မှတ်တိုင်များဟာ တချို့အတွက် စိုက်ထူစရာဖြစ်တယ်
မှတ်တိုင်များဟာ တချို့အတွက် ဖြိုလှဲစရာဖြစ်တယ်
မှတ်တိုင်များမှာ တချို့ ကျန်ခဲ့တယ်
မှတ်တိုင်များကို တချို့က ချန်ခဲ့တယ်
တချို့အတွက် စမှတ်
တချို့အတွက် ဆုံးမှတ်
တချို့အတွက်တော့ ကြားမှတ်ဖြစ်တယ်
မှတ်တိုင်တွေဟာ တည်ငြိမ်နေလိုက်ပုံများ
ပုထုဇဉ်မဟုတ်ကြတဲ့ အတိုင်းပဲ
တွေးတောတယ်၊ လေ့လာတယ်၊
ဆင်ခြင်တယ်၊ ကလက်တက်တက်မရှိကြဘူး
ဦးနှောက်ကလွဲလို့
ကျန်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မလှုပ်ကြဘူး
မလှုပ်တတ်ဘူး။
ဒါဟာ မှတ်တိုင်တွေရဲ့ မျိုးဆက်တစ်လျှောက် လက်ကမ်းခဲ့တဲ့ အမွေအနှစ်ဖြစ်တယ်။
မှတ်တိုင်တွေဟာ ပြန်ပါလို့လဲ လက်မပြဘူး
လာပါလို့လဲ လက်မယက်ဘူး
ဂရုဏာကိုလည်း မတောင့်တဘူး
လျစ်လျူရှုမှုကိုလည်း အလှူမခံခဲ့ဘူး
သူ့နားမှာ လမ်းသလားနေတဲ့ ယာဉ်တွေကိုလည်း အားမကျဘူး။
သဝန်တိုပြီး အိမ်ထဲမှာလည်း ပုန်းမနေဘူး
ကမ္ဘာ့စွမ်းအင်ပြုန်းတီးရေး စီမံကိန်းမှာ သူမပါပါရစေနဲ့တဲ့။
ဒါပေမယ့် ဥပေက္ခာကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့နေရာမှာတော့
ကားပေါ်က စပါယ်ယာတစ်ယောက်ကို သူ အတုခိုးခဲ့ပါတယ်တဲ့။
သူ့စတိုင်လ်လိုမျိုး သူ့အနားမှာ မိန့်မိန့်ကြီး လာရပ်စောင့်နေသူတွေဟာ တစ်ခါတစ်လေ ဒုနဲ့ဒေး..
သူ့ဖက်ရှင်ကို သုံးဆောင်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့
နှာခေါင်းပိတ်ထားရင်း သူကပြောလိုက်တယ်။
ဒါပေမယ့် အရာဝထ္ထုတွေနဲ့ ခေတ်တွေနောက် လူတွေနဲ့အတူ
ပြေးမလိုက်နိုင်တာကိုတော့ ခွင့်လွှတ်ဖို့ တောင်းပန်ကြောင်းနဲ့
သူတို့ဟာ ခရီးကို စားသုံးသူများ မဟုတ်၊ ချက်ပြုတ်သူသက်သက်သာ ဖြစ်ပါတယ်တဲ့။
တကယ်တော့ မှတ်တိုင်တွေဟာ တစ်ခုခုကို မပြောခဲ့တာ မဟုတ်ဘူး
ကျွန်တော်တို့ နာယူဖို့ မေ့လျော့ခဲ့တာ။
မညွှန်ပြတာ မဟုတ်ဘူး၊ ကျွန်တော်တို့ မမြင်ခဲ့တာ
မပေးနေတာ မဟုတ်ဘူး၊ ယူခဲ့ဖို့ ကျွန်တော်တို့ သတိမထားမိတာ။
မှတ်တိုင်တွေက ငြင်းတယ်..
