Tuesday, February 9, 2010

သူ နေမြင့်လို့ ဒီအရူးကြီးရင့်ခဲ့

လူရွှင်တော်ဆိုတာ
သူ အမြင်မတော်ရင်
ရှော်တတ်၊ ယှက်တတ်တဲ့သဘောနဲ့
ပျော်တတ်၊ ပျက်တတ်တဲ့အပြော..
ဒါပေမယ့်လည်း
ချစ်တယ်ဆိုတဲ့ စကားနှစ်လုံးထဲကို
မင်း ဟားတိုက်ရယ်နေတာတော့..
မင်းသမီးရယ်..
တဆိတ်..
နာကျင်မှုတွေ နိုင်းချင်းနဲ့
ဟောဒီရင်ဘတ်ကြီးကို သုပ်လိုက်သလို။
ခန့်နေ

3 comments:

si_thu_win said...

ကိုခန့် နေတို့ ကတော့ မိုက်တယ်ဗျာ =D

Unknown said...

အရူးကြီးတော်တော်ရင့်နေတယ် ဆိုတာ သိပြီ :))
ကောင်းသောနေ့ ကိုခန့်ရေ :)

Eduking said...

ကျေးဇူး.. ကိုစည်သူနဲ့၊ မောင်ခင်လေးရေ..း)

Free counter and web stats