ဒီနေ့ ဖေဖော်ဝါရီ ၁၀ရက်.
မနက်စာ- ကော်ဖီမစ်နဲ့ ငှက်ပျောသီး
စာမေးပွဲဖွင့်ရန် (၆)ရက်သာလို
ကိစ္စပေါင်းစုံ ခေါင်းထဲမှာ ပြုံ
တစ်ခါတစ်ခါ ပြင်သစ်၊ တစ်ခါတစ်ခါ မြန်မာ၊
စာမေးပွဲပြီးတာနဲ့ တွေ့ကြမယ့်လူတွေ၊ တွေ့ရမယ့်လူတွေ ဒုနဲ့ဒေး
ဒီတော့ မြန်မာပြည် ပြန်မယ့်ရက်ကို နောက်ဆုတ်ရလိမ့်မယ်..
လုပ်စရာတွေက မရှိရင်လည်း အရှင်း၊
ရှိရင်လည်း ဆိုင်ပိတ်ခါနီးမှ စုပြုံလာပြီ..
စောစောစီးစီးတော့ queueလာ မလုပ်ကြဘူး..
ညည်းတွားတာလား... မဟုတ်ပါဘူး..
ကိုယ်ချစ်လို့မှ ကိုယ်ယူခဲ့တဲ့ ကိစ္စတွေဆိုတော့..
မေတ္တာပျက်တော့လည်း သစ္စာနဲ့ ဆက်ရမှာပေါ့..
(အဒေါ်တစ်ယောက်ပြောသလို)
အရည်မရ၊ မဖတ်မရတွေတော့ မဖြစ်တန်ကောင်းပါဘူး...
ပြောမပြတတ်တဲ့ တစ်ခုခုတော့ ရနေတယ်ထင်တာပဲ..
အမြင်တွေလွဲနေရင်လည်း ရှင်းမပြချင်တော့ဘူး..
ကိုယ်ဘာကောင်လဲ ဆိုတာ ကိုယ့်ကိုကိုယ် သိပ်မကွဲချင်သေး ဖြစ်နေလို့..
ပြိုင်တူ လိုက်ပြီး မတက်နိုင်ရင်တောင်မှ၊
နောက်ကနေ ညာသံလေး ထည့်ပေးမယ့် သူငယ်ချင်းတွေကို ကျေးဇူးတင်မိတယ်..
အင်း.. သူများအတွဲတွေမြင်ရင်တော့ အားကျသလိုရှိသား.. မေမေ..
Monday, February 9, 2009
Sunday, February 8, 2009
ဖေဖော်ဝါရီ သူရဲကောင်းများသို့
ဖေဖော်ဝါရီဟာ ကျွန်တော့်အတွက်တော့ လေးစားရတဲ့ သူနှစ်ဦးရဲ့ အမှတ်တရနေ့ရက်တွေကြောင့် ထူးခြားတဲ့ လတစ်လပေါ့.. တစ်ယောက်ကတော့ ဖေဖော်ဝါရီမှာ မွေးဖွားခဲ့သူ.. တစ်ယောက်ကတော့ ဖေဖော်ဝါရီမှာ ကွယ်လွန်ခဲ့သူ..
ပထမတစ်ယောက်က ကျွန်တော်တို့ရဲ့ ဗမာပြည် အာဇာနည် လွတ်လပ်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်.. ဗိုလ်ချုပ်ရဲ့ မွေးနေ့ဟာ ဒီလ ၁၃ရက်နေ့မှာ ကျရောက်ပါတယ်..
မြန်မာနိုင်ငံမှာတော့ ကလေးများနေ့အဖြစ် သတ်မှတ်ပါတယ်.. ဗိုလ်ချုပ်ကို ၁၉၁၅ခုနှစ်က ဖေဖော်ဝါရီ ၁၃မှာ မွေးခဲ့တာဖြစ်ပါတယ်..ထိန်လင်းဆိုတာ သူ့ရဲ့နာမည်အရင်းပေါ့။ သူ့အထ္ထုပ္ပတ္တိထဲမှာတော့ ဖေဖော်ဝါရီ (၁၃)ရက်နေ့ဟာ သူပုန်တွေ မွေးတဲ့နေ့ တစ်နည်းအားဖြင့် တော်လှန်သူတွေ မွေးတဲ့နေ့လို့ သူဗေဒင်တစ်ခုမှာ ဖတ်ဖူးပါတယ်တဲ့.. မှတ်မှတ်ရရ ကျွန်တော် ဗိုလ်ချုပ်အကြောင်းစာအုပ်တွေကို ဆယ်တန်းတက်နေတုန်းက လိုက်စုခဲ့ဖူးတယ်.. မိန့်ခွန်းတွေကိုတော့ နောက်ပိုင်းမှာ အသံဖိုင်တွေအနေနဲ့ ရခဲ့တယ်.. အသက် (၃၃) နှစ် ၁၉၄၇မှာ ကွယ်လွန်ခဲ့တယ်.. ကွယ်လွန်ချိန် သိပ်စောနေပေမဲ့လည်း သူ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေဟာ ဒီနေ့၊ ဒီအချိန်ထိကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းအတွက် မရပ်သေးတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းနေတုန်းပဲ။
ဒါပေမယ့် ၅၂နှစ် အလွန်က သူ ဆိုလိုချင်တဲ့ လွတ်လပ်ရေးဟာတော့ ပြည်သူတွေဆီကို ဒီနေ့အထိ အပြည့်အဝရောက်မလာသေးဘူးလို့ ကျွန်တော် မြင်မိတယ်ဗျာ..
ပုံ. ဗိုလ်ချုပ်အောင်ဆန်း
.............................................................................................................
နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ မြန်မာပြည်ကပဲ.. အဆိုတော် ဦးခင်ဝမ်းပါ။ (တိုက်ဆိုင်စွာပဲ ၁၉၄၇ခုနှစ် နိုဝင်ဘာ ၂၄မှာ သူ့ကို မွေးဖွားခဲ့တယ်..) သူ့ အဖေဟာ ဂျပန်လူမျိုးတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်ထဲမှာ ကျန်ခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်..
သူ့သီချင်းတွေဟာ ကျွန်တော့်အကြိုက်ဆုံးတွေထဲမှာ ပါဝင်ခဲ့တယ်..
အများကြီး ကျွန်တော် နားမထောင်ဖူးဘူး.. ငယ်ငယ်တုန်းက (အဖေဖွင့်လို့) တခါတလေကြားဖူးပေမယ့် စွဲစွဲမြဲမြဲကြီးတော့ မဖြစ်ခဲ့ဘူး..
အခုနောက်ပိုင်းမှ ဆရာမောင်ချောနွယ်ရဲ့ အကြောင်းတွေ ပြန်ရှာဖတ်ရင်းနဲ့ ဆက်စပ်ပြီး ဦးခင်ဝမ်းသီချင်းတွေကို ဒုတိယံမိ သေချာပြန်နားထောင်ဖြစ်ခဲ့တယ်..
သူဟာ အဆိုတော်အဖြစ်တင်မဟုတ်ပါဘူး၊ ပန်းချီမှာရော စာပေမှာပါ အောင်မြင်ခဲ့တဲ့ စွယ်စုံအနုပညာရှင်တစ်ယောက်ပေါ့.. အဲဒီတုန်းက မြန်မာမော်ဒန်ပန်းချီလှုပ်ရှားမှုမှာလည်း ပါဝင် မောင်းနှင်ခဲ့တယ်..
ကျွန်တော်နှစ်သက်တဲ့ သူ့ရဲ့ သီချင်းစာသားတွေဟာ တစ်နည်းအားဖြင့် ကဗျာတွေလိုပဲ.. ကဗျာစာသားတွေကို သံစဉ်ထည့်ပြီး ရွတ်ပြသွားလိုက်တာ.. တစ်ကြောင်းချင်းစီဟာ ဘယ်နှခါနားထောင် နားထောင် မရိုးနိုင်ဘူး..
"နဒီမင်္ဂလာ" "ဆယ်လမွန် ငါးတို့အပြန်" "ပြည်မှာ ဆောင်း" "အမေ" "ဧရာဝတီ" သီချင်းတွေမှာပေါ့။
စာသားလေးရဲ့ အဆွဲမှာ သူ့အသံဟာ မနိုင်သလိုလေးဖြစ်သွားခဲ့တယ် (ကျွန်တော် ထင်မိတာပါ)
အဲဒါလေးကလည်း ကျွန်တော့် နားထဲ စွဲထင်ကျန်ခဲ့တယ်.. နားထောင်မိလိုက်တိုင်းမှာ ပြည်အလွမ်းတွေကို ပြန်ဆွပေးမိနေသလိုပဲ။ အထူးသဖြင့် ကျောင်းပိတ်ရက်တိုတဲ့ ဒီဇင်ဘာမှာပေါ့။
နောက်တစ်ပုဒ် “ဆယ်လမွန် ငါးတို့အပြန်” ထဲက “ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ” ဆိုတဲ့ စာသားလေး၊ နဒီမင်္ဂလာထဲက “ပူလောင်ကျွမ်းတဲ့ နှလုံးသားကိုယ့်အသည်းကို ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ” ဆိုတဲ့စာသားတွေကလည်း သိပ်ကို အဓိပ္ပါယ် ပြည့်ဝလွန်းတယ်။ ဦးခင်ဝမ်း၊ ဆရာမောင်ချောနွယ်တို့ဟာ ကျွန်တော် အခုနောက်ပိုင်းမှ သိခွင့်၊ ဂုဏ်ယူခွင့်ရတဲ့ ပြည်မြို့သား အနုပညာရှင်တွေပေါ့။ ကျွန်တော် သူတို့ ချန်ခဲ့တဲ့ အနုပညာပစ္စည်းတွေနဲ့ ထိတွေ့ခွင့်ရပေမယ့် သူတိုနဲ့ ရင်းနှီးခင်မင်ခွင့်ကိုတော့ မရနိုင်တော့ပါဘူး..
ခရမ်းနုရောင်နှင်း၊ ဦးခင်ဝမ်း ဟာ ၂၀၀၀ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်.
Download Link: ခင်ဝမ်း- စိတ်ကြိုက်ပြန်ဆိုတေးများ
Ref: http://www.aungsan.com/ (Image)
http://www.myanmar.gov.mm/myanmartimes/no3/khin.htm (Image and Article)
http://mp3.mmblogs.net
ပထမတစ်ယောက်က ကျွန်တော်တို့ရဲ့ ဗမာပြည် အာဇာနည် လွတ်လပ်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်ပါတယ်.. ဗိုလ်ချုပ်ရဲ့ မွေးနေ့ဟာ ဒီလ ၁၃ရက်နေ့မှာ ကျရောက်ပါတယ်..
မြန်မာနိုင်ငံမှာတော့ ကလေးများနေ့အဖြစ် သတ်မှတ်ပါတယ်.. ဗိုလ်ချုပ်ကို ၁၉၁၅ခုနှစ်က ဖေဖော်ဝါရီ ၁၃မှာ မွေးခဲ့တာဖြစ်ပါတယ်..ထိန်လင်းဆိုတာ သူ့ရဲ့နာမည်အရင်းပေါ့။ သူ့အထ္ထုပ္ပတ္တိထဲမှာတော့ ဖေဖော်ဝါရီ (၁၃)ရက်နေ့ဟာ သူပုန်တွေ မွေးတဲ့နေ့ တစ်နည်းအားဖြင့် တော်လှန်သူတွေ မွေးတဲ့နေ့လို့ သူဗေဒင်တစ်ခုမှာ ဖတ်ဖူးပါတယ်တဲ့.. မှတ်မှတ်ရရ ကျွန်တော် ဗိုလ်ချုပ်အကြောင်းစာအုပ်တွေကို ဆယ်တန်းတက်နေတုန်းက လိုက်စုခဲ့ဖူးတယ်.. မိန့်ခွန်းတွေကိုတော့ နောက်ပိုင်းမှာ အသံဖိုင်တွေအနေနဲ့ ရခဲ့တယ်.. အသက် (၃၃) နှစ် ၁၉၄၇မှာ ကွယ်လွန်ခဲ့တယ်.. ကွယ်လွန်ချိန် သိပ်စောနေပေမဲ့လည်း သူ လုပ်ဆောင်ခဲ့တဲ့ အလုပ်တွေဟာ ဒီနေ့၊ ဒီအချိန်ထိကို ကျွန်တော်တို့ မြန်မာနိုင်ငံသားတိုင်းအတွက် မရပ်သေးတဲ့ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းနေတုန်းပဲ။
ဒါပေမယ့် ၅၂နှစ် အလွန်က သူ ဆိုလိုချင်တဲ့ လွတ်လပ်ရေးဟာတော့ ပြည်သူတွေဆီကို ဒီနေ့အထိ အပြည့်အဝရောက်မလာသေးဘူးလို့ ကျွန်တော် မြင်မိတယ်ဗျာ..
ပုံ. ဗိုလ်ချုပ်အောင်ဆန်း.............................................................................................................
နောက်တစ်ယောက်ကတော့ ကျွန်တော်တို့ မြန်မာပြည်ကပဲ.. အဆိုတော် ဦးခင်ဝမ်းပါ။ (တိုက်ဆိုင်စွာပဲ ၁၉၄၇ခုနှစ် နိုဝင်ဘာ ၂၄မှာ သူ့ကို မွေးဖွားခဲ့တယ်..) သူ့ အဖေဟာ ဂျပန်လူမျိုးတစ်ဦးဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက မြန်မာပြည်ထဲမှာ ကျန်ခဲ့တဲ့ အင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်..သူ့သီချင်းတွေဟာ ကျွန်တော့်အကြိုက်ဆုံးတွေထဲမှာ ပါဝင်ခဲ့တယ်..
အများကြီး ကျွန်တော် နားမထောင်ဖူးဘူး.. ငယ်ငယ်တုန်းက (အဖေဖွင့်လို့) တခါတလေကြားဖူးပေမယ့် စွဲစွဲမြဲမြဲကြီးတော့ မဖြစ်ခဲ့ဘူး..
အခုနောက်ပိုင်းမှ ဆရာမောင်ချောနွယ်ရဲ့ အကြောင်းတွေ ပြန်ရှာဖတ်ရင်းနဲ့ ဆက်စပ်ပြီး ဦးခင်ဝမ်းသီချင်းတွေကို ဒုတိယံမိ သေချာပြန်နားထောင်ဖြစ်ခဲ့တယ်..
သူဟာ အဆိုတော်အဖြစ်တင်မဟုတ်ပါဘူး၊ ပန်းချီမှာရော စာပေမှာပါ အောင်မြင်ခဲ့တဲ့ စွယ်စုံအနုပညာရှင်တစ်ယောက်ပေါ့.. အဲဒီတုန်းက မြန်မာမော်ဒန်ပန်းချီလှုပ်ရှားမှုမှာလည်း ပါဝင် မောင်းနှင်ခဲ့တယ်..
ကျွန်တော်နှစ်သက်တဲ့ သူ့ရဲ့ သီချင်းစာသားတွေဟာ တစ်နည်းအားဖြင့် ကဗျာတွေလိုပဲ.. ကဗျာစာသားတွေကို သံစဉ်ထည့်ပြီး ရွတ်ပြသွားလိုက်တာ.. တစ်ကြောင်းချင်းစီဟာ ဘယ်နှခါနားထောင် နားထောင် မရိုးနိုင်ဘူး..
"နဒီမင်္ဂလာ" "ဆယ်လမွန် ငါးတို့အပြန်" "ပြည်မှာ ဆောင်း" "အမေ" "ဧရာဝတီ" သီချင်းတွေမှာပေါ့။
အနေဝေး.. ရေအဝေးမှာ..
ဆုံးရှုံသွားရတော့မယ့်..
ပြည်မှာ ဆောင်း..
ပြန်သင့်၊ မပြန်သင့်..
ဆုံးဖြတ်ခွင့် မရှိတော့တဲ့.. ပြည်မှာ ဆောင်း..
ဆုံးရှုံသွားရတော့မယ့်..
ပြည်မှာ ဆောင်း..
ပြန်သင့်၊ မပြန်သင့်..
ဆုံးဖြတ်ခွင့် မရှိတော့တဲ့.. ပြည်မှာ ဆောင်း..
စာသားလေးရဲ့ အဆွဲမှာ သူ့အသံဟာ မနိုင်သလိုလေးဖြစ်သွားခဲ့တယ် (ကျွန်တော် ထင်မိတာပါ)
အဲဒါလေးကလည်း ကျွန်တော့် နားထဲ စွဲထင်ကျန်ခဲ့တယ်.. နားထောင်မိလိုက်တိုင်းမှာ ပြည်အလွမ်းတွေကို ပြန်ဆွပေးမိနေသလိုပဲ။ အထူးသဖြင့် ကျောင်းပိတ်ရက်တိုတဲ့ ဒီဇင်ဘာမှာပေါ့။
နောက်တစ်ပုဒ် “ဆယ်လမွန် ငါးတို့အပြန်” ထဲက “ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ” ဆိုတဲ့ စာသားလေး၊ နဒီမင်္ဂလာထဲက “ပူလောင်ကျွမ်းတဲ့ နှလုံးသားကိုယ့်အသည်းကို ဟန်ဆောင်နှစ်သိမ့်ထားမယ်လေ” ဆိုတဲ့စာသားတွေကလည်း သိပ်ကို အဓိပ္ပါယ် ပြည့်ဝလွန်းတယ်။ ဦးခင်ဝမ်း၊ ဆရာမောင်ချောနွယ်တို့ဟာ ကျွန်တော် အခုနောက်ပိုင်းမှ သိခွင့်၊ ဂုဏ်ယူခွင့်ရတဲ့ ပြည်မြို့သား အနုပညာရှင်တွေပေါ့။ ကျွန်တော် သူတို့ ချန်ခဲ့တဲ့ အနုပညာပစ္စည်းတွေနဲ့ ထိတွေ့ခွင့်ရပေမယ့် သူတိုနဲ့ ရင်းနှီးခင်မင်ခွင့်ကိုတော့ မရနိုင်တော့ပါဘူး..
ခရမ်းနုရောင်နှင်း၊ ဦးခင်ဝမ်း ဟာ ၂၀၀၀ခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့မှာ ကွယ်လွန်ခဲ့ပါတယ်.
Download Link: ခင်ဝမ်း- စိတ်ကြိုက်ပြန်ဆိုတေးများ
Ref: http://www.aungsan.com/ (Image)
http://www.myanmar.gov.mm/myanmartimes/no3/khin.htm (Image and Article)
http://mp3.mmblogs.net
Labels:
Articles
Tuesday, February 3, 2009
ဟာသစာ (ကိုကိုပေါ)
ဟာသစာလေးတစ်ခုပါ.. ကျွန်တော် ရေးခဲ့တာတော့ တော်တော်ကြာခဲ့ပါပြီ.. ရယ်ရမယ်လို့တော့ ထင်တာပဲ.. ဟီး.. ဒါပေမယ့် ဘာအဓိပ္ပါယ်ထွက်နေမှန်းတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိဘူးဗျ.. အပျော်ပေါ့ဗျာ..း)
သြော်.. ဒါနဲ့ ကျွန်တော့် blog လေးကို လာဖတ်ဖြစ်တယ်ဆိုတဲ့ ကိုATM နဲ့ Harryတို့ကိုလည်း (နောက်ကျ)ကျေးဇူးတင်ပါတယ်.. အဲဒီနေ့က စိတ်ထဲ ပျော်သွားတာနဲ့ ကျေးဇူးတင်စကားဆိုဖို့တောင် မေ့သွားတယ်.. :) စာမေးပွဲတွေလည်း ဖြေနိုင်ပါစေ..
ဒီ ဒဏ်ရာဟာ အနာသိပေမဲ့ ဆေးမရှိပါဘူး..
အိုးချင်းထားလို့ အိုးချင်းထိမိတဲ့သဘောတရားအရ ကိုယ့်မှာ စားရကန်ကြုံလို့ မုတ်ဆိတ်ပျားစွဲပြီ ထင်လိုက်တာ..
အစွဲခံရတာ ပျားမဟုတ်ဘဲ.. ကျားဖြစ်နေပါကောလား..
ဆက်ပြီးတော့ စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ဖို့ကလည်း အဆီတဝင်းဝင်းနဲ့ ဖြစ်နေပြန်တော့..
စစ်မရောက်ခင် မြားကုန်တယ်ပဲပြောပြော.. ငါးစိမ်းကို မြင်လို့ ငါးကင်နဲ့တူတဲ့ မင်းလေးကို ပစ်တယ်ပဲ ပြောပြော..
သူကောင်းဖြစ်ဖို့အတွက် ကိုယ်တစ်ရွာပြောင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ.. ဒါပေမယ့် မစားရတဲ့ မင်းလေးကို သဲနဲ့တော့ မပက်ခဲ့ဘူးနော်..
ကိုယ့်မှာက မိဘတွေ ဆုံးမထားသလို "ဘဲဥပေါ် ကျောက်ပြင်ကျလည်း ဘဲဥကွဲ၊ ကျောက်ပြင်ပေါ် ဘဲဥကျလည်း ဘဲဥပဲ ကွဲ"ရမယ့်အဖြစ်ကရှိနေတော့...
အားမတန်ဘူးထင်တာနဲ့ မာန်လည်း လျော့လိုက်တာပါ..
မညားသော ချစ်သူ၊ မသေသော ဆေးသမား ဆိုတဲ့ စကားပုံလည်း ရှိတာပဲလေ...
ဒီကြားထဲ မင်းမိဘတွေက စိန်ကောင်းကျောက်ကောင်း ရောင်းနေချိန်ဆို ဆေးရိုးသည်က ကန့်လန့်ကန့်လန့် ဝင်ပါလိုက်သေးတယ်..
တကယ်ဆို ရွာနားကမြက်ကို ရွာနွားပြန်မစားတတ်တာလည်း မင်းလေး နားလည်သင့်ပါတယ်.
ဒါကြောင့် နောင်ထပ်တွေ့ဖြစ်ရင် ဆင်ဖြူမျက်နှာ၊ ဆင်မဲ မကြည့်ဝံ့သလိုပဲ မဆိုင်သလိုနေပေးရင်း..
ကိုယ့်ရဲ့ လုပ်ရပ်ကို မွှေးတုန်းပန်ပြီး နံတော့ ပစ်လို့ ရိုးစွပ်ချင်လည်း ရိုးစွပ်လိုက်ပါ..