သူတို့ဟာ သင်္ချာပုစ္ဆာမဟုတ်လို့
ထုတ်စရာတော့ အဖြေမရှိပါဘူးတဲ့။
သူတို့ကို နှုတ်ဆက်လက်ပြဖို့ မေ့လျော့ခဲ့သလား
ကျေးဇူးစကားဆိုဖို့ မေ့လျော့ခဲ့သလား
ဘာပဲဖြစ်ဖြစ် လူတွေဆီက စောင့်ဆိုင်းခြင်းမှန်သမျှကို
တစ်ခုပြီးတစ်ခု မငြီးမငြူ သူတို့ ယူခဲ့ကြတယ်၊
စောင့်ဆိုင်းခြင်း သီအိုရီမှာ သူတို့ တဖက်ကမ်း ခတ်ခဲ့။
ရောက်မလာသည်များကိုတော့ သူတို့ ဟန်ဆောင်ပြီးပဲ မျှော်နေတာလား
ရောက်လာသမျှဟာပဲ စိတ်တိုင်းမကျလို့လား
ဒါမှမဟုတ် စိတ်တိုင်းကျတဲ့ နေရာမှာပဲ ရောက်နေလို့လား
ဘယ်သူတွေဟာ မှတ်တိုင်တွေလဲ။
Tuesday, February 24, 2009
Wednesday, February 18, 2009
ဖိတ်စာ
ယနေ့ ရာသီဥတု
သာယာချင်ယောင်ဆောင်နေသည်။
စိတ်အလိုမလိုက်ပါနှင့်
ဖြန့်လှန်းထားသော
ဝတ်လစ်စလစ် နှလုံးသားတွေကို
ပြန်ရုတ်လိုက်ပါ။
အချိန်ရ၊ လမ်းကြုံလို့
အိမ်ခဏ ဝင်လည်ဖြစ်မယ်ဆိုရင်
မြင်နေကျ စေ့ထားတဲ့ တံခါးတစ်ချပ်နောက်မှာ
ဝါးခနဲ အသံတစ်ခု ပုန်းမနေပါဘူး။
ဖွင့်ဝင်ခဲ့ပါ မိတ်ဆွေ..
ဂျိုရာတွေကို ရှောင်ကြဉ်နေဆဲ
ခတ်နွားတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ
၂၃ဒီဂရီခွဲ လိုက်မစောင်းနိုင်သေးတဲ့
ပင်တိုင် နှလုံးသားတစ်ခုကို
တွေ့ကောင်းတွေ့ရလိမ့်မယ်။
တံခါးကိုဖွင့်၊ ရဲရဲဆွဲဖွင့်
နောက်ပြီး ရင်ဘတ်ကိုတော့
အင်း..
မရဲတရဲလေးဖြစ်ဖြစ် ဟချင်ဟထားပေါ့။
မိုးတွေ မယိုပါဘူး။
ဂိုးတွေ မလိုပါဘူး။
အနိုင်ယူလိုစိတ်ပြင်းပြတဲ့ အခါသမယမှာလည်း
အယားပြေ ဗိုလ်စွဲခွင့်တွေကို
နှစ်ဦးသဘောတူ လိုက်ပွဲအသင့်နဲ့
ကျွန်တော်က လက်ဆောင်ပေးလိုက်ချင်သေးတယ်။
ကျောင်းရှိသည်၊ ဖြည်းဖြည်း ပြောင်း..
အဲလေ.. ဖြည်းဖြည်းမောင်းပြီး ဝင်ခဲ့ပါ
ဒီနေ့တော့ ကျွန်တော် ရှိနေပါမယ်
ခင်များနဲ့ ကျွန်တော်လည်း
နှစ်ယောက်ထဲ ကပ်ဝေးနေတာ ကြာပေါ့။
၉၈ကတည်းက အသိမ်းလွန်နေတဲ့
ကိုသန်းထိုက်လည်း ပြန်လာလိမ့်မယ်..
ဒီနေ့တော့ ဝင်ခဲ့လေဗျာ..
နေ့ရက်တွေ သစ်ပြီး၊
ကျုပ်တို့ ဟောင်းမသွားခင်လေးမှာ
နေ့ဟောင်းတွေထဲ
ကျုပ်တို့ သစ်ခဲ့ကြစို့ရဲ့..
သာယာချင်ယောင်နေတဲ့ ရာသီဥတုကို
နောက်ခံထားပြီးတော့..
ပါရီမဟုတ်တဲ့ အရင်နေရာမှာပဲ
အလကားတွေအကြောင်း
အလကား ထိုင်ပြောရအောင်..
ခန့်နေ
သာယာချင်ယောင်ဆောင်နေသည်။
စိတ်အလိုမလိုက်ပါနှင့်
ဖြန့်လှန်းထားသော
ဝတ်လစ်စလစ် နှလုံးသားတွေကို
ပြန်ရုတ်လိုက်ပါ။
အချိန်ရ၊ လမ်းကြုံလို့
အိမ်ခဏ ဝင်လည်ဖြစ်မယ်ဆိုရင်
မြင်နေကျ စေ့ထားတဲ့ တံခါးတစ်ချပ်နောက်မှာ
ဝါးခနဲ အသံတစ်ခု ပုန်းမနေပါဘူး။
ဖွင့်ဝင်ခဲ့ပါ မိတ်ဆွေ..
ဂျိုရာတွေကို ရှောင်ကြဉ်နေဆဲ
ခတ်နွားတစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲမှာ
၂၃ဒီဂရီခွဲ လိုက်မစောင်းနိုင်သေးတဲ့
ပင်တိုင် နှလုံးသားတစ်ခုကို
တွေ့ကောင်းတွေ့ရလိမ့်မယ်။
တံခါးကိုဖွင့်၊ ရဲရဲဆွဲဖွင့်
နောက်ပြီး ရင်ဘတ်ကိုတော့
အင်း..
