Saturday, February 14, 2009

Valentine Day က တစ်စုံတစ်ခု

ဒီနေ့ Valentine Day.. စာမေးပွဲကြောင့် ဘာမှတော့ ထူးထူးခြားခြားတင်စရာ မရှိပါဘူး.. ဒါပေမယ့် စာကျက်နေရင်းက လက်ကမြင်းကြောထပြီး ဒီပုံလေးတွေကို ရိုက်ဖြစ်သွားတယ်...







တစ်ယောက် တစ်နေရာ..
သောက်နေကျ ကော်ဖီနဲ့ ဖျော်ရည်ခွက်တွေ
မှောက်ကာနေပြီ..
ခြောက်ကာ ကြွေပြီး ကျနေတဲ့ နွေသစ်ပင် ငါ့ဆီ..
ဖျောက်ကာဖြေမရတဲ့ တပြည်က မင်းအကြောင်းတွေ..
ဝိညာဉ်တွေလို စာရေးခါနီးလက်တွေထံ လာပူးကာ..
ဒီတစ်ညမက
ငါ ရူးခဲ့ပါတယ် ကျောင်းသူရေ..
...............................................................................................................................................

Participants of photography
Director of photography- Eduking
Models- 2 sockets (made in china)
Setting Designer- Eduking
Costume Designer- Eduking
Producer- Eduking

တယ်လီဖုန်းကင်မရာလေးကို အသုံးပြုထားတာကြောင့် ကွာလတီတော့ မလန်းဘူးဗျာ.. ဆော့ဖ်ဝဲကလည်း photoshop လေးတောင် ကောင်းကောင်း မသုံးတတ်လို့.. Image manager နဲ့ powerpoint လေးပဲ ပေါင်းပြီး edit လုပ်ခဲ့တာပါ..း) ချစ်သူတွေတော့ ကျွန်တော့်ဆီက အလွမ်းတွေကူးစက်သွားရင် ခွင့်လွှတ်ဗျာ.. ခင်များတို့လည်း တစ်ခါတုန်းက ဒီလိုပဲ တစ်ယောက်ထဲ ဖြတ်သန်းခဲ့ရတာ ဟုတ်ဖူးလား.. :D

နောက်ဆက်တွဲ-မှတ်ချက်။ ။ ပုံလေးတွေကို Ripway ကနေ ပြန်တင်ထားပါတယ်.. အခုတလော Blogspotကနေ ဓါတ်ပုံ Upload တင်တာတွေ တချို့ဆီမှာ မမြင်ရဘူးလို့ သိရတယ်.. ဒီနေ့ ကျွန်တော့်ဆီမှာ ပြန်ကြည့်ကြည့်တော့ ဖိုင်က broken ဖြစ်နေတယ်.. Virus ကြောင့်ဖြစ်နိုင်တယ်လို့ ပြောတာကြားဖူးလို့ စိုးရိမ်မိတယ်။

3 comments:

ညိမ်းညို said...

မီးပလပ်ခေါင်းလေးတွေလားဗျ
တမျိုးလေးနဲ့ဆန်းနေတယ်
ဖန်တီးထားသူက
အနုပညာအမြင်ပါလို့ပဲ ဖြစ်မယ်

Kaung Kin Ko said...

ညီလေးလည်း ကာရန်တွေ ပိုင်သကွာ။ လွမ်းလည်း ကဗျာအကောင်းစားတွေ ထွက်တာပဲလားး-)

Phyo Maw said...

တို့များလည်း လွမ်းတက်ပါရဲ့...
တစ်ညမက ငါ ရူးခဲ့ပါတယ်
တပြည်သူ မရွှေချောရေ...

Free counter and web stats