အချိန်ရရင် ရသလို ကျန်တဲ့ ဆောင်းပါးများကိုလည်း တင်ပေးချင်ပါတယ်။..
Thursday, April 22, 2010
အဲလိယစ်တ်ပြောတဲ့ Sensibility (ဇေယျာလင်း)
အချိန်ရရင် ရသလို ကျန်တဲ့ ဆောင်းပါးများကိုလည်း တင်ပေးချင်ပါတယ်။..
Monday, August 31, 2009
ဘဝကို မြန်မြန်သုံးစွဲ.. ရန်သူအတွက် ချန်မထားနဲ့
“ဘဝကို မြန်မြန်သုံးစွဲ.. ရန်သူအတွက် ချန်မထားနဲ့”.. ဆရာ စိုင်းဝင်းမြင့်ရဲ့ “များများ မြန်မြန်” ကဗျာစာအုပ်ထဲက ကဗျာခေါင်းစဉ်လေးတစ်ခုပါ.. အပေါ်က ဗီဒီယိုလေးနဲ့ လိုက်တယ်ထင်လို့ ပို့စ်ခေါင်းစဉ်လေးတပ်ဖြစ်တယ်။
Sunday, August 16, 2009
ပြည်မှာ သင်္ကြန် (၂၀၀၉)
ပြီးခဲ့တဲ့ ၂၀၀၉ သင်္ကြန်ကို ကျွန်တော် ပြည်မှာ ပြန်ကျခဲ့ပါသည်။ တကယ်တော့ ပြည်ပြန်ရောက်တုန်း ဓါတ်ပုံတွေရိုက်ပြီး ဘလော့မှာ တင်ဖို့ လုပ်သေးတယ်။ ဒါပေမယ့် ကူးထားတဲ့ Cdလေးက (ကျွန်တော့်ရဲ့ ပေါ့ဆမှုကြောင့်) ဘယ်ကျန်ခဲ့တယ် မသိဘူး။ အပေါ်က ပုံတွေကတော့ ကျွန်တော့်ရဲ့ ချစ်လှစွာသော ဒယ်ဒီရဲ့ လက်စွမ်းပြချက်တွေပေါ့.. ဘာရယ်မဟုတ်ဘူး.. သင်္ကြန်တွင်းဆို အားလုံးက ကိုယ့်မွေးရပ်ဌာနေ (ဒါမှမဟုတ်လည်း)ပျော်စရာကောင်းမယ့်၊ အေးအေးဆေးဆေးရှိမယ့် နေရာတစ်ခုခုမှာ ရှိချင်ကြတာများတယ်၊ သင်္ကြန်တွင်းခရီးသွားရတာတော့ ကျွန်တော့်အနေနဲ့ သိပ်မကြိုက်လှဘူး။
ပြည်မှာ သင်္ကြန်မရှိတာဆို ၂နှစ်ဆက်ဖြစ်ခဲ့တယ် ၂၀၀၇ နဲ့ ၂၀၀၈ ပေါ့။ ကျွန်တော့်ရဲ့ High school batch က လူတော်တော်လေးညီတော့ နှစ်တိုင်း တစ်ခုခုလုပ်ဖြစ်တယ်။ ၁၀တန်းမပြီးခင်ကတော့ ကားနဲ့ အားလုံး စုပြီးလည်ကြတယ်.. နောက်ပိုင်း တက္ကသိုလ်တွေရောက်တော့လည်း ဒီလူတွေက မကွဲတဲ့အပြင် ပိုပြီးတော့တောင် လူစုံလာသေး.. ၂၀၀၈ နဲ့ ပြီးခဲ့တဲ့ ၂၀၀၉ ဆက်တိုက် မဏ္ဍပ်ဆောက်ဖြစ်တယ်။ ၂၀၀၈ကတော့ ကျွန်တော် မရှိဘူးပေါ့။ အခု ၂၀၀၉မှာတော့ မဏ္ဍပ်မှာ ညဖက် ပြဇာတ်တို့၊ သီချင်းတို့တောင် ဆိုဖြစ်၊ ကဖြစ်ကြတယ်။ ကျွန်တော်တို့ဆီက မဏ္ဍပ်တွေက ရန်ကုန်တို့ မန္တလေးတို့နဲ့ တည်ဆောက်ပုံချင်းမတူပါဘူး။ ရန်ကုန် အင်းလျားက မဏ္ဍပ်တွေလောက် ကြီးတာဆို သိပ်မရှိဘူး၊ အများစုက အလယ်အလတ်လောက်နဲ့ ပုံစံချင်းတူကြတယ်။ ကုမ္မဏီကြီးတွေကလည်း Sponsor ဆို ကျွန်တော်တို့လို မြို့ကျဉ်းကျဉ်းမှာ ဖြုန်းချင်ကြတာ မဟုတ်ဘူး။ အဲဒီတော့ တော်တော်များများက ကိုယ့်မြို့ထဲမှာ ရှိတဲ့ စက်ရုံ၊ ဒါမှမဟုတ်လည်း ကိုယ့်အသိအချင်းအချင်း နီးစပ်ရာနဲ့ ပေါင်းလုပ်ကြတာ.. အများအားဖြင့် အရှုံးခံရတာများပါတယ်။ မဏ္ဍပ်တွေမှာ ရပ်ကွက် မဏ္ဍပ်တွေ ရှိသလို၊ ကျွန်တော်တို့လိုပဲ စုပေါင်းစပ်ပေါင်း လုပ်ကြတဲ့ မဏ္ဍပ်တွေလည်းရှိတယ်။ တခြားကတော့ ကိုယ့်အိမ်ရှေ့မှာ ကိုယ် အုန်းလက်လေးနည်းနည်းနဲ့ အမိုးလုပ်ပြီး ပက်ကြပေါ့။ ရပ်ကွက်မဏ္ဍပ်တွေက နှစ်စဉ် ယိမ်းတွေ ထွက်ကြပါတယ်။ (ပြည်မှာ (ကျွန်တော်မှတ်မိသလောက်ပေါ့လေ) ကျောင်းကြီးအိုးတန်း၊ ရွှေကူ၊ နဝင်း၊ ရွာဘဲ၊ ဆံတော်၊ တရုတ်စု၊ ဆင်စုဆိုပြီး ရပ်ကွက်ကြီးပေါင်း (၇)ခုရှိတယ်။) သင်္ကြန်တွင်း ညဖက်တွေဆို ဗဟိုမဏ္ဍပ်မှာ တစ်ရက်သွားကရပါတယ်။ ဗဟိုက အကဲဖြတ်ပြီး ဆုချီးမြှင့်ပေးတယ်။ ကျွန်တော်တို့လို စုပေါင်းစပ်ပေါင်းလုပ်တဲ့ မဏ္ဍပ်တွေကတော့ အများစု ညဖက်အစီအစဉ်မရှိကြတာများပါတယ်၊ ဒါပေမယ့် နောက်ပိုင်း တီးဝိုင်းတွေ၊ မော်ဒယ်ရှိုးတွေ၊ ယိမ်းတွေ လုပ်ပြီး တစ်ခုနဲ့တစ်ခု ယှဉ်လာကြတာတွေ့ရတယ်။ သင်္ကြန်တွင်း ညဖက် မြို့ထဲပတ်ပြီး လျှောက်ကြည့်ရတာလည်း ပျော်စရာကောင်းပါတယ်.. နေ့ခင်းဖက်ကို အားကုန် မကဲထားရင်ပေါ့။ မဏ္ဍပ်တွေကိုတော့ တိုင်ကီတွေ၊ ဇလီဖားတုံးတွေ ခုပြီး ဘေးလက်ရန်းတွေကိုတော့ သစ်တွေနဲ့ အကာပြုရပါတယ်။ ဇလီဖားတုံးဆိုတာက မီးရထားသံလမ်းကိုခုတဲ့ သစ်တုံးကြီးတွေပေါ့၊ အဲဒါအတွက်တော့ မီးရထားရုံမှာ သင်္ကြန်နီးတဲ့အခါ လျှောက်လွှာတင်၊ တုံး ၃၀၀ကနေ ၅၀၀အထိလောက် သုံးရပါတယ်။ မိန်းလမ်းကို ကန့်လန့်ဖြတ်ထားတဲ့ လမ်းတွေ တစ်လမ်းခြားဆီကို ပိတ်ဆောက်ရတဲ့အတွက် သင်္ကြန်နားနီး တစ်လလောက်ဆို စက်တပ်ယာဉ်တွေအတွက် သွားရလာရတာ အခက်အခဲရှိတတ်တယ်။ မဏ္ဍပ်တစ်ခုကို အကျယ်က ပေ ၄၀ x ပေ ၆၀ပေါ့။ အမြင့်ကတော့ တိုင်ကီကို အလှဲတစ်ထပ်၊ အထောင်တစ်ထပ် (ဒါမှမဟုတ်) အထောင်နှစ်ထပ် စီတဲ့အပေါ်မှာမူတည်ပြီး နှစ်မျိုးလောက်ပဲ တွေ့ရပါတယ်။ အောက်မှာ ရေပက်စင်တစ်ထပ်၊ အပေါ်မှာ Dancing floor ထားတာချင်းတော့ တူမယ်ထင်တယ်။ ကျွန်တော့်တို့ မဏ္ဍပ်ကတော့ အခုနှစ် (၃)ဆင့်ဆောက်ထားတာတွေ့ရတယ်။ နောက်ဆုံးအဆင့်မှာ စက်ပစ္စည်းတစ်ချို့နဲ့ sound boxတွေ တင်ထားတယ်။ Membership ကတော့ (၄)ရက်လုံးကို ၁၅၀၀၀ နေ ၂၅၀၀၀ အတွင်း ရှိတတ်တယ်။
ကျွန်တော့်အမြင်ကတော့ အခုနောက်ပိုင်း အဲဒီလို မဏ္ဍပ်တွေဆောက်ပြီး ပျော်ကြတာပဲ ဖြစ်ဖြစ်၊ လည်ကြတာပဲဖြစ်ဖြစ်၊ သိပ်မကြိုက်တော့ဘူး။ အားလုံးဟာ မူးအောင်သောက်မယ်၊ ပြီးရင် ရေစိုပြီး ကမယ်၊ ခုန်မယ် ဖြစ်လာကြပြီ။ ဒါကိုပဲ typical အလုပ် တစ်ခုလို တစ်နှစ်ထက်တစ်နှစ် ပိုမိုကျင့်သုံးလာကြပြီး ပျော်တာထက်၊ ပျက်တဲ့အဆင့်ကို ရောက်သွားပြီ။ မူးယစ်သောက်စားတာမပါရင်ဘဲ သင်္ကြန်မဟုတ်သလိုဖြစ်လာပြီ။ မူရင်း ကျင်းပရခြင်းရည်ရွယ်ချက်နေ ကျွန်တော်တို့တွေ တစ်နှစ်ပြီး၊ တစ်နှစ်ပြီး ဝေးဝေးလာကြသလိုပဲ.. အဲဒါဟာ စိုးရိမ်တတ်ရင် စိုးရိမ်ဖို့ကောင်းတယ်.. အခုနေ ကလေးအရွယ်တွေဟာ ဒါတွေကို မြင်မယ်၊ လိုက်ပြီး အတုခိုးလာကြမယ်ဆိုရင် နောက်ပိုင်းမှာ သင်္ကြန်ရဲ့ရည်ရွယ်ချက်ဟာ ကြောက်စရာကောင်းလောက်အောင်ကို ပြောင်းလဲ(လွဲ)သွားလိမ့်မယ်။ “နှစ်ဟောင်းအညစ်အကြေးတွေကို နှစ်သစ်မှာ အတာရေနဲ့ ဆေးကြော၊ မင်္ဂလာယူတယ်ဆိုတာ”တွေဟာ စာအုပ်တွေထဲမှာဖတ်ဖို့၊ စာမေးပွဲမှာ အမှတ်ကောင်းအောင် ချရေးပြဖို့လောက်ပဲ ကျန်ခဲ့တော့မှာလား.. ကျွန်တော် ဆိုလိုချင်တာ တိုက်ပုံဝတ်ပြီး၊ ငွေဖလားနဲ့ နံ့သာရေလောင်းဖို့ကို မဟုတ်ပါဘူး၊ ဒါပေမယ့် ခေတ်မှီတယ်လို့ဆိုလိုက်တိုင်းမှာ ဘောင်းဘီတိုဝတ်တာပဲ ပြေးပြေးမြင်နေတဲ့ စိတ်တွေ.. ကျွန်တော်တို့ဘယ်လို ရှေ့ဆက်မလဲ။