မရဲတရဲလေးဖြစ်ဖြစ် ဟချင်ဟထားပေါ့။
မိုးတွေ မယိုပါဘူး။
ဂိုးတွေ မလိုပါဘူး။
အနိုင်ယူလိုစိတ်ပြင်းပြတဲ့ အခါသမယမှာလည်း
အယားပြေ ဗိုလ်စွဲခွင့်တွေကို
နှစ်ဦးသဘောတူ လိုက်ပွဲအသင့်နဲ့
ကျွန်တော်က လက်ဆောင်ပေးလိုက်ချင်သေးတယ်။
ကျောင်းရှိသည်၊ ဖြည်းဖြည်း ပြောင်း..
အဲလေ.. ဖြည်းဖြည်းမောင်းပြီး ဝင်ခဲ့ပါ
ဒီနေ့တော့ ကျွန်တော် ရှိနေပါမယ်
ခင်များနဲ့ ကျွန်တော်လည်း
နှစ်ယောက်ထဲ ကပ်ဝေးနေတာ ကြာပေါ့။
၉၈ကတည်းက အသိမ်းလွန်နေတဲ့
ကိုသန်းထိုက်လည်း ပြန်လာလိမ့်မယ်..
ဒီနေ့တော့ ဝင်ခဲ့လေဗျာ..
နေ့ရက်တွေ သစ်ပြီး၊
ကျုပ်တို့ ဟောင်းမသွားခင်လေးမှာ
နေ့ဟောင်းတွေထဲ
ကျုပ်တို့ သစ်ခဲ့ကြစို့ရဲ့..
သာယာချင်ယောင်နေတဲ့ ရာသီဥတုကို
နောက်ခံထားပြီးတော့..
ပါရီမဟုတ်တဲ့ အရင်နေရာမှာပဲ
အလကားတွေအကြောင်း
အလကား ထိုင်ပြောရအောင်..
ခန့်နေ
Labels:
ကဗျာ
Saturday, February 14, 2009
Valentine Day က တစ်စုံတစ်ခု
ဒီနေ့ Valentine Day.. စာမေးပွဲကြောင့် ဘာမှတော့ ထူးထူးခြားခြားတင်စရာ မရှိပါဘူး.. ဒါပေမယ့် စာကျက်နေရင်းက လက်ကမြင်းကြောထပြီး ဒီပုံလေးတွေကို ရိုက်ဖြစ်သွားတယ်...
Director of photography- Eduking
Models- 2 sockets (made in china)
Setting Designer- Eduking
Costume Designer- Eduking
Producer- Eduking
တယ်လီဖုန်းကင်မရာလေးကို အသုံးပြုထားတာကြောင့် ကွာလတီတော့ မလန်းဘူးဗျာ.. ဆော့ဖ်ဝဲကလည်း photoshop လေးတောင် ကောင်းကောင်း မသုံးတတ်လို့.. Image manager နဲ့ powerpoint လေးပဲ ပေါင်းပြီး edit လုပ်ခဲ့တာပါ..း) ချစ်သူတွေတော့ ကျွန်တော့်ဆီက အလွမ်းတွေကူးစက်သွားရင် ခွင့်လွှတ်ဗျာ.. ခင်များတို့လည်း တစ်ခါတုန်းက ဒီလိုပဲ တစ်ယောက်ထဲ ဖြတ်သန်းခဲ့ရတာ ဟုတ်ဖူးလား.. :D
နောက်ဆက်တွဲ-မှတ်ချက်။ ။ ပုံလေးတွေကို Ripway ကနေ ပြန်တင်ထားပါတယ်.. အခုတလော Blogspotကနေ ဓါတ်ပုံ Upload တင်တာတွေ တချို့ဆီမှာ မမြင်ရဘူးလို့ သိရတယ်.. ဒီနေ့ ကျွန်တော့်ဆီမှာ ပြန်ကြည့်ကြည့်တော့ ဖိုင်က broken ဖြစ်နေတယ်.. Virus ကြောင့်ဖြစ်နိုင်တယ်လို့ ပြောတာကြားဖူးလို့ စိုးရိမ်မိတယ်။
တစ်ယောက် တစ်နေရာ..
သောက်နေကျ ကော်ဖီနဲ့ ဖျော်ရည်ခွက်တွေ
မှောက်ကာနေပြီ..
ခြောက်ကာ ကြွေပြီး ကျနေတဲ့ နွေသစ်ပင် ငါ့ဆီ..
ဖျောက်ကာဖြေမရတဲ့ တပြည်က မင်းအကြောင်းတွေ..
ဝိညာဉ်တွေလို စာရေးခါနီးလက်တွေထံ လာပူးကာ..
ဒီတစ်ညမက
ငါ ရူးခဲ့ပါတယ် ကျောင်းသူရေ..
