စိတ်နဲ့ စိတ်ဟာ
စိတ်အခန့်မသင့်လို့
စိတ်သဘောထားချင်း မတိုက်ဆိုင်ကြတော့လို့
စိတ်ကွာရှင်းတယ်ပဲ ခေါ်မလား..
စိတ်ခွာပြဲတယ်ပဲ ပြောမလား..
ပေကပ်ကပ်နဲ့
အဲဒီ`စိတ်´ဆိုတဲ့ဟာလေးဟာလေ
ပြောစကားလည်း နားမထောင်
ပြောထားရဲ့သားနဲ့
အဆာစိတ်များသင့်နေသလားမသိ..
မဟုတ်.. အစာနဲ့ စိတ်များ မသင့်သလားမသိ
တစ်စိတ်ကို တစ်အိတ်လုပ်ချင်နေတဲ့ စိတ်ပဲ
(ဒါမယ့် ဖားကောက်မယ့်အိတ်)
တစ်ယောက်ထဲနေ တစ်စိတ်ထဲထားပေမယ့်
စိတ်ဟာ ပေါက်လိုက်၊ ဖေါက်လိုက်
တ `ပဲ´ `ပဲ´နဲ့
ပဲကုလားဟင်း စားချင်နေရှာတဲ့ စိတ်/ဆိတ် ကလေးများလား..
ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်
စိတ်နာမကျခင် စိတ်ခံတွင်းက ထွက်လာတတ်တဲ့
ဆရာချောရဲ့ စိတ်အန်ဖတ်များ..
ကောင်းလည်း ဒီစိတ်၊ မကောင်းလည်း ဒီစိတ်
ဣဿာမစ္ဆရိယစိတ်
အချဉ်ပေါက်ခဲ့ရသော အတိတ်စိတ်များဟု ဆိုလေတော့
"အောင်မယ်.. မင်းဘာမင်း စည်းကမ်းမရှိလို့
စိတ်မစင်စွန့်ချင်တဲ့ နေရာစွန့်
စိတ်ရောဂါဖြစ်နေတဲ့ဟာ
ငါနဲ့ ဘာဆိုင်လဲကွ"
"အင်.. စိက္တစိုးဆိုတာ.. ခင်များလား.."
"အေး.. ဟုတ်တယ်.. ဒီမြို့ရဲ့
စိတ်ပျက် စိတ်လျှော ရောဂါသည်ထဲမှာတော့
ငါဟာ ခေါင်းဆောင်ပဲ"
အဲဒီအချိန်မှာပဲ..
ဖတ်ခနဲ..
စိတ်ပြတ်သွားတယ်။
ခန့်နေ
Friday, March 26, 2010
Thursday, March 25, 2010
အထ္ထုပ္ပတ္တိ
လမ်းတွေပေါ်
ခွေးတွေဟောင်နေတာ မြင်တော့
ငါ့အဆာလောင်ဆုံးကို တွေ့လိုက်တယ်။
ကိုယ့်သွေးကြောထဲ
ကိုယ်တောင် အနှံ့မရောက်ဘူး
အနုပညာဆိုတာကလည်း
အရူးလောက်မှ မပေါက်မြောက် မဟစ်အော်
အိမ်ထဲက အိမ်ပြင်မထွက်နိုင်တော့
ဇာတ်လမ်းရဲ့ ဟာနေတဲ့ဇာတ်ကွက်ထဲ
ငါ့ကိုယ်ငါ ဆောင့်ကန်ချလို့
ငါ့နောက်မှာ ငါရပ်လိုက်တယ်။ ။
မိုးဝေး
၂၀၀၀ ခုနှစ်
("သူပဲအကြမ်း သူပဲအချော"ကဗျာစာအုပ်မှ)
ခွေးတွေဟောင်နေတာ မြင်တော့
ငါ့အဆာလောင်ဆုံးကို တွေ့လိုက်တယ်။
ကိုယ့်သွေးကြောထဲ
ကိုယ်တောင် အနှံ့မရောက်ဘူး
အနုပညာဆိုတာကလည်း