ဆုပ်လည်းဆူး စားလည်းရူးမယ့် အခြေအနေ မရောက်ခင် ကြာကြာဝါးမယ့် သွားဆိုတာ.. အရိုးတွေကိုတော့ ကြည့်ရှောင်တတ်ရမယ် မဟုတ်လား...
သြော်.. ဒါနဲ့ ကျွန်တော့် blog လေးကို လာဖတ်ဖြစ်တယ်ဆိုတဲ့ ကိုATM နဲ့ Harryတို့ကိုလည်း (နောက်ကျ)ကျေးဇူးတင်ပါတယ်.. အဲဒီနေ့က စိတ်ထဲ ပျော်သွားတာနဲ့ ကျေးဇူးတင်စကားဆိုဖို့တောင် မေ့သွားတယ်.. :) စာမေးပွဲတွေလည်း ဖြေနိုင်ပါစေ..
....................................................................................................................
ချစ်လှစွာသော ပန်းကလေးရယ်..ဒီ ဒဏ်ရာဟာ အနာသိပေမဲ့ ဆေးမရှိပါဘူး..
အိုးချင်းထားလို့ အိုးချင်းထိမိတဲ့သဘောတရားအရ ကိုယ့်မှာ စားရကန်ကြုံလို့ မုတ်ဆိတ်ပျားစွဲပြီ ထင်လိုက်တာ..
အစွဲခံရတာ ပျားမဟုတ်ဘဲ.. ကျားဖြစ်နေပါကောလား..
ဆက်ပြီးတော့ စားရမှာလည်း သဲတရှပ်ရှပ်၊ လွှင့်ပစ်ဖို့ကလည်း အဆီတဝင်းဝင်းနဲ့ ဖြစ်နေပြန်တော့..
စစ်မရောက်ခင် မြားကုန်တယ်ပဲပြောပြော.. ငါးစိမ်းကို မြင်လို့ ငါးကင်နဲ့တူတဲ့ မင်းလေးကို ပစ်တယ်ပဲ ပြောပြော..
သူကောင်းဖြစ်ဖို့အတွက် ကိုယ်တစ်ရွာပြောင်းဖို့ ဆုံးဖြတ်လိုက်ပါပြီ.. ဒါပေမယ့် မစားရတဲ့ မင်းလေးကို သဲနဲ့တော့ မပက်ခဲ့ဘူးနော်..
ကိုယ့်မှာက မိဘတွေ ဆုံးမထားသလို "ဘဲဥပေါ် ကျောက်ပြင်ကျလည်း ဘဲဥကွဲ၊ ကျောက်ပြင်ပေါ် ဘဲဥကျလည်း ဘဲဥပဲ ကွဲ"ရမယ့်အဖြစ်ကရှိနေတော့...
အားမတန်ဘူးထင်တာနဲ့ မာန်လည်း လျော့လိုက်တာပါ..
မညားသော ချစ်သူ၊ မသေသော ဆေးသမား ဆိုတဲ့ စကားပုံလည်း ရှိတာပဲလေ...
ဒီကြားထဲ မင်းမိဘတွေက စိန်ကောင်းကျောက်ကောင်း ရောင်းနေချိန်ဆို ဆေးရိုးသည်က ကန့်လန့်ကန့်လန့် ဝင်ပါလိုက်သေးတယ်..
တကယ်ဆို ရွာနားကမြက်ကို ရွာနွားပြန်မစားတတ်တာလည်း မင်းလေး နားလည်သင့်ပါတယ်.
ဒါကြောင့် နောင်ထပ်တွေ့ဖြစ်ရင် ဆင်ဖြူမျက်နှာ၊ ဆင်မဲ မကြည့်ဝံ့သလိုပဲ မဆိုင်သလိုနေပေးရင်း..
ကိုယ့်ရဲ့ လုပ်ရပ်ကို မွှေးတုန်းပန်ပြီး နံတော့ ပစ်လို့ ရိုးစွပ်ချင်လည်း ရိုးစွပ်လိုက်ပါ..
ဆုပ်လည်းဆူး စားလည်းရူးမယ့် အခြေအနေ မရောက်ခင် ကြာကြာဝါးမယ့် သွားဆိုတာ.. အရိုးတွေကိုတော့ ကြည့်ရှောင်တတ်ရမယ် မဟုတ်လား...
ချစ်ဖူးတဲ့..
ကိုကိုပေါ
ကိုကိုပေါ
....................................................................................................................
Labels:
ဟာသ
Monday, January 26, 2009
အထွေထွေ စမ်းသပ် ဥသြသံများ (ကျယ်လောင်သွားလျှင် သည်းခံပါ)
ချစ်သူရေ..
မြေကြီးက ခွံ့တဲ့ ထမင်းနဲ့ အသက်ရှင်ပြီး မြေကြီးကို ပြန်တက်နင်းထားတာတစ်ခုထဲနဲ့တင် ကိုယ်တို့ဟာ ကျေးဇူးကန်းတဲ့ သူတွေ ဖြစ်နေကြပြီနော်.. ဒါပေမယ့်ကွယ် အောက်စီဂျင်ကို အချိန်မလပ် အခမဲ့ပေးနေကျ စိမ်းပုတ်ရောင် တောအုပ်တွေ၊ မျက်စိပသာဒ ဖြစ်စေတဲ့ ရောင်စုံပန်းလေးတွေနဲ့ ပင်လယ်ထဲက အသဲကွဲနေတဲ့ ငါးလေးတွေ.. သူတို့ဟာ ယောင်လို့တောင် မင်းရော၊ ကိုယ်ရောကို အပြစ်ရှိသူတွေအဖြစ် မမြင်ခဲ့ကြပါဘူး။ တန်းဖိုးမဖြတ်နိုင်တဲ့ ခွင့်လွှတ်ခြင်းတွေများစွာရဲ့အလယ် ကိုယ်တို့နေထိုင်နေကြတယ်။ ရိုးသားမှုကိုတော့ဖြင့် ယဉ်ကျေးမှုရဲ့ အရေခွံလို့ ကိုယ် မပြောလိုဘူး။
ဓါတုဗေဒပညာအရ လူ့ခန္ဓာကိုယ်ရှိ နှာသီးဖျားလေးနှင့် ကမ္ဘာ့လေထုတို့ ဓါတ်ပြုသောအခါ ပစ္စုပ္ပန်များထွက်ပေါ်လာစေရန် မည်သူဖန်တီးခဲ့ပါသနည်း။ နောက်ဆက်တွဲ လေ့လာတွေ့ရှိချက်များတွင် ထိုလေတို့သည် ပစ္စုပ္ပန်မဖြစ်မှီက အနာဂတ်အမည်နှင့် နှာခေါင်းဝတစ်ဝိုက်တွင် အခြေချနေထိုင်လေ့ရှိကြောင်းနှင့် ပစ္စုပ္ပန်ဖြစ်ပြီးသော ကာလတွင် မေ့လျော့အတိတ်အဖြစ် ထွက်သက်အခြေအနေသို့ ရောက်ရှိသွားလေ့ရှိကြောင်း သိရှိရပါသည်။ ဆက်လက်၍ သုံးသပ်ချက်များအရ အမှာစကားမှာ “အသုံးမဝင်တော့တဲ့ စိတ်ဒဏ်ရာအဟောင်းတွေနဲ့ အမည်းစက်ဆိုတာတွေထဲက သင်ခန်းစာတစ်ချို့လောက် ထုတ်ထားပြီး ကျန်တာကို ထွက်သက်တွေနဲ့အတူ ရှူထုတ်လိုက်နိုင်ရင် သိပ်ကောင်းတာပေါ့ဗျာ၊…..” ဒီလိုနဲ့ ငါတို့ကိုယ် ငါတို့ တူးဆွချက်တွေဟာ ပိုနက်သထက် နက်လာခဲ့တာပေါ့။ အာရုံခံစားမှုတွေဟာ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်၊ ညနဲ့ မနက် ကောင်းကင်မှာ ဒီနေတစ်စင်းထဲ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်၊ ရာသီတွေလည်း ဒီလိုပဲ အလုပ်ရှုပ်၊ ငါတို့အားလုံးလည်း ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်။
ခွင့်လွှတ်ပါ ချစ်သူရယ်.. တကယ်တော့ အဲဒီနေ့က ကိုယ်ပြောချင်ခဲ့တာက “အချစ်ဆိုတာ…” အစပြုလို့ တစ်စုံတစ်ခုပြောဖို့ ကြံလိုက်တုန်းမှာပဲ အဲဒီလျှာပေါ်ကို မင်း ခတ်ခဲ့တဲ့ အခါးတွေဟာ တစ်ရက်ပြီးတစ်ရက် တစ်စက်ပြီး တစ်စက်နဲ့.. ကိုယ်ထင်သလို ခါးသက်ခြင်းတွေမဟုတ်ဘဲ၊ ခါးသီးခြင်းတွေဖြစ်ကြောင်း တွေ့ရှိချိန်မှာ အားလုံးဟာ အနာသိပေမယ့် ဆေးမရှိတဲ့ နာကျင်စရာတွေတောင် ဖြစ်ကုန်ပေါ့။ (ထိုခါးသီးခြင်းတို့ကို ဓါတ်ခွဲကြည့်သောအခါ အလွမ်း ၇၄% နှင့် အသဲကွဲစေသော elements ၂၅% ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်။) အချိန်တန်ရင် ဆယ်စားလို့ရမယ့် ဘဲဥတစ်လုံးဟာ အချစ်မဟုတ်တာတော့ သိခဲ့တာ သေချာတယ်။ ဒါပေမယ့်လည်း အဲဒီကိစ္စနဲ့ အချစ်ဟာ ကိုယ့်အတွက် အစရှာမရပုံချင်း တူနေသလားလို့။ ဒါကို အကြောင်းပြုပြီး သူတို့ (၂)ခုဟာ Hyperspace သီအိုရီထဲက wormholes တွေလိုများ ဆက်စပ်နေမှာလား။ ဥာဏ်မမှီဘူး ချစ်သူ။ ဒါမှမဟုတ်လည်း အမြဲလှနေတဲ့ မင်းရဲ့ နဖူးပေါ်က လတ္တီကျု အမျှင်အတန်း ဆံစလေးများလား.. (ကိုယ် သိပ်တက်မက်ခဲ့ပေါ့)
“ဒီကိစ္စမှာ ကျွန်တော့်ဘက်ကစပြီး အပြစ်ရှာ ဖြတ်ပြစ်ခဲ့တာ၊ ဒီလိုဆို ခက်နေတာက ကျွန်တော်လို့ ခင်များ ထင်ကောင်းထင်နိုင်တယ်.. ကိုယ့်လူရယ်.. တစ်ခါတစ်လေကျတော့ ဘဝတစ်ခုထဲ ပျော်ရွှင်ဖို့တွေနဲ့ သားကျွန်၊ မယားကျွန်ဖြစ်ခြင်း ကိစ္စတွေမှာ ကျွန်တော့်စိတ် ကျွန်တော် သက်တမ်းတိုးနိုင်ဖို့ အရည်အချင်း မရှိတော့ဘူးဗျာ”။
“.. အနည်းဆုံးတော့လည်း ရေနစ်သူအချင်းချင်း လက်ကမ်းခွင့်လေးလောက်ပေါ့ဗျာ.. ”ဟု ကျွန်တော်ပြန်ပြောမိလိုက်သည် ထင်သည်။ သူ့အမျိုးသမီးနာမည်က မုသားမပါ လင်္ကာမချော တဲ့၊ ခင်များတို့ ကြားဖူးမလားတော့ မသိဘူး.. ။
