Monday, April 12, 2010

ညီလေး.. ကိုယ့်ကို သတိတစ်တို့လောက်

ဆာပေမယ့် မနင်..
နာပေမယ့် မကျင်ပါဘူး..
ခင်များ ဒဏ်ရာတွေ နက်မှန်း ကျွန်တော်သိနေတာပဲ
ဒါမယ့် နီတယ်လို့ ပြောရင် ပိုမှန်မလားဗျာ..
အပူချိန်တွေ မတက်ဘဲ ဖျားနေသူကြီးငဲ့
မနေ့က အကြောင်းမပြန်တာနဲ့
ဒီမှာ အက်ကြောင်းတွေ ပြန်ထနေပြီ
တကယ်..
ဝန်/ဝင် ခံပေးဖို့ ကျုပ်မှာ
(ဓါတ်ခဲ) အားမရှိတော့ပါဘူး
ကောင်းကင်မှာ ဟိုအကောင်တွေ
အစုတ်လိုက် အရွဲ့လိုက် ပျံနေတာကိုကြည့်ရင်း
ဒီမှာတော့ ပန်းဝင်လိုက်၊ ပန်းထွက်လိုက်
တစ်ယောက်ထဲ စိတ်ချတတ် သူ့အကြောင်းသိရလို့
စိတ်ဓါတ်ရော ကိုယ်ဓါတ်ပါ ကျ လေ တယ်
သူ့ ကျော်ခိုင်းမလား..
ကိုယ် ကျောခိုင်းရမလား..
အဝတ်တွေ
သူပုံထား/ သူပုန်ထတာ တွေ့တွေ့နေ..
မေးခွန်းကို မဖြေတတ်ခင်တော့
အဖြေကို မေးကြည့်မယ်..
ဒါနဲ့ နေမကောင်းတဲ့နေ့တွေကို
နှစ်ဆယ်ပေးဝယ်လာတယ်ဆိုတာ ဟုတ်လား..
တရားသူကြီးမင်းရေ..
ကျွန်တော်တို့ဟာ တကယ် ထုတ်နှုတ်/လုပ် သုံးစွဲလို့ရမရ
လေ.ကုန်.နှုတ်.ပိတ် လိပ်မူပေးပို့ပေးပါ


ခန့်နေ

No comments:

Free counter and web stats