Showing posts with label အသိပေးခြင်း. Show all posts
Showing posts with label အသိပေးခြင်း. Show all posts

Sunday, May 2, 2010

နှစ်နှစ်သား အနိဋ္ဌာရုံသို့တဖန်

နာဂစ်နဲ့ ပတ်သတ်လို့ ကျွန်တော့်မှာလည်း ဒီတစ်ပုဒ်ပဲ ရှိတော့ကာ..


“မာရ်နတ်ရေးတဲ့ နာဂစ်ဇာတ် (သို့မဟုတ်) ပြာပုံထဲက ကဗျာ”



တစ်ညထဲပဲ…
ဒါပေမယ့်
တစ်ဘဝကို အမြဲရောက်သွားသလို..။

အဲဒီဘဝမှာ ..
စာသင်ခုံတွေ မရှိတော့ဘူး
မိသားစုထမင်းဝိုင်း မရှိတော့ဘူး
အိမ် မရှိတော့ဘူး
မေမေ့ရင်ခွင် မရှိတော့ဘူး။

သောက်ရေတွေထက်
မျက်ရည်တွေ ပိုများတယ်..
စာအံသံတွေ အစား
အစာလုသံတွေက
ကျောင်းလာတက်ကြတယ်...
ခေါင်းလောင်းထိုးသံတွေရဲ့ နေရာ
လူပျောက်ရှာသံတွေက
နေရာယူကြတယ်..
နို့စာပြီး အော်ငိုသံတွေဟာ
ဘုရားရှိခိုးသံတချို့ကို
ဖုံးလွှမ်းသွားတယ်..
နာဂစ်ရေ..
ဧရာဝတီ လယ်သမားကြီးရဲ့
ဒဏ်ရာမကင်းတဲ့ လက်တွေကိုများ
ဖြတ်ပစ်လိုတာလား...
တစ်ရက်ခြားတဲ့ ဘဝမှာ
ကျောင်းသားကနေ
ငါလည်း
သူတောင်းစားတစ်ယောက်ဖြစ်ပြီ ။

ဖေးကူရာ…
ငါတို့အတွက် အလှူလည်း
အဆီတွေ စုပ်
အသားတွေ ထုတ်ခံနေရလို့…
သစ်တစ်ပင်ဟာ
အမြစ်တစ်မျှင်တောင် မကျန်တော့လို့..
လှော်တက်တစ်ချောင်းဟာ
အနားအရောက်မှာ
ထင်းစတစ်ခု ဖြစ်သွားလို့။

ငါ့အတွက်
ခေါ်စရာ အဖေရယ် မကျန်၊
တော်စရာ အမေရယ်
ပြန်မလာတော့..
အပြစ်တင်ဖို့ရာက
စစ်ကျွန်ဘဝလား ?
ဆိုင်ကလုန်းလား ?
အတိတ်ကံလား ?
ဧရာဝတီလား ?
…………………
နိဂုံး မထိုးတတ်ခင်..
မီးမွှေးဖို့ဆိုပြီး
ငါ့ကဗျာလေးကိုလည်း
သူတို့ဆွဲယူသွားကြတယ်....။


ခန့်နေ


ဒီကဗျာကို ၂၀၀၈၊ သြဂုတ်လလောက်မှာ ရေးပြီးခဲ့ပါတယ်။ သံလွင်အိပ်မက်အင်တာနက်မဂ္ဂဇင်း ကို ပထမဆုံးပို့ဖြစ်ပြီး ဖော်ပြခံတစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ အခု ၂၀၁၀ မေလ(၂)ရက်၊ နာဂစ်ဖြစ်ခဲ့တာ နှစ်နှစ်မြောက်အဖြစ် ပြန်လည် မှတ်တမ်းတင်လိုက်ပါတယ်..

Thursday, February 18, 2010

4444 to 5555


အပေါ်က ပုံလေးကတော့ ကျွန်တော့်ဘလော့ ဖတ်သူဦးရေ ၄၄၄၄ရောက်ပြည့်တဲ့နေ့က အမှတ်တရအနေနဲ့ record လုပ်ထားတာပါ၊ ကျွန်တော် ကိုယ်တိုင် ၄၄၄၄ရောက်မြောက်ဖြစ်နေခဲ့တာပေါ့။ အဲဒါက ၂၀၀၉ (၇)လပိုင်း ၁၂ရက်နေ့က။ အခု ၅၅၃၀ကျော်နေပြီဆိုတော့ ၅၅၅၅ရောက်မြောက်ဟာ ဘယ်သူဖြစ်မလဲ၊ ကျွန်တော်ကိုယ်တိုင်ပဲပြန်ဖြစ်နေမလား။ တိုက်ဆိုင်မှုတစ်ခုအနေနဲ့ပါ။ နံပါတ်တွေနဲ့ ပတ်သက်လို့ ကျွန်တော် အယူလည်း မရှိပါဘူး။ အကယ်၍ စာဖတ်သူထဲက တစ်ယောက်ယောက်ဖြစ်ခဲ့မယ်ဆိုရင် c-box ထဲမှာ အမှတ်တရအနေနဲ့ တစ်ခုခုရေးခဲ့ဖို့ ကျွန်တော် တောင်းဆိုပါရစေ။ ဘလော့ရဲ့ အောက်ခြေ Total Visitorဆိုတဲ့ နေရာမှာ ကြည့်နိုင်ပါတယ်။ reader interaction ပေါ့နော်.. :)