Monday, July 20, 2009
The Pen Story
This is the PEN Story in stop motion. We shot 60.000 pictures, developed 9.600 prints and shot over 1.800 pictures again. No post production! Thanks to all the stop motion artists who inspired us. We hope you enjoy
Free download of the music at http://olympus.eu/penstory/
Friday, July 17, 2009
ခေတ်ပေါ်ကဗျာ၏ ဂုဏ်ရည်အချို့
ဒါပေမယ့် ဟန်သစ်ကျမှ ဆောင်းပါးတစ်ပုဒ်အနေနဲ့ ထည့်လိုက်တော့ ပြဿာနာရှိလာတယ်။ ပထမကဗျာသမား ကွက်ကွက်လေး(တစ်ခု)အတွက် ရည်ရွယ်ထားတာက မရည်ရွယ်ဘဲနဲ့ ဒီထက်ကျယ်ပြန့်တဲ့ ကဗျာသမားတွေဆီ ရောက်သွားတာကိုး။ ဒီတော့ စာတမ်းဖတ်ပြီး သူတို့လည်း သူတို့ အမြင်နဲ့ ဆွေးနွေးလာတာတွေ ရှိတယ်။ ကျွန်တော်နဲ့တွေ့လို့ အပြင်မှာ မေးမြန်းဆွေးနွေးတာတွေလည်း ရှိတယ်။ အခုတစ်ခါ အဲဒီဆောင်းပါးကိုပဲ (ကဗျာအထူးမြှင့်တင်ရေး ရက်သတ္တပတ်အစီအစဉ်အဖြစ်နဲ့) com.mmm Book မှာ အင်တာနက်တင်လိုက်တော့၊ ကျယ်ပြန့်သထက် ကျယ်ပြန့်မယ့်သဘော ဆောင်လာတယ်။ ဒီတော့ ဆောင်းပါးပါ အဓိကအချက်အချို့ကို စာဖတ်သူ (ကဗျာဝါသနာပါသူ) အများစု ဒီထက်လွယ်ကူ ရှင်းလင်းအောင် ဖြေရှင်းမယ့်တာဝန် ရှိလာတယ်လို့ ယူဆမိတာနဲ့ ဒီနောက်ဆက်တွဲ ဆောင်းပါးကို ရေးမိတာပါပဲ။ ဒါပေမယ့် ကဗျာဆိုတာ ဒါမှမဟုတ် ကဗျာနဲ့ ပတ်သတ်တဲ့အရာဆိုတာ သာမန်စာဖတ်သူ မဆိုထားနဲ့ ကဗျာဆရာအချင်းချင်းတောင် အဆင့်ဆင့်အနေအထားအရ ကွဲကွဲပြားပြားသဘောပေါက်နားလည်အောင် ပြောပြဖို့ခက်တယ်ဆိုတာ သိထားတော့ ခပ်ရွံ့ရွံ့ပါပဲ။ ဟုတ်တာ မဟုတ်တာ အပထား၊ စ. မိတဲ့ကိစ္စကို တတ်နိုင်သမျှ တာဝန်ယူလိုက်တယ်လို့ပဲ မိမိဘာသာ သဘောထားလိုက်ပါတယ်။ ကျွန်တော် အဲဒီဆောင်းပါးထဲမှာ ကဗျာတစ်ပုဒ်ဖြစ်ဖို့အတွက် လိုအပ်တဲ့ အင်္ဂါရပ်တချို့ (တချို့လို့ ပြောရတာက တကယ့်ကို အင်္ဂါရပ်အကုန်အစင် မဟုတ်သေးလို့ပါပဲ) လို့ ရေးသားဖော်ပြခဲ့ပါတယ်။ တစ်ချက်ချင်း ပြန်ရှင်းရရင်..။
၁။ ကဗျာမဆန်ရဘူး
(ကဗျာမဆန်ဆန်အောင် ဇွတ်လုပ်နေကြတယ်)
ကဗျာဟာ ကဗျာမဆန်ရဘူးပြောလိုက်တာကို ရုတ်တရက် သဘောမပေါက်တာထက်၊ ဘဝင်မကျဖြစ်သွားတာက ပိုတယ်လို့ ထင်ပါတယ်။ ကျွန်တော်ကတော့ (anti-poetic)လို့ သုံးလိုက်ရင် ရှုပ်ကုန်မှာစိုးလို့ လွယ်လွယ်ပြောလိုက်တာပါပဲ။ တခြားနိုင်ငံတွေမှာ ကဗျာဆန့်ကျင်ရေးဆိုတဲ့ အမည်နဲ့ ကဗျာဂိုဏ်းတွေ ဖြစ်ထွန်းပြီးခဲ့တာ ကြာပါပြီ။ ဒါဟာ ကဗျာဖြစ်ထွန်းမှု သမိုင်းမှာ ကာလရဲ့ တောင်းဆိုမှု အလျောက်၊ ကဗျာသန့်စင်ရေး လုပ်ခဲ့ကြတာပဲ။ ကျွန်တော်တို့ ဆီမှာ ကဗျာဆိုတာ နုရ နွဲ့ရမယ်၊ ကွန့်ရ ညွန့်ရမယ်ဆိုတဲ့ အစွဲဟောင်းက တော်တော်အမြစ်တွယ်နေတာ တွေ့ရတယ်။ ရိုးရာအစဉ်အလာ (ဂန္တဝင်)ထဲက ရတုမျိုး လင်္ကာအသုံးအနှုန်း (ပေါရာဏ)တွေ သုံးနိုင်မှ ဟုတ်တယ် ထင်နေတဲ့သူတွေ အခုထိရှိသေးတယ်။ အမှန်တော့ ဒီကိစ္စကို ခေတ်ပေါ်ကဗျာက သူ့ရဲ့ အဓိကလက္ခဏာတစ်ရပ်အနေနဲ့ (စာဟန်မပါတဲ့ စာမဆန်တဲ့) အရပ်သုံးသာဘာစကားကို အစားထိုးသုံးစွဲခြင်းနဲ့ တော်လှန်ပစ်ခဲ့ပြီးပြီ။ တော်တော်အမြစ်တွယ်နေတယ်လို့ ပြေရတာက ခေတ်ပေါ်ဗျာတချို့မှာ ဒီလို အသုံးအနှုန်းတွေ ဆက်တွေ့နေရလို့ပဲ။
နောက် ဒီလိုကဗျာဆန်ရမယ်ဆိုတဲ့ အချက်က အခြားတစ်ဘက်စွန်းမှာ ခေတ်ပေါ်ကဗျာဆရာတချို့ကို (အနောက်တိုင်းမှာ ခေတ်ကုန်နေပြီဖြစ်တဲ့) အမှန်လွန်ဝါဒ၊ သင်္ကေတဝါဒဆိုတာတွေနောက် ကောက်ကောက်ပါအောင် ထွေးထွေးလျှောက်ရေးမှ ကဗျာဖြစ်တယ်၊ တန်ဖိုးရှိတယ်လို့ အထင်ရောက်နေကြတာ တွေ့ရပြန်တယ်။ မောင်သာနိုးက ခက်လွန်းတဲ့ ချောက်ကမ်းပါးနဲ့ လွယ်လွန်းတဲ့ ချောက်ကမ်းဆိုတဲ့ အစွန်းနှစ်ဖက်ကို ရှောင်ရှားကြဖို့ သတိပေးဖူးတယ်။ ချက်က ကဗျာဆရာဟိုးလဗ်ကတော့.. ကဗျာကို ကောက်ဖတ်လိုက်ရင် သတင်းစာဖတ်သလို၊ ဘောလုံးပွဲသွားရသလို ပေါ့ပေါ့ပါးပါး ရှိရမယ်လို့ ဆိုတယ်။ အောင်ချိမ့်ရဲ့ မကြာခင်က ထုတ်ဝေခဲ့တဲ့ ပြဇာတ်မင်းသားကဗျာစာအုပ် အမှာစာမှာလည်း (ကျွန်တော့် ကဗျာဖတ်တဲ့အခါ၊ ကဗျာဖတ်သူများ ပေါ့ပါးလွယ်ကူပါစေ)လို့ လေးလေးနက်နက် ဆန္ဒပြုထားတာ တွေ့ရတယ်။ ကဗျာကို လွယ်အောင် ရေးရတာခက်ပြီး၊ ခက်အောင်ရေးရတာ လွယ်တော့၊ ကဗျာရေတဲ့သူတော်တော်များများဟာ အဲဒါကိုပဲ ခံတွင်းတွေ့နေကြဟန် တူပါတယ်။
၂။ ဝေါဟာရဖက်ရှင်ရှိုး မဟုတ်ဘူး။
(စကားလုံးနွံထဲ နစ်နေကြတယ်)လို့ ပြောခဲ့တာလည်း ဒီသဘောပဲ။ ကဗျာတစ်ပုဒ်မှာ အသုံးပြုထားတဲ့ စကားလုံးဆိုတာ၊ အဲဒီကဗျာရဲ့ ရည်ရွယ်ရင်းပန်းတိုင်ကို ပို့ဆောင်ပေးမယ့် ယာဉ်ပဲ.. ။ ဒါကြောင့် စကားလုံးတိုင်းကို သုံးရင်း အဓိကထားရမှာက ဘယ်လောက်ခရီးတွင်မလဲဆိုတဲ့ အချက်ပဲ။ လိုရာမရောက်တဲ့ စကားလုံးဟာ ကဗျာတန်ဖိုးကို ယုတ်လျော့စေတဲ့ အနှစ်သာရမဲ့ ဖောင်းပွဲမှုပဲ ဖြစ်တယ်။ အဲဒါနဲ့ ပတ်သတ်လို့ ဒေါင်းနွယ်ဆွေက ပန်းပေါင်းစုံကို ဝေနေအောင်ပန်ထားတဲ့ အရူးမရဲ့ ခေါင်းနဲ့ ဥပမာပေးဖူးတယ်။ အဲဒီခေါင်းက ထွက်လာတဲ့ (အရူးမပါးစပ်) စကားလုံးတွေကတော့၊ ကပေါက်တိ ကပေါက်ချာ ချည့်နဲ့နဲ့။ ကဗျာဆိုတာ ကန့်သတ်ထားတဲ့ အချိန်အတွင်း၊ ကန့်သတ်ထားတဲ့ ပမာဏအတွင်း၊ ကန့်သတ်ထားတဲ့ စကားလုံးတွေကို အသုံးပြုထားတဲ့၊ တိကျတဲ့ ဝေါဟာရအစုအဝေးပါပဲ။
၃။ နက်ရှိုင်းရမယ်။
(အနှစ်မပါဘဲ အဆန်ချောင်နေတာတွေ့ရတယ်)
