Wednesday, November 26, 2008
Diary 26.11.08
သူတို့သင်နေတဲ့အဆင့်က ကျွန်တော့် level နဲ့ မလိုက်နိုင်သေးဘူး.. ပုံမှန် အဲဒီမှာ အတန်းတက်မယ်ဆိုရင်တော့ သင်တန်းကြေးက မနည်းပါဘူး။(၁)ပတ် တစ်ချိန်(၂)နာရီနဲ့ (၂)လစာ အတန်းတစ်ခုကို စင်္ကာပူဒေါ်လာ (၂၄၀) ပေးရပါတယ်.. နှစ်ချိန်စာဆိုရင်တော့ (၃၄၀)ပါတဲ့.. ဒါနဲ့ ကျွန်တော်တို့ ဗမာပြည်မှာလည်း အဲဒီအဖွဲ့အစည်း ရန်ကုန်မှာ ရှိတယ်လို့ သိရတယ်.. သင်တန်းကြေးတွေတော့ ဘယ်လောက် ရှိတယ်မသိ..
အိမ်ပြန်ရောက်တော့ ည(၁၀)နာရီထိုးနေပြီ... ကွန်ပြူတာနဲ့ (၂)ရက်လောက် ဒေါင်းထားတဲ့ ရုပ်ရှင်လေးတစ်ခု ပြီးနေတာနဲ့ အားရဝမ်းသာ ဖွင့်ကြည့်လိုက်တော့ ဖိုင်က ဖွင့်မရ ဖြစ်နေတယ်..
အခုတလောမှ ရုံတင်တဲ့ ကျွန်တော် အရမ်းကြည့်ချင်နေတဲ့ actionကားတစ်ကားပေါ့.. ကျွန်တော်ကြိုက်တဲ့ Leonardo ပါလို့ပါ.. သူ့ရဲ့ actingတွေကို Blood Diamond မှာ စလို့ တော်တော်လေး သတိထားမိတယ်.. The Departedမှာလည်း မိုက်တယ်.. ဒီကောင်က လူလည်လုပ်တဲ့ နေရာတွေမှာ သရုပ်ဆောင်ရတာ သိပ်ပိုင်တယ်.. ရုပ်ရှင်ကို ဖွတ်ကလိဒေါ်လာမကုန်ဘဲ အိမ်မှာများကြည့်ရမလားလို့...ပိုက်ဆံက အခုတလော တော်တော်ကုန်နေတယ်.. ကျွန်တော် အစားကြီးတာရယ်၊ နောက် စိစိစစ်စ်သုံးတဲ့ အကျင့်မရှိတာရယ်ကြောင့်..
အခုလာမယ့် ဒီဇင်ဘာကျောင်းပိတ်ရက်တောင် ပြန်ချင်ပေမယ့်၊ ဒီပုံစံအတိုင်းဆို မပြန်ဖြစ်လောက်တော့ဘူး.. လေယာဉ်ခရီးကလည်း သိပ်ဈေးကြီးနေတယ်.. ပြန်ချင်ရတဲ့ ရည်ရွယ်ချက်က ဒီဇင်ဘာဆို ဟိုမှာ (ရာသီဥတုအရ) နေလို့ကောင်းမယ် ထင်တာရယ်၊ ရှုပ်နေတဲ့ စိတ်တွေကို ခဏလောက်ပဲ ဖြစ်ဖြစ် အပန်းဖြေချင်တာရယ်ကြောင့်ပါ..
ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ "ပြည်မှာ.. ဆောင်း" အိပ်မက်လေး ပျက်ပြယ်ခဲ့ပေါ့..
ဒီဇင်ဘာ (၁၃)နောက်ပိုင်း စင်္ကာပူ-မြန်မာ လေယာဉ်လက်မှတ်အပိုလေးများ ကောက်ရရင် ကျွန်ုပ် edukingထံ အကြောင်းကြားနိုင်ပါကြောင်း...
Tuesday, November 18, 2008
Poem part- 16
စရေးခဲ့တဲအချိန်က တွက်ရင် ဒီကဗျာလေးကို ကျွန်တော်ရေးခဲ့တာ ကြာပါပြီ..
မကြိုက်တာတွေဖြုတ်လိုက်၊ အိုင်ဒီယာ မထွက်လိုက်နဲ့ အချိန်တော်တော် ယူသွားတယ်..
တစ်နေ့ကမှ project လုပ်နေရင်းနဲ့ ပြန်ရေးဖြစ်တာ..
စလုံးသူငယ်ချင်းရှေ့မှာ ခပ်တည်တည်နဲ့.. ဘာလုပ်နေတာလဲ မေးတော့ research လုပ်နေတာပါဆိုပြီး..
Virus တိုက်ပွဲ
ဒီပြဿနာဟာ
လွန်ခဲ့တဲ့ နှစ် ၆၀ ကျော်ကပေါ့..
လွတ်လပ်ရေး Hard disk ပေါ်က
နယ်ချဲ့ယန္တရားကို remove လုပ်ပြီးမှ
local virus ဝင်ကိုက်ခံရတဲ့ အဖြစ်လိုမျိုး
မညီတဲ့ အသံတွေ
မမှီတဲ့ ဥာဏ်တွေကြားက
errorတွေကို ဖယ်ရှာနေဆဲ..
အောင်မြင်မှုအတွက်
တော်လှန်ရေး program တစ်ခု ရှိတယ်။
အနီးကပ်နဲ့ အဝေးပစ်
သံတိုင်.. အတွင်း/အပြင်
သက်ရှိရော သက်မဲ့အဖြစ်ပါ
နှုတ်မထွက်သေးတဲ့
programmer တွေလည်း ရှိတယ်။
ပျက်နေတဲ့ မီးတွေကြောင့်
ရပ်ခဲ့ရတဲ့ ခရီးများစွာ ရှိတယ်
ကောက်မကုန်တဲ့ အလောင်းတွေကြား
ပြန်မဆက်နိုင်တဲ့ လှော်တက်တွေနဲ့
ဆန်တက်ရတဲ့ မြစ်တစ်စင်း ရှိတယ်
ထောင်ပစ်လိုက်တဲ့ ကျည်ဆံတွေကြောင့်
ကြွေကျသွားတဲ့ ကြယ်တွေရဲ့
တရားမဲ့ နိဂုံးနဲ့
ပစ္စုပ္ပန်တွေ ရှိတယ်
တိုက်စားခံ motherboard ပေါ်က
နှိုက်သွားတဲ့
လွတ်လပ်ရေး spaceတွေအတွက်
ပြန်လည် ရယူပိုင်ခွင့်တွေလည်း
အပြည့်ရှိတယ်
programmer နဲ့ virus ကြား
စွန့်လွှတ်မှုနဲ့ ယုတ်မာမှုတွေ
အစွန်းရောက်
နှိုင်းစရာ..