ကြိုးစားလျက်
ခန့်နေ

Friday, February 12, 2010

အစီရင်ခံစာ (13/02/2010)

ဒီရက်ပိုင်းအတွင်း Blogတွေ ပြန်ဖတ်ရင်းနဲ့ ဟိုတစ်နေ့က ကိုမိုးလှိုင်ညဆီကနေ ဘလော့အသစ်တစ်ခုတွေ့ခဲ့တယ်.. Burmese Potery Foundationတဲ့။ ကဗျာဆိုင်ရာ ဆောင်းပါးတွေနဲ့၊ ကဗျာဟောင်းတွေထဲက အကောင်းဆုံးတွေ ပြန်လည် စုစည်းတင်ထားတာဖြစ်တယ်။ ကျွန်တော် နှစ်သက်မိပါတယ်။ အဲဒါကြောင့် side bar မှာ လင့်ခ်ထားလိုက်တယ်။ နောက်ထပ်လင်ခ့်လုပ်ဖြစ်တာတော့ My Little World နဲ့ သူငယ်ချင်း စည်သူရဲ့ ဘလော့ပါ။ Little World က ကျွန်တော် ဖတ်ဖြစ်တာ နည်းနည်းကြာပြီ။ စည်သူကတော့ ကဗျာတွေ ရေးအားကောင်းနေလေရဲ့။

အခုလောလောဆယ် ကျောင်းက (၄)ရက် ဆက်တိုက်ပိတ်မယ်။ ပြန်ဖွင့်တာနဲ့ (၃)ရက်တက်ပြီးရင် ကျွန်တော့်ရဲ့ ကောလိပ်ကျာင်းသားဘဝ အဆုံးသတ်ပါပြီ၊ (စာမေးပွဲ မကျခဲ့ရင်ပေါ့လေ) ကျောင်းပိတ်တဲ့အခါ မြန်မာပြည် ပြန်ရင်ကောင်းမလား၊ ဒီမှာနေပြီးပဲ အလုပ်ရှာရင် ကောင်းမလား.. စိတ်တွေနဲ့ ဒီရက်ပိုင်း ဆုံးဖြတ်ချက်ချမရသေးဖြစ်နေတယ်။ အလုပ်ရခဲ့ရင်ကျ နောက်ထပ် ဒီလိုရက်ရှည်ပြန်နိုင်ဖို့ဆိုတာ မလွယ်ဘူးထင်တယ်။ နောက်ပြီး သူငယ်ချင်းတွေဆုံဖို့ပေါ့။ ဒါပေမယ့် အခု ပြန်သွားလိုက်ရင်လည်း ပြန်လာတဲ့အခါ အလုပ်ရှာရမယ့် ဒုက္ခနဲ့ နေဖို့ pass ကိစ္စတွေဘာတွေ ခေါင်းပိုစားရမယ်။ အခုတစ်ပတ်တော့ project ကို ပိုအာရုံထားသင့်လို့ အဲဒီကိစ္စတွေ သိပ်မထိချင်သေးဖြစ်နေတယ်။

ဒါနဲ့ စကားမစပ် ဒီနေ့ တရုတ်လို နှစ်သစ်ကူးရော၊ ဗိုလ်ချုပ်မွေးနေ့ပါ တစ်ထပ်ထည်းကျတယ်နော်။ ဗိုလ်ချုပ်အကြောင်း ဂုဏ်ပြုစာတွေ ကဗျာတွေတော့ အွန်လိုင်းမှာ အများအပြားတွေ့ရလို့ ဝမ်းသာမိတယ်။ ကိုကောင်းကင်ကလည်း မွေးနေ့အမှတ်တရ ကဗျာစာအုပ်ထုတ်ဖြစ်မယ်ဆိုလို့ အားကျမိတယ်။ ဒီစာအုပ်အတွက် သူအချိန်ယူခဲ့တာ တော်တော်ကြာပြီ။ တရုတ်နှစ်ကူးကတော့ ဒီမှာ နည်းနည်းဒုက္ခရောက်တာက စားသောက်ဆိုင်တွေနဲ့ ဈေးတွေ မဖွင့်ဘူးလေ။ (၂)ရက်လောက် ပိတ်မယ်။ ဒါကြောင့် ဒီနေ့ နောက်ဆုံးဖွင့်တဲ့ရက် ရိက္ခာ စုဆောင်းထားရမယ်။ ငယ်ငယ်တုန်းက နှံကောင်လေးက မိုးတွင်းအတွက် မစုမိလို့။ အခုတော့ ကျွန်တော်တို့တွေက နွေနဲ့တင် စုနေရပြီ။ (အဲ.. အမှန်တော့ ဒီမှာ ဘယ်ရာသီရယ်လို့ ပြောလို့တော့ မရပါဘူး၊ ရောနေတာကိုး)