ဒုတိယအချက်နဲ့လည်း ပတ်သတ်တယ်။ စကားလုံးတွေနဲ့ ဟန်ရေးပြ၊ ဖြဲခြောက်ထားတဲ့ ကဗျာအတော်များများ တွေ့ရတယ်။ အတွင်းနှိုက် ရှာဖွေလိုက်တော့၊ လေးလေးနက်နက် ဆိုလိုချင်တာ မတွေ့ရဘူး။ ကဗျာတစ်ပုဒ်ရဲ့ တန်ဖိုးဟာ.. အဲဒီကဗျာဆရာက လောကကို ဘယ်လောက် နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်နိုင်သလဲ ဆိုတဲ့ အပေါ်မှာ တည်မှီနေတာ အမှန်ပါပဲ။ ကဗျာတွေဟာ အပေါ်ယံ ပုဂ္ဂလိကဝေဒနာလောက်ကို ဇာချဲ့ပြီး ပေါလောမျောနေတာ တွေ့ရတယ်။ အဲဒီဝေဒနာကို အရင်ခံပြီး လောကအမြင်တစ်ခု အဆင့်ရောက်အောင် တွန်းတင်နိုင်တာ မတွေ့ရဘူး။ ခံစားမှု (ဝေဒနာ)ကို အခြေခံတဲ့ “ထုတ်ယူဆင်ခြင် ယုတ္တိဗေဒ” သဘောလက္ခဏာကို အဆင့်မြင့်ကဗျာတစ်ချို့မှာ ရှာတွေ့နိုင်ပါတယ်။
၎။ ကြည်လင်ရမယ်၊ သန့်စင်ရမယ်။
(ဖန်တီးမှု မဟုတ်ဘဲ၊ ဝိုးတိုးဝါးတား ဖြစ်နေတာတွေ့ရတယ်)
အနုပညာရပ်တိုင်းမှာ မရှိမဖြစ်တဲ့ အကြည်ဓါတ် (Purity)ကို ပြောလိုက်တာပဲ။ အဲဒါဟာ အနုပညာရဲ့ အတွင်းအနှစ်လည်း ဖြစ်တယ်။ ရေဆေးအကြည်ကားတစ်ချပ်ကို တိုးလျှိုပေါက် (အလင်းပေါက်) Transparent ဖြစ်နေသလိုပေါ့။ ခေတ်ပေါ်ကဗျာမှာ ဝိုးတဝါးအောင် တမင်လုပ်ယူရတာမျိုး ရှိပေမဲ့၊ အဲဒါက အကြည်ဓါတ် မပျက်ရဘူး။ ဖန်တီးတာ မဟုတ်ဘဲ၊ တစ်နည်းအားဖြင့် မရည်ရွယ်ဘဲ ဝိုးတဝါး ရှုပ်ထွေးနေတာမျိုးနဲ့ ကွဲပြားသိသာတယ်။
၅။ ရိုးသားရမယ်
(ဟန်ဆောင်တာတွေ၊ ဟန်လုပ်တာတွေ များနေတယ်)
ကဗျာဆရာဟာ ကဗျာမရေးခင်ရော၊ ရေးနေခိုက်မှာပါ ရိုးသားတဲ့ စိတ်ရှိထားဖို့ လိုအပ်ပါတယ်။ မရေးခင်ကတည်းက လူအထင်ကြီးစေချင်၊ လူတတ်ကြီးလုပ်ပြချင်စိတ်နဲ့ ဟန်ဒြပ်ထုတ်ဖို့ ရေးလိုက်တဲ့ ကဗျာဟာ၊ ဘယ်လိုမှ ကောင်းလာနိုင်စရာ မရှိပါဘူး။ ဒီစိတ်ဓါတ်က လူစည်စည် ပွဲဈေးတန်းမှာ ဗျောက်အိုးဖောက်တဲ့ ကလေးစိတ်လောက်ပဲ အဆင့်ရှိပါတယ်။ ကဗျာရေးနေတဲ့ အခိုက်မှာတော့ ပိုရိုးသားဖို့ လိုတယ်။ ကိုယ့်ကိုယ်ကို သစ္စာရှိဖို့ပေါ့။ အောင်ချိမ့်ရဲ့ ပြဇာတ်မင်းသား ကဗျာစာအုပ်ထဲက “ဓါတ်တိုင်”ဆိုတဲ့ ကဗျာကိုဖတ်ကြည့်ပါ။ အင်မတန် ရိုးပါတယ်။ (လူငယ်ကဗျာရေးသူတစ်ယောက်ကလည်း အဲဒီလိုပဲ အတိအလင်းပြောတယ်တဲ့) သူက အဲဒီလိုရိုးအောင်တော်တော်ကြိုးစားရတဲ့အကြောင်း ပြောတယ်။ သေသေချာချာ ခံစားဖတ်ရှုကြည့်ရင် ကဗျာကောင်းတစ်ပုဒ်ဆိုတာ ထင်ရှားလာပါလိမ့်မယ်။ အောင်ချိမ့်က သူ့ စာအုပ်အမှာစာမှာ (ခေတ်ပေါ်ကဗျာဟာ လှိုင်းလို ဆင့်ကာ ဆင့်ကာ၊ ဆင့်ပွားအဓိပ္ပါယ်များနဲ့)လို့ ရေးခဲ့တယ်။ ကဗျာဆရာ ဖော်ပြတဲ့ အရာဝထ္ထုတွေရဲ့နောက်က (တွဲဘက်အနက်) ရည်ရွယ်ရင်းကိစ္စကို ဖတ်သူကရအောင် ဖမ်းဆုပ်နိုင်ဖို့လိုတယ်။ အဲဒါ နိမိတ်ပုံ မဟုတ်ပါဘူး။
၆။ သစ်လွင်ရမယ်
(မဲပြာပုဆိုး မဖြစ်ရဘူး)
ကျွန်တော်တို့ဆီမှာ ကဗျာဆရာတစ်ယောက်ထဲကပဲ ဖြစ်ဖြစ်၊ သူနှစ်သက်စရာ စကားလုံးကို ကဗျာတိုင်းလိုလိုမှာ ဆီသည်မ လက်သုတ်ဖတ်ဖြစ်အောင် ထပ်ခါတလဲလဲ သုံးစွဲကြတာမျိုးရှိတယ်။ နောက်ကြိုက်တာ တစ်ခုတွေ့ရင် အပြန်အလှန် အချင်းချင်းလည်း ယူငင်သုံးစွဲကြတယ်။ အဲဒီ ဓလေ့ဟာ မကောင်းဘူး။
၇။ ဣနြေ္ဒရှိရမယ်
(ကလက်တက်တက်နဲ့ ဂုဏ်သိက္ခာ ကင်းမဲ့နေတယ်)
အခုခေတ်မှာ ဒါမျိုးရှားသွားပြီဆိုပေမယ့်၊ တချို့ရှိနေသေးတယ်။ တစ်ခါကတော့ ကဗျာကို ပြောင်ချော်ချော် နောက်တောက်တောက်သာ ရေးတတ်တဲ့ အုပ်စုရှိခဲ့ဖူးတယ်။ (ဟာသဂျာနယ် မဂ္ဂဇင်းများတွင် တွေ့ရလေ့ရှိတေသာ ဟာသကဗျာများနှင့် မသက်ဆိုင်ပါ)
၈။ ခွန်အားရှိရမယ်
ခံစားမှုဝေဒနာသက်သက်သာ မဟုတ်ဘဲ၊ ကဗျာကို အထောက်အကူဖြစ်နိုင်တဲ့၊ အားကောင်းထက်မြက်တဲ့ အချက်အလက်တွေကို ကဗျာဆရာက စုစည်းထုတ်ဖော်တင်ပြနိုင်မှ ကဗျာဟာ ခွန်အားပြည့်ဝလာမယ်။ အဲဒီတွက် ကဗျာဆရာဟာ အရပ်ရပ်နယ်ပယ်နဲ့ဆိုင်တဲ့ အသိဥာဏ်ဗဟုသုတတွေ ကြွယ်ဝဖို့လိုတယ်။ တစ်စပ်တည်းမှာပဲ ကဗျာကို အချက်အလက်တွေ ဖုံးလွှမ်းလို့ သွေ့ခြောက်နိုင်တဲ့ အန္တရာယ်ကိုလည်း ဂရုထားရမယ်။
၉။ တီထွင်မှု ရှိရမယ်
(စတန့်လုပ်တာနဲ့ မခွဲတတ်ကြဘူး)
ကျွန်တော့်ရဲ့ ဆောင်းပါးကို ဝေဖန်တဲ့လူတွေက ဖတ်တဲ့သူ သိသာထင်ရှားအောင် ကဗျာဥပမာတွေ ထုတ်ပြသင့်တယ်ဆိုတဲ့ အချက်ကိုထောက်ကြတယ်။ အမှန်တော့ အဲဒီလို ထုတ်ပြဖို့က အင်မတန်လွယ်ပါတယ်။ ဒါပေမယ့် ကဗျာတစ်ပုဒ်ကို အပြစ်ထုတ်ပြရင် သူသူကိုယ်ကိုယ် ကာယကံရှင်ကတော့ အမြင်ကြည်လင်မှာ မဟုတ်ဘူး။ ကျွန်တော်လည်း ဆူးလှည်းကြီး မဖြစ်ချင်ဘူး။ အခု ဒီဆောင်းပါးမှာချိမ့်ကြီး ကဗျာတစ်ချိုကို ထုတ်ပြရတာ၊ သူနဲ့ ကျွန်တော်က အကောင်းပြောပြော မကောင်းပြောပြော ပြဿနာမရှိဘူး။ ပြီးတော့ “ပြဇာတ် မင်းသား”က ပူပူနွေးနွေး ကဗျာစာအုပ်၊ အလွယ်တကူ လက်လှမ်းတမီလည်း ရှိနေတာမို့ ထည့်ပြောနေတာပါပဲ။ ဒီတစ်ခါတော့ စတန့်နဲ့ တီထွင်မှု ကွဲပြားအောင်ပြဖို့ ထင်ရှားတဲ့ ကဗျာတစ်ပုဒ်ကို ဥပမာထုတ်ပြချင်တယ်။ အဲဒါဟာ အောင်ဝေးရဲ့ “ဒိုင်ယာရီ”ဆိုတဲ့ ကဗျာပါပဲ။ ဒီကဗျာဟာ တီထွင်မှု မဟုတ်ပါဘူး။ စတန့်သက်သက်ပါပဲ။ ကျွန်တော် ဒီလိုပြောရဲတာက (အမှတ်မမှားရင်) ဒီကိစ္စကို သူကိုယ်တိုင်လည်း စာနဲ့ပေနဲ့ ဝန်ခံဖူးတယ် ထင်တယ်။ ပြီးတော့ သူဟာ အင်မတန်အရေထူတဲ့သူမို့ ထုတ်ပြလိုက်ရတာပါ။ ဒီကဗျာကတော့ ပြန်ရွတ်ပြဖို့ မလိုလောက်အောင်ကို ပြဿနာဖြစ်ခဲ့တဲ့ ကဗျာမို့ ပြောလိုက်တာလည်း ပါတယ်။
၁၀။ ကိုယ်ပိုင်ဟန် ရှိရမယ်၊ ဆန်ရဲရမယ်
(နာမည်ကြီးတဲ့နောက်၊ ရေစီးကြောင်းနောက် မျှောလိုက်နေကြတယ်။)
ဘယ်အနုပညာသမားမဆို ကိုယ်ပိုင်ဟန်တော့ ရှိဖို့လိုပါတယ်။ ဒါလီနဲ့ ပီကာဆို ကွဲသလိုပေါ့။ မောင်ချောနွယ်ကဗျာတွေဟာ ကဗျာအဖတ်နာသူအတွက် အောက်က ကလောင်နာမည်ကို မကြည့်ဘဲနဲ့တောင် မောင်ချောနွယ်ရေးတယ်ဆိုတာ သိသာနိုင်သလိုပေါ့။ ဒါပေမယ့် ကဗျာရေးသူတော်တော်များများက သူလိုလိုက်ရေးတာတော့ မကောင်းဘူး။ မောင်ချောနွယ်ယိမ်း ကသလို ဖြစ်နေတယ်။ အောင်ချိမ့်လို တချို့က လိုက်ရေးကြတယ်။ ရေစီးကြောင်းနောက် မျှောလိုက်တယ်ဆိုတာ ကျွန်တော်တို့ လူမျိုးတွေရဲ့ ငါးပွက်ရာ ငါးစာချတဲ့ ဝသီလိုပေါ့။ ဗီဒီယိုဈေးကွက်ကောင်းရင် ဗီဒီယိုဝိုင်းရိုက်ကြတယ်။ မြေဈေးကွက်၊ ကာဈေးကွက်ကောင်းတယ်ဆိုရင် အားလုံး၊ မြေ၊ ကား ရောင်းဝယ်လုပ်ကိုင်ကြရော။ ရေစီးကြောင်းကို ဆန်ပြီး ကိုယ့်မူကိုယ့်ဟန်ကို ထူးထောင်နိုင်မှ ထာဝရရှင်သန်သူဖြစ်တယ်။
