Showing posts with label ကြည်ဇော်အေး. Show all posts
Showing posts with label ကြည်ဇော်အေး. Show all posts

Tuesday, April 13, 2010

စာပို့ခို

ဘာမှန်းမသိလည်း
အသက်နဲ့ရင်းပြီး ပျံသန်းလာမယ်။
ပုံပြင်ထဲမှာဆို
ယုန်ကလေးလည်း ပညာရှိ။
လိပ်ကလေးလည်း
တစ်နေ့တစ်လံရွေ့နေမယ်။
လူနဲ့မတူတဲ့ လူ့ဘဝ
ဘယ်သူနဲ့မှလည်း မတူတဲ့လူ့ဘဝ
လူ့ဘဝဟာ
မျှော့တစ်ကောင်လို သွေးမစုပ်နိုင်ခဲ့ပါ။
နေရောင်ခြည်မှာ
ဘလိတ်ဓားဟာ တလက်လက်ဝင်းပလို့။
မနက်ဖြန်မှာ
ဘယ်သူ့နာရေးသတင်းကြားရမလဲ။
ဘာမှန်းမသိလည်း
အသက်နဲ့ရင်းပြီး ပျံသန်းလာမယ်။ ။


ကြည်ဇော်အေး
(ရိုးရိုးသားသားသစ်သီး ကဗျာစာအုပ်မှ).



Free counter and web stats