အတိုင်းအတာတွေ မဲ့နေချက်က..
တရားစကားနဲ့ မလုံလောက်လို့
ဓါးသွားနဲ့ အကုန်ကြောက်အောင်
ခြောက်ရတော့မယ့်...
မိုက်မဲမဲ..
ဗိုက်ရွဲရွဲ virus တွေနဲ့
မစဲသေးတဲ့ တိုက်ပွဲတစ်ပွဲ... ။
Friday, November 7, 2008
Diary 7 Nov
လောလောဆယ်တော့ ဝယ်နိုင်ဖို့ ဝေးနေသေးတယ်.. ဒါပေမယ့် ကင်မရာနဲ့ ဓါတ်ပုံပညာအကြောင်းတော့ လေ့လာဖြစ်မယ်ထင်တယ်.. နောက်ပြီး အနုပညာဆိုတာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာကို အခုနောက်ပိုင်း ပိုမြင်လာတယ်.. တကယ်တမ်းတော့ အားလုံးဟာ Presentation တွေပါပဲ.. ကဗျာတစ်ပုဒ်ကို ရုပ်ရှင်ပိတ်ကားပေါ်မှာ ဖန်တီးပြသနိုင်သလို ရုပ်ရှင်နည်းပညာတွေ အသုံးပြုပြီး ကဗျာတွေကို ခြယ်မှုန်းနိုင်လာတော့ တွေ့ရတယ်.. နောက်ပိုင်း ကျွန်တော် ကဗျာတွေရေးဖြစ်တဲ့ အခါမှာလည်း စကားလုံးအလှအပထက် သဘာဝကျမှုကို ဦးစားပေးလုပ်ဖို့ စဉ်းစားထားတယ်.. ခပ်ညံ့ညံ့ရုပ်ရှင်တွေလို ကျွန်တော့်ကဗျာထဲက သရုပ်ဆောင်တွေကို over-acting တွေ ပေးမလုပ်တော့ဘူး.. လေ့လာမှုအပိုင်းမှာ ကျွန်တော် အားနည်းနေပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ချင်တယ်.. ဆရာဇေယျာလင်းရဲ့ ဘာသာပြန်စာအုပ်တစ်ခုမှာ ဖတ်ဖူးတာတော့ တရုတ်လူမျိုး နာမည်ကျော် ကဗျာဆရာတစ်ဦးဖြစ်တဲ့ Bei Daoက သူရဲ့ ကဗျာတွေထဲမှာ ရုပ်ရှင်တက္ကနိဖြစ်တဲ့ Montage (ပြကွက်တစ်ခုတွင် အခြားပြကွက် (သို့မဟုတ်) အခြားပြကွက် အစိတ်အပိုင်းကို ပေါင်းစပ်ထည့်သွင်းခြင်း) ကို တွင်တွင်သုံးပါတယ်တဲ့။
သြော်.. ဒါနဲ့ စကားမစပ်.. ကျွန်တော်တို့ စင်္ကာပူမှာရှိတဲ့ Polyကျောင်းပေါင်းစုံက မြန်မာကျောင်းသားတွေ စုပြီး Interpoly ဘောလုံးပွဲ Leagueလေးတစ်ခုကို အခု နိုဝင်ဘာလထဲမှာ လုပ်ဖြစ်တယ်.. စုစုပေါင်း အသင်း (၅)သင်းပါဝင်တယ်.. ကျောင်းတွေကတော့
တကယ်တော့ နိုင်ရဲတာမှ မဟုတ်ပါဘူး.. တစ်ခါတစ်လေ ရှုံးဝံ့တာလည်း သတ္တိပါပဲ..
Sunday, November 2, 2008
Tag from သံလွင်Hero
အရှေ့ကခေါင်းစဉ်နဲ့ အတူတူပဲဖြစ်ပြီး.. ဒီတစ်ခုကတော့ သူငယ်ချင်း သံလွင်က heroကြီးဆီက ဒုတိယမြောက် အtag ခံလိုက်ရတဲ့ tagပါ..
(1) Your relationship with him/her is:
Friend who is honest and friendly.
(2) Your five impressions of him/her:
free in lifestyle, honesty, helpful.
(3) The most memorable thing that he/she had done for you:
helping me out when i gotta b homeless
(4) The most memorable thing that he/she had said to you:
I m not sure, man..
(5) If he/she becomes your lover, you will:
kiss him on the cheeks (hahaxx)
(6) If he/she becomes your lover, thing he/she has to improve on will be:
save more money
(7) If he/she becomes your enemy, you will:
keep away from him, lolz
(8) If he/she becomes your enemy, the reason will be:
showing me off the things :D
(9) The most desired thing you want to do for him/her now is:
getting a girlfriend
(10) Your overall impression of him/her is:
Great! he can use his luckiness well..
(11) How you think people around you will feel about you?
quite for some, funny for some, dust for some..
(12) The characteristics you love of yourself are:
good-natured & understandable. Lolz
(13) On the contrary, the characteristics you hate of yourself are:
sometimes introvert, & too flexible
(14) The most ideal person you want to be is:
a contented and positive person
(15) For people who care for and like you, say something to them:
are you sure ?
(16) Pass this quiz to 10 persons that you wish to know how they feel about you?
ပြန်tagစရာ ၁၀ယောက်မပြည့်လို့.. ဒီတစ်ခုလည်း ချမ်းသာပေးနော်…း)
Tag from aunty bunny
သူငယ်ချင်းတွေအတွက် tag ရှင်းတမ်းလေးပါ.. ရေးဖို့လုပ်နေတာ တော်တော်ကြာသွားတယ်.. ပထမဆုံးကတော့ bunny လို့ ခေါ်တဲ့ ကျွန်တော့်ရဲ့ အခင်ဆုံးသူငယ်ချင်းထဲက တစ်ယောက်အတွက်ပါ..
(1) Your relationship with him/her is:
Just a friend who have weird understanding with me.
(2) Your five impressions of him/her:
cute height, independence, self-esteem, helpful.
(3) The most memorable thing that he/she had done for you:
cheering me up everytime I am down
(4) The most memorable thing that he/she had said to you:
"i like
(5) If he/she becomes your lover, you will:
gotta talk a lots
(6) If he/she becomes your lover, thing he/she has to improve on will be:
fashioning me lolz.
(7) If he/she becomes your enemy, you will:
neglect her.