...............................................................................................................................................
Participants of photographyသောက်နေကျ ကော်ဖီနဲ့ ဖျော်ရည်ခွက်တွေ
မှောက်ကာနေပြီ..
ခြောက်ကာ ကြွေပြီး ကျနေတဲ့ နွေသစ်ပင် ငါ့ဆီ..
ဖျောက်ကာဖြေမရတဲ့ တပြည်က မင်းအကြောင်းတွေ..
ဝိညာဉ်တွေလို စာရေးခါနီးလက်တွေထံ လာပူးကာ..
ဒီတစ်ညမက
ငါ ရူးခဲ့ပါတယ် ကျောင်းသူရေ..
...............................................................................................................................................
Director of photography- Eduking
Models- 2 sockets (made in china)
Setting Designer- Eduking
Costume Designer- Eduking
Producer- Eduking
တယ်လီဖုန်းကင်မရာလေးကို အသုံးပြုထားတာကြောင့် ကွာလတီတော့ မလန်းဘူးဗျာ.. ဆော့ဖ်ဝဲကလည်း photoshop လေးတောင် ကောင်းကောင်း မသုံးတတ်လို့.. Image manager နဲ့ powerpoint လေးပဲ ပေါင်းပြီး edit လုပ်ခဲ့တာပါ..း) ချစ်သူတွေတော့ ကျွန်တော့်ဆီက အလွမ်းတွေကူးစက်သွားရင် ခွင့်လွှတ်ဗျာ.. ခင်များတို့လည်း တစ်ခါတုန်းက ဒီလိုပဲ တစ်ယောက်ထဲ ဖြတ်သန်းခဲ့ရတာ ဟုတ်ဖူးလား.. :D
နောက်ဆက်တွဲ-မှတ်ချက်။ ။ ပုံလေးတွေကို Ripway ကနေ ပြန်တင်ထားပါတယ်.. အခုတလော Blogspotကနေ ဓါတ်ပုံ Upload တင်တာတွေ တချို့ဆီမှာ မမြင်ရဘူးလို့ သိရတယ်.. ဒီနေ့ ကျွန်တော့်ဆီမှာ ပြန်ကြည့်ကြည့်တော့ ဖိုင်က broken ဖြစ်နေတယ်.. Virus ကြောင့်ဖြစ်နိုင်တယ်လို့ ပြောတာကြားဖူးလို့ စိုးရိမ်မိတယ်။
Labels:
Articles
Monday, February 9, 2009
Diary 10.02.09
ဒီနေ့ ဖေဖော်ဝါရီ ၁၀ရက်.
မနက်စာ- ကော်ဖီမစ်နဲ့ ငှက်ပျောသီး
စာမေးပွဲဖွင့်ရန် (၆)ရက်သာလို
ကိစ္စပေါင်းစုံ ခေါင်းထဲမှာ ပြုံ
တစ်ခါတစ်ခါ ပြင်သစ်၊ တစ်ခါတစ်ခါ မြန်မာ၊
စာမေးပွဲပြီးတာနဲ့ တွေ့ကြမယ့်လူတွေ၊ တွေ့ရမယ့်လူတွေ ဒုနဲ့ဒေး
ဒီတော့ မြန်မာပြည် ပြန်မယ့်ရက်ကို နောက်ဆုတ်ရလိမ့်မယ်..
လုပ်စရာတွေက မရှိရင်လည်း အရှင်း၊
ရှိရင်လည်း ဆိုင်ပိတ်ခါနီးမှ စုပြုံလာပြီ..
စောစောစီးစီးတော့ queueလာ မလုပ်ကြဘူး..
ညည်းတွားတာလား... မဟုတ်ပါဘူး..
ကိုယ်ချစ်လို့မှ ကိုယ်ယူခဲ့တဲ့ ကိစ္စတွေဆိုတော့..
မေတ္တာပျက်တော့လည်း သစ္စာနဲ့ ဆက်ရမှာပေါ့..
(အဒေါ်တစ်ယောက်ပြောသလို)
အရည်မရ၊ မဖတ်မရတွေတော့ မဖြစ်တန်ကောင်းပါဘူး...
ပြောမပြတတ်တဲ့ တစ်ခုခုတော့ ရနေတယ်ထင်တာပဲ..
အမြင်တွေလွဲနေရင်လည်း ရှင်းမပြချင်တော့ဘူး..
ကိုယ်ဘာကောင်လဲ ဆိုတာ ကိုယ့်ကိုကိုယ် သိပ်မကွဲချင်သေး ဖြစ်နေလို့..
ပြိုင်တူ လိုက်ပြီး မတက်နိုင်ရင်တောင်မှ၊
နောက်ကနေ ညာသံလေး ထည့်ပေးမယ့် သူငယ်ချင်းတွေကို ကျေးဇူးတင်မိတယ်..
