Showing posts with label အောင်ချိမ့်. Show all posts
Showing posts with label အောင်ချိမ့်. Show all posts

Friday, August 16, 2013

မတွေ့ ကြတော့ဘူးလား တစ်ယောက်နဲ့ တစ်ယောက်



မိုးရွာလာပြီ
မိုးရွာလာတော့
မိုးရွာတဲ့အခါ
မိုးအမည်နဲ့ မိန်းကလေးလို
မိုးရွာတဲ့အခါ
ပန်းများ၊ လမ်းများ၊
ရေပေါက်များ၊ ရေစီးများ
အခန်းစည်းလွင့်လွင့်များ
ပြတင်းပေါက်များ
ပြတင်ပေါက်မှမြင်ရသော ကုန်စုံဆိုင်လေး
ရှေ့ နားဓာတ်တိုင်
ဓာတ်တိုင်နားမှာ
ထီးတစ်လက်၊ အဲဒီထီးတစ်လက်အနီး
အခြားထီးများ
အခြားဘဝများ
ဘဝများအညိုရောင်၊ ဘဝများအနီရောင်
ဘဝများအရောင်စုံစုံ
မိုးဟာနှေးနှေး
မိုးဟာဖြေးဖြေး
မိုးဟာတိတ်မည့် အရောင်ဝေးဝေး
မပါသေးတဲ့အနာဂါတ်
မလာသေးတဲ့အနာဂါတ် မိုးရေစပ်စပ်မှာ
ဘာကြောင့်တစ်ယောက်နဲ့တစ်ယောက် မကြားရာ၊ မမြင်ရာ
ဘာကြောင့် တစ်ယောက်နဲ့တစ်ယောက်အဝေးကြီးမှာ
ဘာကြောင့်တစ်ယောက်နဲ့တစ်ယောက်
ထိုနောက်၊ မတွေ့ ကြတော့ဘူးလား တစ်ယောက်နဲ့ တစ်ယောက်။    ။


အောင်ချိမ့်
(ဆေးရှူတဲ့မောင်)
Free counter and web stats