Sunday, February 14, 2010
မေ (၃၁) - မျိုးကျော့မြိုင်
Thursday, August 27, 2009
ရာသီပြောင်းချိန် (When a season ...
Gersingရဲ့ ဆိုဟန်နဲ့ စာသား.. (၁၈နှစ်အောက် လူကြီးများ ကြည့်မရ)
Monday, May 11, 2009
ကြယ်ကြွေညတိုင်း ဆုတောင်းမယ်
ဂန္တဝင်ဆန်တယ်လို့ခေါ်မလား.. ညဖက် ဘာမှမလုပ်ဘဲ.. တစ်ယောက်ထဲ အာရုံစိုက် နားထောင်နေရတဲ့ အရသာလေးကလည်း မိုက်တယ်.. စာသားလေးတွေကတော့ သီချင်းနားထောင်ရင်း ပြန်ရေးထားတာဖြစ်လို့.. လိုနေရင် ဖြည့်ပေးပါဗျာ.. (း
ညဉ့်သန်းခေါင်ယံ.. လေပြေညင်းကြောင့်..
မျောလွင့်သွားတဲ့ လရောင်တန်းရဲ့ တစ်ဒေသကို
အနန္တတံတိုင်း.. ပရဝဏ်အထိ..
အာရုံဖြန့်လို့ စိတ်တွေ လွင့်လွင့် လိုက်ရှာနေရင်း...
ကြယ်တွေကြားမှာ ယဉ်ယဉ်လေးနဲ့ လှတဲ့ မင်းကို
မျှော်လင့်မထားဘဲ တွေ့လိုက်တယ်..
နူးညံ့တိမ်ယံ.. ထာဝရလင်းတဲ့..
ကြယ်စင်မိုးနဲ့ ညစောင်တန်းရဲ့ ထိပ်ထားထံ..
မျှော်ရီမှန်း.. ရင်ခွင်လမ်းက..
ငုံစင်ပန်းမို့.. မေတ္တာကြိုးယှက်..
ပန်းဖောင်ဖွဲ့ရင်း..
ပန်လိုစိတ်သာ.. ရင်မှာအပြည့်နဲ့ ဆက်သလိုက်တယ်..
ယူခါ နမ်းခိုက်၊ ပန်းပွင့်စေ...
စွဲငြိကာရံ.. သာယာခြင်းရဲ့
ရင်ခုံစည်းချက် ယစ်ထုံလွှမ်းတဲ့ သခင်မထံ
ဝသုန်ရီဆောင်း.. ငူသည်အထိ..
သံစဉ်ဖို့လို့ ညှို့ငင်လွမ်းချင်း..
ဆွေးသီနေရင်း..
တိုင်တည်သစ္စာ.. ရွှေတော်နားရောက် ကြူးရင့်လိုက်တယ်
အာကာတစ်သောင်းအထိ ပျံ့လွင့်မယ်..
ရင့်ကျက်အိနြေ္ဒ၊ ထယ်ဝါခြင်းရဲ့...
ဂုဏ်သတင်းနဲ့ မွှေးထုံသင်းတဲ့ အချစ်ဆုံးထံ..
အိပ်မက်အလွမ်း...ထောင်ချီကို..
အသည်းနဲ့ရင်းလို့..ဦးကိုညွှတ်လျက်..
အလွမ်းလွှင့်တင်ရင်း.....
ဆုံနိုင်ဖို့ကို...
ရင်မှာတမ်းတ၊ မှန်းဆရင်းနဲ့..
ကြယ်ကြွေညတိုင်း..ဆုတောင်းမယ်..
Sunday, July 6, 2008
ကျွန်တော့်အတွက်တော့ သီချင်းရဲ့ Chorus အပိုဒ်ရောက်သွားတိုင်း ခံစားချက်လေးတစ်ခုဟာ စနားထောင်စဉ် အချိန်ကအတိုင်းပဲ၊ မပြောင်းလဲသေးဘူး။
မေမြို့ည
ည . . . . ည . . . . ည . . ..
ပျော်နိုင်မှာလား ကြားဖဲလေးတစ်ချပ်တည်းကို ပေးပြီး
စောင့်ရတဲ့ ဘဝ…
ဖြေသာမှာလား ရှားဖဲလေး တစ်ခြားတစ်ယောက်လက်ထဲ ပါတာ
မသိလိုက်တဲ့ ဘဝ…
မနှစ်ခြိုက်လည်း အမိုက်ခံပြီးတော့ အိပ်မရတဲ့ ရောဂါကို ကုလာ..