ကဲ.. ဘာပဲဖြစ်ဖြစ် အားလုံး အဆင်ပြေကြပါစေ... ကျွန်တော်လည်း ကဗျာတွေရေးဖြစ်နေတယ်။ နောက်ပြီး Blogကို Facebook ပေါ် တင်ရင် ကောင်းမလား.. စဉ်းစားနေတယ်။

Thursday, November 19, 2009

22/11/09


ဒီဇင်ဘာ လကုန်လောက်အထိကို ကျွန်တော် အလုပ်များဖို့ ရှိနေလို့.. ဘလော့ကိုတော့ ပြန်ထိနိုင်မယ် မထင်ဘူးဗျာ.. ကဗျာတွေတော့ ကြိုကြားကြိုကြားပဲ တင်ဖြစ်ပါမယ်.. တချို့ရေးချင်တာလေးတွေလည်း စိတ်ထဲပေါ်လာပေမယ့် အခု အလုပ်သင်နဲ့ စက်ရုပ်ဘဝရောက်နေလို့ ကီးဘုတ်လည်း ကလောင်မဖြစ်တာကြာပေါ့. ကျွန်တော် အလုပ်သင်ဆင်းနေရတဲ့ ကုမ္ပဏီရဲ့ ဓါတ်ပုံလေးတွေတချို့ ရှဲလိုက်ပါမယ်...

Fig. ပထမဆုံးနေ့ briefing မှာ

Fig. ကန်တင်းက ပထမဆုံး နေ့လည်စာ


Fig. အလုပ်ခန်း တခါးဝ


Fig. Reception


Fig. Company အဆောက်အဦး နဲ့ Logo


Dရက်ပိုင်းမှာ.. “ထ” (ထဆင်ထူး) ရေးပြမယ်ဆိုပြီး တကယ်တမ်းကြည့်လိုက်တော့ “ဝ” နှစ်လုံးပူးပြထားတာပဲဖြစ်နေတဲ့ သူတစ်ချို့ကိုလည်း တွေ့ခဲ့ရတယ်..

Tuesday, August 25, 2009

ဆရာတာရာ၏ ကဗျာများ

Commentမှာ ကိုIMnotFR တောင်းဆိုလို့ ဆရာတာရာမင်းဝေကဗျာ(၃)ပုဒ် (ရှိသလောက်) ထပ်တင်လိုက်ပါတယ်။ ကျွန်တော့် စိတ်ကြိုက်ကဗျာလေးတွေပေါ့. အားလုံးကို လမ်းအိုလေးကနေ ဒေါင်းထားတာပါ. မူရင်းအတိုင်းပဲ image file နဲ့ တင်လိုက်ပါတယ်. လမ်းအိုလေးမှာတော့ ဆရာ့ကဗျာတွေ ဒီထက်အများကြီးရှိပါအုံးမယ်. Blogရဲ့ ညာဖက်ခြမ်း side bar “စာပေနဲ့ မီဒီယာ” အောက်မှာ လမ်းအိုလေးသို့ လင်ခ့်ထားပါတယ်..







်Firefox (ပြသနာရှာမရဘဲ) ဒေါင်းသွားလို့.. Chromeလေးနဲ့ အသက်ဆက်နေရပါတယ်.. Bloggingအတွက်တော့ သိပ်အဆင်မပြေဘူး.. စာမေးပွဲ ဒီနေ့တစ်ဘာသာတော့ ဖြေနိုင်သွားပြီ။ ကိုအောင်ဖြိုးရဲ့ ပန်းကိစ္စတော့ စာမေးပွဲပြီးမှပဲ ရှင်းရတော့မယ်. (း