“ဒီနေ့အဖို့ အတန်းတွေကော ပြီးပြီးလား”
“သြော်.. ဒါနဲ့ ကမ္ဘာကြီးဟာ အရင်ကထက် အပူချိန်ပိုလာတယ်နော်.. ကိုယ်ကတော့ မင်းရဲ့ အေးစက်မှုတစ်သောင်းဆောင်ဆဲ အကြည့်တွေကြောင့် ရာသီမရွေး အနွေးထည်တွေ တပ်ထားရသူတစ်ယောက်ပေါ့”
နောက်တစ်ခုက ကိုယ်ဟာ ချစ်တတ်သူတစ်ယောက်ဖြစ်ကြောင်းပြဖို့ ချစ်သူတစ်ယောက် အမှန်တကယ်ရှိရမယ်လို့ အဲဒီလူသားအပေါင်းဟာ ယူဆနေကြတယ်။ မင်းရဲ့ အသက်ရှူချက်တိုင်းမှာ ကိုယ်တစ်ယောက်ထဲ စိတ်တွေ ဝင်သွားလိုက်၊ ထွက်သွားလိုက် လိုက်ဖြစ်နေတာကိုတော့ အချစ်လို့ပဲ လွှဲချရတော့မယ်ထင်တယ်။
ဖြစ်နိုင်ရင်.. တစ်ကိုယ်လုံးက အလွမ်းတွေကို လက်ထိုးပြီး အန်ထုတ်ပစ်လိုက်ချင်တယ် ဆရာ။
ဖြစ်နိုင်ရင်.. အဲဒီ “ဖြစ်နိုင်ရင်” ဆိုတဲ့ စကားလုံးတွေကို လက်ကနေ ထက်ပြီး ထွက်မကျနိုင်အောင်လည်း ရေရှည် ထိန်းသိမ်းထားလိုက်ချင်တယ်။
လုပ်ချင်တာနဲ့ လုပ်သင့်တာဆိုတာ တစ်ပန်းကန်ထဲမှာပါတဲ့ ထမင်းနဲ့ ဟင်းလို.. မျှစားတတ်ရမယ် မဟုတ်လား။ အဖြေရှာဖို့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကို ပြန်ဖြေချလိုက်တော့ ထင်ထားတဲ့ အရသာအတိုင်း လဘ္ကရည်တစ်ခွက်ဟာ ဖြစ်နေတဲ့အခါ ကျွန်တော့်နေ့ရက်တွေဟာ သောက်လို့သိပ်ကောင်းနေတာ တွေ့ရတယ်။ ပုံပြောသူနဲ့ ပဲများသူများမှအပ ဘယ်သူမဆို ဒီရင်ကို ငှားခွင့်ရှိပါတယ်။ လမ်းကြုံရင်ပေါ့။ ဝတ်ထားတဲ့ ခြေအိတ်နှစ်ဖက်တောင်မှ အရောင်တူပြနေစရာ မလိုဘူး။ ဤအကြောင်း မပါ၊ ထိုအကြောင်း မပြောဘူး။ ဤအကြောင်းနဲ့ ထိုအကြောင်းမှလွဲရင် ကျန်တာပြောစရာမလို။ ဒီအချက်တွေနဲ့ ပြည့်စုံရင်တော့ ကြိုက်သလောက် ပြောနိုင်ပါတယ်။ အနာဟောင်းတွေကိုတော့ ကဗျာစာကြောင်းတွေနဲ့ပဲ ကြိုးစားချုပ်လိုက်ပါ့မယ်။ တစ်ဆိတ်ဗျာ.. ကျွန်တော့်စိတ်တွေဟာ ဖိတ်ခေါ်ချိန်းဆိုမှုကို ငြင်းပယ်ရန် ခက်လှပါသောကြောင့် အနိမ့်ဆုံးတွေသို့ မနိမ့်ဆင်းမီ၊ အတောင်တွေလည်း မဆွေးမြေ့ မကုန်ခမ်းမီ၊ သံချေးတက်နေသော စကားလုံးထိန်း ခလုတ်တွေနဲ့အတူ သမိုင်းပေးတာဝန်များကို ဦးဆွေးဆံမြေ့ ထမ်းရွက်တော်မူပါအုံးမည်။
ချစ်သူရေ.. ဒီလူကို နေရောင်ခြည်နဲ့ စကားလုံးတွေ တိုက်ရိုက်မရောက်ရှိနိုင်တဲ့နေရာမှာ ထားလိုက်ပါတော့။ (မြန်မြန်လေး)
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သစ်ပင်တွေဟာ လူတွေကို စိုက်လာခဲ့တာ ဟိုးရှေးရှေးတုန်း ကတည်းကဆိုတာ သိဖို့ပါပဲ။ (ဒါဟာ ပုံပြင်အစလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဖြစ်ခွင့်လည်းပေးပါတယ်)
ကျွန်တော့်ရဲ့ လက်တစ်ဖျစ်စာ နှာစေး၊ ချောင်းဆိုးသံများက သင်၏စိတ်ကို အနှောက်အယှက်ဖြစ်သွားလျှင်တော့ ခွင့်လွှတ်ပါ မိတ်ဆွေ။
မြေကြီးက ခွံ့တဲ့ ထမင်းနဲ့ အသက်ရှင်ပြီး မြေကြီးကို ပြန်တက်နင်းထားတာတစ်ခုထဲနဲ့တင် ကိုယ်တို့ဟာ ကျေးဇူးကန်းတဲ့ သူတွေ ဖြစ်နေကြပြီနော်.. ဒါပေမယ့်ကွယ် အောက်စီဂျင်ကို အချိန်မလပ် အခမဲ့ပေးနေကျ စိမ်းပုတ်ရောင် တောအုပ်တွေ၊ မျက်စိပသာဒ ဖြစ်စေတဲ့ ရောင်စုံပန်းလေးတွေနဲ့ ပင်လယ်ထဲက အသဲကွဲနေတဲ့ ငါးလေးတွေ.. သူတို့ဟာ ယောင်လို့တောင် မင်းရော၊ ကိုယ်ရောကို အပြစ်ရှိသူတွေအဖြစ် မမြင်ခဲ့ကြပါဘူး။ တန်းဖိုးမဖြတ်နိုင်တဲ့ ခွင့်လွှတ်ခြင်းတွေများစွာရဲ့အလယ် ကိုယ်တို့နေထိုင်နေကြတယ်။ ရိုးသားမှုကိုတော့ဖြင့် ယဉ်ကျေးမှုရဲ့ အရေခွံလို့ ကိုယ် မပြောလိုဘူး။
*
ကျွန်တော်တို့တွေ “လူ”ဆိုတာကို ရွေးချယ်ခွင့်မရခဲ့ဘဲ ဖြစ်လာခဲ့တယ်။ ဒီစာကို ကျွန်တော်ရေးတယ်၊ ခင်များ ဖတ်တယ်။ ကျွန်တော်တို့တွေ အမြီးမဲ့မျောက်တွေအဖြစ် ကိုယ့်ကိုယ်ကိုတွေ့ရှိခဲ့ကြတယ်။ သမ္မာကျမ်းစာလည်း ငါ့တို့သမိုင်းမှာ ရှိခဲ့ပြီ။ ငါတို့ နှလုံးသွေးကြောတွေဟာ ကွန်ပြူတာ ဝိုင်ယာကြိုးတွေလည်း ဖြစ်ခဲ့ဖူးပြီ၊ ဖြစ်ဆဲ၊ ဖြစ်လတ္တံ့လည်း ဖြစ်တယ်။ ငါတို့ အမြီးမဲ့မျောက်တွေ အချင်းချင်းလည်း သေရာပါ တစ်ကောင်နဲ့ တစ်ကောင် ဆွဲဆောင်မှုတွေတောင် ပြုတတ်နေတာလည်း ကြာပေါ့။ “လူဆိုတာ” ၊ “လူဆန်ဆန်” ဆိုတဲ့ စကားအကာတွေနဲ့ အနှစ် အကုသိုလ်ကိုလည်း အနံ့မထွက်အောင် ဖုံးတတ်နေကြပြီ။ မျောက်နေမှု အဆင့်အတန်းတွေ မြင့်တက်၊ မျောက်နေမှုစရိုက်တွေ သတ်မှတ်၊ မျောက်ထုအော်သံ၊ မျောက်ဘောင် အဖွဲ့အစည်း၏ အရေးပါပုံ၊ စသဖြင့်.. စသဖြင့်..။ (သို့သော် ဤစာပိုဒ်အား လူနှင့်မျောက် မကွဲမီ အမှတ်၏ ဒဿမတစ်နေရာ လျော့လျက်ရှိသောနေရာမှစ၍ ဆက်လက်အတည်ပြုခြင်းမပြုပါရန်။)ဓါတုဗေဒပညာအရ လူ့ခန္ဓာကိုယ်ရှိ နှာသီးဖျားလေးနှင့် ကမ္ဘာ့လေထုတို့ ဓါတ်ပြုသောအခါ ပစ္စုပ္ပန်များထွက်ပေါ်လာစေရန် မည်သူဖန်တီးခဲ့ပါသနည်း။ နောက်ဆက်တွဲ လေ့လာတွေ့ရှိချက်များတွင် ထိုလေတို့သည် ပစ္စုပ္ပန်မဖြစ်မှီက အနာဂတ်အမည်နှင့် နှာခေါင်းဝတစ်ဝိုက်တွင် အခြေချနေထိုင်လေ့ရှိကြောင်းနှင့် ပစ္စုပ္ပန်ဖြစ်ပြီးသော ကာလတွင် မေ့လျော့အတိတ်အဖြစ် ထွက်သက်အခြေအနေသို့ ရောက်ရှိသွားလေ့ရှိကြောင်း သိရှိရပါသည်။ ဆက်လက်၍ သုံးသပ်ချက်များအရ အမှာစကားမှာ “အသုံးမဝင်တော့တဲ့ စိတ်ဒဏ်ရာအဟောင်းတွေနဲ့ အမည်းစက်ဆိုတာတွေထဲက သင်ခန်းစာတစ်ချို့လောက် ထုတ်ထားပြီး ကျန်တာကို ထွက်သက်တွေနဲ့အတူ ရှူထုတ်လိုက်နိုင်ရင် သိပ်ကောင်းတာပေါ့ဗျာ၊…..” ဒီလိုနဲ့ ငါတို့ကိုယ် ငါတို့ တူးဆွချက်တွေဟာ ပိုနက်သထက် နက်လာခဲ့တာပေါ့။ အာရုံခံစားမှုတွေဟာ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်၊ ညနဲ့ မနက် ကောင်းကင်မှာ ဒီနေတစ်စင်းထဲ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်၊ ရာသီတွေလည်း ဒီလိုပဲ အလုပ်ရှုပ်၊ ငါတို့အားလုံးလည်း ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်ရှုပ်။
