Sunday, July 6, 2008

သီချင်းလေးတစ်ပုဒ် share ချင်လို့ပါ။ ဟောင်းပေမယ့်လည်း ကောင်းနေဆဲ တစ်ပုဒ်ပေါ့။ ကျွန်တော်တို့ရဲ့ ဗိုလ်ထီး(စိုင်းထီဆိုင်)ဆိုထားပြီး၊ ဆရာစိုင်းခမ်းလိတ်ရဲ့ လက်ရာမွန်။ မင်းခယောက်ျားပုံစံမျိုး နောက်တစ်ပုဒ်လို့ ခေါ်လို့ရမယ် ထင်ပါတယ်။

ကျွန်တော့်အတွက်တော့ သီချင်းရဲ့ Chorus အပိုဒ်ရောက်သွားတိုင်း ခံစားချက်လေးတစ်ခုဟာ စနားထောင်စဉ် အချိန်ကအတိုင်းပဲ၊ မပြောင်းလဲသေးဘူး။


မေမြို့ည

မေမြို့ည

. . . . ည . . . . ည . . ..

ပျော်နိုင်မှာလား ကြားဖဲလေးတစ်ချပ်တည်းကို ပေးပြီး

စောင့်ရတဲ့ ဘဝ…

ဖြေသာမှာလား ရှားဖဲလေး တစ်ခြားတစ်ယောက်လက်ထဲ ပါတာ

မသိလိုက်တဲ့ ဘဝ…

မနှစ်ခြိုက်လည်း အမိုက်ခံပြီးတော့ အိပ်မရတဲ့ ရောဂါကို ကုလာ..


Cho: ည အချစ်ကလေးအကြောင်း မစဉ်းစားမိအောင်

တခုခု လိုက်လုပ်နေရတဲ့ မေမြို့ည

မေ့မရမှန်းသိရက်သားနဲ့

ကြိုးစားပြီး အစားထိုးရတဲ့ မေမြို့ည

အရှုံးကျမှ အားတင်းပြုံးကာ

မိုးလင်းမယ့် ပွဲပေါင်းများစွာ

ဆက်ကာဆက်ကာ နေရမယ့် မေမြို့ည…


ကိုယ် မြင်နေကျ သူ့မျက်နှာ မတွေ့ရခြင်းဟာလည်း ဒုက္ခပါလား..

ကိုယ် နာနေကျ သူ့စကားသံ မကြားရခြင်းဟာလည်း ဒုက္ခပါလား..

ချစ်လျက်နဲ့ ဝေးရခြင်းဟာ ဒုက္ခအပေါင်းထဲမှာ အခက်ဆုံးပါ…


Cho: အခိုက်အတန့်လေး မေ့လို့မရတဲ့

နည်းလမ်းကလေးရှိရင် ကောင်းမယ် မေမြို့ည

မကောင်းမှန်းလည်း သိရက်သားနဲ့

လိုက်တားမယ့် အချစ်ကလေး မရှိတဲ့ မေမြို့ည

ည ရှုံးလည်းခက် ထလည်း ခက်တော့

မထ, ဖြစ်တဲ့ ပွဲများကြားမှာ နစ်သထက် နစ်ကာ နေရမယ့်

မေမြို့ည…

No comments:

Free counter and web stats