ကျွန်တော်လည်း ပို့စ် အသစ်မတင်ဖြစ်တာ ၁လ ကျော်သွားပြီ.. လာလည်ပေးတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို အားလည်းနာရင်း ကျေးဇူးလည်း တင်ရင်းပေါ့… Comments တွေက တွန်သံပေးနေလည်း ကျွန်တော် eduking တစ်ယောက် အပျင်းအိပ်မက်ရှည်ကြီးက မနိုးထနိုင် ဖြစ်နေခဲ့တယ် :D .. သူငယ်ချင်းတစ်ယောက်ကတော့ ပြောပါတယ်.. “နင့်ကို ပုံမှန်တင်ရမယ်လို့ ဘယ်သူပြောလဲတဲ့” သူပြောတာလည်း ဟုတ်သလို့တော့ ရှိသား။ ဒါပေမယ့် ရေးဖော်ရေးဖက်သူငယ်ချင်းတွေနဲ့တော့ ဝေးသွားသလို ခံစားရတယ်.. ပုံမှန်မရေးဖြစ်ပေမယ့်လည်း တခြား Blog တွေဆီတော့ အမြဲတမ်း ဖတ်တာ၊ လေ့လာတာတွေ လုပ်ဖြစ်ပါတယ်…
ဒါနဲ့ ဒီသြဂုတ်လ ကုန်တဲ့အခါ ကျွန်တော် ဘလော့လေး တစ်နှစ်ပြည့်ပါပြီ ။ ပြန်စီစစ်ကြည့်တော့ စုစုပေါင်း ပို့စ်က ၅၂ ခုလောက်ပဲ ရှိတယ်။ တစ်ပတ်ကို တစ်ခုနှုန်း နဲ့ ကွက်တိပဲ.. ဒါပေမယ့် ကွာလတီက အဓိက မဟုတ်လား :D ဟက်ဟက်.. နောက်တာ။ အစပထမရည်ရွယ်ချက်တော့ ကျွန်တော့် ဒိုင်ယာရီသဘော အဓိက ရေးပြီး.. ကြိုကြား ကြိုကြား အတွေးလေးတွေ၊ တစ်ခါတစ်လေ ဖြစ်လာတဲ့ ခံစားချက်လေးတွေ ထည့်သွားဖို့ပါ။ ဒါကြောင့် Diary Pages လို့ပဲ ပေးထားလိုက်တယ်။ ဒါပေမယ့် နောက်ပိုင်း ကဗျာတွေ၊ ဝထ္ထုတိုတွေဘက်ကို ပိုရောက်လာတာတွေ့ရတယ်။ သူငယ်ချင်းတွေလည်း လာလည်ပြီး အားပေးကျတော့ ရေးချင်စိတ် ပိုဖြစ်မိတယ်။
အခုရောက်နေတဲ့ အနေအထားလေးကို ကျွန်တော် တော်တော်လေး နှစ်သက်မိပါတယ်။ ဒီ blog ကနေ သူငယ်ချင်းအသစ်တွေရလာတယ်။ C-boxနဲ့ Comments တွေကြောင့် စာတွေရေးတဲ့အခါ ပို confident ဖြစ်မိတယ်။ ကျွန်တော် ဆက်ရေးဖြစ်နေတဲ့ အကြောင်းထဲမှာ အဲဒါဟာ အဓိကကျနေတာတွေ့ရတယ်။ အရင်က တွေးမိတာ တစ်ယောက်ထဲ ရေးမယ်ဆိုတဲ့သဘောနဲ့ပါ။ ဒါပေမယ့် လက်တွေ့ကျတော့ ဖတ်မယ့်သူ မရှိတဲ့အခါ ရေးချင်စိတ်လည်း လျော့လာတယ်။ ဒါကတော့ စာရေးသူတိုင်း ဖြစ်မိတဲ့ စိတ်လေးတစ်ခုလို့ ကျွန်တော်ထင်တယ်။ ကိုယ့်ရေးထားတဲ့ စာမူလေးကို အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကိုပဲ ဖြစ်ဖြစ် ပေးဖတ်ချင်မိတာပဲ။ အဲဒီအခါ သူငယ်ချင်းက ကောင်းတယ်ဆိုရင်လည်း ဒီထက်ပိုကောင်းအောင် ကြိုးစားချင်စိတ်၊ မကောင်းဘူးဆိုရင်လည်း တိုးတက်ချင်စိတ်ကလေး ဖြစ်လာပြီး ဆက်ရေးမိတာပဲ။ အနည်းဆုံးတော့ c-box မှာ လာအော်တာလေးပဲဖြစ်ဖြစ်၊ မကောင်းပင်ငြားသော်လည်း သည်းခံပြီး အပြုသဘောဆောင် ရေးပေးသွားတာမျိုးလေးတွေပဲဖြစ်ဖြစ်ပေါ့.. :D
ဝန်ခံရရင်တော့ ကျွန်တော်ဟာ စာရေးပျင်းတဲ့သူတစ်ယောက်ပါ.. နောက်ပြီး ငယ်ငယ်ကတည်းက မြန်မာစာဆိုရင် ကြောက်တတ်တဲ့ စိတ်တစ်ခုလည်း ရှိတယ်ဗျ။..
ဘာပဲဖြစ်ဖြစ် ဒီ blog လေးကို တစ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာအထိ အဓိက မောင်းနှင်သွားတာဟာ ကျွန်တော့်ရဲ့ နှလုံးသားစက်ကြီးထဲကို ပုံမှန် လောင်ချပေးနေတဲ့ ရောင်းရင်းတို့ရဲ့ အာဟာရ လောင်စာဆီများသာ ဖြစ်ပါကြောင်း…
2 comments:
ရက်စက်ပ ဒူလေးရာ
မပြောတော့ဘူးဆိုပေမယ့် ပြောလိုက်ဦးမယ်
တွန်သံလာပေးတယ်ဆိုတော့ ကြက်ဖကြီးတွေ ဖြစ်ကုန်မှာပေါ့ဟ
အဲဒါကြောင့် ဘယ်သူမှမပေးသွားကြတာ
နောက်ကို အဲလိုပြောရဘူးနော်
လူကြီးက လာဆုံးမတာ
နားထောင်
မေတ္တာဖြင့်
ဟီး ဟီး..
တင်စားတာပါ ဘရားသား...
တည့်တည့်ကြီး ကြည့်ရဝူး...
ကျွန်တော် ဂရုစိုက်ဖို့လည်း လိုသွားတယ်...
ကျေးဇူး..း)
Post a Comment