ခွင့်လွှတ်ပါ ချစ်သူရယ်.. တကယ်တော့ အဲဒီနေ့က ကိုယ်ပြောချင်ခဲ့တာက “အချစ်ဆိုတာ…” အစပြုလို့ တစ်စုံတစ်ခုပြောဖို့ ကြံလိုက်တုန်းမှာပဲ အဲဒီလျှာပေါ်ကို မင်း ခတ်ခဲ့တဲ့ အခါးတွေဟာ တစ်ရက်ပြီးတစ်ရက် တစ်စက်ပြီး တစ်စက်နဲ့.. ကိုယ်ထင်သလို ခါးသက်ခြင်းတွေမဟုတ်ဘဲ၊ ခါးသီးခြင်းတွေဖြစ်ကြောင်း တွေ့ရှိချိန်မှာ အားလုံးဟာ အနာသိပေမယ့် ဆေးမရှိတဲ့ နာကျင်စရာတွေတောင် ဖြစ်ကုန်ပေါ့။ (ထိုခါးသီးခြင်းတို့ကို ဓါတ်ခွဲကြည့်သောအခါ အလွမ်း ၇၄% နှင့် အသဲကွဲစေသော elements ၂၅% ပါဝင်လျက်ရှိကြောင်း တွေ့ရှိရသည်။) အချိန်တန်ရင် ဆယ်စားလို့ရမယ့် ဘဲဥတစ်လုံးဟာ အချစ်မဟုတ်တာတော့ သိခဲ့တာ သေချာတယ်။ ဒါပေမယ့်လည်း အဲဒီကိစ္စနဲ့ အချစ်ဟာ ကိုယ့်အတွက် အစရှာမရပုံချင်း တူနေသလားလို့။ ဒါကို အကြောင်းပြုပြီး သူတို့ (၂)ခုဟာ Hyperspace သီအိုရီထဲက wormholes တွေလိုများ ဆက်စပ်နေမှာလား။ ဥာဏ်မမှီဘူး ချစ်သူ။ ဒါမှမဟုတ်လည်း အမြဲလှနေတဲ့ မင်းရဲ့ နဖူးပေါ်က လတ္တီကျု အမျှင်အတန်း ဆံစလေးများလား.. (ကိုယ် သိပ်တက်မက်ခဲ့ပေါ့)
*
တစ်ခါတစ်လေလည်း ဘဝမှာက အရသာတင်မကပဲ၊ အဓိပ္ပါယ်လေးပါ ရှိချင်သေးတာကိုး။ ဒီလောက်တော့ တွေးမိခဲ့ရဲ့။ ခက်တာက ရိုးသားမှတ်ကို ကျော်လွန်ပြီး ‘အ’အ သွားတာကို ထိန်းမရဖြစ်နေတယ်။ ဦးခေါင်းဆိုတာ လက်ကကုပ်ဖို့သက်သက် ပုံခုံးနှစ်ဖက်ပေါ် ပေါက်နေတာ မဟုတ်ဘူးလေ။ မဖြစ်နိုင်တာတွေကို သူကောင်းပြုထားတာ ကျွန်တော်တို့အတွက် သိပ်များနေလို့လား။ ဥပမာ. လုံ့လရှိခိုက် အချိန်စိုက်ပေးပါ၊ ရေခံလိုချိန် မိုးရွာပါ၊ ဗိုင်းထုတ်မှ လသာပါတို့။ အခါအားလျော်စွာ ကျွန်တော်တို့ အချိန်နဲ့ ဒီရေကို ယောင်ပြီး စောင့်နေတတ်ကြတယ် မဟုတ်လား။ ဖြစ်ရင်ဖြစ်တဲ့အတိုင်း ကျွန်တော်တို့ လက်ခံဝေမျှကြပါစို့။ မိတ်ဆွေဆိုတာ သေတော့မှ ဝမ်းနည်းဖို့သက်သက် ခင်ထားတာမျိုးမှ မဟုတ်တာ။ ကျွန်တော့်သူငယ်ချင်တစ်ယောက်က သူ့အမျိုးသမီးနဲ့ ပြတ်စဲပြီးနောက် ကျွန်တော့်ကို ပြောခဲ့ဖူးတယ်..“ဒီကိစ္စမှာ ကျွန်တော့်ဘက်ကစပြီး အပြစ်ရှာ ဖြတ်ပြစ်ခဲ့တာ၊ ဒီလိုဆို ခက်နေတာက ကျွန်တော်လို့ ခင်များ ထင်ကောင်းထင်နိုင်တယ်.. ကိုယ့်လူရယ်.. တစ်ခါတစ်လေကျတော့ ဘဝတစ်ခုထဲ ပျော်ရွှင်ဖို့တွေနဲ့ သားကျွန်၊ မယားကျွန်ဖြစ်ခြင်း ကိစ္စတွေမှာ ကျွန်တော့်စိတ် ကျွန်တော် သက်တမ်းတိုးနိုင်ဖို့ အရည်အချင်း မရှိတော့ဘူးဗျာ”။
“.. အနည်းဆုံးတော့လည်း ရေနစ်သူအချင်းချင်း လက်ကမ်းခွင့်လေးလောက်ပေါ့ဗျာ.. ”ဟု ကျွန်တော်ပြန်ပြောမိလိုက်သည် ထင်သည်။ သူ့အမျိုးသမီးနာမည်က မုသားမပါ လင်္ကာမချော တဲ့၊ ခင်များတို့ ကြားဖူးမလားတော့ မသိဘူး.. ။
*
ပြန်ဆက်ရရင်တော့ ချစ်သူရယ်.. သိပ္ပံပညာရပ်မှာ ပထမဦးဆုံး စမ်းသပ်ရှာဖွေတွေ့ရှိခံ ပစ္စည်းကို တွေ့ရှိသူရဲ့ နာမည် ဂုဏ်ပြုပေးသလိုမျိုးပဲ ကိုယ်တစ်ယောက်ထဲ စူးစမ်းလေ့လာရင်း ရှာတွေ့ခဲ့တဲ့ တည်နေရာ မင်းရဲ့ပါးပြင်ပေါ်က၊ ပါးချိုင့်လေးတွေကို “Eduking’s dimples” များအဖြစ် သတ်မှတ်ပေးစေလိုကြောင်း၊ ဒါပေမယ့်လည်း အတန်းဆင်းချိန်မှာ အဲဒီနာမည်အစား ကြိမ်လုံး (၂)ချက်ကိုပဲ ဆရာမဆီကနေ ကိုယ်ရရှိခဲ့ရတယ် မဟုတ်လား။ ကိုယ်ဟာ သူတို့ပြောသလိုမျိုး ခွေးလေးတစ်ကောင်ပမာ ကြိုးချည်ခံထားရတာ မဟုတ်ကြောင်းနဲ့ ကိုယ်တို့ရဲ့ သံယောဇဉ်တွေဟာ wireless(ကြိုးမဲ့) သက်သက်ဖြစ်ကြောင်းကိုတော့ မင်းပဲ သူငယ်ချင်းတွေကို ရှင်းပြပေးလိုက်ပါ။ မင်းရဲ့ မျက်ဝန်းလေးသက်သက်နဲ့ ဆက်ခဲ့ဖူးတဲ့ ကိုယ့်သမိုင်းစာမျက်နှာတွေကိုတော့ ကျောင်းတက်ရက်များလို့ သမုတ်ချင်တယ်ကွယ်။ အချိန်ဇယားတွေ စီးထားတဲ့အရာကို သဲကြိုးဖြတ်နိုင်ခဲ့ဖို့အတွက် ကိုယ် အများကြီးလိုအပ်ခဲ့ပါတယ်။“ဒီနေ့အဖို့ အတန်းတွေကော ပြီးပြီးလား”
“သြော်.. ဒါနဲ့ ကမ္ဘာကြီးဟာ အရင်ကထက် အပူချိန်ပိုလာတယ်နော်.. ကိုယ်ကတော့ မင်းရဲ့ အေးစက်မှုတစ်သောင်းဆောင်ဆဲ အကြည့်တွေကြောင့် ရာသီမရွေး အနွေးထည်တွေ တပ်ထားရသူတစ်ယောက်ပေါ့”
နောက်တစ်ခုက ကိုယ်ဟာ ချစ်တတ်သူတစ်ယောက်ဖြစ်ကြောင်းပြဖို့ ချစ်သူတစ်ယောက် အမှန်တကယ်ရှိရမယ်လို့ အဲဒီလူသားအပေါင်းဟာ ယူဆနေကြတယ်။ မင်းရဲ့ အသက်ရှူချက်တိုင်းမှာ ကိုယ်တစ်ယောက်ထဲ စိတ်တွေ ဝင်သွားလိုက်၊ ထွက်သွားလိုက် လိုက်ဖြစ်နေတာကိုတော့ အချစ်လို့ပဲ လွှဲချရတော့မယ်ထင်တယ်။
*
ဖြစ်နိုင်ရင်.. လှလှပပ ကန်သွင်းချင်နေတဲ့ မျက်နှာတွေကို တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ချင်တယ်။ဖြစ်နိုင်ရင်.. တစ်ကိုယ်လုံးက အလွမ်းတွေကို လက်ထိုးပြီး အန်ထုတ်ပစ်လိုက်ချင်တယ် ဆရာ။
ဖြစ်နိုင်ရင်.. အဲဒီ “ဖြစ်နိုင်ရင်” ဆိုတဲ့ စကားလုံးတွေကို လက်ကနေ ထက်ပြီး ထွက်မကျနိုင်အောင်လည်း ရေရှည် ထိန်းသိမ်းထားလိုက်ချင်တယ်။
လုပ်ချင်တာနဲ့ လုပ်သင့်တာဆိုတာ တစ်ပန်းကန်ထဲမှာပါတဲ့ ထမင်းနဲ့ ဟင်းလို.. မျှစားတတ်ရမယ် မဟုတ်လား။ အဖြေရှာဖို့ အကြောင်းပြချက်နဲ့ ကိုယ့်ကိုယ်ကို ပြန်ဖြေချလိုက်တော့ ထင်ထားတဲ့ အရသာအတိုင်း လဘ္ကရည်တစ်ခွက်ဟာ ဖြစ်နေတဲ့အခါ ကျွန်တော့်နေ့ရက်တွေဟာ သောက်လို့သိပ်ကောင်းနေတာ တွေ့ရတယ်။ ပုံပြောသူနဲ့ ပဲများသူများမှအပ ဘယ်သူမဆို ဒီရင်ကို ငှားခွင့်ရှိပါတယ်။ လမ်းကြုံရင်ပေါ့။ ဝတ်ထားတဲ့ ခြေအိတ်နှစ်ဖက်တောင်မှ အရောင်တူပြနေစရာ မလိုဘူး။ ဤအကြောင်း မပါ၊ ထိုအကြောင်း မပြောဘူး။ ဤအကြောင်းနဲ့ ထိုအကြောင်းမှလွဲရင် ကျန်တာပြောစရာမလို။ ဒီအချက်တွေနဲ့ ပြည့်စုံရင်တော့ ကြိုက်သလောက် ပြောနိုင်ပါတယ်။ အနာဟောင်းတွေကိုတော့ ကဗျာစာကြောင်းတွေနဲ့ပဲ ကြိုးစားချုပ်လိုက်ပါ့မယ်။ တစ်ဆိတ်ဗျာ.. ကျွန်တော့်စိတ်တွေဟာ ဖိတ်ခေါ်ချိန်းဆိုမှုကို ငြင်းပယ်ရန် ခက်လှပါသောကြောင့် အနိမ့်ဆုံးတွေသို့ မနိမ့်ဆင်းမီ၊ အတောင်တွေလည်း မဆွေးမြေ့ မကုန်ခမ်းမီ၊ သံချေးတက်နေသော စကားလုံးထိန်း ခလုတ်တွေနဲ့အတူ သမိုင်းပေးတာဝန်များကို ဦးဆွေးဆံမြေ့ ထမ်းရွက်တော်မူပါအုံးမည်။
ချစ်သူရေ.. ဒီလူကို နေရောင်ခြည်နဲ့ စကားလုံးတွေ တိုက်ရိုက်မရောက်ရှိနိုင်တဲ့နေရာမှာ ထားလိုက်ပါတော့။ (မြန်မြန်လေး)
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ သစ်ပင်တွေဟာ လူတွေကို စိုက်လာခဲ့တာ ဟိုးရှေးရှေးတုန်း ကတည်းကဆိုတာ သိဖို့ပါပဲ။ (ဒါဟာ ပုံပြင်အစလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊ ဖြစ်ခွင့်လည်းပေးပါတယ်)
ကျွန်တော့်ရဲ့ လက်တစ်ဖျစ်စာ နှာစေး၊ ချောင်းဆိုးသံများက သင်၏စိတ်ကို အနှောက်အယှက်ဖြစ်သွားလျှင်တော့ ခွင့်လွှတ်ပါ မိတ်ဆွေ။
.....................................................................................................
