Tuesday, April 13, 2010

စာပို့ခို

ဘာမှန်းမသိလည်း
အသက်နဲ့ရင်းပြီး ပျံသန်းလာမယ်။
ပုံပြင်ထဲမှာဆို
ယုန်ကလေးလည်း ပညာရှိ။
လိပ်ကလေးလည်း
တစ်နေ့တစ်လံရွေ့နေမယ်။
လူနဲ့မတူတဲ့ လူ့ဘဝ
ဘယ်သူနဲ့မှလည်း မတူတဲ့လူ့ဘဝ
လူ့ဘဝဟာ
မျှော့တစ်ကောင်လို သွေးမစုပ်နိုင်ခဲ့ပါ။
နေရောင်ခြည်မှာ
ဘလိတ်ဓားဟာ တလက်လက်ဝင်းပလို့။
မနက်ဖြန်မှာ
ဘယ်သူ့နာရေးသတင်းကြားရမလဲ။
ဘာမှန်းမသိလည်း
အသက်နဲ့ရင်းပြီး ပျံသန်းလာမယ်။ ။


ကြည်ဇော်အေး
(ရိုးရိုးသားသားသစ်သီး ကဗျာစာအုပ်မှ).



No comments:

Free counter and web stats