ဘာကြောင့်ရယ် မသိဘူး.. နောက်ပိုင်း ဘလော့ရေးတဲ့အခါ အရင်ကထက် ပိုပေါ့ပါးလာတယ်.. အခုရက်ပိုင်းတော့ စိတ်ဖိစီးမှုလျော့ကျမယ့် အလားအလာတစ်ချို့ ရှိနေတယ်..ကျွန်တော် ဝင်ပါထားတဲ့ ကျောင်းက Activity Club တစ်ခု.. အဓိက လှုပ်ရှားမှုတွေ တော်တော်များများ ပြီးသွားပြီ.. ဆုပေးပွဲတစ်ခု မတ်လ ၂၈မှာ ရှိတယ်.. ဆရာက ကျွန်တော့်ကို မြန်မာပြည်မပြန်ဖို့နဲ့ ဆုပေးပွဲတက်ဖို့ပြောတယ်.. အဲဒီအထိတော့ ကျွန်တော် ဒီမှာ မရှိနိုင်ဘူးပြောတော့.. သူက ဘဝင်ကျဟန်မတူဘူး.. ကျွန်တော် မတက်ဖြစ်ရင် ဆုကို တစ်ခြားလူတစ်ယောက်ကို ပြောင်းပေးမယ့် ပုံပဲ.. ဘာကြောင့်ရယ်.. ကျွန်တော် နားမလည် နိုင်ဘူး..
ကျန်ခဲ့တဲ့တစ်ပတ်က ကျောင်းမှာ ကျောင်းသားတွေအတွက် Stress (စိတ်ဖိစီးမှု) ကိုယ်တိုင် လျှော့ချနိုင်မယ့် ပညာပေး ပွဲလေးသဘောမျိုးရှိခဲ့တယ်.. အဓိကကတော့ စာမေးပွဲ၊ လူမှုဆက်ဆံရေး ဘာညာနဲ့ ပတ်သက်လို့ပေါ့.. သူတို့က self-esteem (မြန်မာလိုဆို ကိုယ့်ကိုယ်ကို လေးစား၊ကြည်ညိုမှုလို့ခေါ်မလား) ကို မြှင့်ထားဖို့ပြောတယ်..ဒါပေမယ့် ကျွန်တော့် အမြင်တော့ အဲဒါဟာ အဓိကဖြစ်ပေမယ့် နည်းနည်း ထဲထဲဝင်ဝင်လေး ပိုပြောပြရင်တော့ ကောင်းလိမ့်မယ်ထင်တယ်.. ဘာဖြစ်လို့လဲဆိုတော့ self-esteem ဆိုတာ လူတစ်ယောက်ထဲအတွက် ကိစ္စတစ်ခုနဲ့ တစ်ခုမှာ အနိမ့်အမြင့် မတူနိုင်ဘူးလေ.. ဥပမာ. ကျောင်းစာမှာ ခင်များကိုယ် ခင်များ self-esteem သိပ်မြင့်နေပေမယ့်၊ တစ်ခြားကိစ္စတွေ ဖြစ်တဲ့ အချစ်ရေးတို့၊ မိသားစုနဲ့ ဆက်ဆံရေးတို့မှာ နိမ့်ချင်နိမ့်နေမှာပေါ့။ နောက်ပြီး ကောင်းသော မြင့်ခြင်း၊ မကောင်းသော မြင့်ခြင်းလည်း ရှိအုံးမယ်.. လွန်သွားရင် သူက ဘဝင်မြင့်ရောဂါမျိုး ဖြစ်သွားတတ်တယ်.. အဲဒီ အခါကျရင်လည်း စိတ်ဖိစီးမှု ဖြစ်ရပြန်ရော.. ဥပမာ၊ ကျွန်တော့်လိုပေါ့.. တခါတလေကျ အနာသိ၊ ဆေးရှိပေမယ့်လည်း ကုလို့မတတ်တာ ခက်နေတယ်.. ရုပ်ရှင်တွေလည်း ကြည့်ဖြစ်တယ်.. Ong Bak 2 နဲ့ Ip Man နှစ်ကား.. Ong Bak 2 ကတော့ ထိုင်းကားမလို့ အိမ်နီးချင်းအငွေ့အသက်လေးတွေ မြင်ရတယ်..