- ခြင်္သေ့ကျွန်းမြေမှာ မြေမြှပ်ထားတဲ့ တွန့်ကြေနေသော နာကြည်းချက်တချို့ ရှိတယ်။ စာရွက်အကြမ်းတွေပေါ်ကနေ အငွေ့ပျံတက်သွားတဲ့ ကမ္ဘာမကြေကဗျာတွေဟာ တိမ်တွေတက်စီးရင်း ထွက်ပေါက်တွေလိုက်ရှာ၊ နောက်ဆုံး မြေပြင်ပေါ်ပြန်နင်း၊ မခံချင်စိတ်တွေနဲ့ သွေးသောက်ဖွဲ့၊ အောင်မြင်မှုဆိုတာကို အတူတူဖန်ဆင်းကြတယ်။ သိမ်ငယ်စိတ်ကောင်လေးဟာ အချိန်တန် အရွယ်ရောက်တဲ့အခါ မမှတ်မိလောက်အောင် ပြောင်းလဲသွားတယ်။ ကမ္ဘာလည်ဖို့ program တစ်ခုကို သူ တည်ဆောက်နိုင်ပြီ။
- လက်ဆွဲနှုတ်ဆက်ပေမယ့် နားလည်မှုတွေ မွဲနေကြတုန်း။ ငြိမ်းချမ်းမှုနဲ့ လက်ယာဖက်ကျွန်းတစ်ခု ဘ၀ခြားနေသည်။ ရာဇ၀င်တွေကို ဖုန်ခါပေမယ့် အသစ်မှဖြစ်မလာတာ။ ဒီလိုနဲ့ပဲ အနက်ရောင် သုတ်လိမ်းလိုက်ပြီး ပုံပြင်တွေအဖြစ်နဲ့ မေ့ဆေးပေးလိုက်ကြတယ်။
ကိစ္စမရှိပါဘူး။ သူ့တို့သွေးတွေ စီးဆင်းနေတဲ့ သူတို့ရဲ့ နောင်လာမျိုးဆက်တွေက အပင်ပန်းဆိုတာကို ကျောပေါ်ထမ်း၊ ချွေးစိုနေတဲ့ အရေပြားတွေကို ရေလဲလို ၀တ်ပြီး.. အနှိပ်အစက်ဆိုတာကို ခါးမှာစည်းခံ။ ရက်တွေကြာကမ္ဘာတွေဆုံးသွားမယ်… ယုံကြည်ချက်တွေမှာ အသက်တွေပါနေတုန်းပါပဲ။
- အဝေးကို တွေးရင်း၊ တဖြည်းတဖြည်း အတွေးတွေနဲ့ ဝေးလာတယ်။ အတွေးတွေကို ငါ တွေးတယ်။ အတွေးတွေက ငါ့ကို ဆက်တွေးတယ်။ သူတို့ရဲ့ခါးအထက်မှာ ဦးနှောက်တွေကို ဆလွယ်သိုင်းထားတယ်။ ထည့်မိထည့်ရာ ထည့်ကြလော့…. ဟစ်တလာ၊ ခေါင်းစည်းကြိုး၊ မေမြို့ည၊ တတိယကမ္ဘာ၊ ဆိတ်ဗိုလ်၊ linear motion, နာရီ၊ ဘလော့ဂါ (blogger)၊ အာဒံ၊ အဖေတူ အမေကွဲ အိပ်မက်များ၊ အာကာသ၊ NO။ ဒီလိုနဲ့ပဲ တစ်ခါတုန်းက လူနာတစ်ယောက်ဟာလည်း ဆရာဝန်ကြီးတစ်ဦးဖြစ်လာတယ်။
- ဖြစ်နေသည်များကို ဘူးတတ်ခြင်း (သို့) ဘူးဖြင့်ဖော်ပြခြင်း
- မထိဖူးတဲ့ သူမရဲ့လက်ကလေးလို မနွေးထွေးဘူး။ မိုးကြိုးတွေလို၊ ရသ မပေးဘူး။ ဇွန်းတစ်ချောင်းလို ကော်ဖီ မဖျော်ဘူး။ ဘာလီတစ်စေ့လို အာဟာရမပေးဘူး။ အပေါင်ဆိုင်လို အကြွေး မတောင်းဘူး။ လျှာတစ်ခုလို အရသာမခံတတ်ဘူး။ အာဏာတစ်ချက်လို လူမသတ်ဘူး။ အမှားတွေလောက်တောင် အသုံးမ၀င်ဘူး။ အနမ်းတွေလောက် လူသားမဆန်ဘူး။ သွားတွေလို အလုပ်မကြိုးစားဘူး။ ညဘက်အိပ်တဲ့ရင် (ရေခဲတုံးတွေလောက်) မပျော်ဘူး။ မျက်နှာက ရေးနေကျ အနက်ရောင်စာအုပ်လောက် ကြည့်ချင်စရာ မဖြစ်ဘူး။ (အချိန်ဟာ အခုတလော ဆရာဝန်ယောင်ဆောင်ပြီး အပ်တစ်ချောင်းနဲ့ ဆေးထိုးစမ်းဖို့ (ကျွန်တော့်ကို) လိုက်ရှာနေတယ်) ဒေါက်ဖိနပ်လိုလည်း taxi မစီးဘူး။ စာထဲက သတိရတာ အပြင်မှာလောက် မပီပြင်ဘူး။ မျက်ရည်တွေက၊ ပေးဖူးတဲ့ ကဗျာလေးလောက် own tune မဖြစ်ဘူး။ (ရေရောထားတယ်)။ လာမှန်တဲ့ သဘောထားတွေက ပုရွက်ဆိတ်ကလေးရဲ့ ဖင်လောက်တောင် မကြီးကြဘူး။ အရိပ်တွေလိုပဲ၊ ပစ်သတ်လို့ မရဘူး။ အတန်းထဲမှာလို နာမည် မခေါ်ဘူး။ စကားပြောတဲ့ရုပ်ရှင်တွေလောက် သဘာဝမကျဘူး။ မြင်းခွာသံတွေလောက် မညင်သာဘူး။ ကျောင်းသူလေးတစ်ယောက်လိုပဲ၊ မရင့်ကျက်ဘူး။ (တိုက်ဆိုင်သူများရှိရင်လည်း တစ်ခုခုလွှတ်။) ကျမ်းစာတစ်အုပ်လိုတောင် နားလည်မပေးကြဘူး။ Mouse တစ်လုံးလောက်တောင် ခိုင်းချင်စရာ မကောင်းဘူး။ ပွင့်နေတဲ့ အံဆွဲလောက်တောင် စိတ်မချရဘူး။ (အတင်းပြောသော ပါးစပ်များ ခြစားပါစေ)။ မုန့်ဖိုးနဲ့ စုထားတဲ့ တယ်လီဖုန်းကတ်တွေလောက်၊ ရည်ရွယ်ချက်ပန်းတိုင် မကြီးမားဘူး။ မီးသွေးခဲလောက်တောင်၊ ဥပဓိရုပ် မကောင်းဘူး။ ပါးကွက်သားလောက်တောင် မညာတာဘူး။ ကာရံတွေလို၊ ကျွန်တော်ကို မခင်ကြဘူး။ ဟဲဟဲ… (မချိပြုံး ပြုံးလျက်) “လောကဓံရေ..… နင့်ရဲ့ လက်သီးတွေက ပြည်သူလေးရဲ့ မျက်စောင်းလောက်တောင် ထိုးချက် မပြင်းဘူးကွ.. “ ဟားဟား… ။
အတူသောက်ဖူးတဲ့ မင်းနဲ့ ကော်ဖီ၊
ပါးပြင်အထက်မှာ သင်းခဲ့တဲ့ ဒေါ်သီ၊
ကာရံတွေနဲ့ သီထားတဲ့ စာတွေ
၂ ရက်မအိပ်ဘဲ စီထားတဲ့ ကဗျာလေး
နောက်ပြီး.. နင်နဲ့ တည်ကြမယ့် ကမ္ဘာတွေ
ငါလေ တစ်ယောက်တည်း အားထုတ်..
ကောင်မလေးရေ… နင့်ဆီ ဖုန်းဆက်ချင်တယ်ဟာ.
၂၀၂၃ခုနှစ်က အသုံးပြုခဲ့သော ရုံးလက်ပ်တော့တခုမှ ပြန်လည်ရယူထားသည့်
အရေးအသားအချို့
-
၁။ သူမဟာနေရပ်စွန့်ခွာရွှေ့ပြောင်းရသူတစ်ဦးဖြစ်တယ်။ သူမရဲ့နေရပ်ကို
မစွန့်ခွာခင် နောက်ဆုံးညမှာ အဲဒီမှာရှိတဲ့ ဟိုတယ်တစ်လုံးမှာ သူမ အိပ်ခဲ့တယ်။
အဲဒီညက အဲဒီဟိုတယ...
2 months ago
1 comment:
အာ....အလာကြီးပါလား...လောကဓံတောင် ပြည်သူလေး မျက်စောင်းလောက် ကြောက်ဖို့ မကောင်းဖူး ဆိုနေပါလား။
သေချာတယ် နင်ပိုက်ဆံမပြတ်ဖူးသေးဖူး။ ဟီးဟီး
Post a Comment