ဒီနေ့ ဖေဖော်ဝါရီ ၁၀ရက်.
မနက်စာ- ကော်ဖီမစ်နဲ့ ငှက်ပျောသီး
စာမေးပွဲဖွင့်ရန် (၆)ရက်သာလို
ကိစ္စပေါင်းစုံ ခေါင်းထဲမှာ ပြုံ
တစ်ခါတစ်ခါ ပြင်သစ်၊ တစ်ခါတစ်ခါ မြန်မာ၊
စာမေးပွဲပြီးတာနဲ့ တွေ့ကြမယ့်လူတွေ၊ တွေ့ရမယ့်လူတွေ ဒုနဲ့ဒေး
ဒီတော့ မြန်မာပြည် ပြန်မယ့်ရက်ကို နောက်ဆုတ်ရလိမ့်မယ်..
လုပ်စရာတွေက မရှိရင်လည်း အရှင်း၊
ရှိရင်လည်း ဆိုင်ပိတ်ခါနီးမှ စုပြုံလာပြီ..
စောစောစီးစီးတော့ queueလာ မလုပ်ကြဘူး..
ညည်းတွားတာလား... မဟုတ်ပါဘူး..
ကိုယ်ချစ်လို့မှ ကိုယ်ယူခဲ့တဲ့ ကိစ္စတွေဆိုတော့..
မေတ္တာပျက်တော့လည်း သစ္စာနဲ့ ဆက်ရမှာပေါ့..
(အဒေါ်တစ်ယောက်ပြောသလို)
အရည်မရ၊ မဖတ်မရတွေတော့ မဖြစ်တန်ကောင်းပါဘူး...
ပြောမပြတတ်တဲ့ တစ်ခုခုတော့ ရနေတယ်ထင်တာပဲ..
အမြင်တွေလွဲနေရင်လည်း ရှင်းမပြချင်တော့ဘူး..
ကိုယ်ဘာကောင်လဲ ဆိုတာ ကိုယ့်ကိုကိုယ် သိပ်မကွဲချင်သေး ဖြစ်နေလို့..
ပြိုင်တူ လိုက်ပြီး မတက်နိုင်ရင်တောင်မှ၊
နောက်ကနေ ညာသံလေး ထည့်ပေးမယ့် သူငယ်ချင်းတွေကို ကျေးဇူးတင်မိတယ်..
အင်း.. သူများအတွဲတွေမြင်ရင်တော့ အားကျသလိုရှိသား.. မေမေ..
Monday, February 9, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment