Sunday, January 20, 2008

Poem part- 9

ကျွန်တော် အစပျိုးခဲ့ပြီးမှ အကြောင်းကြောင်းကြောင့် ဖွင့်မပြောဖြစ်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အတွက် ရေးဖြစ်ခဲ့တာပါ… ကိုယ်ရေးကိုယ်တာခံစားချက်တွေနည်းနည်း အသားပေးထားလို့၊ အဆင်မပြေခဲ့ရင် နားလည်ပေးပါလို့..



ဖြတ်ကဗျာ (ဇာတ်သိမ်း)


ပွဲမစခင် ကြားလိုက်ရတဲ့
ပွဲသိမ်းခရာသံကို
နင်လည်း မျှော်လင့်ခဲ့မှာမဟုတ်ဘူး။


ဖွင့်မိခဲ့တဲ့ ရင်ခွင်အခန်းလေးတစ်ခုကို
ပြန်စေ့ဖို့ သိပ်ခက်တဲ့အခါ
အိပ်မက်ခဲ့ကြတဲ့ နိဗ္ဗာန်လေးကို
မေ့ချင်ယောင်ဆောင်ခွင့်ပြုနော်...


ဆုတောင်းတွေ မပြည့်နိုင်လို့
ကောင်းကင်မှာ ပေကပ်ကပ်နဲ့
အဲဒီ ကြယ်တွေကိုလည်း
ငါ မုန်းတယ်ဟာ...


ဖျော်ထည့်ထားတဲ့ အလွမ်းတွေက
ခံနိုင်ရည်အမှတ်တွေကို မျိုချ၊
ဘယ်လိုဘ၀တွေရဲ့
ဝဋ်ကြွေးတွေများလဲကွယ်..


ဖြစ်နိုင်ပါတယ်
ဘ၀စာမေးပွဲကြီးက ငါ့အတွက်
အချစ်ပုစ္ဆာတွေကို ပိုခက်ထားတာ...
ငါမရှာနိုင်ခဲ့တဲ့ အပေါင်းအနှုတ်တွေအတွက်
နင့်ကိုများ မောင်းထုတ်မိသလို ဖြစ်သွားခဲ့ရင်...


အရိုးတွေ မြေခအောင် ပေါင်းကြဖို့ဆိုတာ
အမျိုးတွေရဲ့ အမြင်မတူစွာဘဲ
နင့်အတွက် Singapura ရဲ့ နေ့ရက်တွေက
ငါ့ကို မေ့ရက်ချင်းငှာလည်း
တတ်နိုင်ပါစေ။


လူမျိုးရေးနဲ့ တိုက်ပွဲတစ်ခုမှာ
ငါတို့ရဲ့ နောင်ဖြစ်မယ့်
အချစ်တွေကလည်း
ခေါင်းငုံ့နေရမယ့်
သုံ့ပန်းတွေသက်သက်ပဲ ဖြစ်လာမှာပါ။


မပြောဖြစ်ခဲ့တဲ့ စကားတွေ..
မကြည့်ဖြစ်ခဲ့တဲ့ အကြည့်တွေ..
မယူဖြစ်ခဲ့တဲ့ အနမ်းတွေနဲ့အတူ
ငါ့ဘက်က ဖောက်ရက်တဲ့ သစ္စာတွေအတွက်
နင့်ဘက်က မေတ္တာတွေလည်း ဖြတ်လိုက်ပါတော့..


ဒီကဗျာ..
နင်မခွဲတဲ့ အသည်းကို
ကိုယ်ကိုယ်ကို အကွဲခံ
မျက်ရည်တွေ ငါ့ကို ကြိုးမပေးခင်
အသည်းအသန်နဲ့ ရေးခဲ့တယ်..
ဆိုင်သူရေ


နောက်ထပ်
နင်မိဖုရားဖြစ်မယ့် ရာဇ၀င်မှာ
ငါဘုရင်တစ်ပါးအဖြစ်ပဲ စောင့်နေပါရစေတော့...


4 comments:

Sophie said...

အဟိ အဟိ

ဘုရင် တစ်ပါးအဖြစ်စောင့်နေမယ်တဲ့....

ဆုတောင်း ပြည့်ပါစေကွယ်။

Sophie said...

သူငယ်ချင်းရေ.......ဘာတွေကို အသားပေးပြီးဘဲ ရေးရေး ၊ နင်ရေးတဲ့ ကဗျာတွေက တကယ်ကောင်းတယ်ဟာ။ ခံစားချက်ရှိသူတွေ အတွက်ဆို ရင်ကို ဟက်တက်ခွဲခံလိုက်ရသလိုဘဲ။

များများရေးနော်။


ကဗျာလေးများစွာ ဆက်လက်ရှင်သန်နိုင်ပါစေ

Kaung Kin Ko said...

ကဗျာလေးကောင်းတယ် ဘရားသားရေ။

tuzzaung said...

အချစ်ပုစ္ဆာမှာ အပေါင်းအနှုတ်တွေ အဖြေထွက်လို့ ဖူးစာဖက်နဲ့ တွေ့ပါစေကွယ်။
နောက်ထပ်ရာဇ၀င်မှာ မိဖုရားချစ်မယ့် ဘုရင်တစ်ပါးလည်း ဖြစ်ပါစေကွယ်။

Free counter and web stats