မာန်နတ်ရေးတဲ့ နာဂစ်ဇာတ်
တစ်ညထဲပဲ…
ဒါပေမယ့်
တစ်ဘဝကို အမြဲရောက်သွားသလို..
အဲဒီဘဝမှာ ..
မိသားစုထမင်းဝိုင်း မရှိဘူး။
စာသင်ခုံတွေ မရှိတော့ဘူး။
အိမ် မရှိတော့ဘူး။
မေမေ့ရင်ခွင် မရှိတော့ဘူး။
သောက်ရေတွေအစား
မျက်ရည်တွေ ဝင်လာတယ်..
စာအံသံတွေရဲ့ နေရာ
အစာလုသံတွေက ဝင်ရောက်လာတယ်
ခေါင်းလောင်းထိုးသံတွေရဲ့ နေရာ
လူပျောက်ရှာသံတွေက
နေရာယူကြတယ်။
ဘုရားရှိခိုးသံတွေဟာ
နို့စာလို့ အော်ငိုတဲ့ အသံတွေကြောင့်
နှုတ်ဆိတ်ကုန်ကြရတယ်။
နေ့ချင်းညချင်းပဲ
ကျောင်းသားကနေ
ငါလည်း သူတောင်းစားဖြစ်ပြီ ။
ဖေးမစရာ…
ငါတို့အတွက် အလှူလည်း
ခွေးတွေ ဝိုင်းဆွဲကြလို့….
အဆီတွေ စုပ်ပြီး၊
အသားတွေ ထုတ်ခံရလို့…..
လှော်တက်တစ်ချောင်းဟာ
တဲစတစ်ခု ဖြစ်သွားလို့။
ငါ့အတွက်
ခေါ်စရာ အဖေရယ် မကျန်၊
တော်စရာ အမေရယ် ပြန်မလာတော့
အပြစ်တင်စရာက..
စစ်ကျွန်ဘဝလား ?
ဆိုင်ကလုန်းလား ?
ဧရာဝတီလား ?
အတိတ်ကံလား ?
………………………
နိဂုံး မထိုးတတ်ခင်
မီးမွှေးဖို့ဆိုပြီး
ငါ့ကဗျာလေးကို
သူတို့ဆွဲယူသွားကြတယ်။ ။
5 comments:
သူငယ်ချင်းရေ...
နင့်စာတွေက ဖတ်လို့ ဖတ်လို့ အရမ်းကောင်းလားတယ်ဟ...များများရေးနော်။
ငါအမြဲ လာဖတ်တယ်ဟ၊ ဒါနဲ့ နင့်စီဘောက်ရော ဘယ်ရောက်နေတာလည်း။ ဖြုတ်ထားတာလား။
အားလုံး အဆင်ပြေပါစေနော်။ ဟိုး တစ်ပြည်တစ်ရွာက မိန်းမလှလေးနဲ့ ရောပေါ့။
ခင်မင်စွာဖြင့်
ရတနာ
အော်..သူငယ်ချင်းရေ...ပြောဖို့ မေ့နေလို့
မတောင်းတဲ့ ဆုကို ဘုရားသခင်က မပေးတတ်ဖူးတဲ့။ တစ်ပြည်သူနဲ့ အကြောင်းပါဖို့ ဘုရားမှာ ဆုများများတောင်းနော်
အချိန်ယူပြီး ရေးပေးထားတာ ကွန်မန့်တွေအတွက် ကျေးဇူးအများကြီးတင်တယ်.. သူငယ်ချင်းရေ..
စီဘောက်လည်း ရှိတယ်ဟ.. ငါ့ blog error နည်းနည်း တက်နေလို့ :)
နေ့ချင်းညချင်းပဲ
ကျောင်းသားကနေ
ငါလည်း သူတောင်းစားဖြစ်ပြီ ။
ဝမ်းနည်းကြေကွဲစရာပဲ ညီလေးရေ။ ကဗျာလေး ထိတယ်ကွာ။
တစ်ညထဲပဲ…
ဒါပေမယ့်
တစ်ဘဝကို အမြဲရောက်သွားသလို..
"အကယ်၍ ငါသာ" ဆိုတဲ့ အတွေးမျိုးနဲ့ ဒီကဗျာလေးကို ရေးဖြစ်တာပါဗျာ.
ကျွန်တော် တတ်နိုင်သလောက်လေးပေါ့ ။
Post a Comment