Friday, September 19, 2008

ဒိုင်ယာရီသက်သက် ၂၀.၉.၂၀၀၈

အခုတလော ဝင်ငွေနဲ့ ထွက်ငွေ မမျှတဖြစ်နေတယ်.. ကျောင်းပိတ်ရက်မှာ.. အချိန်ပိုင်း အလုပ်ဝင်ဖို့ ရည်ရွယ်ထားပေမဲ့ ထင်သလို အဆင်မပြေဘူး...နောက်တစ်ပတ်ထဲ Camp တစ်ခု ဝင်ဖို့ ရှိသေးတော့ အဲဒီအတွက် ပြင်ဆင်ရတာ အချိန်နဲ့ ငွေ တော်တော်လေး ထိနေပါပြီ..နောက်တစ်ခုက ကျောင်းဖွင့်ရက်တွေဆို ကျွန်တော် အလုပ်မလုပ်ဖြစ်ဘူး..အိမ်ကတော့ မငြိုငြင်ပေမဲ့ တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကို အားမရဘူးဗျာ.. ပညာရေးဘက် ရလဒ်မှာ မဆိုးလှပေမဲ့၊ ရပ်တည်မှု အပိုင်းမှာတော့ ကျွန်တော် အများကြီးလိုနေသေးတယ်..စိတ်ထဲမှာတင် မိဘကို သိတတ်လို့မပြီးသေးဘဲ.. အပြင်မှာပါ သက်သာမှုပေးနှိုင်ဖို့လိုတယ်..

အမှန်တော့ ကျွန်တော်က တစ်ယောက်ထဲပဲ နေတတ်တဲ့ပုံစံရှိသူတစ်ယောက်ပါ..လောလောဆယ် အခြေအနေအရ တာဝန်တစ်ချို့ကြောင့် volunteer ကိစ္စဆန်ဆန် သဘောတွေ လုပ်နေရပေမဲ့ အဲဒီ အချိန်တွေကလွဲရင်တော့ ကျွန်တော် တစ်ယောက်ထဲပဲ နေလေ့ရှိတယ်..ဒါကို တစ်ချို့ကလည်း တစ်မျိုး ထင်ကောင်းထင်မယ်.. မာနကြီးတယ်၊ အဖက်မလုပ်ဘူး အစသဖြင့်ပေါ့.. တစ်ချို့ကျလည်း ဒီလို တစ်ယောက်ထဲ အူကြောင်ကြောင်နေတတ်တဲ့ ကောင်မျိုးကို စိတ်ကုန်ကောင်း ကုန်မယ်.. အဲဒါတွေကို ဂရုစိုက်မိနေပေမယ့် ဂရုမစိုက်ဖြစ်အောင် ကျွန်တော် သင်ယူနေတယ်.. ဥပေက္ခာပါရမီပေါ့.. ကျွန်တော်ငယ်ငယ်ကတည်းက အတိုက်အခံလုပ်ရတာကို ရှောင်တဲ့အကျင့်ရှိတယ်.. အဲဒါကြောင့် တော်ရုံတန်ရုံ ကိစ္စလောက်ဆို (မှန်နေအုံးတော့) ကျွန်တော် ပြန်ငြင်းလေ့မရှိဘူး...ဒါပေမဲ့ community တစ်ခုအတွက် အရေးပါလာပြီဆိုရင်တော့ အဲဒီလို ကိစ္စမျိုးတွေဟာ အနည်းနဲ့ အများ ဖြစ်လာတတ်ပါတယ်..အဲဒီ့အတွက် ကျွန်တော် သင်ခန်းစာတွေလို သင်ယူခဲ့ရတယ်.. လိုအပ်ရင် ကျွန်တော့် type ကို ပြင်သင့်တာတွေ ပြင်တယ်..တစ်ခါတစ်ခါ လူအများစုက ကျွန်တော့်အားနည်းချက်လို့ ထင်ထားတဲ့ အရာတွေဟာ ကျွန်တော် ပြုစုပျိုးထောင်ထားတဲ့ အကျင့် တစ်ချို့လည်း ဖြစ်နေတတ်တယ်..ဘာပဲဖြစ်ဖြစ် အလိုက်အထိုက်ပဲ ကျွန်တော် နေလိုက်တယ်.. ရုပ်ရှင်ကားတစ်ခုထဲကလိုပဲ.. သူများတွေဟာ မင်းကို နာကျင်စေလိမ့်မယ်တဲ့.. ဒါပေမယ့် မင်းကိုယ်မင်းတော့ နာကျင်အောင် မပြုမူမိစေနဲ့တဲ့.. အတွေးက ရိုးရိုးပေမယ့်လို့ အဓိပ္ပါယ်တော်တော်လေး တွင်တဲ့ စကားပါ..ကျွန်တော် ပြည်ပကို ရောက်နေတဲ့ အတောအတွင်း ရခဲ့တာတွေက ထိတွေ့လို့ရတဲ့ အရာဝထ္ထုတွေထက်၊ မမြင်နိုင်တဲ့ ဈေးနှုန်းကပ်လို့မရတဲ့ စိတ္တဇနာမ်သက်သက်တွေသာ ပိုများပါတယ်... အဲဒီအတွက်လည်း ကိုယ့်ကိုယ်ကို မှားတယ်လို့ ကျွန်တော် မထင်မိဘူး.. ဒါပေမယ့် အတိုင်းတာတစ်ခုထိပေါ့.. အစွန်းမရောက်ဖို့တော့ ထိန်းသိမ်းရမယ်.. (ဆရာသစ္စာနီရေးခဲ့တာလေးနဲ့ ဆင်တူ) မေမေကတော့ ထင်ကောင်းထင်မယ်.. ငါ့သား မှာနေကျ စာအုပ်တွေကများ သူ့အတွေးတွေကို ဖျက်ဆီးလိုက်လေသလားပေါ့..

1 comment:

Kaung Kin Ko said...

ဖတ်ပြီး အတွေးတွေ ပွါးသွားတယ် ညီလေးရေ။ နောက်ဆုံးစာကြောင်းလေးက ထိတယ်။

Free counter and web stats