Wednesday, April 22, 2009

အချစ်မှတ်စု

မျက်ဝန်းလေးတွေ မီးခတ်တဲ့အခါ
စွဲလမ်းမိတယ်ဆိုရုံလေး
ဒီရင်မှာ လောင်တယ်

ညီမလေးရေ...
တက္ကသိုလ်က သုညနဲ့
သူငယ်တန်းတုန်းက သုညဟာ
ဘာများ ကွာခြားပါသလဲကွယ်

လေယာဉ်ပျံ ဘီးကြီးတွေကို
ကိုယ်ဟာ အတိတ်တုန်းက
ရှင်ကွဲ ခွဲခဲ့ဖူးတယ် ထင်တယ်

အိပ်မက်သေးသေးလေးပေါင်းများစွာထဲ
မင်းကို ဖြည်းဖြည်းလေးပေါင်းများစွာနဲ့ ဖက်ခဲ့

တစ်နေ့
တို့တတွေ ဖိနပ်တွေပါးပါး..
ခံနိုင်ရည်တွေက ထူထူပေါ့..
ဟုတ်ပြီလား..

အနမ်းတွေ မျှခိုက်
အလွမ်းတွေပြတိုက်ထဲ
သော့ခတ်ထားချင်ပေမယ့်

အခုတော့
နေကောင်းရဲ့လား မေးဖို့တောင်မှ
ကြားလူတွေ ဝင်ပါနေရတုန်းပဲနော်..


3 comments:

Anonymous said...

"အခုတော့
နေကောင်းရဲ့လား မေးဖို့တောင်မှ
ကြားလူတွေ ဝင်ပါနေရတုန်းပဲနော်.."

တော်တော်ရင်နာဖို့ကောင်းမှာပဲ...

. said...

အနမ်းတွေ မျှခိုက်
အလွမ်းတွေပြတိုက်ထဲ
သော့ခတ်ထားချင်ပေမယ့်

အခုတော့
နေကောင်းရဲ့လား မေးဖို့တောင်မှ
ကြားလူတွေ ဝင်ပါနေရတုန်းပဲနော်..



ဟေးးသူငယ်ချင်း...ဘာသဘောလည်းကွ။ ခံစားချက်တွေလား။း)

. said...

စောစောက ကော်မန့်မှာ ငါနာမည် မပေါ် လို့။

ရတနာစိုး

Free counter and web stats