၁၁။ အပြည့်အဝ လွတ်လပ်မှုရှိရမယ် (ကဗျာနဲ့ ပတ်သတ်ပြီး ငွေကြေး မျှော်လင့်ချက်ထားသူ အင်မတန် နည်းပေမယ့်၊ ကဗျာရေးသူ အတော်များများဟာ နာမည်ကြီးချင်မှု၊ အများကြိုက်ခံချင်မှု စတဲ့အနှောင်အတည်းတွေနဲ့ ရည်ရည်ရွယ်ရွယ် ငြိတွယ်နေတတ်ကြတယ်)လို့ ပြောခဲ့တော့ အတော်အသင့် ပြည့်စုံမယ် ထင်ပါတယ်။
၁၂။ အထက်တန်းကျတဲ့ အလှတရားနဲ့ ပြည့်စုံရမယ် ကဗျာကောင်းတစ်ပုဒ်ရဲ့ ဖြစ်တည်မှုမှာ ပါဝင်လေ့ရှိတဲ့ ဂုဏ်ရည်ပါပဲ။ တခြားကိစ္စတွေမှာလို ကဗျာမှ အောက်လမ်းနည်းသုံးရင် ရေရှည်မခံပါဘူး။
၁၃။ ကာလနဲ့ ဒေသသဘောဟာ ကင်းလွတ်နေရမယ် ဘယ်ခေတ် ဘယ်အချိန်မဆို၊ ဘယ်နေရာမဆို၊ ပထဝီအပိုင်းအခြား၊ ကာလအပိုင်းအခြားကို ကျော်လွှားပြီး၊ ကဗျာကောင်းတစ်ပုဒ်ရဲ့ တန်ဖိုးဟာ ခိုင်မာနေတတ်ပါတယ်။ မြန်မာကဗျာတစ်ပုဒ်ကို အာရှ၊ အာဖရိကကပဲ ဖတ်ဖတ်၊ ဥရောပကပဲ ဖတ်ဖတ် အရသာရှိနေနိုင်တာမျိုးပေါ့။ စံတော်ဝင် အနုပညာ (Classic) ဖြစ်တယ်ဆိုရမယ်။ ပြောစရာတွေ အများကြီးရှိတယ်။ အရှည်ကြီး ပြောရမယ်။ အခုတော့ ထိုက်သင့်သလောက်ပဲ အကျဉ်းချုပ်ပြောခဲ့ပါတယ်။ ထိုက်သင့်သလောက် ကျေနပ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
(မော်ဒန်ရှင်းတမ်းနှင့် မြန်မာကဗျာဖြစ်ပေါ်တိုးတက်မှု)
ဟန်သစ်မဂ္ဂဇင်းဆိုတော့ အချိန်အားဖြင့်တော့ ဒီဆောင်းပါးဟာ ၁၀နှစ်လောက် ကြာခဲ့ပြီဆိုတာတော့ သတိချပ်သင့်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဆရာရဲ့ အချက်အလက်တော်တော်များများကို လက်ခံမိတယ်။ ဆရာစိုင်းဝင်းမြင့်ရဲ့ စကားလေးကို ငှားရမ်းပြင်ဆင်ပြီးပြောရရင်တော့ “ချစ်သော မြန်မာဘလော့ဂါ ကဗျာရေစီးသို့” ပေါ့။
Saturday, May 23, 2009
ကျက်တဲ့ကဗျာနဲ့ စိမ်းတဲ့ကဗျာ
x x x
ကဗျာကို အကြမ်းဖျင်းအားဖြင့် နှစ်မျိုးနှစ်စားခွဲခြားကြည့်တာပါ။ ကျက်တဲ့ကဗျာနဲ့ စိမ်းတဲ့ကဗျာ။ ချက်ပြုတ်စားသောက်ခြင်းနယ်ပယ်ကလာတဲ့ စကားလုံးနှစ်လုံးဖြစ်ပါတယ်။ ချက်လို့ကျက်ပြီ။ ကျက်တော့ စားလို့ရပြီပေါ့။ အဲသလို အလိုက်သင့် ခူးခပ်ယူငင် ကိုက်စားဝါးချေ စားသောက်ပစ်လို့ရတဲ့ ကဗျာနဲ့ သားစိမ်း၊ ငါးစိမ်းကို မချက်ရသေးတဲ့ အစိမ်းသက်သက်မို့ စားသောက်လို့မရသေးတဲ့ ကဗျာ။ ကျက်တဲ့ကဗျာ (စားသုံးရန် အဆင်သင့်) နဲ့ စိမ်းတဲ့ ကဗျာ (စားသုံးလို့ မရသေး၊ ချက်ဖို့ လိုသေး)။ ဒီလို အကြမ်းဖျင်းခွဲကြည့်ကြပါစို့။
ကျက်တဲ့ကဗျာတွေဟာ အလွယ်တကူဖတ်၊ အလွယ်တကူ နားလည်၊ အလွယ်တကူ ရှင်းလင်းပြလို့ရတဲ့ ကဗျာအမျိုးအစားပေါ့။ ဒီနေ့ မဂ္ဂဇင်းတွေမှာ အများဆုံးတွေ့ရတဲ့ ကဗျာတွေပေါ့။
တစ်ပုဒ်ပြီးတစ်ပုဒ်လှန်ဖတ်သွားလို့ရတယ်။ ဖတ်ပြီ အဲဒီမှာ ပြီးတယ်။ သြော်.. ဒီလိုကိုး.. အင်း.. ဟုတ်ပေတာပဲ.. ကဲ.. လာ.. နောက်တစ်ပုဒ်။ ဒီမှာ ကျွန်တော် အဆိုပါ ကဗျာတွေကို ကောင်းခြင်း၊ ညံ့ခြင်း တန်ဖိုးဖြတ်တဲ့သဘောနဲ့ ပြောတာ လုံးလုံးမဟုတ်ပါ။ ကဗျာနှစ်မျိုး နှစ်စားရှိတယ်ဆိုတဲ့ ကွဲပြားတဲ့သဘောကိုပဲ ပြောလိုတာဖြစ်ပြီး အဲသလိုပဲ ပြောတာ၊ ပြောမှာ ဖြစ်ပါတယ်။
ကျက်တဲ့ကဗျာတွေကို ကဗျာဖတ်သူအများစုက ကြိုက်နှစ်သက်ကြတယ်လို့ ကျွန်တော် ယူဆပါတယ်။ ကဗျာဖတ်သူအများစု မဟုတ်ရင်တောင်မှဗျာ၊ မဂ္ဂဇင်းတစ်စောင်စောင်ထဲဖော်ပြခွင့်ပြုတဲ့ ကဗျာရွေးချယ် တာဝန်ခံအယ်ဒီတာရဲ့ အကြိုက်တော့ဖြစ်မှာပါပဲ။ သူကြိုက်လို့ သူရွေးတာကိုး။ သူရွေးမှ အများစာဖတ်ပရိတ်သတ်က ဖတ်ရတာကိုး။ သူ ဘာစံနဲ့ပဲရွေးရွေး၊ သူ ကြိုက်သလို စာဖတ်သူတွေလည်း ကြိုက်ကြမှာပဲဆိုတဲ့ အသိ၊ ဒါမှမဟုတ် ဆန္ဒတစ်ခုခုကတော့ သူ့ရွေးချယ်ရေး အတွေးလမ်းကြောင်းရဲ့ တစ်ထောင့်၊ တစ်နေရာမှာတော့ ပါကောင်းပါရှိနိုင်ပါတယ်။ အဲတော့ ကျက်တဲ့ကဗျာအမျိုးအစားဟာ မဂ္ဂဇင်းစာတွေပေါ်မှာ ပါခွင့်ပိုရသလို အများဖတ်ဖို့လည်း ပိုနီးစပ်လာပြီး ဒီကဗျာ အမျိုးအစား ပါဖန်များလေ၊ ဒီကဗျာအမျိုးအစားဟာ “စံ”တစ်ခုလိုလိုဖြစ်လာလေ၊ အများကလည်း ဒီအမျိုးအစားပိုပဲ ဖတ်ရလေ၊ ကဗျာဆိုတာ ဒီကဗျာအမျိုးအစားပဲလို့လည်း ထင်မြင်လက်ခံယုံကြည်လာလေဖြစ်ပါတယ်။
စိမ်းတဲ့ကဗျာကတော့ ဒီလိုဘဝမျိုးမရောက်ရရှာဘူး။ စိမ်းတဲ့ကဗျာ တော်တော်များများဟာ ကျက်တဲ့ကဗျာလွှမ်းမိုးထားတဲ့ ကဗျာလေးကနဲ့လည်း သူစိမ်းတရံစာ ဖြစ်နေတတ်ကြပါတယ်။ စိမ်းတဲ့ကဗျာအမျိုးအစားဟာ ကျက်တဲ့ကဗျာအမျိုးအစားနဲ့ အဓိက ဘာကွာသလဲဆိုတော့ အလွယ်တကူယူငင်စားသုံးလို့ မရေခြင်းပါပဲ။ ဒီမှာ သတိချပ်ရမှာက စိမ်းတဲ့ကဗျာဟာလည်း ကဗျာအမျိုးအစားတစ်ခုဖြစ်တယ် ဆိုတာပါပဲ။ ကျက်တဲ့ ကဗျာနဲ့ပဲ ရင်းနှီးတဲ့ အမြင်ဘက်ကကြည့်ရင် ကျက်တဲ့ကဗျာမှ ကဗျာ၊ ကျက်တဲ့ကဗျာမဟုတ်ရင် ကဗျာမဟုတ်ဘူးဆိုတဲ့ မျက်စိတစ်ဖက်လပ်၊ ကျန်တဲ့တစ်ဖက် အစွဲတိမ်ဖိုးမပြင်မျိုးဖြစ်သွားဖို့ သိပ်နီးစပ်ပါတယ်။ အထက်ကပြောခဲ့သလို စိမ်းတဲ့ကဗျာဟာ အလွယ်တကူယူငင်စားသုံးမရတဲ့ ကဗျာမျိုးဖြစ်တယ်ဆိုတော့ ဘာကြောင့်များပါလိမ့်လို့ စဉ်းစာ(ချင်သူတွေအတွက်) စဉ်းစားစရာ ဖြစ်လာပါတယ်။ ခုန စကားပဲ ပြန်ကောက်ပါရစေ။ “အလွယ်တကူ ယူငင်စားသုံးလို့ မရခြင်း” ဆိုလိုတာက အလွယ်တကူဖတ်ယူခြင်း၊ အလွယ်တကူ နားမလည်နိုင်ခြင်း၊ အလွယ်တကူ စကားပြေအဓိပ္ပါယ်မမြန်နိုင်ခြင်းတို့ ဖြစ်ပါတယ်။ အလွယ်တကူနားလည်နိုင်တဲ့ကဗျာ ဖတ်ကျင့်များလာတော့ အလွယ်တကူဖတ်မရတဲ့ ကဗျာကို ဖတ်ဖို့ စိတ်ထဲက ငြင်းဆန်တွန့်ဆုတ်လာပါတော့တယ်။ အကျင့်ကိုး။ အကျင့်ဆိုတာ ဖျက်ရခက်တယ်လို့ လူကြီးတွေ ပြောကြတာပါပဲ။ ကဗျာဖတ်ကျင့်။ ကဗျာက သူ့ကိုဘယ်လိုဖတ်ရမယ်လို့ သင်ပေးလိုက်တဲ့အကျင့်။ ဟုတ်ပါတယ်၊ ကဗျာဖတ်ကျင့်ကို ကဗျာကပဲ သင်ပေးတာ ဖြစ်ပါတယ်။ ပန်းချီ “ဖတ်”ကျင့်ကိုလည်း ထိုနည်းလည်းကောင်းပေါ့။ အဲတော့ ရှိရင်းစွဲကဗျာဖတ်ကျင့်နဲ့ ချဉ်းကပ်ကိုင်တွယ်လို့မရတဲံ ကဗျာအမျိုးအစားတွေ့ရင် အပြုသဘောနဲ့ မမြင်ဘဲ အဆိုးမြင်သဘောစွဲကပ်ပါတော့တယ်။ အလွယ်တကူ စားသုံးလို့ မရတဲ့ ကဗျာကို အလွယ်တကူ အလွယ်တကူစာသုံးမရလေခြင်းလို့ အပြစ်တွေ တန်းတင်ပါတော့တယ်။ ဒါပေမယ့် မေ့နေကြတာက နံပါတ်တစ်၊ အခုဖတ်နေတဲ့ ကျက်တဲ့ကဗျာတွေဟာ တစ်ချိန်က စိမ်းတဲ့ကဗျာတွေဖြစ်ခဲ့ကြပါတယ်။ အဲဒီတော့ အခုကျက်တဲ့ကဗျာတွေကို လွှင့်ပစ်လိုက်ကြသလား၊ ဖတ်ကျင့်ကို ပြင်လာကြတာလား။ မေးကြည့်ပါလေ၊ စာဖတ်သူကိုယ်တိုင်က အစ။ ပြောကြည့်ပါလေ။ ကဗျာဖတ်သူ အခြားတစ်ယောက်ယောက်နဲ့ သုံးသပ်ကြည့်ပါလေ၊ ကဗျာဖတ်ကျင့် ဘယ်ကရ။
