Saturday, January 24, 2009

ကျည်ဆံတွေ ရှိသလောက် ခြေလှမ်းတွေရှိရမယ်လို့
ဒီခရီးကို ငါတက်ခဲ့...
အရှောင်အတိမ်း၊ အကွေ့အဝိုက် ရေလဲလိုသုံးခဲ့တယ်
ငါ စိုးရိမ်တာ ရန်သူ သတ်မှာကိုမဟုတ်ဘူး..
ငါ စိုးရိမ်တာ ရိက္ခာပြတ်မှာကို မဟုတ်ဘူး..
ငါ စိုးရိမ်တာက
ကျောခိုင်းထားတဲ့ ကွင်းပြင်တည့်တည့်ဆီ..
တိတ်ဆိတ်ခြင်းတွေ ဝင်သွားမှာကိုပဲ..

1 comment:

ညိမ်းညို said...

စိုးရိမ်တာချင်း တူနေပြီ ညီရေ
ကိုယ်တို့တွေ ဘယ်လိုလုပ်ကြပ :)

Free counter and web stats