(8) If he/she becomes your enemy, the reason will be:
misunderstanding (talking me bad behind)
(9) The most desired thing you want to do for him/her now is:
full-filling her wishes like taller height, buying harry poter things.. hahax
sharing opinions on people, things, abstracts
(10) Your overall impression of him/her is:
(I don't wanna comment people, girl..) for her, she is like kind of durian (soft in inner mind, covered with hardness on the surface)
(11) How you think people around you will feel about you?
quite for some, funny for some, dust for some..
(12) The characteristics you love of yourself are:
good-natured & understandable. Lolz
(13) On the contrary, the characteristics you hate of yourself are:
sometimes introvert, & too flexible
(14) The most ideal person you want to be is:
a contented and positive person
(15) For people who care for and like you, say something to them:
are you sure ?
(16) Pass this quiz to 10 persons that you wish to know how they feel about you?
ပြန်tagစရာ ၁၀ယောက်မပြည့်လို့.. ဒီတစ်ခုတော့ ချမ်းသာပေးနော်…း)
Monday, October 20, 2008
သံလွင်အိပ်မက်မဂ္ဂဇင်းရဲ့ အမှတ်(၂) အတွဲ (၃) မှာ ဖော်ပြခံရတဲ့ ကျွန်တော့်ကဗျာလေးပါ။ အသစ်တော့မဟုတ်ဘူးခင်မျ။ ကျွန်တော့် Blogမှာ Juneလလောက်က“မာန်နတ်ရေးတဲ့ နာဂစ်ဇာတ်” အမည်နဲ့ တင်ခဲ့ဖူးပါတယ်။ မူရင်းကဗျာမှာပဲ နေရာတချို့ပြန်ပြင်ထားတာပါ။
(သံလွင်အိပ်မက်ဆိုတာကတော့ January, April, July နဲ့ October စသဖြင့် တစ်နှစ်ကို ၄ကြိမ်ထုတ်ဝေတဲ့ အင်တာနက်မဂ္ဂဇင်းတစ်စောင်ဖြစ်ပါတယ်) (http://www.thanlwin.com/new/) သုံးထားတဲ့ ကလောင်နာမည်ကတော့ “ခန့်နေ” ပါ။ ဓါတ်ပုံလေးကိုတော့ သံလွင်က ပံ့ပိုးထားတာဖြစ်ပြီး ကျွန်တော့်အတွက် မဂ္ဂဇင်းမှာ ပထမဦးဆုံးဖော်ပြခံရတဲ့ ကဗျာဖြစ်ပါတယ်။ ကျေးဇူးအထူးပါ.. ကိုသံလွင်ရေ..
“မာရ်နတ်ရေးတဲ့ နာဂစ်ဇာတ် (သို့မဟုတ်) ပြာပုံထဲက ကဗျာ”
တစ်ညထဲပဲ…
ဒါပေမယ့်
တစ်ဘဝကို အမြဲရောက်သွားသလို..။
အဲဒီဘဝမှာ ..
စာသင်ခုံတွေ မရှိတော့ဘူး
မိသားစုထမင်းဝိုင်း မရှိတော့ဘူး
အိမ် မရှိတော့ဘူး
မေမေ့ရင်ခွင် မရှိတော့ဘူး။
သောက်ရေတွေထက်
မျက်ရည်တွေ ပိုများတယ်..
စာအံသံတွေ အစား
အစာလုသံတွေက
ကျောင်းလာတက်ကြတယ်...
ခေါင်းလောင်းထိုးသံတွေရဲ့ နေရာ
လူပျောက်ရှာသံတွေက
နေရာယူကြတယ်..
နို့စာပြီး အော်ငိုသံတွေဟာ
ဘုရားရှိခိုးသံတချို့ကို
ဖုံးလွှမ်းသွားတယ်..
နာဂစ်ရေ..
ဧရာဝတီ လယ်သမားကြီးရဲ့
ဒဏ်ရာမကင်းတဲ့ လက်တွေကိုများ
ဖြတ်ပစ်လိုတာလား...
တစ်ရက်ခြားတဲ့ ဘဝမှာ
ကျောင်းသားကနေ
ငါလည်း
သူတောင်းစားတစ်ယောက်ဖြစ်ပြီ ။
ဖေးကူရာ…
ငါတို့အတွက် အလှူလည်း
အဆီတွေ စုပ်
အသားတွေ ထုတ်ခံနေရလို့…
သစ်တစ်ပင်ဟာ
အမြစ်တစ်မျှင်တောင် မကျန်တော့လို့..
လှော်တက်တစ်ချောင်းဟာ
အနားအရောက်မှာ
ထင်းစတစ်ခု ဖြစ်သွားလို့။
ငါ့အတွက်
ခေါ်စရာ အဖေလည်း မကျန်၊
တော်စရာ အမေလည်း
ပြန်မလာတော့..
အပြစ်တင်ဖို့ရာက
စစ်ကျွန်ဘဝလား ?
ဆိုင်ကလုန်းလား ?
အတိတ်ကံလား ?
ဧရာဝတီလား ?
…………………
နိဂုံး မထိုးတတ်ခင်..
မီးမွှေးဖို့ဆိုပြီး
ငါ့ကဗျာလေးကိုလည်း
သူတို့ဆွဲယူသွားကြတယ်....။
ခန့်နေ
Wednesday, October 15, 2008
Poem part- 15
ရင်ခုံသံ Keyboard သွေးကြော
လူတွေ အပြောများလို့
အပေါစား တစ်ခွန်းပဲဆိုဆို
တစ်ယောက်ထဲသော ဆိုင်တဲ့သူသို့
ထပ်ပြောပါရစေ..
“I love you” လို့ ။
Idle ဖြစ်နေတဲ့ ရင်ခွင်ကို
Available ဖြစ်အောင် လာလုပ်ပြီးမှ
Busy ပြပြီး ပြန်မchat တဲ့အခါ
ခံခဲ့ရတဲ့ ရင်ဘတ်အနှံ့မှာလည်း
လှံချက်တွေနဲ့ ပြန့်ကျဲနေပါပြီ..။
စက္ကန့်တွေကို မျက်ခြေမပြတ်
တွက်ရေရင်း..
ဖန်သားပြင်ရဲ့ ထောင့်တစ်နေရာကို
စောင့်နေကျနေရာတစ်ခုလို
သဘောထားတတ်လာတာလည်း
Offline message တွေထဲက
မျက်ရိပ်တွေရဲ့ ဆွဲဆောင်မှုကြောင့်ပါ..။
နေကောင်းကြောင်း သူ စမေးပြီး
အဖြေတောင်းတော့ သူ ထပြေးတယ်..