အင်း.. သူများအတွဲတွေမြင်ရင်တော့ အားကျသလိုရှိသား.. မေမေ..

Diary
Sunday, February 8, 2009
ဖေဖော်ဝါရီ သူရဲကောင်းများသို့
ဖေဖော်ဝါရီဟာ ကျွန်တော့်အတွက်တော့ လေးစားရတဲ့ သူနှစ်ဦးရဲ့ အမှတ်တရနေ့ရက်တွေကြောင့် ထူးခြားတဲ့ လတစ်လပေါ့.. တစ်ယောက်ကတော့ ဖေဖော်ဝါရီမှာ မွေးဖွားခဲ့သူ.. တစ်ယောက်ကတော့ ဖေဖော်ဝါရီမှာ ကွယ်လွန်ခဲ့သူ..
ပထမတစ်ယောက်က ကျွန်တော်တို့ရဲ့ ဗမာပြည် အာဇာနည် လွတ်လပ်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်.. ဗိုလ်ချုပ်ရဲ့ မွေးနေ့ဟာ ဒီလ ၁၃ရက်နေ့မှာ ကျရောက်ပါတယ်..
မြန်မာနိုင်ငံမှာတော့ ကလေးများနေ့အဖြစ် သတ်မှတ်ပါတယ်.. ဗိုလ်ချုပ်ကို ၁၉၁၅ခုနှစ်က ဖေဖော်ဝါရီ ၁၃မှာ မွေးခဲ့တာဖြစ်ပါတယ်..ထိန်လင်းဆိုတာ သူ့ရဲ့နာမည်အရင်းပေါ့။ သူ့အထ္ထုပ္ပတ္တိထဲမှာတော့ ဖေဖော်ဝါရီ (၁၃)ရက်နေ့ဟာ သူပုန်တွေ မွေးတဲ့နေ့ တစ်နည်းအားဖြင့် တော်လှန်သူတွေ မွေးတဲ့နေ့လို့ သူဗေဒင်တစ်ခုမှာ ဖတ်ဖူးပါတယ်တဲ့.. မှတ်မှတ်ရရ ကျွန်တော် ဗိုလ်ချုပ်အကြောင်းစာအုပ်တွေကို ဆယ်တန်းတက်နေတုန်းက လိုက်စုခဲ့ဖူးတယ်.. မိန့်ခွန်းတွေကိုတော့ နောက်ပိုင်းမှာ အသံဖိုင်တွေအနေနဲ့ ရခဲ့တယ်.. အသက် (၃၃) နှစ် ၁၉၄၇မှာ ကွယ်လွန်ခဲ့တယ်.. ကွယ်လွန်ချိန် သိပ်စောနေပေမဲ့လည်း သူ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေဟာ ဒီနေ့၊ ဒီအချိန်ထိကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းအတွက် မရပ်သေးတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းနေတုန်းပဲ။
ဒါပေမယ့် ၅၂နှစ် အလွန်က သူ ဆိုလိုချင်တဲ့ လွတ်လပ်ရေးဟာတော့ ပြည်သူတွေဆီကို ဒီနေ့အထိ အပြည့်အဝရောက်မလာသေးဘူးလို့ ကျွန်တော် မြင်မိတယ်ဗျာ..
နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ မြန်မာပြည်ကပဲ.. အဆိုတော် ဦးခင်ဝမ်းပါ။ (တိုက်ဆိုင်စွာပဲ ၁၉၄၇ခုနှစ် နိုဝင်ဘာ ၂၄မှာ သူ့ကို မွေးဖွားခဲ့တယ်..) သူ့ အဖေဟာ ဂျပန်လူမျိုးတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်ထဲမှာ ကျန်ခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်..
သူ့သီချင်းတွေဟာ ကျွန်တော့်အကြိုက်ဆုံးတွေထဲမှာ ပါဝင်ခဲ့တယ်..
အများကြီး ကျွန်တော် နားမထောင်ဖူးဘူး.. ငယ်ငယ်တုန်းက (အဖေဖွင့်လို့) တခါတလေကြားဖူးပေမယ့် စွဲစွဲမြဲမြဲကြီးတော့ မဖြစ်ခဲ့ဘူး..
အခုနောက်ပိုင်းမှ ဆရာမောင်ချောနွယ်ရဲ့ အကြောင်းတွေ ပြန်ရှာဖတ်ရင်းနဲ့ ဆက်စပ်ပြီး ဦးခင်ဝမ်းသီချင်းတွေကို ဒုတိယံမိ သေချာပြန်နားထောင်ဖြစ်ခဲ့တယ်..
သူဟာ အဆိုတော်အဖြစ်တင်မဟုတ်ပါဘူး၊ ပန်းချီမှာရော စာပေမှာပါ အောင်မြင်ခဲ့တဲ့ စွယ်စုံအနုပညာရှင်တစ်ယောက်ပေါ့.. အဲဒီတုန်းက မြန်မာမော်ဒန်ပန်းချီလှုပ်ရှားမှုမှာလည်း ပါဝင် မောင်းနှင်ခဲ့တယ်..