အပြင်အဆင်နဲ့ သရုပ်ဆောင်တွေလည်း မဆိုးဘူး.. ပြီးခါနီး သိုင်းကွက်တွေ ပြတာတော့ နည်းအီလို့.. အကြိုက်ကြီးတော့ မဟုတ်လှပေမယ့် မွေထိုင်းအကွက်တွေကြောင့် ကြည့်လို့ တန်တဲ့ ကားတစ်ကားပါ.. နောက်တစ်ခု Ip Man ကတော့ တော်တော်လေးစွဲခဲ့တဲ့ကားပါ.. အသံထွက်က အစ်(ပ်)မန် လို့ထွက်တယ်.. တရုတ်စကားပြော အင်္ဂလိပ်စာတန်းထိုး.. ကြော်ငြာအဖြစ် အမြည်းကြည့်ရတုန်းက ဒီလောက်ကြီး မထင်ထားပေမယ့် အများကြီး လုပ်ပြသွားနိုင်ခဲ့တယ်.. ရုပ်ရှင်ဆိုတာ အမျိုးသားရေးတစ်ရပ်လို့မြင်တယ်ဆိုတဲ့ ဒါရိုက်တာ ကြည်စိုးထွန်းရဲ့ ဆိုလိုချက်ကို ဒီကားမှာ ကျွန်တော်တွေ့ခဲ့တယ်..Ip Man ဆိုတာ နာမည်ကြီး သိုင်းအက်ရှင်မင်းသား Bruce Lee ရဲ့ ဆရာပေါ့.. သူ့ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ရိုက်ထားတာပါ..အထူးသဖြင့် သူ့နယ်ကို ဂျပန်တွေ ဝင်သိမ်းတုန်းက ဂျပန်စစ်တပ်ကို တရုတ်သိုင်း သင်ပေးဖို့ ငြင်းခဲ့သူ..သူ ကစားတဲ့ သိုင်းက Wing Chun လို့ခေါ်တယ်.. အဲဒါကို တီထွင်ခဲ့တာတော့ မိန်ကလေးတစ်ယောက်ပါတဲ့.. အထူးသဖြင့် fisting ထိုးတာလေးတွေ ကျွန်တော် စွဲသွားတယ်.. တကယ့် သိုင်းကားတစ်ကားအနေနဲ့ ဖြစ်သင့်တဲ့ ကားမျိုးပါ..စကားပြော၊ အမူအယာလေးတွေမှာ ရယ်စရာ ဟာသလေးတွေ ညှပ်ထားလို့ ဇာတ်ကားတစ်ကားလုံး လေးမနေဘူး။True story အတိုင်း 100% real ရိုက်ထားတာတော့ မဟုတ်ပါဘူး.. Wikiမှာတော့ သူ ဟောင်ကောင်ကို ထွက်တဲ့အခါမှာ မိသားစုပါမသွားဘူးလို့ ဆိုထားတယ်..ရုပ်ရှင်ထဲမှာတော့ ဒါရိုက်တာက လိုက်သွားခိုင်းတယ်..း) Ong Bak 2 ရော၊ Ip Man ကိုပါ ဒုတိယပိုင်းထက်ထွက်မယ်လို့ သိရပါတယ်..(movieတွေကို ပို့စ်တစ်ခုအနေနဲ့ ရေးချင်ပေမယ့် ကျွန်တော့် အများကြီး မဝေဖန်တတ်လို့)
စာအုပ်တွေ အနေနဲ့တော့ ဒီရက်ပိုင်းမှာ http://yeyintnge.blogspot.com က ဒေါင်းလာတဲ့ ဦးနုရဲ့ တာတေစနေသား ဖတ်ဖြစ်နေတယ်..
Saturday, January 17, 2009
Subscribe to:
Post Comments (Atom)
1 comment:
IP Man ကြည့်ဖြစ်တယ်ဗျာ.. တော်တော်လေးကောင်းတယ်။ အမျိုးသား သိုင်းပညာနဲ့ စိတ်ဓာတ်ကို ဇောင်းပေးရိုက်ထားတယ်။ တော်တော်လေးထိတယ်ဗျာ...
Post a Comment