ့တဲ့ အချိန်တွေရယ်

ကြာလွန်းနေပြီ..

ပေးနေကျ ကဗျာတွေထဲ

အတွေးတွေ အသစ်မပြောင်း

ခံစားချက်တွေ အစစ်ဖြစ်ကြောင်း

ရင်ဘတ်တစ်ခြမ်းဆီက

သီအိုရီတစ်ခန်းနဲ့

သက်သေပြမယ်ကွယ် ။


အနာဂတ်ထဲ

ကျောင်းဖွင့်ချိန်တစ်ရက်

မျှော်ရီတွေးလျက်

ကော်ဖီတွေ အေးစက်ကုန်သည်..


ပြည်သူ.. အဖြေကူလှည့်ပါ..

အဝေးလမ်းလား…

အပြေး နမ်းမလား…

4 comments:

Taungoo said...

ကာရန်လေးတွေကို
မထိတထိ တစ်ချက်တစ်ချက် ထည့်ထားတာ
မိုက်တယ်

SKB(ဆော်ကြည်ဘဲ သို့ မဟုတ် ဆော်ခိုင်းဘဲ) said...

ငါ ဒီကဗျာကို ဖတ်ပြီးတော့ နားမလည်ဖူး။ ခံစားလို့ မရတာထင်တယ်။ နင်က တအားဆွေးနေတာကိုး။ နင် ရည်းစားစကားပြောပြီးပြီလား။ မပြောရသေးဖူးလား။တကယ်လို့ နင်ရည်းစားစကား မပြောရသေးရင် ငါပြောပြလိုက်မယ်. တကယ်လို့ ပြောပြီးရင် ငါအဖြေတောင်းပေးမယ်။ နင်ကလည်း နင့်ပုံစံအတိုင်း အေးအေးဆေးဆေးကြီး ထိုင်မနေနဲ့။ ကောင်မလေးကို အမြဲဆက်သွယ်။ ငါ ဘေးကနေ အသည်းယားနေပြီနော်။

Anonymous said...

အတွေးတွေ အသစ်မပြောင်း

ခံစားချက်တွေ အစစ်ဖြစ်ကြောင်း
အဝေးလမ်းလား…

အပြေး နမ်းမလား…

I like it :)

Kaung Kin Ko said...

ကဗျာလေး ကောင်းတယ် ညီလေးရေး-) အရမ်းကောင်းတယ်။

Free counter and web stats