ဆိုက်ကပ်ရန် ရထားကြီးဟာ
ဦးတည်ချက်တွေ မပြောင်း၊
ရည်ရွယ်ချက်သာ ပြောင်းခဲ့လေတယ်
နံဘေးက မိုးရေသံတွေ
မှတ်တိုင်ကျော်သွားတဲ့ အိပ်မက်တွေနဲ့
ကျောင်းသူလေး နင်းရာ လမ်းက
ကျောင်းသားလေး ခင်းရာ ပန်းများလည်း မလန်းနိုင်တော့ပြီ။
လက်ကြားက မီးတိုင်တိုတိုလေးတွေကို
စုပ်ယူအားပြုလို့
ငါတို့ကြားက စကြာဝဠာကြီးဟာ
ဒီလောက်တောင် ကွာခဲ့ရပါသတဲ့ကွယ်..
ဘာတွေပဲ ဖြစ်ခဲ့ဖြစ်ခဲ့
ဘာတွေပဲ ဖြစ်လိမ့်ဖြစ်လိမ့်
ကျွန်တော်ဟာ နေပြန်မကောင်းနိုင်တော့လို့..
အတောင်မဲ့ နတ်သမီးလေး“နှင်း”ရေ
ကိုယ့်ကိုယ်ကို ဂရုစိုက်ပါနော်...ခန့်နေ
2 comments:
ကဗျာ လှလှလေးကို ပထမဆုံး ခံစားသွားပါတယ် ကိုခန့် နေ
လေးစားအားပေးလျက်ပါ။
ကျေးဇူးတင်ပါတယ်.. ကိုနေ့သစ်ရေ..
လေးစားလျက်
ခန့်နေ
Post a Comment