စာတွေ long လို့
မျက်လုံးတွေက ညောင်းလာပါပြီတဲ့..။
အင်္သချေမကပေမဲ့လည်း
Keyboard ပေါ်က
မြင်နေကျ၊ သင်္ကေတတွေနဲ့ပဲ
နားလည်မှုဘာသာရပ်ကို ပီပြင်ဖို့
အခါခါ စပ်လို့ တီထွင်နေမိတယ်..။
သတိတရနဲ့ Mail တွေကို
ကြည့်မရတာတစ်ခုထဲနဲ့
ကွယ်ရာမှာ Delete ချလိုက်တာ
မသိသာပေမယ့်..
အသံမဲ့ ကမ္ဘာက
ပြန်တက်လာတဲ့
Enter တစ်ခေါက်
Chat တစ်ကြောင်းက
ဒဏ်ရာတွေအတွက်..
ထုံဆေးတစ်စက်ဆိုတာ
ဆိုင်သူ… တွေးမိရဲ့လား ?
Friday, October 10, 2008
Tag
အခု ခေါင်းစဉ်ကတော့ ဖြစ်သလိုလေးပဲ တီးလိုက်မယ်တဲ့… ကဲ တီးလိုက်ကြရအောင်..
စကားခံချင်တာကတော့ ကျွန်တော့် အသက် ၁၀နှစ် ၁၅နှစ်လောက်က အစာအိမ်ရောဂါ တစ်ခါဖြစ်ခဲ့ဖူးတယ်.. အဲဒီနောက်ပိုင်း အစာနဲ့ (အထူးသဖြင့် အစာစားချိန်နဲ့) ပတ်သက်ပြီး ဂရုတစိုက်နေလာခဲ့တဲ့အတွက်ကြောင့် ဖြစ်သလိုဆိုတာ သိပ်မရှိခဲ့တော့ နည်းနည်းတော့ စဉ်းစားရကျပ်တယ်ဗျ.. အစာခံလို့မရတာကြောင့် အမြဲတမ်းအစာကို အချိန်မှန် စားဖို့ ကြိုစဉ်းစားတဲ့ အကျင့်လေးဖြစ်လာခဲ့တယ်.။
လွန်ခဲ့တဲ့ သီတင်းပတ် ၂ ပတ်ကျော်လောက်က camping တစ်ခုမှာ သူငယ်ချင်းတွေနဲ့အတူတူ ချက်စားခဲ့ဖူးတဲ့ ပင်လယ်ဘေးက ညစာလေးတစ်ခုအကြောင်း ပြောပြမယ်လေ..
စက်တင်ဘာ ၂၄… နေ့ခင်း ၂နာရီလောက်ကနေ စပြီး စင်္ကာပူ Pulau Ubin ကျွန်းက (kayak လို့ခေါ်တဲ့) လှေလှော်ပြီး ထွက်လာခဲ့တဲ့ ကျွန်တော်တို့တွေဟာ ၁၂ကီလိုမီတာ အကွာအဝေးတောက်လျှောက် ဖြတ်အပြီးမှာတော့ Sembaweng ကမ်းခြေ camp site ကို ည ၇နာရီလောက်မှာ ရောက်ခဲ့ပါတယ်.။ ကျောင်းသား စုစုပေါင်း အယောက် ၅၀လောက်ထဲက ကျွန်တော့်တို့ အဖွဲ့မှာ ၁၃ယောက်ပါပြီး လူမျိုးအားဖြင့်ဆိုရင်တော့ ဖီလစ်ပင်း တစ်ယောက်၊ (ကျွန်တော်) မြန်မာတစ်ယောက်နဲ့ တရုတ်ပြည်က ကောင်မလေးတစ်ယောက်ရယ်ကလွဲရင် ကျန်တာက စင်္ကာပူလူမျိုး (ကျောင်းသား) တွေပေါ့.. (ဒီ camp ဟာ ဘာကြောင့်ဖြစ်လာလဲဆိုရင်တော့ OBS (outward bound Singapore) လို့ ခေါ်တဲ့ အဖွဲ့အစည်းကနေ ပေးတဲ့ Leadership course ကနေ ကျွန်တော့်တို့အတွက် training တစ်ခုပါ.။)
ကမ်းခြေကို ရောက်ပြီးချင်းပဲ လှေတွေ ကုန်းပေါ်တင်၊ tent တွေ ထောင်ပြီး နေရာယူအပြီးမှာတော့ ညစာအတွက် စတင်ပါတော့တယ်။ ချက်ပြုတ်ဖို့ အစားအစာကိုတော့ OBSက ဝေစုနဲ့ လုံလုံလောက်လောက်ပေးထားပါတယ်။ ဒါနဲ့ ကျွန်တော်တို့လည်း မီးမွှေးပြီး
ချက်တဲ့စခန်း စတင်ပါတော့တယ်.။ အရင်ဆုံး တိုင်ပင်ကြတယ်.. ဘာချက်မလဲပေါ့။ ရှိတာတွေက ကျွန်တော်မှတ်မိသလောက် ဆန်ကျွတ်ကျွတ်အိတ်နဲ့ တစ်အိတ်ရယ်၊ ဆီတစ်ဗူးရယ်၊ ကြက်သားအမှုန့်၊ အသား ready made နှစ်ဗူး၊ ဂေါ်ဖီထုပ်၊ ပဲသီးအရှည် တစ်စည်းနဲ့ ကြက်ဥတချို့။ ပထမတော့ ရိုးရိုးရှင်းရှင်း အားလုံးရောပြီး ထမင်းကြော်မယ်ပေါ့။ နောက်စဉ်စားရင်းနဲ့ ကောင်မလေးတစ်ယောက်ရဲ့ ကြက်သားအမှုန့်နဲ့ ထမင်းကို ရောပြီး ရေခန်းချက်မယ့် idea ကို သဘောတူလိုက်ကြတယ်.။ ကျန်တာတွေကိုတော့ ဟင်းအဖြစ် ကြော်စားကြမယ်ပေါ့။
ဒါနဲ့ပဲ သူ ဦးဆောင်ပြီး စချက်ကြလေရော.. (ထမင်းချက်ဖို့ ပြင်နေချိန်တော့ ကျွန်တော်အနားမှာ မရှိတော့ သေချာမသိလိုက်ဘူးဗျ) ကျွန်တော် ပြန်ရောက်တဲ့ အချိန်ကျတော့ ထမင်းကျက်ပြီးသွားပြီး ဟင်းစချက်နေပြီ။ ဟင်းက အကြော်ချည်းပဲ နှစ်မျိုးပါ.။ အသား ready made ဗူးကို ပဲသီးနဲ့ ရောကြော်ပြီး ကြက်ဥနဲ့ ဂေါ်ဖီက တစ်ခွက်ပေါ့။