Tuesday, August 4, 2009

အခုတလော ရောက်တတ်ရာရာများ

ကျွန်တော်လည်း ပိုစ့်တွေ ကောင်ကောင်းမတင်တာကြာပြီ.. လာလည်နေကျ သူငယ်ချင်းတွေကို အားနာမိပါတယ်.. အခုတလော ဘာတွေလုပ်နေလဲ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တော့လည်း ဘာမှကို မယ်မယ်ရရ လုပ်နေတာလည်း မရှိဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က အိမ်ပြောင်းတာပဲ.. (၃)ရက်လောက်တော့ ကြာသွားတယ် ပစ္စည်းရွှေ့နေတာနဲ့ တင်.. သောကြာနေ့ စာမေးပွဲတစ်ခုရယ်၊ စနေနေ့ နှုတ်ဖြေစာမေးပွဲရယ် ရှိပါအုံးမယ်..
ပြီးခဲ့တဲ့ weekends တုန်းကတော့ ရှေ့က ပိုစ့်မှာ ကြော်ငြာထားတဲ့ Singapore Poly ရဲ့ နှောင်းနွေဆုံမှတ်ကို ရောက်ဖြစ်ပါတယ်။ ကျွန်တော် ဒီကိုစရောက်တဲ့ ပထမနှစ်ကတည်းက SP ပွဲကို ကြည့်ဖြစ်တာပါ. အရင်နှစ်ကတော့ စာမေးပွဲနဲ့ ကပ်နေတာနဲ့ မသွားဖြစ်လိုက်ဘူး.. အခုတစ်ခေါက်တော့ နည်းနည်းလေး ကွာသေးတာနဲ့ (ကွာချင်ယောင်ဆောင်ပြီး) ကြည့်ဖြစ်ပါတယ်။ ပွဲကို အကြောင်းပြုပြီး မတွေ့တာကြာပြီဖြစ်တဲ့ Blogger တွေရော၊ မတွေ့ဖူးသေးတဲ့ Blogger တွေနဲ့ပါ ဆုံခွင့်ရလို့လည်း ဝမ်းသာမိတယ်။ ဝေဖန်ရေး ဘာညာတော့ ကျွန်တော်လည်း သိပ်မလုပ်တတ်လို့.. ယေဘုယျအားဖြင့်ဆိုရင်တော့ ပုံမှန်ထက်ပိုတဲ့ ပွဲတစ်ပွဲပါပဲ။ Foreigner တွေ မြန်မာလို ဆိုတာ၊ ကတာ တွေ့ရတော့ ကိုယ့် Culture ကိုယ်ဂုဏ်ယူစိတ်လို့ပဲ ပြောရမလား..
စိတ်ထဲ ဖြစ်မိတယ်။ နောက်တစ်ခု ကျွန်တော် သတိထားမိထားမိသလောက် SPရဲ့ အငြိမ့်တွေမှာ (အခုနောက်ပိုင်း အငြိမ့်အများစုမှာ အသုံးများတဲ့) ခါးအောက်ပိုင်းပြက်လုံးတွေ ပါလေ့မရှိပါဘူး။ ကျွန်တော် လေးစားနှစ်သက်မိတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
ကဗျာနဲ့ပတ်သက်ပြီးတော့တော့.. ရေးဖြစ်တဲ့ကဗျာတွေကို သိပ်မကြိုက်တာကြောင့် မတင်ဖြစ်တာပါ။ ဒါပေမယ့် စာဖတ်သူအနေနဲ့ ပုံမှန်တော့ လည်ဖြစ်ပါတယ်.. ကဗျာ၊ စာကောင်းတွေ ဖတ်ရတိုင်းလည်း ဖန်တီးသူများကို အားကျကျေးဇူးတင်မိတယ်။
အားလုံး အဆင်ပြေကြပါစေ..

Tuesday, July 28, 2009

Singapore Polytechincs ရဲ့ နွေထဲက နှောင်းဆုံမှတ်

စင်္ကာပူမှာရှိတဲ့ Singapore Polytechnics မြန်မာကျောင်းသားများ တင်ဆက်ကပြမယ့် “နှောင်းနွေဆုံမှတ်” Stage Performance များကို အခုလာမယ့် သြဂုတ်လ (၂)ရက်နေ့ Polytechnics ရဲ့ Convention Centre မှာ ပြုလုပ်မှာဖြစ်ပါတယ်။ စင်္ကာပူက ရွှေမြန်မာတို့ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ပါ၏ ခင်မျ။ လက်မှတ်ဈေးများကတော့ S$9 နဲ့ S$12 ဖြစ်ပြီး ညစာအတွက် လက်သုပ်ပုဝါ.. အဲလေ.. နတ်သုဒ္ဓါ၊ အအေးနဲ့ အချိုပွဲလည်း ပါမှာမလို့ ..

