တစ်ခါတုန်းက
ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်..တိမ်တွေလိုကြွေပြီ မျက်ရည်မိုး
ဒီလိုမျိုး မိုးအေးအေးလေး အိမ်ထဲမှာ ငါ၊ နွေးနွေးထွေးထွေးနဲ့ တွေးဆွေးဆဲ အတိတ်က အဝေးမှာဟေ့၊ ငါ့ဘေးမှာတွေ့၊ သူ့ passport ပုံသေးသေးလေး ဆေးတွေမှိန်၊ ခပ်ရေးရေးဝါး၊ အရောင်တွေတောင်ထွက်ပြေးလို့သွား…မေ့လို့မရ၊ အဲဒီ့နေ့တွေ ငါမြင်၊ ကျူရှင်က အဆင်း၊ မိုးတွေရွာရင်၊ ထီးတစ်ချောင်းအောက် အတူတူ လမ်းတွေလျှောက်ခဲ့၊
လမ်းမှာ လေကြမ်းတွေကြောင့် ကြွေမနွမ်းတဲ့ ခရေပန်းတွေကောက်၊
ဇာတ်လမ်းတွေ.. သူ့နှုတ်ခမ်းနဲ့ချွေခဲ့တဲ့ အနမ်းတွေကြောင့် အချမ်းတွေပျောက်၊
တိုးဝှေ့နေကြပါ၊ ဒီလိုမိုးရေတွေကြားမှာ၊ အမျိုးတွေတွေ့သွားမလား၊ တချို့တလေ အဖေကြားမလား၊ စိုးရိမ်တတ်သူ၊ ငါတို့တွေေ၀၀ါးစွာ မက်ခဲ့တဲ့အိပ်မက်ကလည်း၊ ကျိုးကြေချေမွကာ ပျက်ခဲ့တဲ့ မိုးရေတွေကြားမှာပဲ...တို့တွေကမ္ဘာခြားကာ ဝေးသွား၊ ဟိုမှာ မင်းကျန်းမာရေး ဂရုစိုက်ဖို့ မှာချင်တယ်၊ မမေ့ပါနဲ့၊
ရုပ်ရှင်တွေထဲက အတိုင်းဆို တော်တော်လေး အေးမှာပဲ....
အဖော်လှော်တွေ တွေ့ကာ၊ ပျော် ပျော်နေမှာ.. ဖုန်းဘယ်တော့ခေါ်မလဲလို့ မျှော်နေတာ။
ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်တိမ်တွေလိုကြွေပြီ မျက်ရည်မိုး..
စာလည်းမကျက်ချင်ပါ ငါ၊ ညဘက်တိုင်းဆက်တိုက်ထည့်မပျက်မကွက်
အိပ်မက်တွေမက်ရင် ငါ၊ ချက်ချင်းအိပ်မက်ထဲ ပတ်ရင်းရှာ… မိုး မိုး မိုးက၊ ရက်နှစ်လတိုး ပြောင်းလဲခဲ့ နှုတ်ဆက်ရင်းသာငို… တစ်ခါတုန်းက ငါ့ဘ၀ မျှော်လင့်ချက်နဲ့ အသက်သွင်းထား လက်ငင်းကမ္ဘာ ပျက်ယွင်းကာပြို၊ ငါဆိုတဲ့ ဒီသီချင်း၊ မင်း ဟိုကနေ နားထောင်နေမလား.. ရဲမင်းသိန်းဆိုတဲ့ ချာတိတ်၊ သူ့ရဲ့အသံကို ကြားယောင်နေမှာ.. ခဏလောက်ဖြေပါ၊ နီစပ်စပ် အသားရောင်တွေကြား.. ကိစ္စများမြောင်နေကာ၊ ဘာကြောင့် ဟိုက တခြားကောင်တွေ စကား.. နားယောင်နေမှာလဲ…ဒါကသက်သေ၊ ကဗျာစပ်နေ ဒီမှာ... နောက်လှည့်ကြည့်လှည့်၊ အဲဒီ ကဗျာစာရွတ်တွေ ၀ါဖန့်နေပြီကွာ.. ဟောင်းခဲ့ပြီပဲ၊ မကြာမကြာ chat တွေ၊ internet တွေအထိ ငါ၊ ငယ်ငယ်တုန်းက မင်းနာမည်ကို အခါခါ ရှာဖတ်နေမိတာ၊ အနာဂတ်တွေ ရှိမှာပဲ၊ နှုတ်ခမ်းတွေတောင် ပြာ၊ အပြတ်အေးသည့်ည.. မိုးတွေကြား လမ်းတွေ လျှောက်ကာပတ်၊ အတွေ့အထိက ချမ်းနေသလောက်၊ ငါ မရပ်ပြေးပြီးရှာ.. အနမ်းတွေပျောက်၊ ကမ္ဘာတစ်ဖက် အဝေးကြီးက၊ အလွမ်းတွေကြောင့် အနာ မကျက်သေး သည့် အရာ၊ ဆေးမရှိပါ၊ မြန်မာပြည်ကနေ အမှာ ဆက်ခြွေမိတာ.. မိုးတွေရွာလျက် ဟေ့ ဒီမှာ..
ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်..တိမ်တွေလိုကြွေပြီ မျက်ရည်မိုး
မှန်မှန်ဖြေ.. အရင်က ဇာတ်လမ်း၊ လွမ်းသလား မေးချင်၊ ကမ္ဘာတစ်ခြမ်းကွာဝေးဆဲ.. မင်းရဲ့အလှမှန်းကာတွေမြင်၊ တမ်းတ..အဆွေးသီချင်းတွေ..မဆိုချင်ဘဲနဲ့ ဆိုနေရပြီ....
အကယ်၍ လမ်းမှာတွေ့ရင် မင်းမှတ်မိအုံးမလား.. ငါ့အခန်းတခါးစေ့ရင်း....
ရှိခဲ့တဲ့အတိတ်က.ပြီးခဲ့တဲ့ကိစ္စတွေ..မသိခဲ့သလိုမျိုးဘဲ...အချိုးနဲ့နေဖို့လည်း..မလွယ်လို့ဘဲ..
တကယ့်ကိုပဲ မစဲတဲ့မိုးထဲမှာ၊ဘယ်လိုလည်း..မိုးရယ်၊ အငြိုးနဲ့ ရွာခဲ့သလိုပဲ...
တစ်ခါတည်းကို ငါ့အသည်းကိုခွဲ.....သေသွားပြီ....ဘာနဲ့သဂြိုလ်မလဲ, ဟင် ??