မှတ်ချက်။ ။ စာမေးပွဲတွေ ပြန်ရောက်လာလို့ဗျာ.. စာရေးတာကိုတော့ (တစ်လလောက်) ကျွန်တော် ခဏနားပါမယ်.. ဒီကြားထဲမှာ ရောဂါပြန်ထရင်တော့ တင်ဖြစ်ချင်တင်ဖြစ်ပါ့မယ်.. အနည်းအကျဉ်းပေါ့.. :D အားလုံးအဆင်ပြေကြပါစေး)

Story
Sunday, January 25, 2009
သံလွင်အိပ်မက် အတွဲ(၃) အမှတ်(၁)
ဒီနေ့ ၂၀၀၉ ဇန်နဝါရီအတွက် သံလွင်အိပ်မက် မဂ္ဂဇင်းရဲ့ အတွဲ(၃) အမှတ် (၁) ထွက်လာပါပြီ.. အရင်က ကျွန်တော့် ဘလော့မှာ ဖော်ပြဖူးတဲ့ "ခေါင်းစဉ်မရှိ စောင့်စားခြင်း" ကဗျာလေး စာမျက်နှာပေါ်ပါလာတဲ့အတွက် အတိုင်းမသိ ကျေနပ်မိပါတယ်..ပါဝင်မယ်လို့ ကျွန်တော် မထင်မိတာက သတ်မှတ်ရက်ထက် ပို့တဲ့အချိန် နည်းနည်းနောက်ကျသွားတာကြောင့်ပါ။ ပုဂ္ဂိုလ်စွဲကင်းကင်းနဲ့ သုံးပေးတဲ့ သံလွင်ကိုရော၊ ကဗျာလေးအတွက် ဒီဇိုင်းဆွဲပေးထားတဲ့ မပန်ဒိုရာကိုပါ ဒီနေရာကနေ ကျေးဇူးမှတ်တမ်းတင်ပါတယ်ခင်မျာ...
ဒါနဲ့ ပထမ တစ်ခေါက် သံလွင်ကို အွန်လိုင်းမဂ္ဂဇင်းမှန်း မသိခင်တုန်းက ဝယ်သိမ်းထားရအောင်ဆိုပြီး မြန်မာစာအုပ်ရောင်းတဲ့ဆိုင်တွေမှာတောင် လိုက်မေးကြည့်ခဲ့သေးတယ်.. :D

Diary,
အသိပေးခြင်း
Saturday, January 24, 2009
ကျည်ဆံတွေ ရှိသလောက် ခြေလှမ်းတွေရှိရမယ်လို့
ဒီခရီးကို ငါတက်ခဲ့...
အရှောင်အတိမ်း၊ အကွေ့အဝိုက် ရေလဲလိုသုံးခဲ့တယ်
ငါ စိုးရိမ်တာ ရန်သူ သတ်မှာကိုမဟုတ်ဘူး..
ငါ စိုးရိမ်တာ ရိက္ခာပြတ်မှာကို မဟုတ်ဘူး..
ငါ စိုးရိမ်တာက
ကျောခိုင်းထားတဲ့ ကွင်းပြင်တည့်တည့်ဆီ..
တိတ်ဆိတ်ခြင်းတွေ ဝင်သွားမှာကိုပဲ..

ကဗျာ
Tuesday, January 20, 2009
Diary 21.01.09
E-books တွေကို print out ထုတ်ပြီး ဘယ်လို သိမ်းရင်ကောင်းမလဲ စဉ်းစားနေတာ..
မနေ့ကမှ ကျောင်းမှာ စာအုပ်ချုပ်တဲ့ ပုံစံလေးကို သတိရပြီး ကျောင်းက မိတ္တူကူးတဲ့ ဆိုင်မှာ သွားလုပ်မိတယ်..
ဖတ်ရတဲ့ ပုံစံကတော့ ပုံမှန်စာအုပ်လို မဟုတ်ဘဲ.. ပြက္ခဒိန်စာရွက်တွေလို အပေါ်ကို စာမျက်နှာတွေ လှန်သွားရတာပေါ့.. ဒါပေမယ့် အန်တီတရုတ်မရယ် ရက်စက်လိုက်တယ်.. စာရွက်တွေ မပေးခင်က ပြောင်းပြန်ဖြစ်မှာစိုးလို့ကို သူ့လက်ထဲ သေချာစီပေးလိုက်တာ.. တစ်ဝက်လောက်လဲ ချုပ်ပြီး ဒါမှန်လားတဲ့ လာလဲမေးတော့မှ ကြည့်လိုက်တာ တကယ့် ဇောက်ထိုးကြီး.. ကျွန်တော်လည်း မထူးပါဘူးလေဆိုပြီး.. အိုကေတယ်လို့..
သြော်.. သူ့ခမျာ မြန်မာစာမှ မတတ်ရှာပဲကိုး..

ဒါနဲ့ သတိထားမိသလောက် လွန်ခဲ့တဲ့ နှစ်လလောက်က စပြီး ကျွန်တော် ကော်ဖီနဲ့ လက်ဘ္ကရည်ကို သိသိသာသာကြီး စွဲနေတယ်.. တစ်နေ့ကို အနည်းဆုံး နှစ်ခွက်လောက်သောက်ဖြစ်နေကျ.. လဘ္ကရည်ကတော့ ထမင်းစားတိုင်းလိုလိုပဲ.. အအေးအစား သောက်တယ်.. လက္ဘရည်ကိုသောက်ရတာက အရသာကို ကြိုက်လို့ သောက်နေတာမျိုးလည်း မဟုတ်... ဘယ်လိုပြောရင်ကောင်းမလဲဗျာ.. သောက်ရင်း၊ သောက်ရင်းနဲ့ သံယောဇဉ်ရှိလို့ ဆက်သောက်နေသလိုမျိုးပေါ့..နည်းနည်းတော့ ကြောင်တယ်ဗျ..။ နောက်ပြီး ဒီက လက္ဘရည်ဆိုတာက သောက်ဖူးသူတိုင်းသိပါတယ်.. အရိုးစွဲ ဘားမားလဘ္ကရည်နဲ့ တခြားစီ.. ကျောင်းမှာက တစ်ခွက်ကို ပြားငါးဆယ်ပေးရလို့သာ.. (ဒါတောင် မြန်မာငွေနဲ့ ၄၀၀လောက်သွားကျ) ကော်ဖီကတော့ အိမ်မှာနေရင်း သောက်ဖြစ်တာများတယ်.. တစ်ခုခုလုပ်စရာရှိတယ်ဆို တစ်ခွက်လောက်ဖျော်ထားပြီး တစ်ကျိုကျိုက်မော့ရတာလည်း အရသာတစ်မျိုးပေါ့..
တော်တော်များများတော့ အိမ်က ပို့ပေးတာပါ.. တစ်ခါတစ်လေ ပျက်သွားရင်တော့ Nestleပဲ ဝယ်ဖြစ်တယ်.. အိမ်က ပို့ထားတာ super ရယ်၊ premier ရယ်၊ master cup ရယ်.. Premier ကိုတော့ တော်တော်လေး သောက်ရတာ အဆင်ပြေသလိုပဲ.. သူက နို့မှုန့်တော့ ထပ်ရောရတယ်.. ကုန်မှာစိုးလို့ တစ်ခါတစ်လေ ကိုယ်စိတ်တွေ့တဲ့ ရက်တွေမှာပဲ ခြွေတာသောက်လာတာ.. အခုတော့ ပြောင်သွားပြန်ပြီ..
အရင်က စာတွေထဲမှာတော့.. တစ်နေ့ကို ကော်ဖီ (၅)ခွက်ထက် မပိုသင့်ဘူးလို့ ဖတ်ဖူးတယ်.. ကော်ဖီမှာ နှလုံးကို နိုးကြားစေတဲ့ ကဖင်းဓါတ်ပါတယ်.. အဲဒီရဲ့ ဆိုးကျိုးကတော့ အိပ်ရေးကို ထိခိုက်စေနိုင်တာပါ..
နောက်ပြီး စိတ်တည်ငြိမ်မှုကိုလည်း အနည်းနဲ့ အများ နှောက်ယှက်ပါတယ်.. အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ချိန်မှာ မသောက်သင့်ဘူးလို့လည်း ဆိုထားတယ်.. လဘ္ကရည်ကတော့ ယေဘုယျအားဖြင့် ကော်ဖီထက်စာရင် ကဖင်းဓါတ်ပါဝင်မှု နည်းပါတယ်.. လဘ္ကရည်ကိုတော့ တော်တော်များများမှာ ကျန်းမာရေးအတွက် အပေါင်းလက္ခဏာဆောင်ပြီး ပြောကြတယ်.. ဒါပေမယ့် စာတမ်းတွေထဲ လဘ္ကရည်လို့ဆိုတာမှာ နို့မပါဝင်တဲ့ လဘ္ကရည်ကြမ်းသက်သက်ကိုဆိုလိုချင်တာဖြစ်ပါတယ်..
နွားနို့၊ နို့ဆီတို့နဲ့ ရောထားတဲ့ လဘ္ကရည်ကတော့ ခန္ဓာကို အကျိုးပြုမှု နည်းပါတယ်.. ဘာပဲဖြစ်ဖြစ် တန်ဆေး၊ လွန်ဘေးပေါ့ဗျာ..
ဒီရက်ပိုင်းအတွင်း ကိုယ့်ကိုယ်ကို ပြန်သတိပေးမိနေတာက
လူတွင်ကျယ် လုပ်ချင်နေတဲ့ စိတ်ကိုလျော့..
မတန်တဲ့ နေရာတွေကို မလိုချင်၊ မတပ်မက်နဲ့..