နေရာ။ ။ Singapore Polytechincs, Convention Centre (Dover MRT)
အချိန်။ ။ 2.00 pm to 7.00 pm
ရက်စွဲ။ ။ August 2, 2009
ဆက်သွယ်ရန်။ ။ ရဲမာန် - ၉၁၉၁ ၄၈၇၉

Tuesday, March 3, 2009

ဆယ်လမွန် ငါးတို့ အပြန်...

အားလုံးပဲ.. သင်္ကြန်အပါအဝင် နွေရာသီ ကျောင်းပိတ်ရက်တွေရတုန်း ကျွန်တော် မြန်မာပြည်ပြန်အုံးမှာ ဖြစ်တဲ့အတွက် အားလုံးကို ဒီကပဲ နှုတ်ဆက်ပါရစေ ခင်မျာ.. ဟိုရောက်ရင်တော့ MPT နဲ့ စိတ်ကောင်း ဝင်ချိန်နဲ့ ကျွန်တော် စိတ်ကူးရချိန်လေး တိုက်ဆိုင်ခဲ့လို့ရှိရင် ထပ်တင်ဖြစ်ပါ့မယ်.. တင်နိုင်အောင်လည်း ကြိုးစားကြည့်ပါ့မယ်.. ဘလော့တွေ အရင်လို လိုက်မဖတ်နိုင်မှာနဲ့ ကွန့်မန့်တွေ ပြန်မရေးနိုင်တာကိုတော့ ခွင့်လွှတ်ပါခင်မျာ.. ကျွန်တော်လည်း ကျော်ခွနည်းတွေ သိပ်မသိသေးလို့... အားလုံးလည်း ပျော်ရွှင်သော နွေရာသီ ရက်များ ဖြစ်ပါစေလို့... အခုမှရတဲ့ အခွင့်အရေးလေးတစ်ခုကို အလုအယက်တိုးဝှေ့ လိုက်ပါအုံးမယ်..း)

Sunday, January 25, 2009

သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၁)

ဒီနေ့ ၂၀၀၉ ဇန်နဝါရီအတွက် သံလွင်အိပ်မက် မဂ္ဂဇင်းရဲ့ အတွဲ(၃) အမှတ် (၁) ထွက်လာပါပြီ.. အရင်က ကျွန်တော့် ဘလော့မှာ ဖော်ပြဖူးတဲ့ "ခေါင်းစဉ်မရှိ စောင့်စားခြင်း" ကဗျာလေး စာမျက်နှာပေါ်ပါလာတဲ့အတွက် အတိုင်းမသိ ကျေနပ်မိပါတယ်..ပါဝင်မယ်လို့ ကျွန်တော် မထင်မိတာက သတ်မှတ်ရက်ထက် ပို့တဲ့အချိန် နည်းနည်းနောက်ကျသွားတာကြောင့်ပါ။ ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ သုံးပေးတဲ့ သံလွင်ကိုရော၊ ကဗျာလေးအတွက် ဒီဇိုင်းဆွဲပေးထားတဲ့ မပန်ဒိုရာကိုပါ ဒီနေရာကနေ ကျေးဇူးမှတ်တမ်းတင်ပါတယ်ခင်မျာ...

ဒါနဲ့ ပထမ တစ်ခေါက် သံလွင်ကို အွန်လိုင်းမဂ္ဂဇင်းမှန်း မသိခင်တုန်းက ဝယ်သိမ်းထားရအောင်ဆိုပြီး မြန်မာစာအုပ်ရောင်းတဲ့ဆိုင်တွေမှာတောင် လိုက်မေးကြည့်ခဲ့သေးတယ်.. :D

Saturday, January 10, 2009

ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ

အမေနေ့တဲ့.. ရိုးရိုးသားသား ဝန်ခံရရင်တော့ ကျွန်တော် တခါမှ မသိခဲ့တဲ့ အမှန်ပဲ.. အမေကျော် ဒွေးတော်လွမ်းပြီး အင်္ဂလိပ်လို Mother's day ကိုပဲ သတိထားမိလေရဲ့.. ဒီနှစ်တော့ ဇန်နဝါရီ ၁၀မှာ ကျရောက်ခဲ့ပါတယ်.. မြန်မာလိုတော့ ပြာလိုလပြည့်နေ့ကို သတ်မှတ်ထားတာပါ..မတိုင်ခင် ၉ရက်နေ့က ကိုရင်ညိန်းနဲ့ chat မှာတွေ့ပြီး.. သူပြောပြလို့သာ သိရတာ.. အမေနေ့အကြောင်း သူ e-book တစ်အုပ် စီစဉ်နေကြောင်း အဆင်ပြေရင် ကဗျာလေးတွေနဲ့ ဝိုင်းပေးဖို့ ပြောပါတယ်.. တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း ပူပူနွေးနွေး ပြီးထားတာလေး တစ်ပုဒ်ရှိတော့ ပို့ပေးဖြစ်တယ်.. အခုတော့ အဲဒီ e-book လေးထွက်လာခဲ့ပါပြီ.. ကျွန်တော် အပါအဝင် ဘလော့ဂါ/ ကဗျာဆရာ၊ ဆရာမတွေ စုစုပေါင်း (၂၁)ယောက်၊ တစ်ယောက်တစ်ပုဒ်နှုန်းစီနဲ့ ပါဝင်ထားပါတယ်.. ကျွန်တော့် ကဗျာလေးကတော့ အမေ့အကြောင်းထက် အဝေးမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို ပြန်ပြောပြထားတဲ့ သားတစ်ယောက်ရဲ့ စာမျိုးလေးပါ.. ကလောင်ကိုတော့ ခန့်နေလို့ တပ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် လေးစားအားကျရတဲ့ နောင်တော် ကဗျာဆရာတွေ.. အထူးသဖြင့် ကိုကောင်းကင်၊ ကိုညိမ်းညိုတို့နဲ့ ဒီလို တစ်အုပ်ထဲ အတူတူပါဝင်ခွင့်ရတာကို ဝမ်းသာမိတယ်ဗျာ..