ဒါပေမယ့် ပြဿနာက ဆား ပါမလာတာပဲ။ (သင်တန်းကပဲ ပေးလိုက်ဖို့ မေ့သွားတာလား။ တမင်တကာပဲ မထည့်ပေးလိုက်တာလားတော့ မသိဘူးဗျ။) ပင်လယ်ဘေးမှာဆိုတော့ ပင်လယ်ရေကို ခပ်ထည့်ပြီး ဆားအဖြစ်သုံးဖို့တော့ ကျွန်တော် စဉ်းစားမိသေးတယ်။ ဟီးဟီး.. ဒါပေမယ့် အားလုံးက အဲဒီရေထဲက ပျော်ဝင်ပစ္စည်းတစ်ခုကို ဟင်းထဲ အဝင်ခံရမှာ ကြောက်နေလေရဲ့။ (Kayak လှေဆိုတာ အိမ်သာမှ မပါပဲကိုးဗျ) အဲဒါနဲ့ပဲ မဖြစ်စလောက်ထည့်ထားတဲ့ ဆီလေးထဲမှာ ပဲသီးနဲ့ အသားကို စကြော်ကြရော။ ပဲသီးမာမာကို ကျက်အောင်လည်း ရေတော့ ရောလိုက်ပါရဲ့.. ဒါပေမယ့် ဒယ်အိုးကို အုပ်စရာ အဖုံးက မရှိပြန်တော့ အချိန်နည်းနည်း ပိုယူပြီးပဲ ကျက်အောင် စောင့်လိုက်ခဲ့ကြတယ်။ ကြက်ဥနဲ့ ဂေါ်ဖီရယ်ကတော့ သိပ်ပြဿနာ မရှာကြ။ ရှောရှောရှူရှူနဲ့ ဟင်းနှစ်ခွက်လုံး ကျက်အပြီးမှာတော့ လူစုံအောင် စောင့်ပြီး စားကြရော။ ကိုယ့်ပန်းကန်နဲ့ ကိုယ် သက်သက်ခွဲမနေကြပဲ ထမင်းတစ်အိုးထဲကို ဝိုင်းဖွဲ့ပြီး ဇွန်းတွေနဲ့ အတူတူနှိုက်စားကြရင်း စကားပြောကြ၊ ဟင်းအရသာကို အကဲဖြတ်ကြပေါ့။ ဟင်းတွေကတော့ အပြင်ပန်းမှာ စားချင်စဖွယ်လေး ဖြစ်သား။ ဒါပေမယ့် ဆားမပါတဲ့ အရသာဆိုတော့ .. ဟက်ဟက်.. စဉ်းစားကြည့်ပေါ့ဗျာ.. ကျန်းမာရေးနဲ့ အညီပေါ့။ ထမင်းရဲ့ တူးတဲ့အနံ့လေးကလည်း အဲဒီညက တစ်မျိုးစားကောင်းနေတယ်။ ‘ဖြစ်သလို’ ဆိုတဲ့ အဓိပ္ပါယ်တော့ အပြည့်အစုံမရောက်ပေမယ့် ကျွန်တော့် ဘဝရဲ့ မှတ်မှတ်ရရ ဆားမပါတဲ့ ညစာပွဲလေးတစ်ပွဲပေါ့။
ငယ်ငယ်တုန်းကတော့ တစ်ခါ ညဘက် ဟင်းမကျန်တော့လို့ ထမင်းကို ငရုတ်ဆီနဲ့ နှယ် စားဖူးခဲ့တယ်.။ နောက် အဖွားတီထွင်ထားတဲ့ ထမင်းကို ရေရယ်၊ သကြားရယ်နဲ့ ရောခေါက်ပြီး စားတဲ့နည်းလည်း ရှိခဲ့တယ်။ ရေခဲ ခဲရင်တော့ ရေခဲလည်း ပါမယ်ပေါ့။
အဲဒါတွေကတော့ ကျွန်တော်ရဲ့ မှတ်မိသလောက် ဖြစ်သလို တီးခဲ့ပုံလေးတွေပါ
ကဲ.. ဖြစ်သလို တီးလို့ ပြီးပါပြီ ခင်မျာ..
Tuesday, October 7, 2008
poem part- 14
အလွမ်း လက်ကျန်ရှင်းတမ်း
အဲဒီနေ့ကပေါ့
အရောင်ဆိုး မထားပေမယ့်
ကော်ဖီတွေ တစ်မျိုး ကြည့်လို့ကောင်းနေတယ်.
Global warming ကို ဂရုမစိုက်ဘဲ
သူတို့ အေးစက်ချင်တိုင်း အေးစက်ခဲ့ကြတယ်လေ
အဲဒီနေ့ကပေါ့
ပုံပြင်ထဲက မြွေကြီးတစ်ကောင်ရဲ့
မျက်လုံးတွေလို
အဲဒီ ပါးချိုင့်တွေနဲ့အတူ
သူ ကျွန်တော့်ကို ညှို့ငင်ခဲ့တာ…
ရင်ဘတ်ကြီးကတော့
သူ ခုံတတ်ကြောင်း
ထပ်လောင်း ပြသွားခဲ့လေရဲ့…
အဲဒီနေ့ကပေါ့..
ဘာရယ်လည်း မဟုတ်ဘူး..
သူနဲ့အတူတူ
လေတွေ ထိုင်ရှူနေရတာကိုပဲ
ကျေနပ်နေခဲ့တာ…
အဲဒီနေ့ကပေါ့
ပါးချိုင့်ကလေးနဲ့
ဆံပင်အရှည်လေးတွေရဲ့
ဆုံမှတ်မှာ
ကျွန်တော့် မေတ္တာတွေကိုလည်း
ပုံအပ်မိခဲ့တယ်..
အဲဒီနေ့ကပေါ့
အငြိမ်မနေတဲ့ တိမ်တွေကို
အရှိန်သေဖို့၊
ဘရိတ်ဖမ်း အအုပ်မှာ
အဆိပ်တန်းလန်းနဲ့
ကျွန်တော့် အိပ်မက်တစ်ထုပ်ပါ
အဲဒီအထဲ ရောပါသွားလို့..
အဲဒီနေ့ကစပြီး
တစ်ခန်းသော နှလုံးသားဆီက
တစ်သန်းသော ကဗျာတွေနဲ့တောင်
တစ်ခြမ်းသော အသည်းကို
ပြန်မဆက်နိုင်သေးတာ
အခုထက်ထိပဲ…
အိပ်မက်ဆိုတာ အပြင်ကမ္ဘာကနေ
တစ်ဆင့် မွေးဖွားလာတာပါ..