နံပါတ်နှစ်။ မိမိရဲ့ကဗျာဖတ်ကျင့်ဟာ မွေးလာကတည်းက ပါလာတာမဟုတ်ပါဘူး။ လူဖြစ်ခြင်းကိစ္စတော်တော်များများလိုပဲ အချိန်ယူ၊ သင်ခန်းစာယူ၊ အတွေ့အကြုံယူပြီး ဖတ်ကျင့်ကိုတည်ဆောက်လာရတာ ဖြစ်ပါတယ်။ ဒီတည်ဆောက်မှုဟာလည်း စစချင်း ရှင်းရှင်းလင်းလင်း ယုံယုံကြည်ကြည် တည်ဆောက်လာခဲ့ရတာမဟုတ်ဘဲ အသိတွင်း ဝိရောဓိတွေနဲ့ လုံးထွေးရုံးကန်ပြီးမှ တစ်စတစ်စ ဖြစ်တည်လာတဲ့ တည်ဆောက်မှုမျိုးပါပဲ။ ဘုရားပြီး ငြမ်းဖျက်လိုက်တဲ့အတွက် အဲဒီဘုရားဟာ မိုးပေါ်ကပဲ ကျလာသလို၊ နဂိုကတည်းက “သဘာဝ”အတိုင်း ရှိလာသလို၊ ကိုယ်ကိုယ်တိုင်ဟာ ဥာဏ်ကြီးသခင်မို့လို့ ပါရမီစူးရောက်စွာရရှိလာသလိုလို လိုလို လိုလို။ ဘုရားမပြောပါနဲ့ဦး၊ ငြမ်းကိုပဲ ပြောကြပါစို့။ အဲဒီငြမ်းကို ဘာနဲ့ ဘယ်လိုတည်ဆောက်ခဲ့ကြသလဲ။ ယနေ့အကျက်ကဗျာတွေ မဖတ်ဖူးတဲ့ အထက်တန်းစာမေးပွဲအောင် လူငယ်လေးတစ်ယောက်အတွက် အကျက်ကဗျာဟာလည်း အစိမ်းကဗျာပါပဲ။ အဲဒီအစိမ်းကို သူ အကျက်ဘယ်လို လုပ်ယူသလဲ။ အဲဒီအစိမ်းကဗျာကို သူဘယ်လို ချက်ပြုတ်နားလည်းယူသလဲ။ ကဗျာဖတ်တတ်ခြင်းဟာ ဖတ်ကျင့်တည်ဆောက်မှုရဲ့ ရလဒ်ပါပဲ။
နံပါတ်သုံး။ အကျက်ကဗျာက ချက်ပြုတ်ပြီးသားဖြစ်တဲ့အတွက် ဖတ်သူက ဘာမှပြုပြင်စရာမလိုဘဲ ကောက်ယူစားသုံးလိုက်ရုံပါပဲ။ စိမ်းတဲ့ကဗျာကတော့ ဖတ်သူကို အလုပ်ပေးပါတော့တယ်။ ဖတ်သူကို ချက်ပြုတ်ခိုင်းပါတော့တယ်။ ချက်ပြုတ်တတ်သလို၊ ချက်ပြုတ်တတ်သလောက် ချက်ပြုတ်ခိုင်ပါတော့တယ်။ သူစားချင်ရင် သူကိုယ်တိုင်ချက်။ စားကောင်းခြင်း၊ မကောင်းခြင်း၊ အရသာတွေ့ခြင်း၊ မတွေ့ခြင်းဟာ သူ ချက်ပြုတ်မှုအတိုင်းအတာပဲပေါ့။ စိတ်ဝင်စားရင် အခြားဖတ်သူတို့ ဘယ်လိုချက်ပြုတ်ကြသလဲ မေးမြန်းစုံစမ်း၊ နည်းယူဖလှယ်၊ လိုအပ်တဲ့ အချို၊ အချဉ်၊ အငံ၊ အစပ် ဘယ်ကနေရာမှာ ဘယ်လိုဘယ်လောက်ထည့်မလဲ။ ထည့်သလဲ။
ကဗျာဖတ်ခြင်းဟာ ဖြစ်စဉ်ကြီးတစ်ခု Process ဖြစ်ပါတယ်။ ရရှိတဲ့ရလဒ် Product မဟုတ်ပါဘူး။ ဘာဖြစ်စဉ်ကြီးလဲ ဆိုတော့ မသိမှုကို သိမှုရတဲ့ လူသားရဲ့သိမှု တည်ဆောက်မှု ဖြစ်စဉ်ကြီးပါပဲ။ ဒီဖြစ်စဉ်ကြီးထဲမှာ အစိမ်းတွေကို အကျက်လုပ်ရတာပါပဲ။ ဒါဟာ စဉ်းစားဆင်ခြင်ခြင်းအလုပ်၊ လေ့လာသင်ယူခြင်းအလုပ်၊ ဥာဏ်ပညာနယ်ပယ်ချဲ့ထွင်ရေးအလုပ်။ သိမှုတည်ဆောက်ခြင်းဟာ ဘဝတည်ဆောက်ခြင်းဖြစ်သလို ယဉ်ကျေးမှုတည်ဆောက်ခြင်းလည်း ဖြစ်ပါတယ်။ အစိမ်းတွေကို အကျက်မလုပ်ခဲ့ရင် ယနေ့လူသားကမ္ဘာဟာ ယနေ့အဆင့်အထိရောက်လာနိုင်ပါမလား။ နည်းနည်းပါးပါးဖြစ်ဖြစ် စဉ်းစားနေစရာပေါ့နော်။
သိမှုတည်ဆောက်မှုဟာ ဖြစ်စဉ်ကြီးတစ်ခုဖြစ်တဲ့အတွက် ရပ်တန့်နေလို့မရသလို ရပ်တန့်နေမှာလည်း မဟုတ်ပါူဘူး။ အကြောင်းအမျိုးမျိုးကြောင့် တစ်နေရာမှာ ကျောက်ချထားရရင်လည်း အခြားတစ်ထောင့်ထောင့် တစ်နေရာရာက ရတဲ့နည်းနဲ့ ဆက်တိုးသွားမှာပဲ ဖြစ်ပါတယ်။ မိမိအတွက် သိမှုလုံလောက်ပြီဆိုပြီး တင်းတိမ်ရောင့်ရဲလိုက်ရင် မိမိကိုယ်တိုင်ရဲ့ သိမှုတည်ဆောက်မှုဖြစ်စဉ်ဟာ ရပ်တန့်သွားပြီး မိမိရဲ့ သိမှုဟာ ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်သွားသလို မိမိဟာလည်း လျှပ်စစ်မီးလင်းထိန်နေတဲ့ ဂူထဲမှာ ခပ်တည်တည် ဟန်ကျပန်ကျ ရောက်ရှိနေမှာ သေချာပါတယ်။ Hello, Mr-Caveman … မင်္ဂလာပါ။ ဂူအောင်ပုဂ္ဂိုလ်ကြီးငဲ့။
ကဗျာဖတ်ခြင်းဆိုတဲ့ သိမှုတည်ဆောက်မှုဖြစ်စဉ်ကြီးထဲမှာ ဖတ်ကျင့်ဟာ အရေးကြီးပါတယ်။ Reading habit ပေါ့နော်။ သိပ္ပံပညာမှာ ခိုင်မာတယ်ဆိုတဲ့ သီအိုရီဟာ သူ့ကို ချေဖျက်မယ့်တွေ့ရှိချက်အသစ် မပေါ်သေးလို့ပါပဲ။ ပေါ်လာတာနဲ့အမျှ စဉ်းစားဆုံးဖြတ်ရပါတော့တယ်။ လှုပ်လာတဲ့ သီအိုရီကို ရမိရရာနဲ့ အပြေးအလွှား ကျားကန်မလား၊ မူလီစုပ်မလား။ သိမှုနဲ့ သိမှုငြမ်းတွေ ပြင်မလား။ သီအိုရီသစ်၊ သိမှုသစ်ကို တည်ဆောက်မလား။ တိကျမှုပေါ် အခြေခံရတဲ့ သိပ္ပံပညာမှာတောင် Uncertainty Principle ဆိုတဲ့ မသေချာ၊ မရေရာခြင်းမှုဟာ အသေအချာရှိနေမှတော့ အနုပညာမှာလည်း ဒါမှ အနုပညာ၊ ဒါမှ ကဗျာလို့ ကန့်သတ်ထားလို့ မရပါဘူး။ ကျောက်ချထားလို့ မရပါဘူး။ ကျောက်ချထားမှ လုံခြုံမယ်ထင်ရင်လည်း သဘောပေါ့။ တားမြစ်စရာအကြောင်း မရှိပါဘူး။
အဲတော့ စိမ်းတဲ့ကဗျာဟာ ကျက်တဲ့ ကဗျာပဲ ဖတ်နေကျအတိုင်း ဖတ်တတ်တဲ့ ဖတ်သူကို အမြဲစိမ်ခေါ်နေမှာ ဖြစ်ပါတယ်။ သူမေးမယ့် မေးခွန်းကတော့ ရိုးရိုးလေးရယ်ပါ။ “ခင်များ နေသာထိုင်သာရှိတဲ့ ကဗျာစာသား Poem ပေါ်မှာ နေထိုင်မလား။ ခင်များဟာ ကဗျာချစ်သူလား ကဗျာအနုပညာကို ချစ်သူလား။ ခင်များရဲ့ ကဗျာသိမှု တတ်မှုဟာ ရပ်တန့်နေပြီလား” ။ ဖတ်သူရဲ့ သိမှုတည်ဆောက်မှု တစ်ခုလုံးကို စိမ်ခေါ်ခြိမ်းခြောက်သလို လမ်းပွင့်ပေးဖို့ လက်ကမ်းပေးနေတာဟာ စိမ်းတဲ့ ကဗျာပါပဲ။
ကျွန်တော်တို့အားလုံး စိမ်းတဲ့ ကဗျာထဲက ထွက်လာကြပြီး ကျက်တဲ့ကဗျာထဲ ရောက်နေကြပါပြီ။ ဒါပေမယ့် စိမ်းတဲ့ကဗျာသစ်တွေဟာ ကျွန်တော်တို့ရဲ့ လုံခြုံတဲ့ ကျက်တဲ့ကဗျာအိမ်ကလေးမှာ တံခါး လာခေါက်နေပြီပေါ့။ ။
၁၈၊ နိုဝင်ဘာ ၂၀၀၅
Friday, May 8, 2009
အချစ်၏ အဓိပ္ပါယ်သို့ ထွက်ခွာကြည့်ခြင်း
ရှင်းပြလို့ မရခြင်းဟာ သူ့ရဲ့ဂုဏ်သတ္တိတစ်ခုဖြစ်တယ်။