တစ်ယောက်အားနှင့်ယူသော် မရ၊ တစ်သောင်းအားနှင့် ယူသော် ရ၏။
အားလုံး.. တရုတ်နှစ်သစ်ကူးမှာ လန်းနိုင်ကြပါစေဗျာ..း)

Diary
Saturday, January 17, 2009
Diary 18th Jan 09
ဘာကြောင့်ရယ် မသိဘူး.. နောက်ပိုင်း ဘလော့ရေးတဲ့အခါ အရင်ကထက် ပိုပေါ့ပါးလာတယ်.. အခုရက်ပိုင်းတော့ စိတ်ဖိစီးမှုလျော့ကျမယ့် အလားအလာတစ်ချို့ ရှိနေတယ်..ကျွန်တော် ဝင်ပါထားတဲ့ ကျောင်းက Activity Club တစ်ခု.. အဓိက လှုပ်ရှားမှုတွေ တော်တော်များများ ပြီးသွားပြီ.. ဆုပေးပွဲတစ်ခု မတ်လ ၂၈မှာ ရှိတယ်.. ဆရာက ကျွန်တော့်ကို မြန်မာပြည်မပြန်ဖို့နဲ့ ဆုပေးပွဲတက်ဖို့ပြောတယ်.. အဲဒီအထိတော့ ကျွန်တော် ဒီမှာ မရှိနိုင်ဘူးပြောတော့.. သူက ဘဝင်ကျဟန်မတူဘူး.. ကျွန်တော် မတက်ဖြစ်ရင် ဆုကို တစ်ခြားလူတစ်ယောက်ကို ပြောင်းပေးမယ့် ပုံပဲ.. ဘာကြောင့်ရယ်.. ကျွန်တော် နားမလည် နိုင်ဘူး..
ကျန်ခဲ့တဲ့တစ်ပတ်က ကျောင်းမှာ ကျောင်းသားတွေအတွက် Stress (စိတ်ဖိစီးမှု) ကိုယ်တိုင် လျှော့ချနိုင်မယ့် ပညာပေး ပွဲလေးသဘောမျိုးရှိခဲ့တယ်.. အဓိကကတော့ စာမေးပွဲ၊ လူမှုဆက်ဆံရေး ဘာညာနဲ့ ပတ်သက်လို့ပေါ့.. သူတို့က self-esteem (မြန်မာလိုဆို ကိုယ့်ကိုယ်ကို လေးစား၊ကြည်ညိုမှုလို့ခေါ်မလား) ကို မြှင့်ထားဖို့ပြောတယ်..ဒါပေမယ့် ကျွန်တော့် အမြင်တော့ အဲဒါဟာ အဓိကဖြစ်ပေမယ့် နည်းနည်း ထဲထဲဝင်ဝင်လေး ပိုပြောပြရင်တော့ ကောင်းလိမ့်မယ်ထင်တယ်.. ဘာဖြစ်လို့လဲဆိုတော့ self-esteem ဆိုတာ လူတစ်ယောက်ထဲအတွက် ကိစ္စတစ်ခုနဲ့ တစ်ခုမှာ အနိမ့်အမြင့် မတူနိုင်ဘူးလေ.. ဥပမာ. ကျောင်းစာမှာ ခင်များကိုယ် ခင်များ self-esteem သိပ်မြင့်နေပေမယ့်၊ တစ်ခြားကိစ္စတွေ ဖြစ်တဲ့ အချစ်ရေးတို့၊ မိသားစုနဲ့ ဆက်ဆံရေးတို့မှာ နိမ့်ချင်နိမ့်နေမှာပေါ့။ နောက်ပြီး ကောင်းသော မြင့်ခြင်း၊ မကောင်းသော မြင့်ခြင်းလည်း ရှိအုံးမယ်.. လွန်သွားရင် သူက ဘဝင်မြင့်ရောဂါမျိုး ဖြစ်သွားတတ်တယ်.. အဲဒီ အခါကျရင်လည်း စိတ်ဖိစီးမှု ဖြစ်ရပြန်ရော.. ဥပမာ၊ ကျွန်တော့်လိုပေါ့.. တခါတလေကျ အနာသိ၊ ဆေးရှိပေမယ့်လည်း ကုလို့မတတ်တာ ခက်နေတယ်.. ရုပ်ရှင်တွေလည်း ကြည့်ဖြစ်တယ်.. Ong Bak 2 နဲ့ Ip Man နှစ်ကား.. Ong Bak 2 ကတော့ ထိုင်းကားမလို့ အိမ်နီးချင်းအငွေ့အသက်လေးတွေ မြင်ရတယ်..အပြင်အဆင်နဲ့ သရုပ်ဆောင်တွေလည်း မဆိုးဘူး.. ပြီးခါနီး သိုင်းကွက်တွေ ပြတာတော့ နည်းအီလို့.. အကြိုက်ကြီးတော့ မဟုတ်လှပေမယ့် မွေထိုင်းအကွက်တွေကြောင့် ကြည့်လို့ တန်တဲ့ ကားတစ်ကားပါ.. နောက်တစ်ခု Ip Man ကတော့ တော်တော်လေးစွဲခဲ့တဲ့ကားပါ.. အသံထွက်က အစ်(ပ်)မန် လို့ထွက်တယ်.. တရုတ်စကားပြော အင်္ဂလိပ်စာတန်းထိုး.. ကြော်ငြာအဖြစ် အမြည်းကြည့်ရတုန်းက ဒီလောက်ကြီး မထင်ထားပေမယ့် အများကြီး လုပ်ပြသွားနိုင်ခဲ့တယ်.. ရုပ်ရှင်ဆိုတာ အမျိုးသားရေးတစ်ရပ်လို့မြင်တယ်ဆိုတဲ့ ဒါရိုက်တာ ကြည်စိုးထွန်းရဲ့ ဆိုလိုချက်ကို ဒီကားမှာ ကျွန်တော်တွေ့ခဲ့တယ်..Ip Man ဆိုတာ နာမည်ကြီး သိုင်းအက်ရှင်မင်းသား Bruce Lee ရဲ့ ဆရာပေါ့.. သူ့ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ဖော်ရိုက်ထားတာပါ..အထူးသဖြင့် သူ့နယ်ကို ဂျပန်တွေ ဝင်သိမ်းတုန်းက ဂျပန်စစ်တပ်ကို တရုတ်သိုင်း သင်ပေးဖို့ ငြင်းခဲ့သူ..သူ ကစားတဲ့ သိုင်းက Wing Chun လို့ခေါ်တယ်.. အဲဒါကို တီထွင်ခဲ့တာတော့ မိန်ကလေးတစ်ယောက်ပါတဲ့.. အထူးသဖြင့် fisting ထိုးတာလေးတွေ ကျွန်တော် စွဲသွားတယ်.. တကယ့် သိုင်းကားတစ်ကားအနေနဲ့ ဖြစ်သင့်တဲ့ ကားမျိုးပါ..စကားပြော၊ အမူအယာလေးတွေမှာ ရယ်စရာ ဟာသလေးတွေ ညှပ်ထားလို့ ဇာတ်ကားတစ်ကားလုံး လေးမနေဘူး။True story အတိုင်း 100% real ရိုက်ထားတာတော့ မဟုတ်ပါဘူး.. Wikiမှာတော့ သူ ဟောင်ကောင်ကို ထွက်တဲ့အခါမှာ မိသားစုပါမသွားဘူးလို့ ဆိုထားတယ်..ရုပ်ရှင်ထဲမှာတော့ ဒါရိုက်တာက လိုက်သွားခိုင်းတယ်..း) Ong Bak 2 ရော၊ Ip Man ကိုပါ ဒုတိယပိုင်းထက်ထွက်မယ်လို့ သိရပါတယ်..(movieတွေကို ပို့စ်တစ်ခုအနေနဲ့ ရေးချင်ပေမယ့် ကျွန်တော့် အများကြီး မဝေဖန်တတ်လို့)
စာအုပ်တွေ အနေနဲ့တော့ ဒီရက်ပိုင်းမှာ http://yeyintnge.blogspot.com က ဒေါင်းလာတဲ့ ဦးနုရဲ့ တာတေစနေသား ဖတ်ဖြစ်နေတယ်..

Wednesday, January 14, 2009
ခေါင်းစဉ်က ညီမလေးနဲ့
အမြင်ကတ်စရာကောင်းအောင်
ပြောင်းလဲနေတဲ့ ရာသီတွေနဲ့
မြှောက်ထိုးပင့်ကော်
ကြံရာပါ နာရီတွေဆီကနေ
စာသင်ကျောင်းက ညီမလေးကို ပြန်ခေါ်ပေးဖို့
ကာလယန္တရားကို ငါ ပြန်ပေးဆွဲလာခဲ့တယ်..
အချိန်တွေကို စိတ်ကြိုက် ဘက်ဂီယာပေးပြီး
ချောင်းပြင်လို့ တစ်ချက်ဆိုးလိုက်တဲ့အခါ
ကျောင်းအပြင်ဘက်ရှိ ကောင်းကင်တစ်ချပ်မှလည်း
သူမ၏ အိမ်ပြန်ရာလမ်းကို
အချိန်အတန်ကြာ
တိမ်ဆိုင်တစ်ချို့ ဖျော်ချခဲ့ပေးပါ။
(ခပ်ပေါ့ပေါ့ ရုပ်ရှင်တွေထဲလောက်ပဲဖြစ်ဖြစ်
မိတ်ဆက်ခွင့်လေးပေးပေါ့)
ကာရံတွေ သတိစွဲကာ
တီထွင်မှုမဲ့တဲ့ ဖီလင်ထုတွေ
အထူးစီမံထားသော စာဖြူလွှာအားလည်း
အောင်သွယ်တော် လွယ်အိတ်နီနီမှတဆင့်
ရှောင်ဖယ်နေသူထံ အစီအရင်ခံခဲ့ရလိုပါ၏။
"ဒေသနာတော်အရ
သံသရာကို ဆွဲဆန့်မယ့် စကားလေးတစ်ခွန်း
ပြောပြမယ် ညီမလေးရေ..
နင့်ကို ချစ်တယ်"
ခေါင်းလောင်းသံ ခေါ်ဆောင်ရာတလျှောက်
နွေနေပူပူ၊ ဖိနပ်ဖြူဖြူလေးအောက်မှ
ကျောင်းသူလေး နင်းမယ့် လမ်းမှာလည်း
ကျောင်းသားလေး ခင်းမယ့် ပန်းတွေ ပွင့်ရပါလို၏။
အိပ်မက်ဆိုးတို့ရေ...
သင်တို့ထံ လက်နက်နဲ့ ငြိမ်းချမ်းရေးအားလည်း
စာဖြူနဲ့ ချစ်သူအဖြစ် အလင်းဝင်ပါရစေ..
ကမ္ဘာအဝေး မုန်တိုင်းတွေထန်လည်း
အရာရာဟာ ညီမလေးပဲ ဆန်နေလို့
တောင်းဆိုထားတဲ့ အချက်တွေအတိုင်း
လိုက်ရောညီထွေ ပြန်ဆုံချင်တယ်
အို.. အိပ်မောကျနေတဲ့ ရင်တွေတောင်
ပြန်ခုံနေပေါ့....