တစ်ရက်သောနေ့ရဲ့ အပြင်ကမ္ဘာတွေသာ
အိပ်မက်တွေ ပြန်ဖြစ်ကုန်မယ်မှန်းသိရင်...
အဲဒီနေ့က
ကျွန်တော် အိပ်ယာ မထခဲ့သင့်ဘူးထင်တယ်...
Friday, September 19, 2008
ဒိုင်ယာရီသက်သက် ၂၀.၉.၂၀၀၈
အခုတလော ဝင်ငွေနဲ့ ထွက်ငွေ မမျှတဖြစ်နေတယ်..
အမှန်တော့ ကျွန်တော်က တစ်ယောက်ထဲပဲ နေတတ်တဲ့ပုံစံရှိသူတစ်ယောက်ပါ..
Friday, September 12, 2008
တစ်နေ့က သူငယ်ချင်းတစ်ယောက် မေးလ်နဲ့ အသိပေးလို့ မြန်မာ e-book များ ရှိတဲ့ ဘလော့တစ်ခုကို ရောက်ခဲ့တယ်.. မြန်မာ e-book site တစ်ခုအနေနဲ့ စာအုပ်တွေ တော်တော်လေး စုံလင်တာ တွေ့ရပါတယ်.. မိမိမှာ ရှိထားတဲ့ စာအုပ်များကိုလည်း ပေးပို့နိုင်သလို စာဖတ်သူတစ်ယောက်အနေနဲ့ဆိုရင်လည်း bookmark သင့်တဲ့ site တစ်ခုလို့ မြင်ပါတယ်.. နာမည်က ရွှေစကားတဲ့... စိတ်ဝင်စားဖြစ်ရင် ဒီကနေတဆင့် သွားရောက်နိုင်ပါတယ်. ။
Sunday, September 7, 2008
ပုံမှန်တစ်ခု လိုအပ်သောနေ့
ပုံမှန်တစ်ခု လိုအပ်သောနေ့
စထွက်တဲ့အချိန် နှိုးပါဟု မှာထားခဲ့သော်လည်း မနက်ဘက် လမ်းထလျှောက်သော ကောင်မလေးများကို လိုက်ငေးနေရ၍လော၊ နေမင်းသည် သူ့ကို အိပ်ယာနှိုးရန် မေ့လျော့ခဲ့လေသည်။ ဒါမှမဟုတ် ညက လူကြုံမှာလိုက်သော “လမင်း”မှာ အိမ်ပြန်ချိန် ကားမမှီမှာစိုးရိမ်ပြီး လောနေသောကြောင့်များ၊ ဂျူတီချိန်းချိန်မှာ မပြောဖြစ်တာလား။
‘ငါတို့ကို ချောင်းကြည့်နေတဲ့သူ ရှိတယ်၊ ငါ လစ်တော့မယ်’ ဟု အိပ်မက်က သတိပေးသောအခါမှ သူ နှိုးထပြီး ဘေးဘီကို ငဲ့ကြည့်မိလေသည်။ ထိုအရာမှာ ပြတင်းပေါက်ကြားမှ ထိုးထွက်နေသော ပိန်ညောင်ညောင် နေရောင် ဖြစ်လေ၏။ သိုဖြင့် သူ အိပ်ယာနိုးခဲ့လေသည်။ ဘာပဲဖြစ်ဖြစ် သူ၏ ထိုတစ်နေ့တာကို ဝီရိယရှိသော နောက်ကျခြင်းတစ်ခုဖြင့် စတင်မိသည်။
သူ့အတွက် ပုံမှန်ထက် နောက်ကျနေသော အိပ်ယာထချိန်တစ်ခုဖြစ်လေသည်။ တစ်စုံတစ်ယောက်နှင့် ချိန်းထားပြီး နောက်ကျဟန်ဖြင့် သူ အိပ်ယာက ကမန်းကတန်းထလိုက်သည်။ ဒါပေမယ့် တလေးတစားနဲ့ အဖြူရောင် ယူနီဖောင်းနဲ့ ဘော်ဒါ သွားတွေကိုတော့ ဖြည်းဖြည်းချင်း သန့်ရှင်းပေးလိုက်သေးသည်။ စာရေးရန်၊ တယ်လီဖုန်းဆက်ရန်၊ ဘတ်စ်ကားစီးရန်၊ နေကောင်းရန် စသော ကိစ္စများလည်း ရုတ်တရက်ဆိုသလို ခေါင်းထဲသို့ ဝင်ရောက်၊ နေရာယူ၊ အသင့်ပြင် နေကြသည်။ အမိန့်ပေးနေသော ဦးနှောက်မှာလည်း တပ်ချုပ်ကြီးတစ်ယောက်ကဲ့သို့ပင်။ (ထိုဦးနှောက်ပေါ်မှ အမာရွတ်နဲ့ ဒဏ်ရာများက အတွေ့အကြုံတစ်ချို့ကို ဖော်ပြနေပြီး ထိုဒဏ်ရာများ၏ အောက်တွင်မူ သူ၏ အနှိမ်ခံနေ့ရက်တစ်ချို့နှင့်အတူ အိမ်ပြန်ချိန် မပေးနိုင်ခဲ့သော ကားခတစ်ချို့ ရှိမည်ထင်သည်။)
သူ့အပေါ်တွင် အလုပ်အကိုင်နှင့် ပတ်သက်၍ တစ်ယောက်နှင့် တစ်ယောက် သဘောထားခြင်းမတူ။ တချို့က သူ့ကို စာရေးဆရာဟု သတ်မှတ်သော်လည်း တချို့ကမူ ဖြစ်ရန် ကြိုးစားဆဲ အဆင့်လောက်သာ အသိအမှတ်ပြုသည်။ ဝထ္ထုတို နှင့် ကဗျာ အများစု ရေးလေ့ရှိသည်။
ထို့နောက် စာရေးစားပွဲမှာ ထိုင်လိုက်သည်။ တကယ်တော့ သူသည် ဝထ္ထုတိုများနှင့် စာရွက်ပေါ်တွင် ချိန်းထားခြင်းဖြစ်သည်။ သို့သော် သူနောက်ကျပြီး ရောက်လာသည့်တိုင် ဝထ္ထုတိုများမှာ မရောက်သေး။ ထို့ကြောင့် စားပွဲတွင် ထိုင်စောင့်နေခိုက်.. သတိပြုမိသောအခါ အရေပြားပေါ်တွင် ညကမှ အိပ်မက်ထဲ “မေးခွန်းကောင်တွေ” အကိုက်ခံထားရသောကြောင့် အနီစက်တစ်ချို့ ကိုတွေ့လေသည်။ (သူတို့ကို ကုသရန် ‘အဖြေ’ တံဆိပ် မေးခွန်ပျောက်ဆေးတစ်ပုလင်းကို သူ ဝယ်ရန် လိုအပ်ကောင်း လိုအပ်ပေလိမ့်မည်။)