စီစဉ်သူ နယ်တူသား ကိုရင်ညိန်းကိုလည်း အတိုင်းထက်အလွန်၊ ကျေဇူးမှတ်တမ်းတင်ပါတယ်ခင်မျ..း)

Mother Day Poems2

Download:
  • ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ

  • Friday, December 26, 2008

    Myanmar Blog Academy by mmblogpress

    တစ်နေ့က ကိုညီလင်းဆက်ရဲ့ ဘလော့ဂ်ကနေ သတင်းထူးတစ်ပုဒ် တွေ့ခဲ့ရတယ်..
    အဲဒါကတော့ မြန်မာ Blog Academy ပေးပွဲဖြစ်ပါတယ်.. မြန်မာဘလော့ဂ်တွေထဲကနေပြီးတော့ အမျိုးအစားလိုက် အကောင်းဆုံးတွေကို စည်းမျဉ်းတွေနဲ့ အညီ ရွေးချယ်မယ့် အစီအစဉ်လေးပါ.. သတင်းလေးကို ဖတ်ပြီး စီစဉ်နိုင်သူတွေကို လေးစားမိတယ်.. ကျွန်တော်လည်း အဲဒီလို idea လေးတွေ အရင်က (စိတ်ကူးယဉ်သက်သက်) ဖြစ်ခဲ့ဖူးတယ်..
    ချီးမြင့်မယ့်ဆုအမျိုးအစားတွေကတော့ ..

    • အကောင်းဆုံး ဘလော့ဂ်ဆု ( ကဗျာ )
    • အကောင်းဆုံး ဘလော့ဂ်ဆု ( နည်းပညာ )
    • အကောင်းဆုံး ဘလော့ဂ်ဆု ( ပညာရေး )
    • အကောင်းဆုံး ဘလော့ဂ်ဆု ( ဘာသာရေး )
    • အကောင်းဆုံး ဘလော့ဂ်ဆု ( ရသ စာပေ )
    • အကောင်းဆုံး ဘလော့ဂ်ဆု ( သတင်း )
    • အကောင်းဆုံး ဘလော့ဂ်ဆု ( အစုအဖွဲ့ )
    • အကောင်းဆုံး ဘလော့ဂ်ဆု ( မြန်မာစာပေ )
    • အကောင်းဆုံး ဘလော့ဂ်ဆု ( နိုင်ငံရေး )
    • အကောင်းဆုံး ဘလော့ဂ်ဆု ( ပရဟိတ )

    သတ္တမနည်းပညာ ရပ်ဝန်း (Technical 7) ရဲ့ ကြိုးပမ်းမှုပါ။ အသေးစိတ်အချက်အလက်နဲ့ မဲ(vote) ထည့်သွင်း ပါဝင်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ သွားရောက်လေ့လာနိုင်ပါတယ် ခင်မျာ.. Results တွေကိုတော့ ၂၀၀၉ခုနှစ်၊ ဇန်နဝါရီလ (၁၁)ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၁၂း ၀၀) တိတိမှာ ဖွင့်လှစ်ကြေညာမှာ ဖြစ်ပါတယ်.. ကျွန်တော်တော့ ရုံကြီးကားတွေ သိပ်မရိုက်ဖြစ်တာကြောင့် မပါဖြစ်တော့ဘူး.. :P ဆုရမယ့် သူတွေကိုယ်စားတော့ တင်ကြို ရင်ခုံမိနေတယ်..း)



    Monday, August 25, 2008

    မင်္ဂလာပါခင်မျာ...