ကျွန်တော်နှစ်သက်တဲ့ သူ့ရဲ့ သီချင်းစာသားတွေဟာ တစ်နည်းအားဖြင့် ကဗျာတွေလိုပဲ.. ကဗျာစာသားတွေကို သံစဉ်ထည့်ပြီး ရွတ်ပြသွားလိုက်တာ.. တစ်ကြောင်းချင်းစီဟာ ဘယ်နှခါနားထောင် နားထောင် မရိုးနိုင်ဘူး..
"နဒီမင်္ဂလာ" "ဆယ်လမွန် ငါးတို့အပြန်" "ပြည်မှာ ဆောင်း" "အမေ" "ဧရာဝတီ" သီချင်းတွေမှာပေါ့။
စာသားလေးရဲ့ အဆွဲမှာ သူ့အသံဟာ မနိုင်သလိုလေးဖြစ်သွားခဲ့တယ် (ကျွန်တော် ထင်မိတာပါ)
အဲဒါလေးကလည်း ကျွန်တော့် နားထဲ စွဲထင်ကျန်ခဲ့တယ်.. နားထောင်မိလိုက်တိုင်းမှာ ပြည်အလွမ်းတွေကို ပြန်ဆွပေးမိနေသလိုပဲ။ အထူးသဖြင့် ကျောင်းပိတ်ရက်တိုတဲ့ ဒီဇင်ဘာမှာပေါ့။
နောက်တစ်ပုဒ် “ဆယ်လမွန် ငါးတို့အပြန်” ထဲက “ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ” ဆိုတဲ့ စာသားလေး၊ နဒီမင်္ဂလာထဲက “ပူလောင်ကျွမ်းတဲ့ နှလုံးသားကိုယ့်အသည်းကို ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ” ဆိုတဲ့စာသားတွေကလည်း သိပ်ကို အဓိပ္ပါယ် ပြည့်ဝလွန်းတယ်။ ဦးခင်ဝမ်း၊ ဆရာမောင်ချောနွယ်တို့ဟာ ကျွန်တော် အခုနောက်ပိုင်းမှ သိခွင့်၊ ဂုဏ်ယူခွင့်ရတဲ့ ပြည်မြို့သား အနုပညာရှင်တွေပေါ့။ ကျွန်တော် သူတို့ ချန်ခဲ့တဲ့ အနုပညာပစ္စည်းတွေနဲ့ ထိတွေ့ခွင့်ရပေမယ့် သူတိုနဲ့ ရင်းနှီးခင်မင်ခွင့်ကိုတော့ မရနိုင်တော့ပါဘူး..
ခရမ်းနုရောင်နှင်း၊ ဦးခင်ဝမ်း ဟာ ၂၀၀၀ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်.
Download Link: ခင်ဝမ်း- စိတ်ကြိုက်ပြန်ဆိုတေးများ
Ref: http://www.aungsan.com/ (Image)
http://www.myanmar.gov.mm/myanmartimes/no3/khin.htm (Image and Article)
http://mp3.mmblogs.net

ပုံ. ဗိုလ်ချုပ်အောင်ဆန်း
.............................................................................................................

အနေဝေး.. ရေအဝေးမှာ..
ဆုံးရှုံသွားရတော့မယ့်..
ပြည်မှာ ဆောင်း..
ပြန်သင့်၊ မပြန်သင့်..
ဆုံးဖြတ်ခွင့် မရှိတော့တဲ့.. ပြည်မှာ ဆောင်း..
ဆုံးရှုံသွားရတော့မယ့်..
ပြည်မှာ ဆောင်း..
ပြန်သင့်၊ မပြန်သင့်..
ဆုံးဖြတ်ခွင့် မရှိတော့တဲ့.. ပြည်မှာ ဆောင်း..
စာသားလေးရဲ့ အဆွဲမှာ သူ့အသံဟာ မနိုင်သလိုလေးဖြစ်သွားခဲ့တယ် (ကျွန်တော် ထင်မိတာပါ)
အဲဒါလေးကလည်း ကျွန်တော့် နားထဲ စွဲထင်ကျန်ခဲ့တယ်.. နားထောင်မိလိုက်တိုင်းမှာ ပြည်အလွမ်းတွေကို ပြန်ဆွပေးမိနေသလိုပဲ။ အထူးသဖြင့် ကျောင်းပိတ်ရက်တိုတဲ့ ဒီဇင်ဘာမှာပေါ့။
နောက်တစ်ပုဒ် “ဆယ်လမွန် ငါးတို့အပြန်” ထဲက “ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ” ဆိုတဲ့ စာသားလေး၊ နဒီမင်္ဂလာထဲက “ပူလောင်ကျွမ်းတဲ့ နှလုံးသားကိုယ့်အသည်းကို ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ” ဆိုတဲ့စာသားတွေကလည်း သိပ်ကို အဓိပ္ပါယ် ပြည့်ဝလွန်းတယ်။ ဦးခင်ဝမ်း၊ ဆရာမောင်ချောနွယ်တို့ဟာ ကျွန်တော် အခုနောက်ပိုင်းမှ သိခွင့်၊ ဂုဏ်ယူခွင့်ရတဲ့ ပြည်မြို့သား အနုပညာရှင်တွေပေါ့။ ကျွန်တော် သူတို့ ချန်ခဲ့တဲ့ အနုပညာပစ္စည်းတွေနဲ့ ထိတွေ့ခွင့်ရပေမယ့် သူတိုနဲ့ ရင်းနှီးခင်မင်ခွင့်ကိုတော့ မရနိုင်တော့ပါဘူး..
