Tuesday, March 23, 2010

ဟန်ချက်

ဒီနေ့ ပုံမမှန်တဲ့ နေ့တစ်နေ့ဆိုတာ တစ်နေ့လုံး တယ်လီဖုန်းသံများနှင့် ကင်းဝေးနေခြင်းမှ စတင်ခဲ့ကြောင်းကို ခေါင်းနောက်နောက်ဖြင့်ပြန်လည် စဉ်းစားရင်း `ကျွန်တော် ဖျားနေပြီထင်တယ် မေမေ´လို့ ပြောမိကာမှ အဖျားတိုးသွားလို့.. တစ်နှစ်လုံးစာ အတိုးဖျား ဖျားရင်း.. ခုတင်ပေါ်တရေး.. ကြမ်းပြင်ပေါ်တစ်ခွေ.. တစ်ယောက်ထဲဆိုပေမယ့် စိတ်ထဲကတော့ အဖော်တွေဆီ.. မဆီမဆိုင်နဲ့ `ဂရုစိုက်နော်´ဆိုတဲ့ မတန်မရာ တစ်ခွန်းတစ်လေလောက်ကြားရရင် သိပ်ကောင်းမှာပဲ.. အတွေးတွေကိုလည်း ကလေးတွေလို ပုံပြောပြပြီး ပြန်ချော့သိပ်ကာရယ်။ ၀ုန်းခနဲ အိပ်မက်က လန့်နိုးရင်း ကစဉ့်ကလျား.. ခေါင်မိုးက ရေစက်ကျသံတွေဟာ ရင်ဘတ်တည့်တည့်ကိုပဲ ၈၀၀တန် ဖရဲသီးလုံးများနှင့် ပစ်ပေါက်နေသကဲ့သို့.. လူးရင်းလွန့်ရင်း.. စောင့်စားရင်း.. ဒိုင်ယာရီဖွင့်တော့လည်း ဒဏ်ရာတွေဟာ ရီပြနေသလို.. နံရံတစ်ထောင့်မှာ ခွေရင်း.. ဒီ`ရှင်တမ်းစာ´စာအုပ်ထဲ ဟိုစွယ်တော်ရွက်တွေများ ညှပ်ထားမိရင် သွားလွှတ်ပစ်နေရအုံးမယ်.. အခုတော့ မလိုအပ်တော့ဘူးပေါ့.. ဒန် ဒန်.. နေ့လည်ခင်းရဲ့ အရိပ်ကျပုံ ကျနည်းအောက်.. ပြန်အိပ်ဖို့ကြိုးစားရင်း.. နောက်ဆုတ်ဖို့ ကြိုးစားရင်း ကိုယ်ရှေ့ဆက်မိ.. blah blah blah.. ထမင်းမစားရသေးတာကို သတိရတော့မှ ဗိုက်ဆာလာသလိုလိုပင်.. အိပ်စက်ခြင်းသို့ ချဉ်းကပ်လမ်းကိုဝင်ရောက်တဲ့အခါကျရင်လည်း မျက်လုံးတွေမှိတ်၊ စိတ်ကိုလျော့.. အိပ်တာတောင်မှ အကန့်ပိုင်စရာတွေ လိုလာပီထင်တယ်.. ဟင်း (သက်ပြင်းချသံ)...

ခန့်နေ

2 comments:

တောကျောင်းဆရာ said...

ဂွတ်ထ ဂွတ်ထ ရာဇ၀င်လူဆိုးပေါက်စလေးရေ..
ကျုပ်ထီပေါက်ရင် စာအုပ်ထုတ်ပေးမယ်..
စာအုပ်လက်ဆောင်ယူမယ့်သူတွေ စာရင်းပြုစုထား... :D

"ဒီ`ရှင်တမ်းစာ´စာအုပ်ထဲ ဟိုစွယ်တော်ရွက်တွေများ ညှပ်ထားမိရင် သွားလွှတ်ပစ်နေရအုံးမယ်.. အခုတော့ မလိုအပ်တော့ဘူးပေါ့...." ကျန်းမာရေးလည်း ထိခိုက်ရဦးမယ်လို့ ထပ်ထည့်လိုက်တာ မဟုတ်ဘူး။ :D

Eduking said...

ကောင်းပါ့ဗျာ.. ပြင်ပေးတာလေး..း)
စာအုပ်က ဇေယျာလင်းအရွယ်ရောက်လို့ တစ်အုပ်လောက်ထုတ်နိုင်ရင်ပဲ ကျေနပ်ပီ.. :D

Free counter and web stats