    ကျွန်တော်လည်း ပို့စ် အသစ်မတင်ဖြစ်တာ ၁လ ကျော်သွားပြီ.. လာလည်ပေးတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို အားလည်းနာရင်း ကျေးဇူးလည်း တင်ရင်းပေါ့… Comments တွေက တွန်သံပေးနေလည်း ကျွန်တော် eduking တစ်ယောက် အပျင်းအိပ်မက်ရှည်ကြီးက မနိုးထနိုင် ဖြစ်နေခဲ့တယ် :D .. သူငယ်ချင်းတစ်ယောက်ကတော့ ပြောပါတယ်.. “နင့်ကို ပုံမှန်တင်ရမယ်လို့ ဘယ်သူပြောလဲတဲ့” သူပြောတာလည်း ဟုတ်သလို့တော့ ရှိသား။ ဒါပေမယ့် ရေးဖော်ရေးဖက်သူငယ်ချင်းတွေနဲ့တော့ ဝေးသွားသလို ခံစားရတယ်.. ပုံမှန်မရေးဖြစ်ပေမယ့်လည်း တခြား Blog တွေဆီတော့ အမြဲတမ်း ဖတ်တာ၊ လေ့လာတာတွေ လုပ်ဖြစ်ပါတယ်…

    ဒါနဲ့ ဒီသြဂုတ်လ ကုန်တဲ့အခါ ကျွန်တော် ဘလော့လေး တစ်နှစ်ပြည့်ပါပြီ ။ ပြန်စီစစ်ကြည့်တော့ စုစုပေါင်း ပို့စ်က ၅၂ ခုလောက်ပဲ ရှိတယ်။ တစ်ပတ်ကို တစ်ခုနှုန်း နဲ့ ကွက်တိပဲ.. ဒါပေမယ့် ကွာလတီက အဓိက မဟုတ်လား :D ဟက်ဟက်.. နောက်တာ။ အစပထမရည်ရွယ်ချက်တော့ ကျွန်တော့် ဒိုင်ယာရီသဘော အဓိက ရေးပြီး.. ကြိုကြား ကြိုကြား အတွေးလေးတွေ၊ တစ်ခါတစ်လေ ဖြစ်လာတဲ့ ခံစားချက်လေးတွေ ထည့်သွားဖို့ပါ။ ဒါကြောင့် Diary Pages လို့ပဲ ပေးထားလိုက်တယ်။ ဒါပေမယ့် နောက်ပိုင်း ကဗျာတွေ၊ ဝထ္ထုတိုတွေဘက်ကို ပိုရောက်လာတာတွေ့ရတယ်။ သူငယ်ချင်းတွေလည်း လာလည်ပြီး အားပေးကျတော့ ရေးချင်စိတ် ပိုဖြစ်မိတယ်။

    အခုရောက်နေတဲ့ အနေအထားလေးကို ကျွန်တော် တော်တော်လေး နှစ်သက်မိပါတယ်။ ဒီ blog ကနေ သူငယ်ချင်းအသစ်တွေရလာတယ်။ C-boxနဲ့ Comments တွေကြောင့် စာတွေရေးတဲ့အခါ ပို confident ဖြစ်မိတယ်။ ကျွန်တော် ဆက်ရေးဖြစ်နေတဲ့ အကြောင်းထဲမှာ အဲဒါဟာ အဓိကကျနေတာတွေ့ရတယ်။ အရင်က တွေးမိတာ တစ်ယောက်ထဲ ရေးမယ်ဆိုတဲ့သဘောနဲ့ပါ။ ဒါပေမယ့် လက်တွေ့ကျတော့ ဖတ်မယ့်သူ မရှိတဲ့အခါ ရေးချင်စိတ်လည်း လျော့လာတယ်။ ဒါကတော့ စာရေးသူတိုင်း ဖြစ်မိတဲ့ စိတ်လေးတစ်ခုလို့ ကျွန်တော်ထင်တယ်။ ကိုယ့်ရေးထားတဲ့ စာမူလေးကို အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကိုပဲ ဖြစ်ဖြစ် ပေးဖတ်ချင်မိတာပဲ။ အဲဒီအခါ သူငယ်ချင်းက ကောင်းတယ်ဆိုရင်လည်း ဒီထက်ပိုကောင်းအောင် ကြိုးစားချင်စိတ်၊ မကောင်းဘူးဆိုရင်လည်း တိုးတက်ချင်စိတ်ကလေး ဖြစ်လာပြီး ဆက်ရေးမိတာပဲ။ အနည်းဆုံးတော့ c-box မှာ လာအော်တာလေးပဲဖြစ်ဖြစ်၊ မကောင်းပင်ငြားသော်လည်း သည်းခံပြီး အပြုသဘောဆောင် ရေးပေးသွားတာမျိုးလေးတွေပဲဖြစ်ဖြစ်ပေါ့.. :D

    ဝန်ခံရရင်တော့ ကျွန်တော်ဟာ စာရေးပျင်းတဲ့သူတစ်ယောက်ပါ.. နောက်ပြီး ငယ်ငယ်ကတည်းက မြန်မာစာဆိုရင် ကြောက်တတ်တဲ့ စိတ်တစ်ခုလည်း ရှိတယ်ဗျ။..