ပေးဆပ်တာ၊ ရယူတာ၊ ရင်းနှီးမြှုပ်နှံတာ စတဲ့ အရာတွေနဲ့ မပတ်သတ်ပါဘူး။
ရှုံးတာ၊ နိုင်တာ၊ မြတ်တာ၊ တရားတာ၊ မတရားတာတွေ ပြောနေကတည်းက အချစ်ရဲ့ ခေါင်းစဉ်အောက်က သွေဖယ်သွားပြီ။
ကျွန်တော်တို့တွေ အချစ်ကို ချဉ်းကပ်တဲ့နေရာမှာ အများစုဟာ တကယ့်အချစ်အဓိပ္ပါယ် ခံစားချက်ဆီ မရောက်ဘဲနဲ့ တခြားသော (အချစ်လို့ ထင်ရောင်ထင်မှားဖြစ်စေတဲ့) ခံစားမှုတွေဆီကို လမ်းလွဲသွားတာတွေ့ရတယ်။ အဲဒါကြောင့် ချစ်တယ်ဆိုတဲ့ စကားလုံး (အညွှန်းခံ) ဟာလည်း အဓိပ္ပါယ် ပေါ့သွားရတယ်။
ဒါကို သေချာ မဆန်းစစ်ပဲ ချစ်နေကြသူတွေလည်း ရှိတာပဲ။ အပြစ်လို့ မဆိုသာပါဘူး။
စဉ်းစားချင်သူတွေ အတွက် အတွေးလေးတစ်ခုလောက်ပါပဲ။
အချစ်ဆိုတာ သူတည်း တစ်ခုထဲ ဖြစ်တည်၊ တည်ရှိနေတဲ့ ခံစားမှုနာမ်လေးပါ။
အဖြူရောင်ဆိုရင်တောင်မှ အရောင်တစ်ခုအဖြစ်ရှိနေသေးတဲ့အတွက် “စင်ကြယ်ခြင်း”လို့ပဲ သူ့ရဲ့ ဂုဏ်ကို အတတ်နိုင်ဆုံး ကြိုးစားဖော်ထုတ် ကြည့်မိတယ်။
တချို့ကတော့ ကိုယ်ချစ်ကို မရှာနဲ့၊ သူချစ်ကို ရှာတဲ့။
အဲဒါကျတော့ စီးပွားရေး၊ သင်္ချာနည်းနည်း ဆန်နေမလားလို့။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီစကားရဲ့ အောက်ခြေအမြစ်မှာ “ချစ်ရင် ရှုံးတယ်” ဆိုတဲ့ အယူအဆကြီး ကပ်တွယ်နေလို့ပဲ။
အားလုံး တကယ် ချစ်နိုင်ကြပါစေ။
(ဒီပလိုမာ အင် advanced အချစ်)
Saturday, February 14, 2009
Valentine Day က တစ်စုံတစ်ခု
သောက်နေကျ ကော်ဖီနဲ့ ဖျော်ရည်ခွက်တွေ
မှောက်ကာနေပြီ..
ခြောက်ကာ ကြွေပြီး ကျနေတဲ့ နွေသစ်ပင် ငါ့ဆီ..
ဖျောက်ကာဖြေမရတဲ့ တပြည်က မင်းအကြောင်းတွေ..
ဝိညာဉ်တွေလို စာရေးခါနီးလက်တွေထံ လာပူးကာ..
ဒီတစ်ညမက
ငါ ရူးခဲ့ပါတယ် ကျောင်းသူရေ..
...............................................................................................................................................
Director of photography- Eduking
Models- 2 sockets (made in china)
Setting Designer- Eduking
Costume Designer- Eduking
Producer- Eduking
တယ်လီဖုန်းကင်မရာလေးကို အသုံးပြုထားတာကြောင့် ကွာလတီတော့ မလန်းဘူးဗျာ.. ဆော့ဖ်ဝဲကလည်း photoshop လေးတောင် ကောင်းကောင်း မသုံးတတ်လို့.. Image manager နဲ့ powerpoint လေးပဲ ပေါင်းပြီး edit လုပ်ခဲ့တာပါ..း) ချစ်သူတွေတော့ ကျွန်တော့်ဆီက အလွမ်းတွေကူးစက်သွားရင် ခွင့်လွှတ်ဗျာ.. ခင်များတို့လည်း တစ်ခါတုန်းက ဒီလိုပဲ တစ်ယောက်ထဲ ဖြတ်သန်းခဲ့ရတာ ဟုတ်ဖူးလား.. :D
နောက်ဆက်တွဲ-မှတ်ချက်။ ။ ပုံလေးတွေကို Ripway ကနေ ပြန်တင်ထားပါတယ်.. အခုတလော Blogspotကနေ ဓါတ်ပုံ Upload တင်တာတွေ တချို့ဆီမှာ မမြင်ရဘူးလို့ သိရတယ်.. ဒီနေ့ ကျွန်တော့်ဆီမှာ ပြန်ကြည့်ကြည့်တော့ ဖိုင်က broken ဖြစ်နေတယ်.. Virus ကြောင့်ဖြစ်နိုင်တယ်လို့ ပြောတာကြားဖူးလို့ စိုးရိမ်မိတယ်။
Sunday, February 8, 2009
ဖေဖော်ဝါရီ သူရဲကောင်းများသို့
ပထမတစ်ယောက်က ကျွန်တော်တို့ရဲ့ ဗမာပြည် အာဇာနည် လွတ်လပ်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်.. ဗိုလ်ချုပ်ရဲ့ မွေးနေ့ဟာ ဒီလ ၁၃ရက်နေ့မှာ ကျရောက်ပါတယ်..
မြန်မာနိုင်ငံမှာတော့ ကလေးများနေ့အဖြစ် သတ်မှတ်ပါတယ်.. ဗိုလ်ချုပ်ကို ၁၉၁၅ခုနှစ်က ဖေဖော်ဝါရီ ၁၃မှာ မွေးခဲ့တာဖြစ်ပါတယ်..ထိန်လင်းဆိုတာ သူ့ရဲ့နာမည်အရင်းပေါ့။ သူ့အထ္ထုပ္ပတ္တိထဲမှာတော့ ဖေဖော်ဝါရီ (၁၃)ရက်နေ့ဟာ သူပုန်တွေ မွေးတဲ့နေ့ တစ်နည်းအားဖြင့် တော်လှန်သူတွေ မွေးတဲ့နေ့လို့ သူဗေဒင်တစ်ခုမှာ ဖတ်ဖူးပါတယ်တဲ့.. မှတ်မှတ်ရရ ကျွန်တော် ဗိုလ်ချုပ်အကြောင်းစာအုပ်တွေကို ဆယ်တန်းတက်နေတုန်းက လိုက်စုခဲ့ဖူးတယ်.. မိန့်ခွန်းတွေကိုတော့ နောက်ပိုင်းမှာ အသံဖိုင်တွေအနေနဲ့ ရခဲ့တယ်.. အသက် (၃၃) နှစ် ၁၉၄၇မှာ ကွယ်လွန်ခဲ့တယ်.. ကွယ်လွန်ချိန် သိပ်စောနေပေမဲ့လည်း သူ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေဟာ ဒီနေ့၊ ဒီအချိန်ထိကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းအတွက် မရပ်သေးတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းနေတုန်းပဲ။
ဒါပေမယ့် ၅၂နှစ် အလွန်က သူ ဆိုလိုချင်တဲ့ လွတ်လပ်ရေးဟာတော့ ပြည်သူတွေဆီကို ဒီနေ့အထိ အပြည့်အဝရောက်မလာသေးဘူးလို့ ကျွန်တော် မြင်မိတယ်ဗျာ..
ပုံ. ဗိုလ်ချုပ်အောင်ဆန်း.............................................................................................................
နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ မြန်မာပြည်ကပဲ.. အဆိုတော် ဦးခင်ဝမ်းပါ။ (တိုက်ဆိုင်စွာပဲ ၁၉၄၇ခုနှစ် နိုဝင်ဘာ ၂၄မှာ သူ့ကို မွေးဖွားခဲ့တယ်..) သူ့ အဖေဟာ ဂျပန်လူမျိုးတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်ထဲမှာ ကျန်ခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်..သူ့သီချင်းတွေဟာ ကျွန်တော့်အကြိုက်ဆုံးတွေထဲမှာ ပါဝင်ခဲ့တယ်..
အများကြီး ကျွန်တော် နားမထောင်ဖူးဘူး.. ငယ်ငယ်တုန်းက (အဖေဖွင့်လို့) တခါတလေကြားဖူးပေမယ့် စွဲစွဲမြဲမြဲကြီးတော့ မဖြစ်ခဲ့ဘူး..
အခုနောက်ပိုင်းမှ ဆရာမောင်ချောနွယ်ရဲ့ အကြောင်းတွေ ပြန်ရှာဖတ်ရင်းနဲ့ ဆက်စပ်ပြီး ဦးခင်ဝမ်းသီချင်းတွေကို ဒုတိယံမိ သေချာပြန်နားထောင်ဖြစ်ခဲ့တယ်..
သူဟာ အဆိုတော်အဖြစ်တင်မဟုတ်ပါဘူး၊ ပန်းချီမှာရော စာပေမှာပါ အောင်မြင်ခဲ့တဲ့ စွယ်စုံအနုပညာရှင်တစ်ယောက်ပေါ့.. အဲဒီတုန်းက မြန်မာမော်ဒန်ပန်းချီလှုပ်ရှားမှုမှာလည်း ပါဝင် မောင်းနှင်ခဲ့တယ်..
ကျွန်တော်နှစ်သက်တဲ့ သူ့ရဲ့ သီချင်းစာသားတွေဟာ တစ်နည်းအားဖြင့် ကဗျာတွေလိုပဲ.. ကဗျာစာသားတွေကို သံစဉ်ထည့်ပြီး ရွတ်ပြသွားလိုက်တာ.. တစ်ကြောင်းချင်းစီဟာ ဘယ်နှခါနားထောင် နားထောင် မရိုးနိုင်ဘူး..
