Sunday, August 9, 2009

ညီမလေးထံ ပေးကဗျာ

အတွေးထဲက သူ့ရီသံတွေကို
အစီခံတွေထဲ စစ်ထုတ်လို့
အပျင်းပြေ..
ပုလင်းတွေလည်း ဖွင့်တတ်နေပြီ။
ညီမလေး (သို့မဟုတ်)
ထိချင်တိုင်း မထိရ၊
ထိမရ တဲ့ ကမ်းလွန်ဒေသလေးတစ်ခု။

(အိပ်မက်တွေ အဟောင်ပြင်းလို့
စာမေးပွဲတွေ မအောင်ဖြစ်ရင်လည်း
သူလေးပေးတဲ့ အမှတ်တွေနဲ့ပဲ
ကိုယ့်ကိုယ်ကို ပြန်အောင်နေမိတယ်)

ခန့်နေ

2 comments:

Anonymous said...

ကောင်းလိုက်တဲ့ ကဗျာလေးပါလားဗျာ။
ကျွန်တော်ရင်ထဲက ခံစားချက်တွေနဲ့ တစ်ထေရာတည်းကို ဖြစ်နေတယ်။ ကျွန်တော်လည်း တစ်ကယ်ကိုပဲ "အစီခံတွေထဲ စစ်ထုတ်" ပြီး "အပျင်းပြေ ပုလင်းတွေလည်း ဖွင့်တတ်နေ" ပါပြီ။ ညီမလေးတစ်ယောက်ကြောင့်ပေါ့။

pm said...

ညီမလေး (သို့မဟုတ်)
ထိချင်တိုင်း မထိရ၊
ထိမရ တဲ့ ကမ်းလွန်ဒေသလေးတစ်ခု။

သတိ
ဗို့အား၁၆၀၀ ပြေးမြင်မိတယ်။

Free counter and web stats