ရန်သူရဲ့
အသက်ရှင်သေးတဲ့သူ လက်ညှိုးထောင်
ဆိုတဲ့စကားကိုမှ
လက်တစ်ချောင်းလုံး ထောင်ပြမိလောက်အောင်ကို
ငါဟာ “အ”ခဲ့လေသလား..
အထီးကျန်တယ်ဆိုတာ
အမှောင်ခန်းထဲက
နံရံမှာ တစ်ယောက်ထဲ
ထောင့်ကပ်ထိုင်နေမှ
မဟုတ်ပါဘူးကွယ်..
လူအုပ်ကြီးတွေကြားမှာ မျက်နှာချင်း ဆိုင်နေပေမယ့်..
မြက်ခင်းပြင်တစ်ခုပေါ် တူတူထိုင်ခွင့်ရှိနေပေမယ့်လို့..
ဒါတွေဟာလည်း အထီးကျန်ခြင်းပါတဲ့
(မင်းဗလာစာအုပ်လေးရဲ့နောက်ကျောမှာ
ငါရေးပေးခဲ့မယ်..)
မိန်ကလေး..
တကယ်တော့
ငါဟာ မင်းကိုပြန်တွေ့ဖို့လည်း
မကြိုးစားခဲ့ပါဘူး..
ငါ့ရဲ့ မင်းနဲ့ မတွေ့ခင်က “ငါ”ကိုပဲ
ငါ ပြန်ရှာမတွေ့ဖြစ်နေခဲ့တာလေ။
ခန့်နေ
Wednesday, July 14, 2010
Tuesday, July 6, 2010
ကျွန်တော့်မြို့တော်လေးကို ပြန်ရွာချပေးပါ
ထမင်းခဲတွေဟာ အေးစက်နေပေမယ်လို့
ခန့်နေ.
ထမင်းဝိုင်းဟာ နွေးတုန်း
နေရောင်ခြည် ပယောဂနဲ့
ပန်းတွေဟာလည်း ပွင့်လျက်
အရင်လို အရင်နေရာမှာ
အရင်လူတွေကို တွေ့လို့တွေ့ညား
မှတ်တိုင်းဟောင်းမှာ ဆင်းကျန်ခဲ့တဲ့အခါ
လေစိမ်းနဲ့ လူစိမ်းတွေသာ
မြို့တံခါးထဲ ဖြတ်ဝင်လာတာတွေ့ရ
နိစ္စဓူဝ
ဒိုင်ယာရီစာအုပ်တွေ ပိုထူလာတဲ့အခါ
အရင်ကထက်
အိမ်တံခါးတွေကို လုံလုံခြုံခြုံပိတ်ဖို့
ရယ်စရာတွေလည်း
ပိုပြောဖြစ်ပေမယ့်လို့
ပြောစရာရှိတဲ့အခါ မရယ်ဖြစ်ကြတော့ပါ။
Labels:
ကဗျာ
Subscribe to:
Posts (Atom)