Friday, April 2, 2010

ပျင်းရိခြင်းများနှင့် ဖက်လှဲတကင်း

တစ်နာရီကုန် တစ်နာရီခမ်း
တစ်ရာသီကုန် တစ်ရာသီခမ်း
ရေကုန် ရေခမ်း
ကဗျာကုန် ကဗျာခမ်းပဲ
မပြေးသော်လည်း ကန်ရာရှိ
မပြည့်ပေမယ့် လျှံလျက်ရှိနေသော
ထိုင်းမှိုင်းခြင်းနည်းနည်း
လေးလံခြင်းများများ ကွန့်မြူးလျက်
ဆူပူမှုဖြင့် ကဗျာမရေးနိုင်
မင်းမဲ့စရိုက်ဖြင့် ကဗျာမရေးနိုင်
အခြေခံအာရုံခံစားမှုဖြင့်သာ ကဗျာရေးနိုင်တယ်လို့
Access Denied တွေရှိတဲ့
သူ့ မြို့ကလေးကို ဘာသာပြန်ကြည့်ခိုက်
ကဗျာဟာ
ရပ်
ကြည့်
သွား လား
ကဗျာဟာ ရပ်ကြည့်သွားသလား
(ဒါမှမဟုတ်)
ဖြည်းဖြည်းမှန်မှန် လမ်းကြောင်းမြန်လား..
မိတ်ကပ်မဲ့သော ဧည့်ခံပွဲများအတွင်း
လက်ဝါးစောင်းပေးခြင်း သည်းညည်းခံလျက်
ထိုင်းမှိုင်းခြင်းနည်းနည်း
လေးလံခြင်းများများ ကွန့်မြူးလျက်
နေထိပေမယ့်လို့ ထိုင်၍မသာ
နေထိပေမယ့် ထိုင်နေတဲ့မသာ.သာ.သာ.
အဆိပ်ရှိတဲ့ဟာ
ကိုယ့်အဆိပ် ကိုယ်ပြန်သင့်လို့
သေသွားရှာပေါ့။
မြွေခြောက်ရုပ်ကလေးတစ်ရုပ်လို
သူ့ကို ကလေးများက ကိုင်တွယ်ဆော့ကစားကြသည်။



ခန့်နေ

No comments:

Free counter and web stats