Cho: ည အချစ်ကလေးအကြောင်း မစဉ်းစားမိအောင်
တခုခု လိုက်လုပ်နေရတဲ့ မေမြို့ည
ည မေ့မရမှန်းသိရက်သားနဲ့
ကြိုးစားပြီး အစားထိုးရတဲ့ မေမြို့ည
ည အရှုံးကျမှ အားတင်းပြုံးကာ
မိုးလင်းမယ့် ပွဲပေါင်းများစွာ
ဆက်ကာဆက်ကာ နေရမယ့် မေမြို့ည…
ကိုယ် မြင်နေကျ သူ့မျက်နှာ မတွေ့ရခြင်းဟာလည်း ဒုက္ခပါလား..
ကိုယ် နာနေကျ သူ့စကားသံ မကြားရခြင်းဟာလည်း ဒုက္ခပါလား..
ချစ်လျက်နဲ့ ဝေးရခြင်းဟာ ဒုက္ခအပေါင်းထဲမှာ အခက်ဆုံးပါ…
Cho: ည အခိုက်အတန့်လေး မေ့လို့မရတဲ့
နည်းလမ်းကလေးရှိရင် ကောင်းမယ် မေမြို့ည
ည မကောင်းမှန်းလည်း သိရက်သားနဲ့
လိုက်တားမယ့် အချစ်ကလေး မရှိတဲ့ မေမြို့ည
ည ရှုံးလည်းခက် ထလည်း ခက်တော့
မထ, ဖြစ်တဲ့ ပွဲများကြားမှာ နစ်သထက် နစ်ကာ နေရမယ့်
မေမြို့ည…
Tuesday, September 11, 2007
Once upon a time
အားလုံးလိုလို ချစ်တဲ့ သီချင်းလေး တစ်ပုဒ်နဲ့ Lyrics ကဏ္ဍကို စတင်ချင်ပါတယ်.. ကျွန်တော် ကိုယ်တိုင်လည်း ဘယ်နှစ်ခေါက်နားထောင် နားထောင်၊ မရိုးတဲ့ သီချင်းလေး တစ်ပုဒ် ပါ။
တစ်ခါတုန်းက
ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်..တိမ်တွေလိုကြွေပြီ မျက်ရည်မိုး
ဒီလိုမျိုး မိုးအေးအေးလေး အိမ်ထဲမှာ ငါ၊ နွေးနွေးထွေးထွေးနဲ့ တွေးဆွေးဆဲ အတိတ်က အဝေးမှာဟေ့၊ ငါ့ဘေးမှာတွေ့၊ သူ့ passport ပုံသေးသေးလေး ဆေးတွေမှိန်၊ ခပ်ရေးရေးဝါး၊ အရောင်တွေတောင်ထွက်ပြေးလို့သွား…မေ့လို့မရ၊ အဲဒီ့နေ့တွေ ငါမြင်၊ ကျူရှင်က အဆင်း၊ မိုးတွေရွာရင်၊ ထီးတစ်ချောင်းအောက် အတူတူ လမ်းတွေလျှောက်ခဲ့၊
လမ်းမှာ လေကြမ်းတွေကြောင့် ကြွေမနွမ်းတဲ့ ခရေပန်းတွေကောက်၊
ဇာတ်လမ်းတွေ.. သူ့နှုတ်ခမ်းနဲ့ချွေခဲ့တဲ့ အနမ်းတွေကြောင့် အချမ်းတွေပျောက်၊
တိုးဝှေ့နေကြပါ၊ ဒီလိုမိုးရေတွေကြားမှာ၊ အမျိုးတွေတွေ့သွားမလား၊ တချို့တလေ အဖေကြားမလား၊ စိုးရိမ်တတ်သူ၊ ငါတို့တွေေ၀၀ါးစွာ မက်ခဲ့တဲ့အိပ်မက်ကလည်း၊ ကျိုးကြေချေမွကာ ပျက်ခဲ့တဲ့ မိုးရေတွေကြားမှာပဲ...တို့တွေကမ္ဘာခြားကာ ဝေးသွား၊ ဟိုမှာ မင်းကျန်းမာရေး ဂရုစိုက်ဖို့ မှာချင်တယ်၊ မမေ့ပါနဲ့၊
ရုပ်ရှင်တွေထဲက အတိုင်းဆို တော်တော်လေး အေးမှာပဲ....
အဖော်လှော်တွေ တွေ့ကာ၊ ပျော် ပျော်နေမှာ.. ဖုန်းဘယ်တော့ခေါ်မလဲလို့ မျှော်နေတာ။
ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်တိမ်တွေလိုကြွေပြီ မျက်ရည်မိုး..