    ဘာပဲဖြစ်ဖြစ် ဒီ blog လေးကို တစ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာအထိ အဓိက မောင်းနှင်သွားတာဟာ ကျွန်တော့်ရဲ့ နှလုံးသားစက်ကြီးထဲကို ပုံမှန် လောင်ချပေးနေတဲ့ ရောင်းရင်းတို့ရဲ့ အာဟာရ လောင်စာဆီများသာ ဖြစ်ပါကြောင်း…



    Monday, July 14, 2008

    လောလောဆယ် ကျွန်တော် ကဗျာတွေ၊ story တွေရေးတာ ခဏပဲဖြစ်ဖြစ် ရပ်ထားချင်တယ်။ ကျွန်တော်စိတ်ကြိုက် မဖြစ်သေးတာရယ်၊ Time management အပိုင်း အားနည်းတာရယ်၊ လာဖတ်ကြသူတွေ အနေနဲ့လည်း အကျိုးမဖြစ်ထွန်းဘူးလို့ ယူဆလို့ပါ။ တခြားအကြောင်းတွေနဲ့ ပတ်သက်ပြီးပဲ ပိုတင်ဖြစ်မယ်ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် Blog နဲ့ ပတ်သက်ပြီး ကျွန်တော် လိုချင်တဲ့ ပုံစံတစ်ခုကိုတော့ ရောက်အောင်သွားမှာပါ။ အနည်းငယ်သော လာရောက်ဖတ်ရှု၊ အားပေးသူအားလုံးကိုလည်း ကျေးဇူးကမ္ဘာပါဗျား)

    Wednesday, July 9, 2008

    Announcement

    Dတစ်ခါတော့ NYPian တွေရဲ့ အလှည့်...





    Thursday, July 3, 2008

    Nee Ann Poly's Myanmar Thingyan 08


    Singapore မှာရှိတဲ့ Nee Ann Polytechnics က မြန်မာကျောင်းသူ၊ ကျောင်းသားများရဲ့ ၂၀၀၈ သင်္ကြန်ပွဲဖြစ်ပါတယ်။ ခါတိုင်းနှစ်တွေနဲ့ မတူတာကတော့ ပွဲက ရရှိလာတဲ့ အကျိုးအမြတ်ရဲ့ တစ်ဝက်ကို Nargis မုန်တိုင်း ဒုက္ခသည်များအတွက် လှူဒါန်းမှာ ဖြစ်ပါတယ်။ ရံပုံငွေပွဲပေါ့ဗျာ။

    Wednesday, February 20, 2008

    ၂၁.၂.၀၈

    ကျောင်းစာမေးပွဲတွေ၊ အင်တာနက်သုံးရတာ အဆင်မပြေတာတွေရယ်ကြောင့် လောလောဆယ် ကျွန်တော့် ဘလော့ကို ပိုစ့်တွေခဏရပ်ထားပါအုံးမယ်… နောက်လထဲမှာတော့ မွေးရပ်ဌာနီ မြန်မာပြည် ပြန်ဖို့လည်း မှန်းထားသဗျ..

    လာရောက်လည်ပတ်ကျတဲ့ သူငယ်ချင်းများ အားလုံးအဆင်ပြေကျပါစေလို့…

    Monday, October 8, 2007

    Announcement

    လတ်တလော စိတ်ထိခိုက်စရာ သတင်းများကြောင့် ကျွန်တော် blog ရေးသားခြင်းသား ခေတ္တရပ်ဆိုင်းထားမည် ဖြစ်ပါတယ်..

    Post အသစ် မတင်နိုင်သေးခင် လာလည်ကြသော ရောင်းရင်းများအား ကျေးဇူးတင်စွာဖြင့် တောင်းပန်ပါကြောင်း…

    တို့တာဝန်

    ကိုယ့်လူမျိုး ကိုယ်သတ်၊
    ကိုယ့်သာသနာ ကိုယ်ဖျက်ဆီး၊
    ရမက်မီးနဲ့ မိစ္ဆာ၊
    အချိန်ရှိခိုက် မသုတ်သင်ရင်၊
    နောင် တမလွန်မှာ..
    ဒို့အာဇာနည်တွေကို
    ဘယ်လိုမျက်နှာပြမလဲ...
    သင် တွေးလော့။

    Free counter and web stats