Saturday, January 10, 2009

ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ

အမေနေ့တဲ့.. ရိုးရိုးသားသား ဝန်ခံရရင်တော့ ကျွန်တော် တခါမှ မသိခဲ့တဲ့ အမှန်ပဲ.. အမေကျော် ဒွေးတော်လွမ်းပြီး အင်္ဂလိပ်လို Mother's day ကိုပဲ သတိထားမိလေရဲ့.. ဒီနှစ်တော့ ဇန်နဝါရီ ၁၀မှာ ကျရောက်ခဲ့ပါတယ်.. မြန်မာလိုတော့ ပြာလိုလပြည့်နေ့ကို သတ်မှတ်ထားတာပါ..မတိုင်ခင် ၉ရက်နေ့က ကိုရင်ညိန်းနဲ့ chat မှာတွေ့ပြီး.. သူပြောပြလို့သာ သိရတာ.. အမေနေ့အကြောင်း သူ e-book တစ်အုပ် စီစဉ်နေကြောင်း အဆင်ပြေရင် ကဗျာလေးတွေနဲ့ ဝိုင်းပေးဖို့ ပြောပါတယ်.. တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း ပူပူနွေးနွေး ပြီးထားတာလေး တစ်ပုဒ်ရှိတော့ ပို့ပေးဖြစ်တယ်.. အခုတော့ အဲဒီ e-book လေးထွက်လာခဲ့ပါပြီ.. ကျွန်တော် အပါအဝင် ဘလော့ဂါ/ ကဗျာဆရာ၊ ဆရာမတွေ စုစုပေါင်း (၂၁)ယောက်၊ တစ်ယောက်တစ်ပုဒ်နှုန်းစီနဲ့ ပါဝင်ထားပါတယ်.. ကျွန်တော့် ကဗျာလေးကတော့ အမေ့အကြောင်းထက် အဝေးမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို ပြန်ပြောပြထားတဲ့ သားတစ်ယောက်ရဲ့ စာမျိုးလေးပါ.. ကလောင်ကိုတော့ ခန့်နေလို့ တပ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် လေးစားအားကျရတဲ့ နောင်တော် ကဗျာဆရာတွေ.. အထူးသဖြင့် ကိုကောင်းကင်၊ ကိုညိမ်းညိုတို့နဲ့ ဒီလို တစ်အုပ်ထဲ အတူတူပါဝင်ခွင့်ရတာကို ဝမ်းသာမိတယ်ဗျာ..

စီစဉ်သူ နယ်တူသား ကိုရင်ညိန်းကိုလည်း အတိုင်းထက်အလွန်၊ ကျေဇူးမှတ်တမ်းတင်ပါတယ်ခင်မျ..း)

Mother Day Poems2

Download:
  • ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ

  • 2 comments:

    Unknown said...

    http://myanmargenius.com/download/mother_day_poems.pdf

    ဒီ Link မှာ ဘာမှလုပ်စရာမလိုပဲ တိုက်ရိုက်ချလို့ရတယ် ညီလေး ပိုအဆင်ပြေမယ်ထင်တယ်..။

    ဒါနဲ့စကားမစပ် ညီ့ကဗျာအကြိုက်ဆုံးပဲကွာ..။ ပြီးရင် ကိုအောင်သာငယ်ကဗျာ..။ :) Cheers!!!

    Eduking said...

    အခုလို တကူးတက လင့်ခ်လေးလာပေးတာ ကျေးဇူးတင်ပါတယ် အစ်ကို Black_dreamရေ..း)

    Free counter and web stats