စာလည်းမကျက်ချင်ပါ ငါ၊ ညဘက်တိုင်းဆက်တိုက်ထည့်မပျက်မကွက်
အိပ်မက်တွေမက်ရင် ငါ၊ ချက်ချင်းအိပ်မက်ထဲ ပတ်ရင်းရှာ… မိုး မိုး မိုးက၊ ရက်နှစ်လတိုး ပြောင်းလဲခဲ့ နှုတ်ဆက်ရင်းသာငို… တစ်ခါတုန်းက ငါ့ဘ၀ မျှော်လင့်ချက်နဲ့ အသက်သွင်းထား လက်ငင်းကမ္ဘာ ပျက်ယွင်းကာပြို၊ ငါဆိုတဲ့ ဒီသီချင်း၊ မင်း ဟိုကနေ နားထောင်နေမလား.. ရဲမင်းသိန်းဆိုတဲ့ ချာတိတ်၊ သူ့ရဲ့အသံကို ကြားယောင်နေမှာ.. ခဏလောက်ဖြေပါ၊ နီစပ်စပ် အသားရောင်တွေကြား.. ကိစ္စများမြောင်နေကာ၊ ဘာကြောင့် ဟိုက တခြားကောင်တွေ စကား.. နားယောင်နေမှာလဲ…ဒါကသက်သေ၊ ကဗျာစပ်နေ ဒီမှာ... နောက်လှည့်ကြည့်လှည့်၊ အဲဒီ ကဗျာစာရွတ်တွေ ၀ါဖန့်နေပြီကွာ.. ဟောင်းခဲ့ပြီပဲ၊ မကြာမကြာ chat တွေ၊ internet တွေအထိ ငါ၊ ငယ်ငယ်တုန်းက မင်းနာမည်ကို အခါခါ ရှာဖတ်နေမိတာ၊ အနာဂတ်တွေ ရှိမှာပဲ၊ နှုတ်ခမ်းတွေတောင် ပြာ၊ အပြတ်အေးသည့်ည.. မိုးတွေကြား လမ်းတွေ လျှောက်ကာပတ်၊ အတွေ့အထိက ချမ်းနေသလောက်၊ ငါ မရပ်ပြေးပြီးရှာ.. အနမ်းတွေပျောက်၊ ကမ္ဘာတစ်ဖက် အဝေးကြီးက၊ အလွမ်းတွေကြောင့် အနာ မကျက်သေး သည့် အရာ၊ ဆေးမရှိပါ၊ မြန်မာပြည်ကနေ အမှာ ဆက်ခြွေမိတာ.. မိုးတွေရွာလျက် ဟေ့ ဒီမှာ..
ပြန်မဆုံနိုင်တော့ပြီ အသိဆိုးတွေ… ရန်ကုန်မြို့ကောင်းကင်မှာ ဒီမိုးတွေ သည်းနေတုန်း.. လွယ်လွယ်နဲ့မေ့ဖို့ မလွယ်လို့ မမေ့ခဲ့ အခုချိန်မျိုး.. ငိုချလိုက်..တိမ်တွေလိုကြွေပြီ မျက်ရည်မိုး
မှန်မှန်ဖြေ.. အရင်က ဇာတ်လမ်း၊ လွမ်းသလား မေးချင်၊ ကမ္ဘာတစ်ခြမ်းကွာဝေးဆဲ.. မင်းရဲ့အလှမှန်းကာတွေမြင်၊ တမ်းတ..အဆွေးသီချင်းတွေ..မဆိုချင်ဘဲနဲ့ ဆိုနေရပြီ....
အကယ်၍ လမ်းမှာတွေ့ရင် မင်းမှတ်မိအုံးမလား.. ငါ့အခန်းတခါးစေ့ရင်း....
ရှိခဲ့တဲ့အတိတ်က.ပြီးခဲ့တဲ့ကိစ္စတွေ..မသိခဲ့သလိုမျိုးဘဲ...အချိုးနဲ့နေဖို့လည်း..မလွယ်လို့ဘဲ..
တကယ့်ကိုပဲ မစဲတဲ့မိုးထဲမှာ၊ဘယ်လိုလည်း..မိုးရယ်၊ အငြိုးနဲ့ ရွာခဲ့သလိုပဲ...
တစ်ခါတည်းကို ငါ့အသည်းကိုခွဲ.....သေသွားပြီ....ဘာနဲ့သဂြိုလ်မလဲ, ဟင် ??