အရူးလောက်မှ မပေါက်မြောက် မဟစ်အော်
အိမ်ထဲက အိမ်ပြင်မထွက်နိုင်တော့
ဇာတ်လမ်းရဲ့ ဟာနေတဲ့ဇာတ်ကွက်ထဲ
ငါ့ကိုယ်ငါ ဆောင့်ကန်ချလို့
ငါ့နောက်မှာ ငါရပ်လိုက်တယ်။ ။
မိုးဝေး
၂၀၀၀ ခုနှစ်
("သူပဲအကြမ်း သူပဲအချော"ကဗျာစာအုပ်မှ)
Labels:
ကဗျာဆရာတို့၏ ကဗျာများ,
မိုးဝေး
Tuesday, March 23, 2010
ဟန်ချက်
ဒီနေ့ ပုံမမှန်တဲ့ နေ့တစ်နေ့ဆိုတာ တစ်နေ့လုံး တယ်လီဖုန်းသံများနှင့် ကင်းဝေးနေခြင်းမှ စတင်ခဲ့ကြောင်းကို ခေါင်းနောက်နောက်ဖြင့်ပြန်လည် စဉ်းစားရင်း `ကျွန်တော် ဖျားနေပြီထင်တယ် မေမေ´လို့ ပြောမိကာမှ အဖျားတိုးသွားလို့.. တစ်နှစ်လုံးစာ အတိုးဖျား ဖျားရင်း.. ခုတင်ပေါ်တရေး.. ကြမ်းပြင်ပေါ်တစ်ခွေ.. တစ်ယောက်ထဲဆိုပေမယ့် စိတ်ထဲကတော့ အဖော်တွေဆီ.. မဆီမဆိုင်နဲ့ `ဂရုစိုက်နော်´ဆိုတဲ့ မတန်မရာ တစ်ခွန်းတစ်လေလောက်ကြားရရင် သိပ်ကောင်းမှာပဲ.. အတွေးတွေကိုလည်း ကလေးတွေလို ပုံပြောပြပြီး ပြန်ချော့သိပ်ကာရယ်။ ၀ုန်းခနဲ အိပ်မက်က လန့်နိုးရင်း ကစဉ့်ကလျား.. ခေါင်မိုးက ရေစက်ကျသံတွေဟာ ရင်ဘတ်တည့်တည့်ကိုပဲ ၈၀၀တန် ဖရဲသီးလုံးများနှင့် ပစ်ပေါက်နေသကဲ့သို့.. လူးရင်းလွန့်ရင်း.. စောင့်စားရင်း.. ဒိုင်ယာရီဖွင့်တော့လည်း ဒဏ်ရာတွေဟာ ရီပြနေသလို.. နံရံတစ်ထောင့်မှာ ခွေရင်း.. ဒီ`ရှင်တမ်းစာ´စာအုပ်ထဲ ဟိုစွယ်တော်ရွက်တွေများ ညှပ်ထားမိရင် သွားလွှတ်ပစ်နေရအုံးမယ်.. အခုတော့ မလိုအပ်တော့ဘူးပေါ့.. ဒန် ဒန်.. နေ့လည်ခင်းရဲ့ အရိပ်ကျပုံ ကျနည်းအောက်.. ပြန်အိပ်ဖို့ကြိုးစားရင်း.. နောက်ဆုတ်ဖို့ ကြိုးစားရင်း ကိုယ်ရှေ့ဆက်မိ.. blah blah blah.. ထမင်းမစားရသေးတာကို သတိရတော့မှ ဗိုက်ဆာလာသလိုလိုပင်.. အိပ်စက်ခြင်းသို့ ချဉ်းကပ်လမ်းကိုဝင်ရောက်တဲ့အခါကျရင်လည်း မျက်လုံးတွေမှိတ်၊ စိတ်ကိုလျော့.. အိပ်တာတောင်မှ အကန့်ပိုင်စရာတွေ လိုလာပီထင်တယ်.. ဟင်း (သက်ပြင်းချသံ)...
ခန့်နေ
ခန့်နေ
Labels:
ကဗျာ
Subscribe to:
Posts (Atom)