Saturday, January 10, 2009
ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ
အမေနေ့တဲ့.. ရိုးရိုးသားသား ဝန်ခံရရင်တော့ ကျွန်တော် တခါမှ မသိခဲ့တဲ့ အမှန်ပဲ.. အမေကျော် ဒွေးတော်လွမ်းပြီး အင်္ဂလိပ်လို Mother's day ကိုပဲ သတိထားမိလေရဲ့.. ဒီနှစ်တော့ ဇန်နဝါရီ ၁၀မှာ ကျရောက်ခဲ့ပါတယ်.. မြန်မာလိုတော့ ပြာလိုလပြည့်နေ့ကို သတ်မှတ်ထားတာပါ..မတိုင်ခင် ၉ရက်နေ့က ကိုရင်ညိန်းနဲ့ chat မှာတွေ့ပြီး.. သူပြောပြလို့သာ သိရတာ.. အမေနေ့အကြောင်း သူ e-book တစ်အုပ် စီစဉ်နေကြောင်း အဆင်ပြေရင် ကဗျာလေးတွေနဲ့ ဝိုင်းပေးဖို့ ပြောပါတယ်.. တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျွန်တော်လည်း ပူပူနွေးနွေး ပြီးထားတာလေး တစ်ပုဒ်ရှိတော့ ပို့ပေးဖြစ်တယ်.. အခုတော့ အဲဒီ e-book လေးထွက်လာခဲ့ပါပြီ.. ကျွန်တော် အပါအဝင် ဘလော့ဂါ/ ကဗျာဆရာ၊ ဆရာမတွေ စုစုပေါင်း (၂၁)ယောက်၊ တစ်ယောက်တစ်ပုဒ်နှုန်းစီနဲ့ ပါဝင်ထားပါတယ်.. ကျွန်တော့် ကဗျာလေးကတော့ အမေ့အကြောင်းထက် အဝေးမှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို ပြန်ပြောပြထားတဲ့ သားတစ်ယောက်ရဲ့ စာမျိုးလေးပါ.. ကလောင်ကိုတော့ ခန့်နေလို့ တပ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော် လေးစားအားကျရတဲ့ နောင်တော် ကဗျာဆရာတွေ.. အထူးသဖြင့် ကိုကောင်းကင်၊ ကိုညိမ်းညိုတို့နဲ့ ဒီလို တစ်အုပ်ထဲ အတူတူပါဝင်ခွင့်ရတာကို ဝမ်းသာမိတယ်ဗျာ..
စီစဉ်သူ နယ်တူသား ကိုရင်ညိန်းကိုလည်း အတိုင်းထက်အလွန်၊ ကျေဇူးမှတ်တမ်းတင်ပါတယ်ခင်မျ..း)
Mother Day Poems2
Download:ကောင်းကင်များ၏ အထ္ထုပ္ပတ္တိ
စီစဉ်သူ နယ်တူသား ကိုရင်ညိန်းကိုလည်း အတိုင်းထက်အလွန်၊ ကျေဇူးမှတ်တမ်းတင်ပါတယ်ခင်မျ..း)
Mother Day Poems2
Download:
Labels:
အသိပေးခြင်း
Thursday, January 8, 2009
မေမေသို့
သို့ မေမေ
နေကောင်းရဲ့လား..
သတိရစွာနဲ့ ကျွန်တော်စာရေးလိုက်ပါတယ်
ကျွန်တော်တော့ နေကောင်းနေတယ်
ရာသီဥတုကတော့ အရင်လို
ပုံမမှန်တာ ပုံမှန်တုန်းပဲ။
ပူလိုက်၊ အေးလိုက်ပေါ့။
အိမ်ထဲမှာ အဲယားကွန်းတွေတပ်ထားပေမယ့်
ထစ်ခနဲရှိ အငွေ့ပျံချင်နေတဲ့ အရည်ပျော်အိပ်မက်တွေကို
ယပ်ခတ်ပေးနေရတာတော့ရှိတယ်။
ဒီမှာတော့
တစ်နှစ်ပြည့်သွားတိုင်း
ဖျက်မရတဲ့ အိုးမည်းတွေနဲ့အတူ
ကျွန်တော်လည်း သိုးမည်းတစ်ကောင် ဖြစ်နေပေါ့။
ဒါနဲ့..
ကျွန်တော် အရင်ကထက်
အရပ်ရော၊ လျှာပါ နည်းနည်းပိုရှည်လာတယ်.. သိလား
ကျွန်တော်ဟာ အေးခဲစွာနဲ့ ပျော်နေသူတစ်ယောက်ဆိုတာ
သူတို့ကို ဘယ်လိုရှင်းပြရမှန်းတောင် မသိဘူး။
မေမေပို့ပေးတဲ့ အပင်တစ်ချို့လည်း
ကျွန်တော် စိုက်ထားတယ်
ဒီမြေမှာ နေဝင်နေထွက် ရိုးသားမှုက လွဲရင်
ကျန်တာ အပေါက် သိပ်မြန်တယ်
ပထမကမ္ဘာမှာက
ကျွန်တော်တို့တွေလို
အချိုမှုန့်ကို ဟင်းခတ်မယ့်အစား
စကားပြောတဲ့အခါနဲ့ အပြုံးတွေထဲကို ပြောင်းခတ်နေကြပြီ။
ပေါပေါများများတွေ့ရတာတော့
ရယ်ဒီမိတ် ပစ္စည်းရယ်၊ ပါးစပ်ပေါက်တွေရယ်ပဲ..
.... ရယ်ဒီမိတ် စရိုက်၊ ရယ်ဒီမိတ် ဒီပလိုမာ
ရယ်ဒီမိတ် ခေါက်ဆွဲခြောက်၊ ရယ်ဒီမိတ် ဆက်ဆံရေး ...
(မပြောကောင်း၊ မဆိုကောင်း
ရယ်ဒီမိတ် ကဗျာတွေ လုပ်ရောင်းရင် ကောင်းမလားတောင် စဉ်းစားမိသေး)
အချိန်တော်တော်များများမှာ
ကိုယ့်ကိုယ်ကို ပြန်ကျပျောက်နေတာ သိပ်ဆိုးတယ် မေမေရယ်
စုန်ချင်တဲ့ စိတ်ကို ဇက်သပ်နေရတာ
လုံးလည်ချာလည်နဲ့..
ကြက်ခြေခတ်ဦးရေ မထူထပ်ခင်
အချိန်မှီ.. မျက်လုံးတွေကို ဘောင်ဆွဲခတ်နေရတာလည်း ပါတယ်။
လူမျှားချိတ်တွေကလည်း
အမျှားခံချင်စရာ ကာလာစုံပဲ
ပြာနန့်နန့်နဲ့ တစ်ခုဟာ ကျွန်တော့် အကြိုက်လေ
ဘာပဲဖြစ်ဖြစ်
ကွန်ပစ်တဲ့အထဲ ပါသွားတာထက်စာရင် တော်သေးတာပေါ့။
ချစ်သူတော့ မရှိသေးပါဘူး
ဒီမျောက်ဟာ အမြီးပဲ မပေါက်နိုင်ဘူးလို့
မေမေ ပြောတော့မယ်မလား
လူအချင်းချင်း ဆွဲဆောင်တဲ့အလုပ်မှာ ကျွန်တော် ညံ့ပေမယ့်
ရုပ်ရှင်ရုံတွေက လက်မှတ်တစ်စောင်ထဲလည်း ပေးဝယ်ပါတယ်ဗျ
တစ်ရေးနိုးတိုင်း
လက်ကလေးတစ်ခုကို ကိုင်ထားချင်တဲ့ ရောဂါကလွဲရင်
အားလုံး အဆင်ပြေပါတယ်။
ကျွန်တော် မှာလိုက်တဲ့စာအုပ်တွေရော ရှာလို့တွေ့ရဲ့လား
မေမေလည်း ပျော်အောင်နေနော်..
အဝေးက သား
edu

Friday, January 2, 2009
ကြိုးတပ်ထားသော ပန်လိုစိတ်
"မနက်ဖြန်" အား
"ဒီနေ့" အဖြစ်
အမည်ပြောင်း ကင်ပွန်းတပ်ပွဲတွေနဲ့အတူ
သစ်ပင်တွေ
အလိုက်အထိုက် ဆံပင်ရှည်လာကြတယ်..
(ငါ့ စိတ်တွေ မဟုတ်လို့နဲ့ ထင်တယ်)
သောင်းကျန်းနေတဲ့ စွဲလမ်းစိတ်တွေဟာ
လှည်းနေ လှေအောင်း
မြင်းဇောင်းမကျန်ကို
ချဉ်းနင်း ဝင်ရောက်နေကြလို့..
ဒီအချိန်မှ မျဉ်းကြားခင်းလည်း
ဒီသူရဲကောင်းမှာ
ဖြတ်ကူးစရာ ခြေထောက်မှ မကျန်တော့တာ။
အလွတ်ကျက်ထားတဲ့ နင့်ရဲ့ကောက်ကြောင်းတွေ
ချရေးလိုက်တဲ့ နေ့ကများ
ငါ တစ်ယောက်ထဲ လူကျွံနေခဲ့သလား...
မသေချာဘူး။
ချုပ်ရိုးတွေ မကျပ်ခင်
အဲဒီ နေဝင်မယ့်လမ်းကို
နေရာဖယ်ပေးခဲ့တာကိုက
ငါတို့ မှားတယ်။
နောက်ထပ်..
နာရီတွေကို လည်ဖို့
အချိန်ထပ်ပေးခဲ့တာလည်း
ငါတို့ မှားတယ်
ဆက်ပြီး မှားတယ်...
ဆက်ပြီး မှားတယ်...
တောင်းတဲ့ဆုဆိုတာ
အခွန်မဲ့တိုင်း မချဲ့ကောင်းဘူး..
နွေရောက်တော့မှာမို့
ရေတစ်ပေါက်လောက်ကို
သေမလောက်အောင် လိုနေသူဆိုတာ
စကားလုံးတိုင်းရဲ့
အကြောအချဉ်၊
အရိုးအမျှင် တစ်ခုချင်းစီမှာ
ခွဲ-စိတ်-ဖြတ်တောက် အဖြေရှာကြည့်လို့ရတယ်။
ဘာပဲဖြစ်ဖြစ်
လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးခွင့်လေးတစ်ခု
အစပြုလို့
(၁) ရေပူရေချမ်း ကမ်းလှမ်းခွင့်
(၂) ငါ တစ်ထမ်း၊ နင် တစ်ရွက်ခွင့်
(၃) အာရုံ ငါးကြိုးမှာ
တစ်ယောက်နဲ့ တစ်ယောက်
လူဆန်ဆန်လေး ချည်ပေးခွင့်တွေလောက်
ရည်ရွယ် ဖြစ်မိတယ်။
" နှံကောင်မလေးရေ..
......အစာနဲ့ ရေတွေ စုဆောင်းလို့
......ဒီမိုးတွေကို
......တို့နှစ်ယောက်အတူ ဖြတ်သန်းကြမယ်လေ
ဒီမှာ..
ကြွပ်ဆတ်ဆတ်နဲ့
ကျောက်ခေတ်ရင်ခွင်ကြီးတစ်ခုက
အရေးပေါ် အခြေအနေထိတိုင်အောင်
ယဉ်ကျေးနေတုန်းပါပဲ "

Subscribe to:
Posts (Atom)