ခရမ်းနုရောင်နှင်း၊ ဦးခင်ဝမ်း ဟာ ၂၀၀၀ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်.
Download Link: ခင်ဝမ်း- စိတ်ကြိုက်ပြန်ဆိုတေးများ
Ref: http://www.aungsan.com/ (Image)
http://www.myanmar.gov.mm/myanmartimes/no3/khin.htm (Image and Article)
http://mp3.mmblogs.net
Labels:
Articles
Tuesday, February 3, 2009
ဟာသစာ (ကိုကိုပေါ)
ဟာသစာလေးတစ်ခုပါ.. ကျွန်တော် ရေးခဲ့တာတော့ တော်တော်ကြာခဲ့ပါပြီ.. ရယ်ရမယ်လို့တော့ ထင်တာပဲ.. ဟီး.. ဒါပေမယ့် ဘာအဓိပ္ပါယ်ထွက်နေမှန်းတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိဘူးဗျ.. အပျော်ပေါ့ဗျာ..း)
သြော်.. ဒါနဲ့ ကျွန်တော့် blog လေးကို လာဖတ်ဖြစ်တယ်ဆိုတဲ့ ကိုATM နဲ့ Harryတို့ကိုလည်း (နောက်ကျ)ကျေးဇူးတင်ပါတယ်.. အဲဒီနေ့က စိတ်ထဲ ပျော်သွားတာနဲ့ ကျေးဇူးတင်စကားဆိုဖို့တောင် မေ့သွားတယ်.. :) စာမေးပွဲတွေလည်း ဖြေနိုင်ပါစေ..
ဒီ ဒဏ်ရာဟာ အနာသိပေမဲ့ ဆေးမရှိပါဘူး..
အိုးချင်းထားလို့ အိုးချင်းထိမိတဲ့သဘောတရားအရ ကိုယ့်မှာ စားရကန်ကြုံလို့ မုတ်ဆိတ်ပျားစွဲပြီ ထင်လိုက်တာ..
အစွဲခံရတာ ပျားမဟုတ်ဘဲ.. ကျားဖြစ်နေပါကောလား..
ဆက်ပြီးတော့ စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ဖို့ကလည်း အဆီတဝင်းဝင်းနဲ့ ဖြစ်နေပြန်တော့..
စစ်မရောက်ခင် မြားကုန်တယ်ပဲပြောပြော.. ငါးစိမ်းကို မြင်လို့ ငါးကင်နဲ့တူတဲ့ မင်းလေးကို ပစ်တယ်ပဲ ပြောပြော..
သူကောင်းဖြစ်ဖို့အတွက် ကိုယ်တစ်ရွာပြောင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ.. ဒါပေမယ့် မစားရတဲ့ မင်းလေးကို သဲနဲ့တော့ မပက်ခဲ့ဘူးနော်..
ကိုယ့်မှာက မိဘတွေ ဆုံးမထားသလို "ဘဲဥပေါ် ကျောက်ပြင်ကျလည်း ဘဲဥကွဲ၊ ကျောက်ပြင်ပေါ် ဘဲဥကျလည်း ဘဲဥပဲ ကွဲ"ရမယ့်အဖြစ်ကရှိနေတော့...
အားမတန်ဘူးထင်တာနဲ့ မာန်လည်း လျော့လိုက်တာပါ..
မညားသော ချစ်သူ၊ မသေသော ဆေးသမား ဆိုတဲ့ စကားပုံလည်း ရှိတာပဲလေ...
ဒီကြားထဲ မင်းမိဘတွေက စိန်ကောင်းကျောက်ကောင်း ရောင်းနေချိန်ဆို ဆေးရိုးသည်က ကန့်လန့်ကန့်လန့် ဝင်ပါလိုက်သေးတယ်..
တကယ်ဆို ရွာနားကမြက်ကို ရွာနွားပြန်မစားတတ်တာလည်း မင်းလေး နားလည်သင့်ပါတယ်.
