Friday, August 13, 2010

ဥခွံထဲမှာလည်း အပြင်ကလိုပါပဲ

ကျွန်တော် အစီရင်ခံနေစဉ်အတွင်းမှာပဲ
ရေးလက်စ ပထမပိုင်း အက်ဆေးဟာ အေးစက်ပြီးစီး
တစ်ယူဇနာခန့် အမူအယာများစွာ ပါဝင်လက်တွဲကာ
အသွေးတွေ၊ အသားတွေ၊
အချစ်တွေ၊ အနှစ်တွေနဲ့မို့
သက်သာ ပေါ့ပါးလျက်
တမြန်နေ့က အသဲနှလုံးတွေများနဲ့အတူတကွ
အရွယ်မရောက်ခင် အရောက်ပြန်ခဲ့ဖို့
လေးလေးနက်နက်၊ တွေးတွေးထင်ထင်
နှိုင်းနှိုင်းယှဉ်ယှဉ်၊ ချိန်ချိန်ဆဆ
အမှားကြီးများများ အများကြီးမှားသည်ကိုလည်း
ဂရုမစိုက်အား
မနေ့က ကျွန်တော့်နာမည်ဟာ ဘယ်သူ ဘယ်ဝါဖြစ်သည်ကိုသာ
ရှေးရှုလျက်
အချစ်ဆုံး သိလား.. အချစ်ဆုံး သိလားဟေ့..
အရွယ်မရောက်ခင် အရောက်မပျံနိုင်တဲ့အခါ
အထက်ဖော်ပြပါ အာရုံတွေရှိရာ အုံလာရခဲ့- အကြောင်းရင်း
သို့သော် ပျိုဖော်ဝင်စအချိန်၏
ယနေ့သတင်းအစီအစဉ်
ဤတွင်ပဲ ပြီးဆုံးပြီဖြစ်ပါသဖြင့်
နောက်တစ်ခေါက်လောက်... ငါ့ကို..
အထာသိချိန် အထိနာနာနဲ့ပဲ
ငယ်ချစ်ဟောင်းနဲ့ ပလက်ဖောင်းများစွာ
ထိုမှတဖန် ရောမန္တိချက်ပတာအသွားဖြင့်
အဆုံးမသတ်ခင် အစပ်သုံးရန်လိုလေသေးမရှိ
ဒါသည်ပင်လျှင် ရာဇသတ်ကြီးပုဒ်မ (--) အရ
ကဗျာရေးမှုဖြစ်ကြောင်း ပေါ်လွင်ထင်ရှားပါသဖြင့်


ခန့်နေ
Free counter and web stats