Saturday, November 27, 2010

လည်ပြန်

ညီမလေးရေ
ငါ့ကို ခွင့်မလွှတ်လိုက်ပါနဲ့
ပေးမှတ်ထက်တောင်ကျော်ပြီး
ငါဟာ ကြိုမှားခဲ့၊ ပိုမှားခဲ့သူပါကွယ်
ဒီဘဝ ကျောက်သင်ပုန်ကြီးတစ်ခုလုံး
အဲဒီစာလုံးတွေနဲ့ ပြည့်တဲ့အထိ
ငါရေးခဲ့ပါမယ်
"ညီမလေးရေ
ငါ့ကို ခွင့်မလွှတ်လိုက်ပါနဲ့"

ခန့်နေ

Saturday, November 13, 2010

အစဉ်သဖြင့်

ချစ်ခင်နေတုန်းမှာပဲ ခွဲခွာခဲ့တာ ဘဝဆိုတာ
နှင်းဆီလို့နာမည်ပေးရင် ( မင်းလည်း ) မွှေးမှာပဲ
သွေးလန့်မှု အရွှေ့ အရွှေ့ထဲ
ပုံကြမ်းကောက်ကြောင်း စိတ်ကူးတလည်လည်
မြို့လည်ထဲ အက်ကြောင်းထ/ထပ်လို့
တစ်နေ့နေ့ တနဲ့နဲ့
လွန်လေပြီးသော နှင်းပွင့်များ
သက်တံရောင်စုံနဲ့ ဆွဲတာ
တရေးရေး တရိပ်ရိပ်
ဘယ်သူဆွဲတာလဲ အခုကြယ်။


စိုင်းဝင်းမြင့်
(စိတ်ကူးချိုချို- ခေတ်ပြိုင်ကဗျာ အချို့ (စာ-၇)မှ)
Free counter and web stats