ရန်သူရဲ့
အသက်ရှင်သေးတဲ့သူ လက်ညှိုးထောင်
ဆိုတဲ့စကားကိုမှ
လက်တစ်ချောင်းလုံး ထောင်ပြမိလောက်အောင်ကို
ငါဟာ “အ”ခဲ့လေသလား..
အထီးကျန်တယ်ဆိုတာ
အမှောင်ခန်းထဲက
နံရံမှာ တစ်ယောက်ထဲ
ထောင့်ကပ်ထိုင်နေမှ
မဟုတ်ပါဘူးကွယ်..
လူအုပ်ကြီးတွေကြားမှာ မျက်နှာချင်း ဆိုင်နေပေမယ့်..
မြက်ခင်းပြင်တစ်ခုပေါ် တူတူထိုင်ခွင့်ရှိနေပေမယ့်လို့..
ဒါတွေဟာလည်း အထီးကျန်ခြင်းပါတဲ့
(မင်းဗလာစာအုပ်လေးရဲ့နောက်ကျောမှာ
ငါရေးပေးခဲ့မယ်..)
မိန်ကလေး..
တကယ်တော့
ငါဟာ မင်းကိုပြန်တွေ့ဖို့လည်း
မကြိုးစားခဲ့ပါဘူး..
ငါ့ရဲ့ မင်းနဲ့ မတွေ့ခင်က “ငါ”ကိုပဲ
ငါ ပြန်ရှာမတွေ့ဖြစ်နေခဲ့တာလေ။
ခန့်နေ
သီးသန့်ဆန်တဲ့ လိပ်ပြာ
-
ကျွန်တော့်မှာ
ပိုးမွှားတွေကိုကြောက်တဲ့စိတ်အခံ ရှိခဲ့တယ်။
ဒါပေမဲ့ နောက်ဆုံးအဆင့်ရောက်နေတဲ့
ဘောက်ဖတ်တစ်ကောင်နဲ့ အတွေ့မှာ
ရောဂါကိုယ်တိုင် ဖျားနာသွားရတယ်။
တကယ်...
11 hours ago


0 comments:
Post a Comment