ဒါကြောင့် နောင်ထပ်တွေ့ဖြစ်ရင် ဆင်ဖြူမျက်နှာ၊ ဆင်မဲ မကြည့်ဝံ့သလိုပဲ မဆိုင်သလိုနေပေးရင်း..
ကိုယ့်ရဲ့ လုပ်ရပ်ကို မွှေးတုန်းပန်ပြီး နံတော့ ပစ်လို့ ရိုးစွပ်ချင်လည်း ရိုးစွပ်လိုက်ပါ..
ဆုပ်လည်းဆူး စားလည်းရူးမယ့် အခြေအနေ မရောက်ခင် ကြာကြာဝါးမယ့် သွားဆိုတာ.. အရိုးတွေကိုတော့ ကြည့်ရှောင်တတ်ရမယ် မဟုတ်လား...
သြော်.. ဒါနဲ့ ကျွန်တော့် blog လေးကို လာဖတ်ဖြစ်တယ်ဆိုတဲ့ ကိုATM နဲ့ Harryတို့ကိုလည်း (နောက်ကျ)ကျေးဇူးတင်ပါတယ်.. အဲဒီနေ့က စိတ်ထဲ ပျော်သွားတာနဲ့ ကျေးဇူးတင်စကားဆိုဖို့တောင် မေ့သွားတယ်.. :) စာမေးပွဲတွေလည်း ဖြေနိုင်ပါစေ..
....................................................................................................................
ချစ်လှစွာသော ပန်းကလေးရယ်..ဒီ ဒဏ်ရာဟာ အနာသိပေမဲ့ ဆေးမရှိပါဘူး..
အိုးချင်းထားလို့ အိုးချင်းထိမိတဲ့သဘောတရားအရ ကိုယ့်မှာ စားရကန်ကြုံလို့ မုတ်ဆိတ်ပျားစွဲပြီ ထင်လိုက်တာ..
အစွဲခံရတာ ပျားမဟုတ်ဘဲ.. ကျားဖြစ်နေပါကောလား..
ဆက်ပြီးတော့ စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ဖို့ကလည်း အဆီတဝင်းဝင်းနဲ့ ဖြစ်နေပြန်တော့..
စစ်မရောက်ခင် မြားကုန်တယ်ပဲပြောပြော.. ငါးစိမ်းကို မြင်လို့ ငါးကင်နဲ့တူတဲ့ မင်းလေးကို ပစ်တယ်ပဲ ပြောပြော..
သူကောင်းဖြစ်ဖို့အတွက် ကိုယ်တစ်ရွာပြောင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ.. ဒါပေမယ့် မစားရတဲ့ မင်းလေးကို သဲနဲ့တော့ မပက်ခဲ့ဘူးနော်..
ကိုယ့်မှာက မိဘတွေ ဆုံးမထားသလို "ဘဲဥပေါ် ကျောက်ပြင်ကျလည်း ဘဲဥကွဲ၊ ကျောက်ပြင်ပေါ် ဘဲဥကျလည်း ဘဲဥပဲ ကွဲ"ရမယ့်အဖြစ်ကရှိနေတော့...
အားမတန်ဘူးထင်တာနဲ့ မာန်လည်း လျော့လိုက်တာပါ..
မညားသော ချစ်သူ၊ မသေသော ဆေးသမား ဆိုတဲ့ စကားပုံလည်း ရှိတာပဲလေ...
ဒီကြားထဲ မင်းမိဘတွေက စိန်ကောင်းကျောက်ကောင်း ရောင်းနေချိန်ဆို ဆေးရိုးသည်က ကန့်လန့်ကန့်လန့် ဝင်ပါလိုက်သေးတယ်..
တကယ်ဆို ရွာနားကမြက်ကို ရွာနွားပြန်မစားတတ်တာလည်း မင်းလေး နားလည်သင့်ပါတယ်.
ဒါကြောင့် နောင်ထပ်တွေ့ဖြစ်ရင် ဆင်ဖြူမျက်နှာ၊ ဆင်မဲ မကြည့်ဝံ့သလိုပဲ မဆိုင်သလိုနေပေးရင်း..
ကိုယ့်ရဲ့ လုပ်ရပ်ကို မွှေးတုန်းပန်ပြီး နံတော့ ပစ်လို့ ရိုးစွပ်ချင်လည်း ရိုးစွပ်လိုက်ပါ..
ဆုပ်လည်းဆူး စားလည်းရူးမယ့် အခြေအနေ မရောက်ခင် ကြာကြာဝါးမယ့် သွားဆိုတာ.. အရိုးတွေကိုတော့ ကြည့်ရှောင်တတ်ရမယ် မဟုတ်လား...
ချစ်ဖူးတဲ့..
ကိုကိုပေါ
ကိုကိုပေါ
....................................................................................................................
Labels:
ဟာသ
Subscribe to:
Posts (Atom)