စာရေးစားပွဲရှေ့ ကပ်လျက် ပြတင်းပေါက်မှ နေ၍ အပြင်ဘက်သို့ ကျော်ကြည့်လိုက်သည်။ လမ်းပေါ်တွင် သွားလာ လှုပ်ရှားနေသော လူတစ်ချို့ကို သူ၏ ၄ထပ် အလွှာမှ လှမ်းမြင်နေရသည်။ သို့သော် သည်းသည်းကွဲကွဲမဟုတ်၊ သူ့မျက်လုံးမှာ အဝေးမှုန်နေသောကြောင့်ဖြစ်သည်။ မျက်မှန်မတပ်ချင်သောကြောင့် ဒီအတိုင်း သူ အသုံးပြုခဲ့သည်မှာ နှစ် အတန်ကြာ ရှိနေလေပြီ။ သူငယ်ချင်း ဆရာဝန်ကတော့ “မင်း ကာရံတွေမှာ ကိုလက်စတော ပါဝင်နှုန်း များနေလို့၊ အဲဒါ ကာရံတွေ ကြည့်တာ၊ သုံးတာလျော့၊ မဟုတ်ရင် မျက်လုံးထဲ ကိုလက်စထော စိမ့်ဝင်မှုများပြီး အခြေအနေပို ဆိုးနိုင်တယ်”။ တတ်နိုင်သလောက် ထိန်းရန်အတွက် သူ့ ဝထ္ထု၊ ကဗျာတွေထဲတွင် ကာရံတွေ သိပ်မထည့်ဖြစ်တော့။ သို့သော်လည်း တခါတရံ ဖတ်မိတာတော့ ရှိသည်။
ဝထ္ထုတိုများကို သူ ဆက်စောင့်နေသည်။ သူတို့သည် မျက်စိလည် လမ်းမှားနေသလား.. သူ့လိုပဲ အိပ်ယာထ နောက်ကျနေခြင်းကြောင့်လား.. ဒီနေ့မှ ခရီးစရိတ် ပြတ်နေတာကြောင့်လား.. နေမကောင်း၍များ မလာဖြစ်တာလား.. စာရွက်တစ်ရွက်နဲ့ ခဲတံတစ်လက်ကို ကြောက်နေရလို့လား... အချိန်အတော်ကြာအောင် ရောက်မလာသေးပါ။
သို့နှင့် ဆက်၍စောင့်လျက်ရှိစဉ် အိမ်ရှေ့က တံခါးခေါက်သံကြောင့် သူ ပျော်သွားသည်။ ဝထ္ထုတိုများသည် အိမ်ရှေ့ တံခါးခေါက်ဝင်သည် အထင်နှင့် သူ သွားဖွင့်ပေးလိုက်ရာ ဝထ္ထုတိုများမဟုတ်ဘဲ မျက်နှာဖုံးနှင့် လူရှစ်ယောက်ခန့်ကို တွေ့လေ၏။
သူ။ ။ ဘယ်သူတွေများလဲ ခင်မျာ
လူရှစ်ယောက်ထဲက ခေါင်းဆောင်ဖြစ်ဟန်တစ်ယောက်က…
ခေါင်းဆောင်။ ။ ကျွန်တော်တို့က ဒုက္ခတွေပါ။
သူ။ ။ ဗျာ.. ဒုက္ခတွေ ?? ဘယ်သူနဲ့ တွေ့ချင်လို့လဲ မသိဘူး.. ဒီ အိမ်မှာတော့ ကျွန်တော် တစ်ယောက်ထဲနေတာပဲ.. အိမ်မှား ဝင်ပြီထင်ရဲ့…
ခေါင်းဆောင်။ ။ မမှားပါဘူး ခင်မျာ.. ကျွန်တော်တို့ ခင်များဆီပဲ လာတာပါ.. ကြိုတင် အကြောင်းမကြားနိုင်တာတော့ နားလည်စေချင်တယ်။ ကျွန်တော်တို့က တစ်ခါတစ်ခါ ဒီလိုပဲ ရောက်လာတတ်တယ်..
သူ။ ။ ဟက်ဟက်… ဟုတ်တာပေါ့… ဒုက္ခဆိုတာ ကြိုတင်မသိထားဘဲ ရောက်လာတတ်တာပဲလေ…
ခေါင်းဆောင်။ ။ ဟုတ်ပါတယ်.. ဒါပေမယ့်.. ဒီတစ်ခါတော့ ကျွန်တော်တို့ ဒုက္ခပေးဖို့လာတာ မဟုတ်ပါဘူး..
သူ။ ။ အင်း.. ဘာပဲဖြစ်ဖြစ် အိမ်ထဲ ဝင်ထိုင်ပါအုံး…
………………………………………………………………………….
ခေါင်းဆောင်။ ။ တကယ်တော့ ကျွန်တော်တို့က လောကဓံ ရှစ်ပါးပါ။ ဒါပေမယ့် အခုလို လူတွေဆီကို လာတဲ့အခါ ဒုက္ခယောင်ဆောင်ပြီးလာလေ့ရှိတယ်။ ဒါကြောင့် ခင်များ ကျွန်တော်တို့ကို ဒုက္ခတွေ အဖြစ်ပဲ သိထားရင်ရပါပြီ..
သူ။ ။ ကောင်းပါပြီ.. ဒါဆို အခု လာရင်းကိစ္စက…
ခေါင်းဆောင်။ ။ ဒီလိုပါ.. ခင်များ အရင်က ပို့စ်တစ်ခုမှာပါတဲ့ စာတစ်ကြောင်းနဲ့ ပတ်သက်ပြီး ရှင်းစရာလေးတွေ ရှိလို့ပါ.. လောကဓံရဲ့ လက်သီးချက်တွေက ပြည်သူလေးရဲ့ မျက်စောင်းလောက် ထိုးချက်မပြင်းဘူး ဆိုတာလေ…
သူ။ ။ အင်း.. ဟုတ်ပါတယ်.. ကျွန်တော်ရေးခဲ့တာပါ..
