Monday, August 31, 2009

ဘဝကို မြန်မြန်သုံးစွဲ.. ရန်သူအတွက် ချန်မထားနဲ့



ဘဝကို မြန်မြန်သုံးစွဲ.. ရန်သူအတွက် ချန်မထားနဲ့.. ဆရာ စိုင်းဝင်းမြင့်ရဲ့ များများ မြန်မြန်ကဗျာစာအုပ်ထဲက ကဗျာခေါင်းစဉ်လေးတစ်ခုပါ.. အပေါ်က ဗီဒီယိုလေးနဲ့ လိုက်တယ်ထင်လို့ ပို့စ်ခေါင်းစဉ်လေးတပ်ဖြစ်တယ်။
ကျွန်တော်က ထမင်းစားတဲ့အခါ ကိုယ်ကြိုက်တဲ့ဟင်းလေးများပါရင် ချန်ထားခဲ့ပြီး နောက်ဆုံးမှ စားတတ်တယ်.. ကျွန်တော့်အကျင့်ပေါ့။ အခုလည်း ဘဝရဲ့ ကောင်းနိုးရာရာအပိုင်းလေးတွေကို မသုံးဆောင်နိုင်သေးဘဲ နောင်တစ်နေ့အတွက် ချန်ထားနေရပြီ။ အဲဒီအတွက် ကျွန်တော် ဝမ်းမနည်းပါဘူး။ မြန်မြန်သုံးစွဲဆိုတဲ့အခါ ဘဝထဲက ဘာတွေကို ကျွန်တော်တို့ သုံးစွဲမလဲ.. သုံးစွဲမယ်ဆိုတဲ့အတွက် မသုံးစွဲဖြစ်တဲ့ အပိုင်းတွေလည်း ကျန်ခဲ့မှာပါ. အဲ့ဒီအခါကျရင် ဘာတွေကို ခင်များအနေနဲ့ ချန်ထားခဲ့ချင်သလဲ.. ကျွန်တော့်လိုပဲ ကောင်းနိုးရာရာတွေလား.. ဒါမှမဟုတ် တခြားအရာတွေလား.. အဲဒီ ကောင်းနိုးရာရာဆိုတာတွေကရော သုံးစွဲမယ့်အချိန်အထိ အထားခံပါ့မလား.. သူတို့မှာ တာရှည်ခံနိုင်လောက်တဲ့ ဂုဏ်သတ္တိတွေပါမလား.. ဒါမှမဟုတ် နာတာရှည်တွေကော မဖြစ်နိုင်ဘူးလား.. ဘယ်လောက်မြဲမမြဲ ဘာတွေနဲ့ တိုင်းမလဲ..

2 comments:

Harry said...

တင်ထားတဲ့ clip လေးက အရမ်း ထိတယ်။ အဲဒါကြည့်ပြီး... အောက်က စာဖတ်ပြီး.. ခံစားမှုတစ်ခုရယ်.. တွေးမိတာတစ်ခုရယ် ပေါ်လာပြီး ပြုံးမိတယ်။ ဘယ်သူပြောတာလဲတော့ မမှတ်မိတော့ဘူး "There are 2 things un-substitutable in this world. Time and Parents"

@tMozzis said...

ကျွန်တော် ရတဲ့အတွေးက တစ်မျိုးဗျ။ တစ်ချို့ တွေက သူတို့ မှန်တယ်ထင်တာ စွတ်လုပ်တယ်။ ဒီလိုနဲ့ မိမိဘာသာ အထီးကျန်အောင် ထောင်ချမိတော့တာပဲဗျာ။ ဒီ video မှာကတော့ အမေလုပ်တဲ့ သူတွေပေါ့။ သားသမီးတွေကို "ပိုက်ဆံရှာဖို့ အဓိက အရေးကြီးတယ် ပိုက်ဆံရှိရင် သက်သက်သာသာ ကြိုက်တဲ့အချိန် နေလို့ရတယ်"ဆိုတဲ့ Concept ကို ရိုက်ထည့်ပေးထားတယ် ထင်ပါတယ်။ မောင်ဟယ်ရီ ပြောသလို ဘဝမှာ အရေးကြီးတဲ့ မိသားစုနဲ့ အချိန်ကို အမေရော သားသမီးပါ လက်လွတ်တာပဲဗျာ။ အဲ့သလိုဆိုရင် ကိုယ်လည်းနစ်နာသလို ကိုယ့်မျိုးဆက်လည်း အတွေးအခေါ်မှား ဝင်သွားတယ်ဗျ။ Video လေးနဲ့ ကဗျာခေါင်းစဉ်လေး နှစ်ခုတွဲလိုက်တော့ သင်ခန်းစာ အများကြီး ရတယ်ဗျာ။

Free counter and web stats