Tuesday, August 4, 2009

အခုတလော ရောက်တတ်ရာရာများ

ကျွန်တော်လည်း ပိုစ့်တွေ ကောင်ကောင်းမတင်တာကြာပြီ.. လာလည်နေကျ သူငယ်ချင်းတွေကို အားနာမိပါတယ်.. အခုတလော ဘာတွေလုပ်နေလဲ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားကြည့်တော့လည်း ဘာမှကို မယ်မယ်ရရ လုပ်နေတာလည်း မရှိဘူး။ ပြီးခဲ့တဲ့ တစ်ပတ်က အိမ်ပြောင်းတာပဲ.. (၃)ရက်လောက်တော့ ကြာသွားတယ် ပစ္စည်းရွှေ့နေတာနဲ့ တင်.. သောကြာနေ့ စာမေးပွဲတစ်ခုရယ်၊ စနေနေ့ နှုတ်ဖြေစာမေးပွဲရယ် ရှိပါအုံးမယ်..
ပြီးခဲ့တဲ့ weekends တုန်းကတော့ ရှေ့က ပိုစ့်မှာ ကြော်ငြာထားတဲ့ Singapore Poly ရဲ့ နှောင်းနွေဆုံမှတ်ကို ရောက်ဖြစ်ပါတယ်။ ကျွန်တော် ဒီကိုစရောက်တဲ့ ပထမနှစ်ကတည်းက SP ပွဲကို ကြည့်ဖြစ်တာပါ. အရင်နှစ်ကတော့ စာမေးပွဲနဲ့ ကပ်နေတာနဲ့ မသွားဖြစ်လိုက်ဘူး.. အခုတစ်ခေါက်တော့ နည်းနည်းလေး ကွာသေးတာနဲ့ (ကွာချင်ယောင်ဆောင်ပြီး) ကြည့်ဖြစ်ပါတယ်။ ပွဲကို အကြောင်းပြုပြီး မတွေ့တာကြာပြီဖြစ်တဲ့ Blogger တွေရော၊ မတွေ့ဖူးသေးတဲ့ Blogger တွေနဲ့ပါ ဆုံခွင့်ရလို့လည်း ဝမ်းသာမိတယ်။ ဝေဖန်ရေး ဘာညာတော့ ကျွန်တော်လည်း သိပ်မလုပ်တတ်လို့.. ယေဘုယျအားဖြင့်ဆိုရင်တော့ ပုံမှန်ထက်ပိုတဲ့ ပွဲတစ်ပွဲပါပဲ။ Foreigner တွေ မြန်မာလို ဆိုတာ၊ ကတာ တွေ့ရတော့ ကိုယ့် Culture ကိုယ်ဂုဏ်ယူစိတ်လို့ပဲ ပြောရမလား..
စိတ်ထဲ ဖြစ်မိတယ်။ နောက်တစ်ခု ကျွန်တော် သတိထားမိထားမိသလောက် SPရဲ့ အငြိမ့်တွေမှာ (အခုနောက်ပိုင်း အငြိမ့်အများစုမှာ အသုံးများတဲ့) ခါးအောက်ပိုင်းပြက်လုံးတွေ ပါလေ့မရှိပါဘူး။ ကျွန်တော် လေးစားနှစ်သက်မိတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
ကဗျာနဲ့ပတ်သက်ပြီးတော့တော့.. ရေးဖြစ်တဲ့ကဗျာတွေကို သိပ်မကြိုက်တာကြောင့် မတင်ဖြစ်တာပါ။ ဒါပေမယ့် စာဖတ်သူအနေနဲ့ ပုံမှန်တော့ လည်ဖြစ်ပါတယ်.. ကဗျာ၊ စာကောင်းတွေ ဖတ်ရတိုင်းလည်း ဖန်တီးသူများကို အားကျကျေးဇူးတင်မိတယ်။
အားလုံး အဆင်ပြေကြပါစေ..

2 comments:

Phyo Maw said...

Foreign သူလေးတွေလည်း ချောတာပါမှာပေါ့
မပြောတတ်ပါဘူးလေ :)
တခြား အကမမ တွေကြားရင် ငါ့သတ်ချင်နေဦးမယ်။

Eduking said...

အင်း.. ကျွန်တော့်ခုံက ဝေးနေလို့ဗျ.. သေချာမြင်လိုက်ရဝူး.. ဓါတ်ပုံတွေထဲပဲ ပြန်ရှာကြည့်ရင်ကောင်းမလား.. :P

Free counter and web stats