Friday, October 22, 2010

Diary page 23 Oct 2010

ကိုယ့်ကိုယ်ပဲ တွေ့ရှိသွားတာလား..
တွေ့ပြီးသားကိုပဲ ပြန်လွတ်ကျသွားတာလား..
တစ်စစီပဲ ပြုတ်ထွက်သွားသလား..
အီဗော်လူးရှင်းလား.. ကျဆုံးခန်းအင်ထရိုလား..
တောပြောင်းကျားကြီးပဲ ဖြစ်သွားလား..
ရွာသစ်ရောက်မယ့် သူကောင်းကြီးပဲ ဖြစ်မလား..
တစ်ကြိမ်တစ်ခါ ရူးနှမ်းသွားတာလား...
တစ်သက်လုံး ရူးခြင်းရဲ့ မူလပထမလား..
တစ်သက်နဲ့ တစ်ကိုယ် ကိုယ့်ကိုယ်ကို တစ်ခါမှ မတွေ့ဖူးတော့
ပထမဆုံးတွေလိုက်ရတဲ့ အချိန်မှာ ဖြစ်သင့်ဖြစ်ထိုက်
တအံတသြကြီးတွေလို.. “ဟယ်.. ငါ ပါလား”မျိုးလား. .
ဒါမှမဟုတ် ဖြစ်ရိုးဖြစ်စဉ် .. ထင်ယောင်ထင်မှား.. ကယောင်ကတမ်းလေလား. .
ကျွန်တော်ဟာ ဒီလိုနဲ့ပဲ နှစ် (၂၀)လေပဲတော့မလား....
Free counter and web stats