Wednesday, January 2, 2008

ကျွန်တော်ရဲ့ ၂၀၀၈ရဲ့ ပထမဦးဆုံး အမှတ်တရ ပိုစ့်လေးတစ်ခုပါ..



၂၀၀၈… ကမ္ဘာကြီးအတွက် လိုနေတာတွေ သယ်လာမလား..

၂၀၀၈... ငါတို့အတွက် ငြိမ်းချမ်းရေးဟာ လက်တစ်ကမ်းတော့ မကဘူး..

၂၀၀၈… သေနတ်တွေလွှတ်ချပြီး လက်တွေ ဆွဲ၊ နှုတ်ဆက်ကြမယ်လေ..

၂၀၀၈… အမှန်တရားအတွက်၊ နတ်တွေက သက်သေပြနိုင်မလား..

၂၀၀၈… အာဇာနည်တွေ တစ်ကျော့ပြန်လာလေအုံးမလား…

၂၀၀၈… ကျိန်စာတွေပြယ်ဖို့ အသက်ဘယ်နှစ်ချောင်း ထပ်ပေးရအုံးမလဲ…


ဘုရားရှင်ဟာ ဤဘတ္တကမ္ဘာကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ထားခဲ့ပြီးပါပြီ…

တစ်ယောက်နဲ့ တစ်ယောက် သေနတ်နဲ့ ထောက်ထားတာကို ငြိမ်းချမ်းရေးလို့ ခေါ်ကြတယ်…

အတုအယောင် နိဗ္ဗာန်တစ်ခုဆီကို ကျွန်တော်တို့တွေ အားလုံးဦးတည်နေကြတယ်၊ တကယ့် အစစ်အမှန်တစ်ခုကနေတော့ တစ်လှမ်းချင်း ဝေးကွာလာကြပြီ…

3 comments:

Sophie said...

ကမ္ဘာကြီးအတွက် လိုတာတွေ သယ်မလာနိုငိတော့ဘူး၊ လိုအပ်တာတွေ ဖြည့်ပေးဖို့ လိုအပ်နေတယ်။

လက်တစ်ကမ်းမကတော့တဲ့ ငြိမ်းချမ်းရေးအတွက် ဘယ်လိုများ ရယူကြမလည်း။

သေနတ်တွေ ချပြီး လက်တွေ နှုတ်ဆက်ချင်ပါတယ်။ အဲလက်တွေမှာ ယမ်းငွေ့တွေ စွန်းနေရင်တော့ ဒုက္ခ။

အမှန်တရားအတွက် နတ်တွေ သက်သေမပြခင် တို့တွေ ရှာဖွေကြပါစို့နော့။

အာဇာနည်တွေ တကျော့ပြန်လာနိုင်ဖို့ နိုင်ငံချစ်တဲ့သားရတနာတွေ လိုတယ်။

ကျိန်စာတွေပြယ်ဖို့ အသက်တွေ စတေးရဦးမယ်။ နှမြောလိုက်တာ....

ဆုတစ်ခုတောင်းခွင့်တော့ ပြုပါ။
ငြိမ်းချမ်းရေးအတွက် အုတ်တစ်ချပ်၊သဲတစ်ပွင့် ဖြစ်ရပါစေသား။

Kaung Kin Ko said...

ကဗျာလေးကောင်းတယ်ဗျာ။

Kaung Kin Ko said...

ထပ်ဖတ်သွားတယ် ညီလေးရေ။

သေနတ်တွေလွှတ်ချပြီး လက်တွေ ဆွဲ၊ နှုတ်ဆက်ကြမယ်လေ..
ကျိန်စာတွေပြယ်ဖို့ အသက်ဘယ်နှစ်ချောင်း ထပ်ပေးရအုံးမလဲ…
တစ်ယောက်နဲ့ တစ်ယောက် သေနတ်နဲ့ ထောက်ထားတာကို ငြိမ်းချမ်းရေးလို့ ခေါ်ကြတယ်…

အဲဒီ စာသားတွေ အသည်းထဲစွဲသွားတယ်။

Free counter and web stats