"နဒီမင်္ဂလာ" "ဆယ်လမွန် ငါးတို့အပြန်" "ပြည်မှာ ဆောင်း" "အမေ" "ဧရာဝတီ" သီချင်းတွေမှာပေါ့။
ဆုံးရှုံသွားရတော့မယ့်..
ပြည်မှာ ဆောင်း..
ပြန်သင့်၊ မပြန်သင့်..
ဆုံးဖြတ်ခွင့် မရှိတော့တဲ့.. ပြည်မှာ ဆောင်း..
စာသားလေးရဲ့ အဆွဲမှာ သူ့အသံဟာ မနိုင်သလိုလေးဖြစ်သွားခဲ့တယ် (ကျွန်တော် ထင်မိတာပါ)
အဲဒါလေးကလည်း ကျွန်တော့် နားထဲ စွဲထင်ကျန်ခဲ့တယ်.. နားထောင်မိလိုက်တိုင်းမှာ ပြည်အလွမ်းတွေကို ပြန်ဆွပေးမိနေသလိုပဲ။ အထူးသဖြင့် ကျောင်းပိတ်ရက်တိုတဲ့ ဒီဇင်ဘာမှာပေါ့။
နောက်တစ်ပုဒ် “ဆယ်လမွန် ငါးတို့အပြန်” ထဲက “ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ” ဆိုတဲ့ စာသားလေး၊ နဒီမင်္ဂလာထဲက “ပူလောင်ကျွမ်းတဲ့ နှလုံးသားကိုယ့်အသည်းကို ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ” ဆိုတဲ့စာသားတွေကလည်း သိပ်ကို အဓိပ္ပါယ် ပြည့်ဝလွန်းတယ်။ ဦးခင်ဝမ်း၊ ဆရာမောင်ချောနွယ်တို့ဟာ ကျွန်တော် အခုနောက်ပိုင်းမှ သိခွင့်၊ ဂုဏ်ယူခွင့်ရတဲ့ ပြည်မြို့သား အနုပညာရှင်တွေပေါ့။ ကျွန်တော် သူတို့ ချန်ခဲ့တဲ့ အနုပညာပစ္စည်းတွေနဲ့ ထိတွေ့ခွင့်ရပေမယ့် သူတိုနဲ့ ရင်းနှီးခင်မင်ခွင့်ကိုတော့ မရနိုင်တော့ပါဘူး..
ခရမ်းနုရောင်နှင်း၊ ဦးခင်ဝမ်း ဟာ ၂၀၀၀ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်.
Download Link: ခင်ဝမ်း- စိတ်ကြိုက်ပြန်ဆိုတေးများ
Ref: http://www.aungsan.com/ (Image)
http://www.myanmar.gov.mm/myanmartimes/no3/khin.htm (Image and Article)
http://mp3.mmblogs.net
Monday, August 25, 2008
Health Announcement 2
နာမည်ကတော့ Amazing Water Therapy လို့ ပေးထားပြီး ရေးသားသူက Dr.Mahmoud Hussian (IBN SINA Company) ဖြစ်ပါတယ်။ ပျောက်ကင်းနိုင်တဲ့ ရောဂါများကတော့…
-Blood Pressure/ Hyper Tension (သွေးတိုး)
-Anemia (Blood Shortage) (သွေးနီဥနည်းခြင်း)
-Rheumatism (Pain in joints/ muscles) (လေးဘက်နာ)
-General Paralysis (လေဖြတ်ခြင်း)
-Obesity (အဝလွန်ခြင်း)
-Arthritis (အဆစ်အမြစ် နာကျင် ရောင်ရမ်းခြင်း)
-Sinusitis (နှာစေးခြင်း)
-Tachycardia (နှလုံးခုံမြန်ခြင်း)
-Giddiness (မူးဝေခြင်း)
-Cough (ချောင်းဆိုး)
-Leukemia (သွေးဖြူဥများခြင်း/ သွေးကင်ဆာ)
-Asthma (အသက်ရှူမဝခြင်း)
-Bronchitis (လေပြွန်ရောင်ခြင်း)
-Pulmonary Tuberculosis (တီဘီရောဂါ)
-Meningitis (ဦးနှောက်အမြေးရောင်)
-Kidney Stones (ကျောက်ကပ် ကျောက်တည်ခြင်း)
-Urogenital Diseases (ဆီးလမ်းကြောင်း ရောဂါများ)
-Hyper Acidity (အက်ဆစ်ဓါတ်များခြင်း)
-Dysentery (အူရောင်ငန်းဖျား)
-Gastroenteritis (အူရောင်ငန်းဖျား)
-Uterus Cancer (သားအိမ်ကင်ဆာ)
-Rectal Prolapse (လိပ်ခေါင်းရောဂါ)
-Constipation (ဝမ်းချုပ်ခြင်း)
-Hostorthobics
-Diabetes (ဆီးချိုရောဂါ)
-Eye Diseases (မျက်လုံးနှင့် ပတ်သတ်သောရောဂါများ)
-Ophthalmic Hermorrhage & Opthalmia (Reddish eye)
-Irregular Menstruation (ပုံမှန်မဟုတ်သည့် ဓမ္မတာလာခြင်း)
-Breast Cancer (ရင်သားကင်ဆာ)
-Laryngitis (အသံအိုး ရောင်ခြင်း)
-Headache (ခေါင်းမူး/ ခေါင်းကိုက်ခြင်း)
သူရဲ့နည်းလမ်းက အထူးအဆန်းတော့ မဟုတ်ပါဘူး။ မနက်အိပ်ယာ ထထခြင်း (သွားမတိုက်သေးခင်) ရေသောက်ပေးဖို့ပါ။ ပမာဏကတော့ ၁.၅လီတာ.. ဖန်ခွက် ၅ ခွက်ကနေ ၆ခွက်ကြားပါ။ (ကျွန်တော်ကတော့ အအေးဗူးခွံ ၁.၅လီတာ ဗူးထဲ ထည့်သောက်ပါတယ်) ပြီးမှ.. မျက်နှာသစ်၊ သွားတိုက် အလုပ်ကို စနိုင်ပါပြီတဲ့။
ဒီနေမှာ.. အရေးကြီးတဲ့ အချက်တစ်ချက် ဂရုပြုဖို့ကတော့ တခြားအရည်များ (ကော်ဖီ၊ လဘ္ကရည်စသည်..) နှင့် အစာများကို ဤရေပမာဏမသောက်သုံးခင်နဲ့ သောက်သုံးပြီး တစ်နာရီအတွင်းမှာ မစားမိဖို့ပါပဲ။
အစပိုင်းတော့ အဲဒီလောက်ရေပမာဏကို တစ်ခါတည်းနဲ့ သောက်ရတာ မလွယ်ကူဘူးခင်မျ.. ဒါပေမယ့် တဖြည်းဖြည်း အလေ့အကျင့်ရလာပါလိမ့်မယ်… (ကျွန်တော်လည်း ကျင့်နေဆဲ ကာလပေါ့..) လေ့ကျင့်ခါစမှာ ဖန်ခွက် ၂ ခွက်စီကို ၂မိနစ်လောက် ခွဲသောက်ကြည့်နိုင်ပါတယ်။ ၁နာရီအတွင်းမှာတော့ ၂ ကြိမ်ကနေ ၃ ကြိမ်အထိ ရှူရှူး ပေါက်ချင်မှာ ဖြစ်ပါတယ်။
လေ့လာချက်တွေအရ.. အောက်ပါရောဂါတွေကို ဖော်ပြထားတဲ့ ရက်တွေအတွင်းမှာပင် ကုသနိုင်တာတွေ့ရပါတယ်..
-Constipation - 1 day (ဝမ်းချုပ်ခြင်း၊ ၁ ရက်)
-Acidity - 2 days (အက်ဆစ်ဓါတ်များခြင်း၊ ၂ ရက်)
-Diabetes - 7 days (ဆီးချို၊ ၇ ရက်)
-Cancer - 4 weeks (ကင်ဆာ၊ ၄ပတ်)
-Pulminory TB - 3 months (တီဘီ၊ ၃လ)
-BP & Hypertension - 4 weeks (သွေးဖိအားများခြင်း၊ ၄ပတ်)
မှတ်ချက်။ ။ ကျွန်တော်တော့ ကုသနိုင်တယ်ဆိုတာ သက်သာနိုင်တဲ့ အခြေအနေလို့ပဲ ယူဆပါတယ်. လူတစ်ဦးနဲ့ တစ်ဦးအပေါ် မူတည်ပြီး ကွဲပြားနိုင်မယ် ထင်တယ်။
လေးဘက်နာနဲ့ အဆစ်အမြစ်ရောင်ရမ်းခြင်း အစရှိတဲ့ ရောဂါ ခံစားနေရသူများအတွက်တော့ ဒီ နည်းလမ်းကို မနက်တစ်ကြိမ်၊ နေ့လည်တစ်ကြိမ်နဲ့ ညတစ်ကြိမ်၊ (သို့မဟုတ်) တစ်နေ့နှစ်ကြိမ်ဖြစ်စေ အစာမစားမီ တစ်နာရီခွာပြီး အသုံးပြုနိုင်တယ်..
ကုထုံးရဲ့ အလုပ်လုပ်ပုံကတော့
ထိုကဲ့သို့ ရေကို နည်းလမ်းမှန်ကန်စွာ သောက်သုံးခြင်းအားဖြင့် လူ၏ ခန္ဓာကိုယ်ကို သန့်စင်စေပါတယ်.. အစာအိမ်နဲ့ ဆက်စပ်နေတဲ့ အူမကြီးကနေ သွေးအသစ် ထုတ်လုပ်ခြင်းကို ပိုမိုအကျိုးပြုပေးပါတယ်. ဆေးပညာအရ “Heamatopaises” လိုခေါ်တွင်ပါသတဲ့။ အူများအတွင်းမှာရှိတဲ့ Mucousal fold လို့ခေါ်တဲ့ အကျိအချွဲများဟာ အဓိက သွေးအသစ်ကို ဖြစ်ပေါ်စေတာ ဖြစ်ပြီး (သီအိုရီအရ) သူတို့ကို ရေအလုံလောက်ပေးခြင်းအားဖြင့် အလုပ်ပိုမိုတွင်ကျယ်စေခြင်း ဖြစ်ပါတယ်။
အူမကြီးဟာ သန့်စင်နေမယ်ဆိုရင် ကျွန်တော်တို့ နေ့စဉ် အကြိမ်များစွာ စားသုံးနေသမျှကို ကောင်းစွာ စုပ်ယူနိုင်မှာ ဖြစ်ပြီးတော့ သွေးအသစ်ဖြစ်ပေါ်မှုကို အထောက်အကူပြုမှာ ဖြစ်ပါတယ်.။ ခန္ဓာကိုယ်အတွင်း ရောဂါကုသခြင်းနဲ့ ကျန်းမာခြင်းအတွက် ထိုသွေးအသစ်ဖြစ်ပေါ်ခြင်းဟာ အလွန်အရေးပါတာကြောင့် ဤနည်းလမ်းကို နေ့စဉ်ပုံမှန် လိုက်နာသင့်ကြောင်းပါ.။
ဒါကတော့ ကျွန်တော် တတ်သလောက် ဘာသာပြန်လေးပေါ့။ တချို့ ဆေးပညာဆိုင်ရာ အသုံးအနှုန်းလေးတွေ (အထူးသဖြင့် ရောဂါနာမည်တွေ) ဘာသာပြန်ရာမှာ လွဲကောင်းလွဲနေနိုင်ပါတယ်။ ဒါပေမယ့် အဓိက ဆိုလိုရင်း ရည်ရွယ်ချက်ကိုတော့ မထိခိုက်အောင် ဂရုစိုက်ထားပါတယ်။ အောက်မှာတော့ မူရင်း အင်္ဂလိပ်ဘာသာနဲ့ ပါ။
နေ့စဉ် အချိန်လေးနည်းနည်းစိုက်ပြီး ပိုက်ဆံလည်း အပိုမကုန်ဘဲ အကျိုးဖြစ်ထွန်းစေတဲ့ နည်းလမ်းတစ်ခုဖြစ်တာကြောင့် လိုက်နာသင့်တယ်လို့ ထင်မိပါတယ်...
