စိတ်နဲ့ စိတ်ဟာ
စိတ်အခန့်မသင့်လို့
စိတ်သဘောထားချင်း မတိုက်ဆိုင်ကြတော့လို့
စိတ်ကွာရှင်းတယ်ပဲ ခေါ်မလား..
စိတ်ခွာပြဲတယ်ပဲ ပြောမလား..
ပေကပ်ကပ်နဲ့
အဲဒီ`စိတ်´ဆိုတဲ့ဟာလေးဟာလေ
ပြောစကားလည်း နားမထောင်
ပြောထားရဲ့သားနဲ့
အဆာစိတ်များသင့်နေသလားမသိ..
မဟုတ်.. အစာနဲ့ စိတ်များ မသင့်သလားမသိ
တစ်စိတ်ကို တစ်အိတ်လုပ်ချင်နေတဲ့ စိတ်ပဲ
(ဒါမယ့် ဖားကောက်မယ့်အိတ်)
တစ်ယောက်ထဲနေ တစ်စိတ်ထဲထားပေမယ့်
စိတ်ဟာ ပေါက်လိုက်၊ ဖေါက်လိုက်
တ `ပဲ´ `ပဲ´နဲ့
ပဲကုလားဟင်း စားချင်နေရှာတဲ့ စိတ်/ဆိတ် ကလေးများလား..
ကောင်းတဲ့စိတ်၊ မကောင်းတဲ့စိတ်
စိတ်နာမကျခင် စိတ်ခံတွင်းက ထွက်လာတတ်တဲ့
ဆရာချောရဲ့ စိတ်အန်ဖတ်များ..
ကောင်းလည်း ဒီစိတ်၊ မကောင်းလည်း ဒီစိတ်
ဣဿာမစ္ဆရိယစိတ်
အချဉ်ပေါက်ခဲ့ရသော အတိတ်စိတ်များဟု ဆိုလေတော့
"အောင်မယ်.. မင်းဘာမင်း စည်းကမ်းမရှိလို့
စိတ်မစင်စွန့်ချင်တဲ့ နေရာစွန့်
စိတ်ရောဂါဖြစ်နေတဲ့ဟာ
ငါနဲ့ ဘာဆိုင်လဲကွ"
"အင်.. စိက္တစိုးဆိုတာ.. ခင်များလား.."
"အေး.. ဟုတ်တယ်.. ဒီမြို့ရဲ့
စိတ်ပျက် စိတ်လျှော ရောဂါသည်ထဲမှာတော့
ငါဟာ ခေါင်းဆောင်ပဲ"
အဲဒီအချိန်မှာပဲ..
ဖတ်ခနဲ..
စိတ်ပြတ်သွားတယ်။
ခန့်နေ
Friday, March 26, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment