Saturday, June 27, 2009

ဟိုး.. ရှေ့ရှေ့တုန်းက

ရိုးသားသူကို ရိုးသားမှုနဲ့
ကဗျာကို ကဗျာနဲ့
ဒီတစ်ကဗျာနဲ့ မလောက်ရင်
နောက်တစ်ကဗျာ ထပ်ဖွင့်လို့
မိုးလင်းတိုင်းမှာ
ဥသြလေးလည်း ဆောင်းဦး
ဖားအော်သံလည်း ဆောင်းဦး
ပြတင်းပေါက်ကိုကျော်ကာ မှတ်ယူလို့
ကိုယ့်အကြောင်း ကိုယ်ပြောရတဲ့အလုပ်
အမုန်းဆုံးဖြစ်ကြောင်း၊
ပြန်ရောက်ရင်လည်း
ပြန်လည် ရောက်ရှိကြောင်း..
ဒါမှမဟုတ်
၁၅ မိနစ်ဟာ ၁၅နှစ်စာ ဖြစ်သွားနိုင်လို့
ပုံမမှန်ဆိုရင်တော့
အရင် ဒီအချိန်
သူ ကိုယ်နဲ့ပေါ့
ကျွန်တော့် လေသံတွေ ပျော့ရမှာ
သူ့ မျက်နှာကြီး မာနေတော့
ပြန်ရောက်တဲ့အခါ
ပဲဟင်းနည်းနည်း၊ ကဗျာနည်းနည်းနဲ့
တို့ရဲ့ သမီးလေးကို
နာမည် ဘယ်လိုပေးရင်ကောင်းမလဲ
ကိုယ်က စတင် စဉ်းစားမိတယ်။



Friday, June 26, 2009

童话 Fairy Tales

စဉ်းစားကြည့်ရင် ကျွန်တော် ဘယ်လောက်ပျော်သွားသလဲဆိုတာ.. ကျွန်တော် သိပ်သိချင်နေခဲ့တဲ့ သီချင်းလေးတစ်ပုဒ်ကို ကျွန်တော့်ရဲ့ တစ်စုံတစ်ယောက်က ကျွန်တော့်အတွက် ဘာသာပြန်ပေးခဲ့တယ်လေ။ Mail box လေး ဖွင့်ကြည့်တဲ့အခါ၊ သူရဲ့ သေချာစီထားဟန်ရှိတဲ့ အက္ခရာလေးတွေကို တွေ့လိုက်တဲ့အခါ၊ အတိုင်းမသိကြည်နူးမှုတွေနဲ့အတူ ကမ္ဘာမြေပြင်ရဲ့ အမြင့်ဆုံးတစ်နေရာကို ရောက်ရှိလို့သွား.. June 24 ဟာ ကျွန်တော့်အတွက် အမှတ်တရနေ့လေးတစ်နေ့ပေါ့။




ဒိုင်ယာရီပုံပြင်
မင်းကိုယ်တိုင် ပြောပြတဲ့ ဒိုင်ယာရီပုံပြင်တွေကိုနားမထောင်ရတာ ဘယ်လောက်ကြာပြီလဲဆိုတာမမှတ်မိတော့ပါဘူး။
အကြာကြီး တွေဝေနေပြီး တဖြည်းဖြည်းနဲ့
ကြောက်စိတ်တွေဝင်လာခဲ့တယ်။
ငါ ဘာအမှားများလုပ်မိလို့လဲ..။

ဒိုင်ယာရီတွေက လူတွေကိုလိမ်တာလို့
မင်းမျက်ရည်တွေကြားထဲက ပြောပြခဲ့တယ်။
ငါ မင်းရဲ့ မင်းသားလေး မဖြစ်နိုင်ဘူး။
ဒါပေမယ့် မင်းငါ့ကို ချစ်တယ်လို့ ပြောပြီးတဲ့နောက်
မိုးကောင်းကင်မှာ ကြယ်လေးတွေ လင်းလက်လာခဲ့တယ်။


မင်းအတွက်ဆိုရင် ပုံပြင်ထဲက နတ်သမီး ပုံစံ ဖန်ဆင်းပြီးလက်နှစ်ဖက်ကို တောင်ပံအသွင်ပြောင်းလို့အုပ်မိုးကာကွယ်ပေးချင်နေမိတယ်ငါတို့ရဲ့ဇာတ်လမ်းဟာလည်း ဒိုင်ယာရီထဲကအတိုင်း
ပျော်ပျော်ရွှင်ရွှင်အဆုံးသတ်မယ်ဆိုတာ ငါယုံပါတယ်..။
မင်းကိုလည်းယုံစေချင်ပါတယ်..။ ။။
...................................................................

童话

忘了有多久再没听到你
对我说你最爱的故事
我想了很久我开始慌了
是不是我又做错了什么

你哭着对我说
童话里都是骗人的
我不可能是你的王子
也许你不会懂
从你说爱我以后
我的天空星星都亮了

我愿变成童话
你爱的那个天使
张开双手
变成翅膀守护你
你要相信
相信我们会像童话故事里
幸福和快乐是结局..

Wednesday, June 24, 2009

ဒေါက် ဒေါက်.. ဒေါက်တာ

နာရေးခေါင်းစဉ်အောက်မှာ
ကိုယ့်နာမည်ကိုယ် ရှာမတွေ့တဲ့အခါတိုင်း
ဒေါက်တာနဲ့ ပတ်သတ်ခွင့်ရသေးတယ်ဆိုပြီး
ပျော်နေသူတစ်ယောက်ဟာ ကျွန်တော်ပါ။
ဒါပေမယ့်လေ
နားကျပ်နဲ့ မရောက်ရှိနိုင်တဲ့ နေရာတွေကျမှ
ဒဏ်ရာတွေက (၃)ရာသီမပြတ် ခိုအောင်းနေလို့
ကျွန်တော် ဘယ်လိုပြောရမလဲဟင်
ဒေါက်တာရယ် ကျွန်တော့်ကို ကုပါ။
မေ့နေတယ် ဆိုတာထက်
မေ့ချင်ယောင် ဆောင်နေရတာ..
ဒါပေမယ့် မေ့ချင်ယောင်ဆောင်နေတာကို
မေ့မေ့နေတော့ ခက်ပါတယ်။
ကဗျာတွေ ရေးမယ့် လက်မှာ
အနာတွေ ဆေးထည့်စရာကျန်နေသေးလို့ပါ ဒေါက်တာ။
အဖြူအမည်း ဓါတ်မှန်တွေနဲ့ မလုံလောက်တဲ့အခါ
ဟောဒီ ရင်ဘတ်ကို ဖွင့်ကြည့်ကြည့်ပါ ဒေါက်တာ
ဆေးမတိုးတော့တဲ့ ကိုယ့်ကိုယ်ကို
ဒေါက်တာ လက်လျှော့လိုက်မှာ သိပ်စိုးရိမ်မိ။
(ရင်ဘတ်ကြီး ဖွင့်ဖွင့်ပြီးတော့)
ဒေါက်တာရယ် ကျွန်တော့်ကို ကုပါ။
အပြင်ဘက်က ရေမွှေးနံ့၊ လူဦးရေထူထပ်မှုနဲ့
ကြိုးမဲ့စနစ်တွေကနေ သွေဖယ်လို့
ဒေါက်တာရဲ့ ဆေးပေးခန်းလေးထဲကို
ရောက်ခဲ့ပါမယ်။
ဆေးထိုးအပ်တွေအစား
အကြင်နာအကြည့်တွေသာ များများထိုးသွင်းလိုက်ပါ။

ဒေါက်တာ မှာကြားတဲ့အတိုင်း
မိမိကိုယ်မိမိ ဂရုစိုက်ပါဆိုလို့
ဒီကဗျာလေးကို ရေးမိပါတယ်။
ဒေါက်တာရော
ပေးဆေးစာရင်းမှာ
ဒေါက်တာ့နာမည်ကို ဘယ်တော့ ရေးမလဲ။


Monday, June 22, 2009

ဒီကနေ့ဟာ တစ်နည်းအားဖြင့်

ကြွရောက်လာသော
ကမ္ဘာသူ ကမ္ဘာသားများ (အားလုံး)
မင်္ဂလာပါ..
(လက်ခုပ်သံများ ဗလာဖြင့်)
များမကြာမီ အချိန်အတွင်းမှာ
အခမ်းအနားပြီးဆုံးတော့မည် ဖြစ်ပါသဖြင့်
ကိုယ်စီကိုယ်ငှ နေရာယူပေးကြပါရန်
လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။
အခမ်းအနားအစီအစဉ်များမှာ
အစီအစဉ်(၁) အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း
အစီအစဉ်(၂) ကဗျာဖတ်ခြင်း အလုပ်နှင့်
အစီအစဉ်(၃) အခမ်းအနား စတင်ဖွင့်လှစ်ကြောင်း
ကြေညာခြင်းတို့ပဲ ဖြစ်ပါတယ်။

ယခုနောက်ဆုံးအစီအစဉ်အရ
ဤအခမ်းအနားကို
အောင်မြင်စွာ စတင်ဖွင့်လှစ်လိုက်ကြောင်း
ကြေညာအပ်ပါသည် ခင်များ။
Free counter and web stats