အားလုံး ကျန်းမာသုခ ရစေသောဝ်
……………………………………………………………………………………………………..
- Drink six (6) glasses of water (1.5 litres) everyday and avoid medicine, tablets, injections, diagnosis, doctor fees, etc.
- You can never believe before practicing.
List of Diseases that can be cured by water tharapy
-Blood Pressure/ Hyper Tension
-Anemia (Blood Shortage)
-Rheumatism (Pain in joints/ muscles)
-General Paralysis
-Obesity
-Arthritis
-Sinusitis
-Tachycardia
-Giddiness
-Cough
-Leukemia
-Asthma
-Bronchitis
-Pulmonary Tuberculosis
-Meningitis
-Kidney Stones
-Urogenital Diseases
-Hyper Acidity
-Dysentery
-Gastroenteritis
-Uterus Cancer
-Rectal Prolapse
-Constipation
-host orthobics Hostorthobics
-Diabetes
-Eye Diseases
-Ophthalmic Hermorrhage & Opthalmia (Reddish eye)
-Irregular Menstruation
-Breast Cancer
-Laryngitis
-Headache
Therapy Procedure
-Early morning, after you get up from bed, (without even brushing your teeth) drink 1.50 litres of water i.e., 5 to 6 glasses. You may wash you face thereafter.
-Here it is very essential to note that nothing else, neither drinks nor solid food of any sort should be taken within 1 hour before and after drinking these 1.5 litres of water.
-If required, boiled and filtered water may be used for this purpose.
-It is difficult to drink 1.5 litres of water at one time, but you will get used to it gradually.
-Initially, while practicing you may drink four glasses first and to balance two glasses after a gap of two minutes.
-You may find the necessity to urinate 2 to 3 times within an hour, but it will become normal after quite some time.
By Research and Experience
-The following diseases are observed to be cured within this therapy within the indicated days as below:
-Constipation - 1 day
-Acidity - 2 days
-Diabetes - 7 days
-Cancer - 4 weeks
-Pulminory TB - 3 months
-BP & Hypertension - 4 weeks
Note: It is advised that persons suffering from
How does pure water act ?
- Consuming ordinary drinking water by the right method purifies human body. It renders the colon more effective by forming new fresh blood, known in medical terms as "Heamatopaises". That the mucousal folds of the colon and intestines are activated by this method. is an undisputed fact, just as the theory that new fresh blood is produced by the mucousal fold.
- If the colon is cleansed then the nutrients of the food taken several times a day will be absorbed and by the action of the mucousal folds they are turned into fresh blood. The blood is all important in curing ailments and restoring health and for this water should be consumed in a regular pattern.
……………………………………………………………………………………………………..
Tuesday, November 20, 2007
Health Announcement 1
Blog စလုပ် ကတည်းက ကျွန်တော်ရေးဖို့ တေးထားတဲ့ အကြောင်းအရာလေးတွေ ရှိနေလို့။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ကျွန်တော် စိတ်ဝင်စားတဲ့ ကျွန်းမာရေးနဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေပါ။ အထူးသဖြင့် နေ့စဉ်ဖြတ်သန်းမှု ဘ၀နဲ့ သက်ဆိုင်တဲ့ ဆောင်ရန်ရှောင်ရန်လေးတွေပေါ့။ တကယ်တမ်းကျတော့ ကင်ဆာရောဂါတို့၊ သွေးတိုး၊ ဆီးကျို စတဲ့ silent killer ရောဂါတွေဖြစ်ပွားရခြင်းဟာ အဲ့ဒီ့ နေ့စဉ် ကျွန်းမာရေး ဂရုစိုက်မှုလေးတွေ လိုအပ်နေလို့ပါပဲ။အားလုံးအတွက် အသုံးဝင် လိုက်နာနိုင်မယ့် နည်းလမ်းလေးတွေကို ကြိုးစား တင်ပေးထားပါတယ်။ အများစုက တော့ e-mail ကနေ ရခဲ့တဲ့ ဆောင်းပါးတိုလေးတွေပါ။ အားလုံးသိပြီးသား ဖြစ်နေရင်လည်း ပြန်စုပေးတဲ့ သဘောလေးပေါ့ဗျာ။
လူဆိုတာ သေတစ်နေ့ မွေးတစ်နေ့ ဆိုပေမဲ့၊ အသက်ကို ဉာဏ်က စောင့်တယ် မဟုတ်လားဗျ...
ပထမဆုံးအနေနဲ့ ကျွန်တော်တို့ရဲ့ ထမင်း (အစာ) စားတိုင်း အအေးသောက်လေ့ ရှိတဲ့ အကျင့်လေးကို လေ့လာကြည့်ရအောင်ဗျာ။ တကယ်တော့ အဲဒါဟာ ကျွန်တော်တို့ကို ကင်ဆာနဲ့ မိတ်ဆက်ပေးတဲ့ ကိုယ်စားလှယ်တစ်ပါးပါပဲ။ ကျွန်တော်သိသလောက် မြန်မာနိုင်ငံမှာ အကျင့်မရှိပေမဲ့ စင်္ကာပူမှာတော့ အဲဒီ့အကျင့်ဟာ အလေ့အထတစ်ခုလို ဖြစ်နေတယ်ထင်ရဲ့။ အဲ.. မြန်မာပြည်လည်း တချို့အိမ်တွေမှာ ထမင်းစားပြီး ရေခဲရေသောက်လေ့ရှိမယ်ထင်တယ်။ ဟီးဟီး... ဒါဆို ရေခဲမဖြစ်အောင် မီးဖြတ်ပေးတဲ့ လျှပ်စစ်ရုံးကို ကျေးဇူးတင်ရမလို ဖြစ်နေပြီကော။
ကျွန်တော်လည်း ဒီမှာ ရောက်စကတော့ အကျင့်မရှိသေးဘူးဗျ။ အဲ... နောက်ပိုင်းတော့ ထမင်းစားပြီးတိုင်း အအေးဝယ်သောက်တာ ပုံမှန်ကို ဖြစ်နေရော (ဘိုင်ပြတ်နေတဲ့ အချိန်ကလွဲလို့ပေါ့)။ ဒီဆောင်းပါး ဖတ်ပြီးတော့ မှပဲ အဲဒီ့အကျင့်ကို မနည်း ပြန်ပြင်နေရတယ်။ တစ်ခါတစ်လေ (အလွန့်အလွန်) ကြုံကြိုက်လို့ fast food စားဖြစ်ရင်တောင် အအေးအစား ကော်ဖီ (သို့မဟုတ်) မိုင်လို အပူ တစ်ခုခုနဲ့ ကျွန်တော် လဲခိုင်းလေ့ရှိတယ်။
ဆောင်းပါးရဲ့ နောက် အကြောင်းအရာတစ်ခုကတော့ နှလုံးရောဂါနဲ့ ပတ်သက်တဲ့ သတိထားစရာတစ်ခုပေါ့။
This is a very good article. Not only about the warm water after your meal, but about heart attacks. The Chinese and Japanese drink hot tea with their meals, not cold water, maybe it is time we adopt their drinking habit while eating.
For those who like to drink cold water, this article is applicable to you. It is nice to have a cup of cold drink after a meal. However, the cold water will solidify the oily stuff that you have just consumed. It will slow down the digestion. Once this "sludge" reacts with the acid, it will break down and be absorbed by the intestine faster than the solid food. It will line the intestine. Very soon, this will turn into fats and lead to cancer. It is best to drink hot soup or warm water after a meal.
A serious note about heart attacks - You should know that not every heart attack symptom is going to be the left arm hurting. Be aware of intense pain in the jaw line.
You may never have the first chest pain during the course of a heart attack. Nausea and intense sweating are also common symptoms. 60% of people who have a heart attack while they are asleep do not wake up. Pain in the jaw can wake you from a sound sleep. Let's be careful and be aware. The more we know, the better chance we could survive.
ဒါကတော့ ကိုကာကိုလာ (Coca Cola) နဲ့ ပူရှိန်းတစ်မျိုး Mentos နဲ့ မတည့်ကြောင်းကို စမ်းသပ်မှု လုပ်ထားတဲ့ ဓါတ်ပုံလေးပါ။





Last, but not least ပေါ့ဗျာ။ အဲဒါကတော့ မြန်မာပြည်သူပြည်သားတွေရဲ့ မိတ်ဆွေကြီး ပါရာစီတမော(PARACETMOL)အကြောင်း ပါ။ မိတ်ဆွေကြီးနဲ့ ဆက်ဆံရေးကို ကျွန်တော်တို့ နည်းနည်းလောက် ဆန်းစစ်ကြည့်ရအောင်ဗျာ။
ခေါင်းမူးခေါင်းကိုက် တစ်ခုခုဖြစ်တာနဲ့ မိတ်ဆွေကြီးကိုသာ အားကိုးနေမယ်ဆိုရင်တော့ ကြာရင် အသည်းနဲ့ စကားများလိမ့်မယ်ခင်မျ။ မိတ်ဆွေကြီးနေရာမှာ အစားထိုးဖို့ အတွက် isotonic drink တစ်ခုခုကို အကြံပြုပါရစေ။ ဥပမာ 100 PLUS လို အအေးမျိုးဖြစ်ပါတယ်။ ရေနဲ့ တစ်စ တစ်စ (သို့မဟုတ်) နှစ်စ တစ်စ ရောသောက်နိုင်ပါတယ်။
ကဲ..နောက်ဆို ခေါင်းမူးခေါင်းကိုက်လောက်နဲ့ မိတ်ဆွေကြီးကို အားကိုးစရာမလိုတော့ဘူးပေါ့ဗျာ။
My husband was working in a hospital as an IT engineer, as the hospital is planning to set up a database of its patient. And he knows some of the doctors quite well.
The doctors used to tell him that whenever they have a headache, they are not willing to take PANADOL (PARACETMOL). In fact, they will turn to Chinese Herbal Medicine or find other alternatives.
This is because Panadol is toxic to the body, and it harms the liver. According to the doctor, Panadol will reside in the body for at least 5 years. And according to the doctor, there used to be an incident where an air stewardess consumed a lot of Panadol during her menstrual as she needs to stand all the time. She's now in her early 30's, and she needs to wash her kidney (DIALYSIS) every month.
As said by the doctor that whenever we have a headache, that's because it is due to the electron/Ion imbalance in the brain. As an alternative solution to cope with this matter, they suggested that we buy 1 or 2 cans of isotonic drink (eg.100PLUS), and mix it with drinking water according to a ratio of 1:1 or 1:2 (simply, it means one cup 100plus, one cup water or 2 cups water).
I and my husband have tried this on several occasions, and it seems to work well.
Another method will be to submerge your feet in a basin of warm water so that it brings the blood pressure down from your throbbing head. As Panadol is a pain killer, the more Panadol you take, the lesser would be your threshold for pain (your endurance level for pain).
We all will fall ill as we aged, for woman, we would need to go through childbirth. Imagine that we had spent our entire life popping quite a substantial amount of Panadol (Pain Killer) when you need to have a surgery or operation, you will need a much more amount of general anesthetic to numb your surgical pain than the average person who seldom or rarely takes Panadol. If you have a very high intake of Panadol throughout your life (Migraine, Menstrual cramps) it is very likely that normal general anesthetic will have no effects on you as your body is pumped full with panadol and your body is so used to pain killer that you would need a much stronger pain killer, Morphine?
Value your life, THINK b4 you easily pop that familiar pill into your mouth again. Please send this to people you care about.