ခေါင်းဆောင်။ ။ ကျွန်တော့်အထင်တော့ ခင်များ ကြုံခဲ့ဖူးတဲ့ လောကဓံဆိုတာ ဘာမှမဟုတ်သေးပါဘူးဗျာ… ဒါကြောင့်မို့လို့ ကျုပ်တို့ရဲ့ လက်သီးချက်တွေလို့ ခင်များက တင်စားပြီး အထင်သေးဟန်နဲ့ ရေးလိုက်တာ လို့ယူဆတယ်.
သူ။ ။ အင်း.. ဖြစ်နိုင်ပါတယ်... ဒုက္ခရောက်နေတဲ့ အချိန်မှာတော့ လူတွေဟာ ပူဆွေးသောကရဖြစ်တာ၊ အဲဒီ ဒုက္ခကို ကျော်ဖြတ်လိုခြင်းဆိုတဲ့ စိတ်ရှိတာဟာ အတူတူပါပဲ… ဘယ်သူကဖြင့် ဒုက္ခပိုရောက်တယ်.. ဘယ်သူ့မှာတော့ လျော့ပြီးရောက်တယ်ဆိုတာကလည်း လူတွေရဲ့ နှိုင်းယှဉ်မှုသက်သက်ပါပဲ.. ခင်များရဲ့ သဘောကို နားလည်ပါတယ်.. ဒါပေမယ့် ကျွန်တော် ကြုံခဲ့ဖူးတဲ့ သူမရဲ့ မျက်စောင်းတစ်ချက်ကိုရော ခင်များက လျှော့တွက်ထားတယ်ထင်ရဲ့ …
ခေါင်းဆောင်။ ။ ဒါတော့ ကျုပ် မသိဘူး.. ကျုပ်တို့မှာ ခင်များတို့ လူတွေ ပြောပြောနေတဲ့ ခံစားချက်ဆိုတာမှ မရှိတာ.. အဓိက ဆိုလိုချင်တာက မတူညီတဲ့ အနေအထား ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာဝထ္ထုတွေကို မနှိုင်းယှဉ်ချင်ပါနဲ့… ပတ်ဝန်းကျင်တူတဲ့ အခြေအနေတစ်ခုမှာတောင်.. ဆိုပါစို့.. ဆင်တစ်ကောင်ဟာ ဝက်တစ်ကောင်ထက်ပို ထွားတယ်၊ ဒါပေမယ့် သူ့ဟာနဲ့သူတော့ လူ့လောကကို ကောင်းကျိုး၊ ဆိုးကျိုးပြုနိုင်တာပဲ မဟုတ်လား.. တိုင်းတာလို့မှ မရနိုင်တာ… ဒါကြောင့် ပိုပြင်းတယ် မပြင်းဘူးဆိုပြီး အမြင်လွဲအောင် ခင်များအနေနဲ့ မရေးသင့်ဘူး…
သူ။ ။ ကျွန်တော့်အနေနဲ့ကတော့ တင်စားမှုတစ်ခုသက်သက်ပဲ ခင်များကို သဘောထားစေချင်တယ်.. အတိသရဝုတ္တိသဘောကို ခင်များ နားလည်ရင် သဘောပေါက်ပါလိမ့်မယ်..
ခေါင်းဆောင်။ ။ ထားပါလေ.. ဒါက ရေးတာက ခင်များကိုယ်ပိုင် လွတ်လပ်ခွင့်ဆိုတော့ မစွက်ဖက်ကောင်းပါဘူး နောက်ဆိုရင်တော့ ကျွန်တော်တို့ လောကဓံကိစ္စနဲ့ပတ်သက်တာတွေ တတ်နိုင်သလောက် ရှောင်ရေးပေးဗျာ.. ထိခိုက်ပြီး ဆက်ရေးချင်သပဆိုရင်လည်း ခွင့်တောင်းပေါ့…
သူ။ ။ ကောင်းပြီ.. ကျွန်တော်က လောကဓံရှစ်ပါးဆိုတာ အခုလို ဒြပ်ရှိမှန်း မသိလို့ပါ.. နောက်ဆိုရင်တော့ သတိထားပါ့မယ်.. ဒါမှမဟုတ်လည်း ကြိုအသိပေးတာပေါ့…
ဤသို့နှင့် ထိုရှစ်ဦးမှာ နှုတ်ဆက်ကာ ပြန်သွားလေတော့သည်။ ထို့နောက်တွင်မူ ဦးထုပ်ခပ်ငိုက်ငိုက် စောင်းထားသော ဝထ္ထုတိုတစ်ပုဒ် သူ့ဆီရောက်လာသည်။
သူ။ ။ ခင်များ ဘာလို့နောက်ကျနေတာလဲ
ဝထ္ထုတို။ ။ ဒီမယ် ကိုယ့်လူ ကျုပ်က ခပ်ခပ်ပေါပေါ ဝထ္ထုတိုတွေလို မဟုတ်ဘူးဗျ။ လိုချင်ရင်တော့ တန်ရာတန်ကြေးပေးရမှာပေါ့.. ကျုပ်က ခင်များဆီက တန်ရာတန်ကြေးကို စောင့်နေလို့..
သူ။ ။ ကျွန်တော်က အဲဒီအတွက် ဘာပေးရမှာတုန်း..
ဝထ္ထုတို။ ။ ခင်များ ပေးပြီးသွားပြီလေ၊ ထပ်ပေးစရာမလိုတော့ဘူး..
သူ။ ။ ပေးပြီးသွားပြီ ??
ဝထ္ထုတို။ ။ ဟုတ်တယ်.. ခင်များ ကျုပ် အတွက် ပေးပြီးသွားပြီ၊ အဲဒါ.. အချိန်ပဲ… ကျုပ်က ခင်များ ပေးနိုင်တဲ့ အချိန်ပမာဏရဲ့ တန်ရာတန်ကြေးပေါ့.. အခု ခင်များကျုပ်ကို ရေးနိုင်ပြီ…
သူ။ ။ အင်း.. ခင်များကို ကျွန်တော် နားလည်အောင်လုပ်ပြီးမှတော့ ရေးချင်တယ်… ဒါပေမယ့် အချိန်လည်း မယူချင်တော့ဘူး.. အသစ်မရေးဖြစ်တာလည်း ကြာပြီဆိုတော့.. မထူးပါဘူး.. အခုပဲ စရေးလိုက်တော့မယ်…
သို့နှင့် ခဲတံကို ကိုင်ကာ ထိုနေ့က ဝထ္ထုတိုတစ်ပုဒ်ကို သူ စတင်နိုင်လေတော့သည်..
“စထွက်တဲ့အချိန် နှိုးပါဟု မှာထားခဲ့သော်လည်း ….. ”
x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x x

